Crosshair
သင့် ကိုယ်ပိုင်စတိုင်နဲ့ အညီ crosshair ကို စိတ်ကြိုက် ပြင်ဆင် ဖန်တီးလိုက်ပါ။ စိတ်ကြိုက် အရောင်နဲ့ ဒီဇိုင်းများက ပစ်မှတ်ကို ပိုမို ထင်ရှားပြတ်သားစေပြီး ပိုမို မြန်ဆန်စွာ ချိန်ရွယ်နိုင်ခြင်း၊ ထက်မြက်စွာ တုံ့ပြန်နိုင်ခြင်းတို့ကြောင့် ပွဲစဉ်တိုင်းကို အပြည့်အဝ အာရုံစိုက်ပြီး စီးမျောခံစားနိုင်စေမှာ ဖြစ်ပါတယ်။
Game Filters
ပွဲတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် စိတ်ကြိုက် ပြင်ဆင်ထားသော gaming filters အမျိုးအစားပေါင်းစုံမှ ရွေးချယ်လိုက်ပါ။ FPS vision က မြင်ကွင်းကို ပိုမို ထင်ရှားစေပြီး Arena vision က မြင်ကွင်း ရှုပ်ထွေးမှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ Fantasy vision ကတော့ အရောင်အသွေးတွေကို ပိုမို စိုပြေ တောက်ပပါစေမှာ ဖြစ်ပါတယ်။
Sound Effects
အသံတိုင်းကို အသေးစိတ် တိကျစွာ ကြားရမှာ ဖြစ်ပါတယ်။ မြှင့်တင်ထားသော ခြေသံစနစ်နှင့် စိတ်ကြိုက် ပြင်ဆင်နိုင်သော အသံညှိစနစ် တို့က ရန်သူလာရာ လမ်းကြောင်း အသံများကို ပိုမို ထင်ရှားစေသဖြင့် ဂိမ်းပွဲတိုင်းမှာ ပိုမို မြန်ဆန်စွာ တုံ့ပြန်နိုင်ပြီး အပြည့်အဝ စီးမျော ကစားနိုင်စေမှာ ဖြစ်ပါတယ်။
Gyroscope Controls, Sensitivity
လှုပ်ရှားမှုတိုင်းကို တိကျစွာ အသေးစိတ် ချိန်ညှိလိုက်ပါ။ Sensitivity ချိန်ညှိမှုများက မှားယွင်း ထိမိခြင်းများကို လျှော့ချပေးပြီး Gyroscope ချိန်ညှိမှုက သင့်လှုပ်ရှားမှုအတိုင်း ထပ်တူကျကာ ပိုမို ငြိမ့်ညောင်းမြန်ဆန်သော ထိန်းချုပ်မှုများကို ပေးစွမ်းနိုင်တာကြောင့် အတားအဆီးမရှိ သဘာဝကျသော ဂိမ်းကစားမှု အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။
Special Effects
လှုပ်ရှားသက်ဝင်သော ရုပ်မြင်ကွင်း အထူးပြုလုပ်ချက်များ Dynamic visual effects သည် ရန်သူကို အနိုင်ယူနိုင်သည့် အခိုက်အတန့်များနှင့် အောင်ပွဲများကဲ့သို့သော အဓိက အခိုက်အတန့်များကို ပိုမို ပေါ်လွင်စေပြီး တက်ကြွမှုနှင့် အပြည့်အဝ စီးမျောနိုင်မှုကို တိုးတက်စေတာကြောင့် အောင်မြင်မှုတိုင်းက ပိုမို ကြီးကျယ်ပြီး ကျေနပ်စရာ ကောင်းနေစေမှာ ဖြစ်ပါတယ်။