* ဤစာမျက်နှာတွင် ဖော်ပြထားသော AI လုပ်ဆောင်ချက်များသည် ထုတ်ကုန် စတင်မိတ်ဆက်ချိန်တွင် ပါဝင်သည့် software version တွင် ရရှိနိုင်မည်မဟုတ်ပါ။ အချို့နိုင်ငံများနှင့် ဒေသများတွင် AI လုပ်ဆောင်ချက် အချို့ကို OTA Update များမှတစ်ဆင့် ထည့်သွင်းပေးနိုင်ပါသည်။ ရရှိနိုင်သော လုပ်ဆောင်ချက်များအတွက် လက်ရှိအသုံးပြုနေသည့် software version ကို ကိုးကားကြည့်ရှုပါ။
* အချို့သော OPPO AI လုပ်ဆောင်ချက်များကို အသုံးပြုရန် account login ဝင်ရန် လိုအပ်နိုင်ပါသည်။
* OPPO AI လုပ်ဆောင်ချက်များသည် ဒေသအလိုက် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၊ Cloud အခြေခံ လုပ်ဆောင်နိုင်စွမ်းများ၊ စက်ပစ္စည်းမော်ဒယ်များ၊ ဆော့ဖ်ဝဲဗားရှင်းများနှင့် အခြားအချက်များအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ AI လုပ်ဆောင်ချက် များကို အသုံးပြုရန် အင်တာနက် ချိတ်ဆက်မှု လိုအပ်ပါသည်။
* ဤဝက်ဘ်ဆိုက်ရှိ ထုတ်ကုန်စာမျက်နှာများတွင် ဖော်ပြထားသော OPPO AI လုပ်ဆောင်ချက်များ၊ UI, UX နှင့် Background များအပါအဝင် အကြောင်းအရာများသည် ရှင်းလင်းဖော်ပြရန်အတွက်သာ အသုံးပြုထားခြင်းဖြစ်ပါသည်။ အမှန်တကယ်ရရှိနိုင်သော လုပ်ဆောင်ချက်များနှင့် interface များသည် စက်ပစ္စည်း၊ ဆော့ဖ်ဝဲဗားရှင်း၊ ထုတ်ကုန်စတင်မိတ်ဆက်ချိန်နှင့် ဒေသအလိုက် ကွဲပြားနိုင်ပါသည်။ အမှန်တကယ် ထုတ်ကုန်အသုံးပြုမှုအတွေ့အကြုံကို ကိုးကားပါ။
* ဤအကြောင်းအရာတွင် ပါဝင်သော အချို့သော content များသည် AI ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ဖန်တီးမှုဆိုင်ရာ သရုပ်ဖော်ပြသမှုနှင့် ထုတ်ကုန်မြှင့်တင်ရေးအတွက် သရုပ်ပြမှုရည်ရွယ်ချက်များဖြင့်သာ အသုံးပြုထားခြင်းဖြစ်ပါသည်။ အမှန်တကယ်ရရှိမည့် ရလဒ်များသည် အသုံးပြုသည့်အခြေအနေ၊ စက်ပစ္စည်းမော်ဒယ်၊ ဆော့ဖ်ဝဲဗားရှင်းနှင့် အခြားအချက်များအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
* ဤစာမျက်နှာတွင် ဖော်ပြထားသော လုပ်ဆောင်ချက်များသည် ဥပဒေရေးရာ၊ စီးပွားရေး၊ နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် ပြောင်းလဲနိုင်ပါသည်။ အချို့သော လုပ်ဆောင်ချက်များ၊ အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများကို ဒေသ သို့မဟုတ် ဘာသာစကားအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ။
* ဤစာမျက်နှာသည် OPPO စက်ပစ္စည်းများအတွက်သာ သက်ဆိုင်ပါသည်။ OnePlus သို့မဟုတ် realme ၏ အဆင့်မြှင့်တင်မှုအစီအစဉ်များအတွက် သက်ဆိုင်ရာ တရားဝင်ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုပါ။
1. ဤအချက်အလက်များသည် OPPO ဓာတ်ခွဲခန်းများတွင် ColorOS 16.0 နှင့် နှိုင်းယှဉ်၍ စမ်းသပ်ထားသော ရလဒ်များအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ အမှန်တကယ် အသုံးပြုရရှိမည့် အတွေ့အကြုံသည် hardware နှင့် software ပိုမိုကောင်းမွန်အောင် ချိန်ညှိထားမှု၊ ကွန်ရက် အခြေအနေ၊ အသုံးပြုသည့်အခြေအနေများနှင့် တစ်ဦးချင်းစီ၏ အသုံးပြုမှုပုံစံများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အမှန်တကယ် ထုတ်ကုန်အသုံးပြုမှုအတွေ့အကြုံကို ကိုးကားကြည့်ရှုပါ။
2. AI Mind Space ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်နိုင်စွမ်းများသည် စက်ပစ္စည်း၊ ဒေသ၊ ဆော့ဖ်ဝဲဗားရှင်းနှင့် ပံ့ပိုးပေးထားသော ဝန်ဆောင်မှုများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အမှန်တကယ်ရရှိမည့် ရလဒ်များသည် အသုံးပြုသည့်အခြေအနေနှင့် ရရှိနိုင်သော အကြောင်းအရာ များပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
3. AI Mind Pilot ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်နိုင်စွမ်းများသည် စက်ပစ္စည်း၊ ဒေသ၊ ဆော့ဖ်ဝဲဗားရှင်းနှင့် ပံ့ပိုးပေးထားသော ဝန်ဆောင်မှုများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အမှန်တကယ်ရရှိမည့် ရလဒ်များသည် အသုံးပြုသည့်အခြေအနေနှင့် ရရှိနိုင်သော အကြောင်းအရာများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အခမဲ့အသုံးပြုခွင့် အကန့်အသတ်ဖြင့် ပါဝင်ပါသည်။ သတ်မှတ်ထားသော အသုံးပြုခွင့်အကန့်အသတ်သို့ ရောက်ရှိပြီးနောက် ဆက်လက်အသုံးပြုရန် သင်၏ ChatGPT သို့မဟုတ် Manus Account သို့ signin ဝင်ပါ။ အသေးစိတ်အချက်အလက်များအတွက် app အတွင်းရှိ အချက်အလက်များကို ကိုးကားပါ။
4. AI Photo Agent သည် AI နည်းပညာကို အသုံးပြု၍ ဓာတ်ပုံတည်းဖြတ်ရန် အကြံပြုချက်များနှင့် တည်းဖြတ်ပြီး ရလဒ်များကို ဖန်တီးပေးပါသည်။ အမှန်တကယ်ရရှိမည့် ရလဒ်များသည် ထည့်သွင်းအသုံးပြုသည့် ဓာတ်ပုံ၊ တည်းဖြတ်ရန် တောင်းဆိုချက်၊ စက်ပစ္စည်းမော်ဒယ်၊ ဒေသနှင့် ဆော့ဖ်ဝဲဗားရှင်းတို့ပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အကန့်အသတ်ဖြင့် အခမဲ့အသုံးပြုခွင့် ပါဝင်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် app အတွင်းရှိ အချက်အလက်များကို ကိုးကားပါ။
5. OSee ၏ Object Encyclopedia နှင့် Nutrition Analysis လုပ်ဆောင်ချက်များကို လက်ရှိတွင် ဘာသာစကား ၅ မျိုးဖြစ်သည့် ပြည်မကြီးသုံးတရုတ်ဘာသာ၊ ရိုးရာတရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဟိန္ဒီဘာသာနှင့် အင်ဒိုနီးရှားဘာသာတို့ဖြင့် အသုံးပြုနိုင်ပါသည်။ အနာဂတ် Software Update များတွင် အခြားဘာသာစကားများကိုလည်း ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ Payment Code မှတ်မိသိရှိနိုင်သည့် လုပ်ဆောင်ချက်ကို လက်ရှိတွင် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌သာ အသုံးပြုနိုင်ပါသည်။ OSee ၏ လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များသည် ဖုန်းမော်ဒယ်၊ ဒေသ၊ Software Version နှင့် ပံ့ပိုးပေးထားသော ဝန်ဆောင်မှုများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အမှန်တကယ်ရရှိမည့် ရလဒ်များသည် အသုံးပြုသည့် အခြေအနေနှင့် ရရှိနိုင်သော အကြောင်းအရာများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
6. ဖုန်းတွင် AI Live Interpreter ကို အသုံးပြုရန် OPPO Enco X4 သို့မဟုတ် ၎င်းထက် နောက်ပိုင်းထွက်ရှိသော Earbuds မော်ဒယ်များ လိုအပ်ပါသည်။ ပံ့ပိုးပေးထားသော ဘာသာစကားများကို App အတွင်းတွင် ကြည့်ရှုနိုင်ပါသည်။ AI လုပ်ဆောင်ချက်များသည် Cloud-based Processing နည်းပညာကို အသုံးပြုထားပါသည်။ Earbuds နှင့်တွဲဖက်အသုံးပြုသော AI Live Interpreter ကို တစ်လလျှင် အများဆုံး မိနစ် ၅၀၀၀ အထိသာ အသုံးပြုနိုင်ပါသည်။ အသုံးပြုခွင့်ပမာဏကို လစဉ်လတိုင်း၏ ပထမဆုံးနေ့တွင် အလိုအလျောက် ပြန်လည်သတ်မှတ်ပေးပါသည်။ အမှန်တကယ်မြင်တွေ့ရမည့် UI နှင့် စွမ်းဆောင်ရည်များသည် ဖုန်းမော်ဒယ်အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အသေးစိတ်ကို ဖုန်းပေါ်ရှိ လက်တွေ့အသုံးပြုမှုအတွေ့အကြုံအတိုင်းသာ အတည်ပြုပါ။
7. Synthetic Voice Detection အတွက် ပံ့ပိုးပေးထားသော App များသည် ဖုန်းမော်ဒယ်၊ ဒေသ၊ Software Version နှင့် ပံ့ပိုးပေးထားသော ဝန်ဆောင်မှုများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ လက်ရှိတွင် အဆိုပါလုပ်ဆောင်ချက်သည် ဝင်လာသော ဖုန်းခေါ်ဆိုမှုများ၏ အသံပိုင်းဆိုင်ရာတွင် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကိုသာ စစ်ဆေးသိရှိနိုင်ပါသည်။ ပံ့ပိုးပေးထားသော Third-party App များနှင့် ဒေသများသည် System နှင့် App Update များအလိုက် ပြောင်းလဲနိုင်ပါသည်။ စစ်ဆေးတွေ့ရှိချက်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး လုံခြုံရေးအတွက် အာမခံချက် သို့မဟုတ် အပြည့်အဝကာကွယ်ပေးနိုင်မှုကို အာမခံခြင်းမဟုတ်ပါ။ ထို့ကြောင့် ရရှိလာသော ရလဒ်များကို လက်တွေ့အခြေအနေနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။