{{baseData.historyTitle}}

{{baseData.historyTitle}}

OPPO Website User Agreement

OPPO တရားဝင် ဝဘ်ဆိုက် အသုံးပြုသူ သဘောတူညီချက်
၁။ အသုံးပြုမှု သဘောတူညီချက် သက်ဆိုင်ရာနယ်ပယ်

ဤအသုံးပြုမှု သဘောတူညီချက်သည် OPPO တရားဝင်ဝဘ်ဆိုက် ("ဤဝဘ်ဆိုက်") နှင့် သက်ဆိုင်သည်။ OPPO မှ ဤသဘောတူညီချက်ပါ အကြောင်းအရာများကို အပြည့်အဝ နားလည်ရန် အသုံးပြုသူများကို သတိပေးအပ်ပါသည်။ ဤဝဘ်ဆိုက်ကို အသုံးပြုခြင်းအားဖြင့်၊ သင်သည် ဤဝဘ်ဆိုက် အသုံးပြုမှု သဘောတူညီချက်ကို သဘောတူကြောင်း ဖော်ပြခြင်းပင်ဖြစ်သည်။ သင်သဘောမတူပါက ကျေးဇူးပြု၍ ဤဝဘ်ဆိုက်ကို အသုံးမပြုပါနှင့်။ ဥပဒေမှ ခွင့်ပြုထားသည့် အတိုင်းအတာအတွင်း၌ OPPO သည် ဤအသုံးပြုမှု သဘောတူညီချက်ပါ အကြောင်းအရာများကို တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အချိန်နှင့်အမျှ ပြောင်းလဲပိုင်ခွင့်ရှိသည်။ ဤသဘောတူညီချက်မှ ပြောင်းလဲမှုများကို ပုံမှန်ပြန်လည်စစ်ဆေးရန် သင့်တွင်တာဝန်ရှိသည်။ ပြောင်းလဲမှု သတင်းအချက်အလက် ထုတ်ပြန်ပြီးနောက် သင်သည် ဤဝဘ်ဆိုက်ကို ဆက်လက်အသုံးပြုပါက ထိုပြောင်းလဲမှုကို သင်သဘောတူပြီး လက်ခံကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။

၂။ အသိပညာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု ထုတ်ဖော်ကြေငြာချက်

ဤဝဘ်ဆိုက်တွင် ပါဝင်သော အကြောင်းအရာများအားလုံး ပါဝင်သော်လည်း ကန့်သတ်ထားခြင်းမရှိသည့် စာသားများ၊ ရုပ်ပုံများ၊ ဂီတများ၊ ဗီဒီယိုများ၊ ကာတွန်းများ၊ ကုန်ပစ္စည်းလိုဂိုများ၊ ပုံစံများ၊ ဂရပ်ဖစ်များ၊ Visual interface နှင့် ကွန်ပျူတာကုဒ် ("အကြောင်း အရာများ")၊ သက်ဆိုင်ရာ အသိပညာ ပစ္စည်းဥစ္စာမူပိုင်ခွင့်များကို OPPO မှ ပိုင်ဆိုင်သည်။ သို့မဟုတ် OPPO မှ တရားဝင်ခွင့်ပြုချက် ရရှိပြီး အသုံးပြုခြင်းဖြစ်သည်။ အခြား အတိအလင်း ဖော်ပြထားသော စည်းမျဉ်းများမှလွဲ၍ OPPO ၏ ကြိုတင်ရေးသားထားသော ခွင့်ပြုချက်မရရှိပဲ ဤဝဘ်ဆိုက်ပါ အကြောင်းအရာများကို မည်သည့်နည်းလမ်းဖြင့်မဆို မည်သည့်စီးပွားရေး ရည်ရွယ်ချက်အတွက်မျှ အသုံးမပြုရပါ။

ဤဝဘ်ဆိုက်တွင် OPPO မှ ပေးသော OPPO ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အချက်အလက်များကို ဤဝဘ်ဆိုက်တွင် သင်ဒေါင်းလုဒ်ယူနိုင်သော်လည်း စီးပွားဖြစ်အတွက် အသုံးမပြုရပါ။ ထို့အပြင် အထက်ဖော်ပြပါ သတင်းအချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းများ ခွင့်မပြုပါ။ အထက်ဖော်ပြပါ သတင်းအချက်အလက်များနှင့် ဒေါင်းလုဒ်ယူထားသည့် အချက်အလက်များ ပါဝင်သည့် စာရွက်စာတမ်းများအား ထပ်မံ အာမခံခြင်းနှင့် ထုတ်ဖော်တင်ပြခြင်းများပြုလုပ်ရာတွင် OPPO ၏ တရားဝင်ရပိုင်ခွင့်များ ထုတ်ဖော်ကြေငြာချက်များကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည်။

၃။ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ

ဤဝဘ်ဆိုက်အား ဤအသုံးပြုမှု သဘောတူညီချက်မှ တရားမဝင်သော သို့မဟုတ် တားမြစ်ထားသော မည့်သည့်ရည်ရွယ်ချက် အတွက်မဆို အသုံးမပြုရပါ။ ဤဝဘ်ဆိုက်နှင့် ၎င်းတွင် ပါဝင်သော အကြောင်းအရာများကို အခြားအဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးချင်း၏ တရားဝင် အခွင့်အရေးများကို ချိုးဖောက်ရန်အတွက် အသုံးမပြုရပါ။

" Deep Links" ၊ "Web Scraper"၊ "Web Robots"၊ "Web Acquisition Tools" သို့မဟုတ် အခြားသောအလိုအလျောက် ပစ္စည်းကိရိယာများ၊ လုပ်ထုံးလုပ်နည်းများ၊ တွက်ချက်နည်းများ သို့မဟုတ် နည်းလမ်းများကို အသုံးမပြုရပါ။ သို့မဟုတ် မည်သည့် အလားတူသော သို့မဟုတ် ညီမျှသော လက်စွဲလုပ်ငန်းစဉ်ဖြင့် ဤဝဘ်ဆိုက်၏ မည်သည့်အစိတ်အပိုင်းကိုမဆို သို့မဟုတ် မည်သည့် အကြောင်းအရာများကိုမဆို ဖွဲ့စည်းပုံ သို့မဟုတ် တင်ပြချက်များသို့ ဝင်ရောက်ခြင်း၊ ရယူခြင်း၊ ကူးယူခြင်း သို့မဟုတ် စောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး ထိုမှတဆင့် ဤဝဘ်ဆိုက်မှ ရည်ရွယ်ချက်ရှိရှိ ထောက်ပံ့ပေးထားခြင်း မရှိသော နည်းလမ်းများဖြင့် မည်သည့်အချက်အလက်များမဆို၊ စာမူများ သို့မဟုတ် သတင်းအချက်အလက် များကို ရယူခြင်း သို့မဟုတ် ရယူရန် ကြိုပမ်းခြင်း မပြုရပါ။ OPPO သည် ထိုကဲ့သို့သော လုပ်ဆောင်မှုများကို တားမြစ်ပိုင်ခွင့်ရှိသည်။ သင်သည် ဤဝဘ်ဆိုက်ရှိ မည်သည့်အကြောင်းအရာများကိုမှ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခွင့်ကို ရယူရန် သို့မဟုတ် ဤ ဝဘ်ဆိုက်ရှိ မည်သည့်ဝန်ဆောင်မှုများကိုမဆို တရားမဝင်သော နည်းလမ်းဖြင့် ရယူရန် မကြိုးပမ်းရပါ။ ဤဝဘ်ဆိုက်၌ မည်သည့်ဆိုက်ဘာ တိုက်ခိုက်မှုပုံစံကိုမျှ သင်မပြုလုပ်ရပါ။

သင်နှင့်သက်ဆိုင်သော ပြည်တွင်းနှင့် နိုင်ငံတကာပို့ကုန် ထိန်းချုပ်မှု ဥပဒေများနှင့် ကန့်သတ်ချက်များ အားလုံးကို သင်လိုက်နာရမည်။ သက်ဆိုင်ရာဦးတည်ရာများ နောက်ဆုံးသုံးစွဲသူနှင့် နောက်ဆုံးအသုံးပြုမှု၏ မည်သည့်ကန့်သတ်ချက်များမဆို ပါဝင်ပါသည်။ ထိုကဲ့သို့သော ပို့ကုန်ထိန်းချုပ်မှု ဥပဒေများနှင့် ကန့်သတ်ချက်များအား လိုက်နာရန်အတွက် ဤဝဘ်ဆိုက် သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းများကို ဝင်ရောက်ကြည့်ရှုခြင်းကို ဆိုင်းငံ့ထားရန် ကန့်သတ်ထားရန် သို့မဟုတ် အဆုံးသတ်ရန် ကျွန်ုပ်တို့တွင် အခွင့်ရှိသည်။

OPPO သည် သက်ဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ဖော်ခွင့် အမြဲရှိသည်။ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အစိုးရ၏ လိုအပ်ချက်များနှင့်အညီ လိုအပ်သော သတင်းအချက်အလက်များကို ထုတ်ဖော်ရန် အတွက်ဖြစ်သည်။ OPPO သည် သက်ဆိုင်ရာ ဥပဒေမှ ထိုကဲ့သို့ ထုတ်ဖော်ရန် လိုအပ်သည်ဟု သို့မဟုတ် ခွင့်ပြုသည်ဟု ယုံကြည်သောအခါ OPPO သည် သင်၏ အချက်အလက်များကိုလည်း ထုတ်ဖော်နိုင်သည်။ လိမ်လည်မှု ကာကွယ်ရေး ရည်ရွယ်ချက်များအတွက် အခြားကုမ္ပဏီများ အဖွဲ့အစည်းများနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းများ ပါဝင်သည်။

ဤဝဘ်ဆိုက်မှ ပေးအပ်ထားသော ဝန်ဆောင်မှုများ သို့မဟုတ် ဤဝဘ်ဆိုက်မှ ပေးအပ်ထားသော ဝန်ဆောင်မှုများမှတဆင့် OPPO သည် သင်နှင့် OPPO အကြား မည်သည့်ထုတ်လွှင့်မှု သို့မဟုတ် ဆက်သွယ်မှုကိုမဆို ထိန်းသိမ်းရန် အခွင့်အရေးရှိပြီး အောက်ပါအခြေအနေများအောက်တွင် ဤဒေတာများကို ထုတ်ဖော်နိုင်ကြောင်း သင်အသိအမှတ်ပြုပြီး လက်ခံသည်။ ဥပဒေအရ လိုအပ်သလို ဤကဲ့သို့ ဆောင်ရွက်ရခြင်း၊ သို့မဟုတ် OPPO တွင် ယုံကြည်ရန် လုံလောက်သောအကြောင်းပြချက် ရှိနေခြင်း၊ ဤကဲ့သို့ဆောင်ရွက်မှသာ ကျိုးကြောင်းဆီလျော်စွာဖြင့် (၁) တရားဝင် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း၊ (၂) ဤအသုံးပြုမှု သဘောတူညီချက်ကို လိုက်နာဆောင် ရွက်ခြင်း၊ (၃) ဤကဲ့သို့သော အချက်အလက်များသည် အခြားသူများ၏ အခွင့်အရေးကို ချိုးဖောက်သည်ဟု ပြောဆိုမှုများကို တုံ့ပြန်ခြင်း၊ သို့မဟုတ် (၄) OPPO ၊ ၎င်း၏ဝန်ထမ်းများ၊ ဤဝဘ်ဆိုက်၏ အသုံးပြုသူများ သို့မဟုတ် ဧည့်သည်များနှင့် အများပြည်သူ၏ အခွင့်အရေးများ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု သို့မဟုတ် ပုဂ္ဂိုလ်ရေး လုံခြုံမှုများကို ကာကွယ်ပေးခြင်း။

OPPO မှ သင်သည် ဤအသုံးပြုမှုဆိုင်ရာ သဘောတူညီချက် သို့မဟုတ် ဤဝဘ်ဆိုက်ကို အသုံးပြုခြင်းနှင့် ဆက်စပ်သော အခြားသဘောတူညီချက်များ သို့မဟုတ် သတ်မှတ်ချက်များကို ချိုးဖောက်သည်ဟု ယုံကြည်ပါက ကြိုတင်အကြောင်းကြားခြင်း မရှိသည့်အခြေအနေတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သင်၏ ဤဝဘ်ဆိုက်အား ဝင်ရောက်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး သို့မဟုတ် နောင်တွင် ဤဝဘ်ဆိုက်အား ဝင်ရောက်ခွင့်ကို တားဆီးမည်ဖြစ်သည်။ သင်၏ အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်အား ချိုးဖောက်သည့် အပြုအမူသည် တရားမဝင်သော၊ မှန်ကန်မှုမရှိသော စီးပွားရေး အပြုအမူများဖြစ်စေ လိမ့်မည်။ OPPO အတွက် ငွေကြေးဆိုင်ရာလျော်ကြေး ပေးလျော်မှု တစ်ခုတည်းဖြင့် အစားထိုးမရနိုင်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေလိမ့်မည်။ ဤအခြေအနေမျိုးတွင် OPPO သည် လိုအပ်သော သို့မဟုတ် သင့်လျော်သည်ဟု ယူဆသော တားမြစ်ခြင်း သို့မဟုတ် အကျိုးသက်ရောက်မှု တူညီသော ကုစားမှု အစီအမံများအတွက် လျှောက်ထားနိုင်သည်။ ဤကုစားမှု အစီအမံများသည် လက်ရှိ အများသုံးဥပဒေ သို့မဟုတ် သာတူညီမျှဥပဒေများအရ OPPO မှ ရရှိနိုင်သော အခြားကုစားမှု အစီအမံများအပြင် ဖြည့်စွက်ထားခြင်း ဖြစ်သည်။ OPPO မှ ရရှိနိုင်သော အခြားကယ်ဆယ်ရေးများအပြင် OPPO သည် သင့်ထံမှ သက်ဆိုင်ရာ ငွေပြန်လည်ရယူရန်လည်း အခွင့်အရေး ရှိပြီး သင့်လျော်သော ရှေ့နေများ၏ အခကြေးငွေများအားလုံးနှင့် တရားစွဲဆိုမှုစရိတ်အားလုံးကို သင်ပေးဆောင်ရန် သဘောတူသည်။ ဤအသုံးပြုမှု သဘောတူညီချက်အား ချိုးဖောက်သောကြောင့် ဤဝဘ်ဆိုက်အား သင်၏ ဝင်ရောက်မှုကို ရပ်ဆိုင်းလိုက်ခြင်းအတွက် OPPO သည် သင် သို့မဟုတ် တတိယပါတီအတွက် မည်သည့်တာဝန်မျှ မရှိကြောင်းကို သင်သဘောတူသည်။

၄။ တတိယပါတီ လင့်ခ်များ

ဤဝဘ်ဆိုက်သည် တတိယပါတီ ဝဘ်ဆိုက်များနှင့် ချိတ်ဆက်နိုင်သည်။ တတိယပါတီ အကြောင်းအရာများအားလုံးကို တတိယပါတီမှ ထောက်ပံ့ပေးသည်။ OPPO သည် အကြောင်းအရာများ၊ ၎င်းတို့၏ စစ်မှန်မှု၊ တိကျမှု၊ သို့မဟုတ် တတိယပါတီဝဘ်ဆိုက်၏ အသုံးဝင်မှု၊ ယုံကြည်စိတ်ချရမှု၊ လုံခြုံမှုနှင့် အခြားရှုထောင့်များနှင့် ကျွန်ုပ်တို့ ထိန်းချုပ်နိုင်ခြင်းမရှိသော အခြားရှုထောင့်များ (၎င်း၏ မည်သည့်အခွင့်အရေးများမဆို ပါဝင်သည်) အပေါ် ကတိပေးခြင်း၊ အာမခံခြင်း သို့မဟုတ် ထုတ်ပြန်ကြေငြာခြင်း ရှိမည်မဟုတ်ပါ။ ထို့အပြင် ထိုကဲ့သို့သော တတိယပါတီ အကြောင်းအရာများကို သင်အသုံးပြုခြင်းမှ ဖြစ်ပေါ် လာသော မည်သည့်အကျိုးဆက်အတွက်မဆို တာဝန်ယူမှုမည် မဟုတ်ပါ။ ထိုတတိယပါတီ အကြောင်းအရာများကို ဝင်ရောက်ခြင်းနှင့် အသုံးပြုခြင်း၏ အန္တရာယ်ကို သင်ကိုယ်တိုင် တာဝန်ယူရမည်။

၅။ ခုခံနိုင်ခြင်းမရှိမှုနှင့် တတိယပါတီ၏ အကြောင်းအရင်းများ

OPPO သည် သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဥပဒေနှင့်အညီ ဆောင်ရွက်သည်။ သို့သော် အောက်ဖော်ပြပါ အကြောင်းအရင်းများကြောင့် သဘောတူညီချက်အား ဖော်ဆောင်မှု အတားအဆီး၊ ဖော်ဆောင်မှု အားနည်းချက်၊ ဖော်ဆောင်မှု နှောင့်နှေးခြင်း သို့မဟုတ် ဖော်ဆောင်မှု အကြောင်းအရာများ ပြောင်းလဲခြင်း စသည့် အခြေအနေများအတွက် OPPO မှ စာချုပ်ဖောက်ဖျက်ခြင်း တာဝန်ယူမည် မဟုတ်ပါ။

(၁)
သဘာဝ ဘေးအန္တရာယ်များ၊ သပိတ်မှောက်မှုများ၊ အဓိကရုဏ်းများ၊ စစ်ပွဲများ၊ အစိုးရ၏ အရေးများ၊ တရားစီရင်မှု အုပ်ချုပ်ရေးအမိန့်များ စသည့် ခုခံနိုင်ခြင်းမရှိသော အကြောင်းရပ်များကြောင့်၊
(၂)
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု စသည့် အများသုံး ဝန်ဆောင်မှုများဖြစ်သော အကြောင်းရပ်များ သို့မဟုတ် Hacker များ၏တိုက်ခိုက်မှု၊ ကွန်ပျူတာဗိုင်းရပ်စ် ဝင်ရောက်ခြင်း၊ တရားမဝင် အကြောင်းအရာ သတင်းအချက်အလက်များ၊ အနှောင့်အယှက်ပေးသော သတင်းအချက်အလက်များ ပိတ်ဆို့ခြင်း၊ အစိုးရ စည်းမျဉ်းများနှင့် အခြားမည်သည့် ကွန်ရက်များ၊ နည်းပညာများ၊ ဆက်သွယ်ရေး လိုင်းများ၊ သတင်းအချက်အလက် လုံခြုံရေး စီမံခန့်ခွဲမှု အစီအမံများ စသည့် အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်သော ဝန်ဆောင်မှု ပြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း စသည့် သင်၏လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သော အခြေအနေများ၊
(၃)
OPPO မှ စိတ်ရင်းမှန်ဖြင့် စီမံခန့်ခွဲသည့် အခြေအနေအောက်တွင် ပုံမှန် သို့မဟုတ် အရေးပေါ် ပစ္စည်းကိရိယာများနှင့် စနစ်များ ပြုပြင်ထိန်းသိမ်းမှု၊ စနစ်နှင့် ပစ္စည်းကိရိယာ ချွတ်ယွင်းမှု၊ ကွန်ရက် အချက်အလက်နှင့် ဒေတာလုံခြုံမှု စသည့် အကြောင်းအရင်းများ။
၆။ လျှို့ဝှက်ထားသော ပုဂ္ဂိုလ်ရေးရာ အကြောင်းကိစ္စရပ်များ (Privacy)

သင့်ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အလေးထားပြီး အတတ်နိုင်ဆုံး ကာကွယ်ရန် ပေးမည်ဖြစ်သည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ရန် ကျွန်ုပ်တို့ ပြုလုပ်ထားသော တိကျသော အစီအမံများအတွက် ကျွန်ုပ်တို့၏ လျှို့ဝှက်ထားသော ပုဂ္ဂိုလ်ရေးရာ အကြောင်းကိစ္စရပ်များ မူဝါဒ (Privacy Policy) ကို ကြည့်ပါ။

ကျွန်ုပ်တို့ (သို့မဟုတ် တတိယပါတီမှ ကြေငြာသူများ) သည် သင့်အား ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်အတွက် ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့၏ လျှို့ဝှက်ထားသော ပုဂ္ဂိုလ်ရေးရာ အကြောင်းကိစ္စရပ်များ မူဝါဒ (Privacy Policy) နှင့်အညီ သင့်ထံ ကြေငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း သို့မဟုတ် အရောင်းမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များကို ပေးပို့ပေးမည်ဖြစ်သည်။

သတိပေးလိုသည်မှာ သင်နှင့် ဤဝဘ်ဆိုက်အကြား ကွန်ရက်ဆက်သွယ်မှုနှင့် အချက်အလက် ပေးပို့မှုများသည် လုံးဝလုံခြုံမှုရှိခြင်း သို့မဟုတ် လျှို့ဝှက်ထားခြင်း ရှိမည်မဟုတ်ပါ။ ဤဝဘ်ဆိုက်သို့ သင်ပေးပို့သော သတင်းအချက်အလက်များ ဒေတာများကို အခြားသူများက ကြားဖြတ်ယူနိုင်သည်။ OPPO သည် သင်နှင့် ဤဝဘ်ဆိုက်အကြား ကွန်ရက်ချိတ်ဆက်မှု၊ ဒေတာပေးပို့မှုများ၏ လုံခြုံမှုနှင့် လျှို့ဝှက်ထားနိုင်မှုအတွက် အာမခံပေးနိုင်မည် မဟုတ်ပါ။

၇။ တာဝန်ကန့်သတ်ချက်နှင့် တာဝန်ကင်းရှင်းကြောင်း ထုတ်ပြန်ကြေငြာချက်

OPPO သည် ဤဝဘ်ဆိုက်နှင့် ၎င်းတွင် ပါဝင်သော အကြောင်းအရာနှင့် ဝန်ဆောင်မှုများ၏ အသုံးဝင်မှု၊ စဉ်ဆက်မပြတ်မှု၊ လက်လှမ်းမီနိုင်မှုများအတွက် မည်သည့် အာမခံချက်မျှ မပေးပါ။ ဤဝဘ်ဆိုက်နှင့် ၎င်း၏ အကြောင်းအရာများသည် "လက်ရှိ အခြေအနေ" ပေါ် အခြေခံထားပြီး ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ဤဝဘ်ဆိုက်နှင့် ချိတ်ဆက်ထားသော ဝဘ်ဆိုက်များကို သင်၏ အသုံးပြုမှုသည် သင်မှ အပြည့်အဝ တာဝန်ယူရမည်။ ဤဝဘ်ဆိုက်၏ အစိတ်အပိုင်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို သင်စိတ်ကျေနပ်မှု မရှိပါက ဤဝဘ်ဆိုက်၏ အစိတ်အပိုင်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုခြင်းကို ရပ်တန့်နိုင်သည်။

ဤဝဘ်ဆိုက်တွင် ပါဝင်သော အကြောင်းအရာများ၏ တိကျမှု၊ ပြည့်စုံမှုနှင့် ယုံကြည် စိတ်ချရမှုတို့ကို OPPO မှ အာမခံထားခြင်း မရှိပါ။ ဤဝဘ်ဆိုက်တွင် ထုတ်ပြန်ကြေငြာထားသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု အမျိုးမျိုးအကြောင်း သတင်းအချက်အလက်များ၊ ထုတ်ကုန်၏ လုပ်ဆောင်ချက်များ၊ ဖွဲ့စည်းပုံများ၊ ပါရက်မီတာများ၊ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ၊ ဝန်ဆောင်မှု အကြောင်းအရာများ စသည်များ ပါဝင်သော်လည်း ကန့်သတ်ထားခြင်း မရှိပါ။ နိုင်ငံ/ ဒေသ မတူညီမှုကြောင့် ကွဲပြားနိုင်သည်။ ထုတ်ကုန်တစ်ခုတည်းဖြစ်သော်လည်း ၎င်းထုတ်ကုန်၏ မတူညီသော သက်တမ်း အဆင့်အမျိုးအမျိုးတွင် ၎င်းထုတ်ကုန်၏ လုပ်ဆောင်ချက်၊ ဖွဲ့စည်းပုံ၊ ပါရက်မီတာ နည်းပညာသတ်မှတ်ချက် စသည်များကိုလည်း ချိန်ညှိနိုင်ပါသည်။ OPPO သည် သက်ဆိုင်ရာ အချက်အလက်များကို အသစ်ပြောင်းရန် အချိန် လိုအပ်သည်။ ထို့ကြောင့် သင်မြင်တွေ့ရသောထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု သတင်းအချက်အလက်နှင့် သင်လက်တွေ့ ဝယ်ယူထားသော သို့မဟုတ် ဈေးကွက်တွင် သင်ဝယ်ယူရရှိနိုင်သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများသည် ကွဲပြားခြားနားမှု ရှိနိုင်သည်။

OPPO သည် သွယ်ဝိုက်သော၊ ဖြည့်စွက်ထားသော၊ ထူးခြားသော သို့မဟုတ် မည်သည့် ပုံစံမဆို ပြစ်ဒဏ်ခတ်ပေးလျော်မှုများအတွက် မည်သည့်တာဝန်မျှမယူပါ။ မည်သည့်သွယ်ဝိုက်သောပျက်စီးမှုများ အတွက်မဆို တာဝန်မယူပါ။ အမြတ်အစွန်း၊ ဝင်ငွေ၊ ဒေတာ၊ ဒေတာအသုံးပြုမှု ဆုံးရှုံးမှုများပါဝင်သော်လည်း ကန့်သတ်ထားခြင်း မရှိပါ။

ဤဝဘ်ဆိုက်ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုများအတွက် OPPO နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ စုစုပေါင်း တာဝန်ယူမှုသည် ဤဝဘ်ဆိုက်၏ ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ချက်များကို သင်အသုံးပြုခြင်းနှင့် ဆက်စပ်သော အခကြေးငွေ သို့မဟုတ် ပေးဆောင်ရမည့် စုစုပေါင်း ပမာဏထက် မပိုစေရပါ။ အချို့သော တရားစီရင်ပိုင်ခွင့်များတွင် တာဝန်ယူမှုကို ကန့်သတ်ခြင်း ခွင့်မပြုပါ။ ထို့ကြောင့် အထက်ဖော်ပြပါ ကန့်သတ်ချက်များသည် သင့်အတွက် သက်ရောက်မှု မရှိနိုင်ပါ။

၈။ သက်ဆိုင်သော ဥပဒေရေးရာ တရားစီရင်ပိုင်ခွင့်နှင့် အခြားများ

ဤအသုံးပြုမှု သဘောတူညီချက်ကို ချုပ်ဆိုခြင်း၊ လိုက်နာဆောင်ရွက်ခြင်း၊ ရှင်းလင်းခြင်းနှင့် အငြင်းပွားခြင်းများကို ဖြေရှင်းခြင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများဖြင့် ပြဌာန်းထားသည်။

ဤအသုံးပြုမှု သဘောတူညီချက်ကို ကွမ်တုံး တုံးကွမ်မြို့တွင် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ ဤအသုံးပြုမှု သဘောတူညီချက်ပါ အကြောင်းအရာများ သို့မဟုတ် ယင်း၏ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက်အကြား အငြင်းပွားမှုများရှိပါက နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိနှိုင်းဆွေးနွေး ခြင်းများဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားကြရမည်၊ စေ့စပ်ညှိနှိုင်းမှု မအောင်မြင်ပါက နှစ်ဦးနှစ်ဖက်စလုံးမှ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားသည့် နေရာရှိ တရားစီရင်ပိုင်ခွင့်ရှိသော ပြည်သူ့တရားရုံးသို့ တရားစွဲဆိုနိုင်သည်။