Loading...
OPPO Watch S OPPO Watch S

OPPO Watch S

Ultra-slim Stainless
Steel Design

Advanced Tracking
for Major Workouts

60s Wellness
Overview

Peak Tactile Craft

For Your All-day Comfort

OPPO Watch S Ultra-slim Stainless Steel Design 2

8.9mm Ultra-slim1

သင့်ရဲ့ နေ့စဉ်ဘဝအတွက် ပြီးပြည့်စုံတဲ့ အဖော်မွန် — ချောမွေ့ပြီး သပ်ရပ်လှပသလို ဝတ်ဆင်ရတာလည်း သက်သောင့်သက်သာရှိတဲ့အတွက် သင့်လက်ကောက်ဝတ်မှာ ရှိလို့ ရှိနေမှန်းတောင် သိရမှာ မဟုတ်ပါဘူး။
သင် အလုပ်လုပ်နေသည်ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်နေသည်ဖြစ်စေ၊ တနေ့တာကုန်ဆုံးလို့ အနားယူနေသည်ဖြစ်စေ ကျွန်ုပ်တို့၏နာရီက မနက်မှ သန်းခေါင်ယံအထိ သဘာဝအတိုင်း သက်သောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။

OPPO Watch S Ultra-slim Stainless Steel Design 2

Durable Premium Stainless-Steel Build

နံနက်ခင်း အစည်းအဝေးများမှသည် အားလပ်ရက် စွန့်စားခန်းများအထိ အချိန်တိုင်းတွင် ကြည့်ကောင်းနေစေရန် တည်ဆောက်ထားပါတယ်။

OPPO Watch S Ultra-slim Stainless Steel Design 3
OPPO Watch S Ultra-slim Stainless Steel Design 3

3000 Nits
Ultra-Bright Display2

နေရောင်ခြည်က သင့်အတွက် ပြဿနာတရပ် ဘယ်တော့မှ ဖြစ်လာစေမှာ မဟုတ်ပါ။
အလင်းရောင် တောက်ပနေချိန်မှာတောင် အလွယ်တကူ ချိတ်ဆက်ပြီး ထိန်းချုပ် အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
အရာအားလုံးကို ကြည်လင်ပြတ်သားနေစေမှာဖြစ်လို့ မျက်နှာပြင်ကို အားစိုက်ကြည့်စရာမလိုဘဲ သင့်ရဲ့နေ့စဥ် လုပ်ဆောင်ချက်တွေကို အာရုံအပြည့်စိုက်နိုင်စေမှာ ဖြစ်ပါတယ်။

Style Meets
Performance

OPPO Watch S Silver Gleam 2 OPPO Watch S Silver Gleam 1

လှပကျော့ရှင်းတဲ့ ငွေရောင်ဒီဇိုင်းနဲ့ တစ်နေကုန် ပေါ့ပါးသက်သာစေမယ့် Breathable Woven ကြိုးက နူးညံ့ပေါ့ပါးပြီး ချွေးခြောက်မြန်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ချိန်ကစလို့ အားလပ်ရက် အနားယူချိန်တွေအထိ သင့်ကို အမြဲတမ်း လန်းဆန်းတက်ကြွပြီး ယုံကြည်မှုအပြည့် ရှိနေစေမှာ ဖြစ်ပါတယ်။

OPPO Watch S Silver Gleam 2
OPPO Watch S Silver Gleam 1
OPPO Watch S Silver Gleam 2

Style Meets
Performance

OPPO Watch S Phantom Black 2 OPPO Watch S Phantom Black 1

နူးညံ့ပြီး အသားအရေနဲ့ လိုက်လျောညီထွေရှိစေမယ့် လက်ပတ်နဲ့အတူ ချောမွတ်တောက်ပြောင်သော အနက်ရောင်ဒီဇိုင်းက ဘယ်စတိုင်နဲ့မဆို လိုက်ဖက်နေစေမှာ ဖြစ်ပါတယ်။ ရေစို၊ ချွေးစိုခံနိုင်ရည် ရှိတာကြောင့် တနေ့တာလုံး ဝတ်ဆင်တဲ့အခါမှာ သက်သောင့်သက်သာရှိပြီး ယုံကြည်မှုအပြည့် ရှိစေမှာ ဖြစ်ပါတယ်။

OPPO Watch S Phantom Black 2
OPPO Watch S Phantom Black 1
OPPO Watch S Phantom Black 2

Style Meets
Performance

OPPO Watch S Air Silver 2 OPPO Watch S Air Silver 1

ရိုးရှင်းသော ငွေရောင်ကိုယ်ထည်နဲ့အတူ ပေါ့ပါးသော လက်ပတ်ပါရှိတာကြောင့် သင့်လက်ကောက်ဝတ်ပေါ်မှာ ရှိတယ်လို့ကို မထင်ရသည့်တိုင် အလွန်ပေါ့ပါးနေစေမှာ ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်လှပတဲ့အတွက် နေ့စဉ်ဝတ်စားဆင်ယင်မှုတိုင်နဲ့ လိုက်ဖက်ညီစေမှာ ဖြစ်ပါတယ်။

OPPO Watch S Air Silver 2
OPPO Watch S Air Silver 1
OPPO Watch S Air Silver 2

Silver Gleam

Phantom Black

Air Silver

Express Your
Every Mood3

စိတ်ကြိုက် ပြင်ဆင်ချိန်ညှိနိုင်တဲ့ နာရီမျက်နှာပြင်အမျိုးမျိုးနဲ့အတူ အလုပ်၊ လေ့ကျင့်ခန်းနှင့် အားလပ်ရက်များအကြား အလွယ်တကူပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ သင့်ပြက္ခဒိန်၊ ရာသီဥတု သို့မဟုတ် ရည်မှန်းချက်များစတဲ့ အရေးကြီးဆုံးသော အရာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ဒါကြောင့် သင်လိုအပ်သမျှ အရာအားလုံးကို တချက်ကြည့်ရုံနဲ့ ချက်ချင်းဆိုသလို သိနိုင်စေမှာ ဖြစ်ပါတယ်။

OPPO  Watch S Watch Faces 1
OPPO  Watch S Watch Faces 2
OPPO  Watch S Watch Faces 3
OPPO  Watch S Watch Faces 3
OPPO  Watch S Watch Faces 4
OPPO  Watch S Watch Faces 4
OPPO  Watch S Watch Faces 5
OPPO  Watch S Watch Faces 5
OPPO  Watch S Watch Faces 6
OPPO  Watch S Watch Faces 6
OPPO  Watch S Watch Faces 7
OPPO  Watch S Watch Faces 1
OPPO  Watch S Watch Faces 2
OPPO  Watch S Watch Faces 3
OPPO  Watch S Watch Faces 4
OPPO  Watch S Watch Faces 5
OPPO  Watch S Watch Faces 6
OPPO  Watch S Watch Faces 7

Record,
Refine, Reach

အဓိက လေ့ကျင့်ခန်းများအတွက် အဆင့်မြင့် ခြေရာခံစနစ်4

OPPO  Watch S Advanced Tracking for Major Workouts 2

ပြေးနေချိန် ဖြစ်စေ၊ အားကစား ပြုလုပ်နေချိန် ဖြစ်စေ၊ ရေကူးနေချိန် ဖြစ်စေ၊ တောင်တက်နေချိန် ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် ပရော်ဖက်ရှင်နယ်ကဲ့သို့ ခြေရာခံကာ သင့်အား အချိန်နှင့်တပြေးညီ လမ်းညွှန်ပေးမှာ ဖြစ်တာကြောင့် သင့်အား ပိုမိုစမတ်ကျစွာ ရွေ့လျားစေပြီး ကဏ္ဍတိုင်းတွင် ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။

OPPO  Watch S Advanced Tracking for Major Workouts 2 OPPO  Watch S Advanced Tracking for Major Workouts 2
OPPO  Watch S Advanced Tracking for Major Workouts 2

Pro-Level Court Analytics5

OPPO  Watch S Pro-Level Court Analytics 1
OPPO  Watch S Pro-Level Court Analytics 1
OPPO  Watch S Pro-Level Court Analytics 1
OPPO  Watch S Pro-Level Court Analytics 2

အချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိစေခြင်း5

ရိုက်ချက်တိုင်းကို အမိအရဖမ်းဆွဲပြီး သင့်ကစားကွက်ကို Level Up လိုက်ပါ။ Swing တိုင်းနဲ့ ရင်ခုန်နှုန်း မြန်စေမယ့် အခိုက်အတန့်တွေကို Smart Tracking စနစ်က အလိုအလျောက် ခြေရာခံပေးသွားမှာပါ။ ပွဲတိုင်းကို ဆရာကျကျ ကစားနိုင်ဖို့ Shot Distribution၊ Swing Speed နဲ့ Heart Rate Zone တွေကို အလွယ်တကူ စစ်ဆေးလိုက်ပါ။

OPPO  Watch S Pro-Level Court Analytics 2
OPPO  Watch S Pro-Level Court Analytics 3

အချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိစေခြင်း5

ရိုက်ချက်တိုင်းကို အမိအရဖမ်းဆွဲပြီး သင့်ကစားကွက်ကို Level Up လိုက်ပါ။ Swing တိုင်းနဲ့ ရင်ခုန်နှုန်း မြန်စေမယ့် အခိုက်အတန့်တွေကို Smart Tracking စနစ်က အလိုအလျောက် ခြေရာခံပေးသွားမှာပါ။ ပွဲတိုင်းကို ဆရာကျကျ ကစားနိုင်ဖို့ Shot Distribution၊ Swing Speed နဲ့ Heart Rate Zone တွေကို အလွယ်တကူ စစ်ဆေးလိုက်ပါ။

OPPO  Watch S Pro-Level Court Analytics 3
OPPO  Watch S Pro-Level Court Analytics 4

အချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိစေခြင်း5

ရိုက်ချက်တိုင်းကို အမိအရဖမ်းဆွဲပြီး သင့်ကစားကွက်ကို Level Up လိုက်ပါ။ Swing တိုင်းနဲ့ ရင်ခုန်နှုန်း မြန်စေမယ့် အခိုက်အတန့်တွေကို Smart Tracking စနစ်က အလိုအလျောက် ခြေရာခံပေးသွားမှာပါ။ ပွဲတိုင်းကို ဆရာကျကျ ကစားနိုင်ဖို့ Shot Distribution၊ Swing Speed နဲ့ Heart Rate Zone တွေကို အလွယ်တကူ စစ်ဆေးလိုက်ပါ။

OPPO  Watch S Pro-Level Court Analytics 4
OPPO  Watch S Crush Your Next Game 1

Crush Your Next Game5

သင့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်အတွက် မောင်းနှင်ပေးမယ့်အရာကို ရှာဖွေလိုက်ပါ — သင့်ရဲ့ လျင်မြန်စွာ လှုပ်ရှားနိုင်စွမ်း၊ လှုပ်ရှားမှုအဆင့်၊ ခံနိုင်ရည်၊ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းနဲ့ တိုက်စစ်ဆင်မှုအပြင် နောက်တကြိမ် အာရုံစိုက်ရမယ့်နေရာတို့ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ထိမှန်သော ရိုက်ချက်

ရိုက်ချက် အမြန်နှုန်း

နှလုံးအလုပ်လုပ်နှုန်း

01/02

Crush Your
Next Game5

သင့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်အတွက် မောင်းနှင်ပေးမယ့်အရာကို ရှာဖွေလိုက်ပါ — သင့်ရဲ့ လျင်မြန်စွာ လှုပ်ရှားနိုင်စွမ်း၊ လှုပ်ရှားမှုအဆင့်၊ ခံနိုင်ရည်၊ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းနဲ့ တိုက်စစ်ဆင်မှုအပြင် နောက်တကြိမ် အာရုံစိုက်ရမယ့်နေရာတို့ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

OPPO  Watch S Crush Your Next Game 1

Run in the Zone6

ကယ်လိုရီ လွယ်ကူထိရောက်စွာ လောင်ကျွမ်းစေမည့် အရှိန်

သင့်ရဲ့ စံပြ အရှိန်အဟုန်မှာရှိနေစေဖို့ ကူညီပေးမယ့် ညင်သာတဲ့ လမ်းညွှန်မှုနဲ့အတူ ပိုမို စမတ်ကျစွာနဲ့ ပြေးလိုက်ပါ။ ပြေးခြင်းတခုစီတိုင်းရဲ့ အဆီလောင်ကျွမ်းပုံကို ကြည့်ရှုနိုင်ပါတယ်။ သင့်နာရီက သင့်ကို မှန်ကန်တဲ့ ဇုန်မှာရှိနေအောင် ထိန်းသိမ်းပေးမှာ ဖြစ်တဲ့အတွက် မိနစ်တိုင်း ထိရောက်မှုရှိကြောင်းကို သိရှိနိုင်စေမှာ ဖြစ်ပါတယ်။

OPPO Watch S Pace for Effortless Burn
OPPO Watch S Pace for Effortless Burn

ပြေးခြင်း ကိုယ်ဟန်အနေအထား ခွဲခြမ်းစိတ်ဖြာခြင်း

ပိုမိုထိရောက်စွာနဲ့ ယုံကြည်မှုရှိရှိ ရွေ့လျားနိုင်စေရန် ကူညီပေးမယ့် အချိန်နဲ့တပြေးညီ တုံ့ပြန်ချက်နဲ့အတူ ပိုမို စမတ်ကျစွာ ပြေးလိုက်ပါ။ သင့်ရဲ့ ပုံမှန်ခြေလှမ်းကို လေ့လာပြီး သင့်ရဲ့ လှုပ်ရှားမှု ကိုယ်ဟန်အနေအထားကို မြှင့်တင်ပြီး ခြေလှမ်းတိုင်းအတွက် ဒဏ်ရာဖြစ်နိုင်ခြေကို လျှော့ချလိုက်ပါ။

OPPO Watch S Running Posture Analysis
OPPO Watch S Running Posture Analysis

အသစ်ထည့်သွင်းထားသော Lactate Threshold7

သင့်ရဲ့ lactate threshold (ပြင်းပြင်းထန်ထန် အားထုတ်မှုကြောင့် သင့်ခန္ဓာကိုယ် လျင်မြန်စွာ မောပန်းနွမ်းနယ်လာသော အမှတ်) ကို သိပါ။ ပိုမိုစမတ်ကျစွာ လေ့ကျင့်ပါ။ အားကစား ဒဏ်ရာများရဲ့ အန္တရာယ်ကို လျှော့ချပါ။ ရေရှည်ခံနိုင်ရည်ကို တည်ဆောက်ပါ။

OPPO Watch S Newly Added Lactate Threshold

01/03

100+ Ways to Move8

OPPO Watch S 100+ Ways to Move

ယောဂကျင့်တာကနေ လှေလှော်တာအထိ ဒါမှမဟုတ် ပြေးတာကနေ မြင်းစီးတာအထိ အမြဲတက်ကြွနေစေမယ့် သင်အကြိုက်ဆုံး နည်းလမ်းကို ရှာပါ။
လှုပ်ရှားမှုတိုင်းက အရေးကြီးသလို ကြိုးစားမှုတိုင်းကလည်း သင့်ရဲ့ပန်းတိုင်တွေဆီ ပိုမို နီးစပ်လာစေမှာ ဖြစ်ပါတယ်။ လတ်တလောမှာ pickleball9 ကစားနည်းကို
ကြိုက်နှစ်သက်နေပါသလား။ မကြာခင်ကာလအတွင်းမှာ သင့်ကို ကျွန်ုပ်တို့ ပံ့ပိုးပေးသွားမှာပါ။

OPPO Watch S 100+ Ways to Move

Dustproof and Waterproof

နာရီဟာ တင်းကျပ်တဲ့ IP68 စမ်းသပ်မှုကို အောင်မြင်ပြီး 5 ATM ရေစိုခံစံနှုန်းနဲ့ ကိုက်ညီပါတယ်။ စိတ်ချယုံကြည်ရပြီး အကြမ်းခံတာကြောင့် ဘယ်နေရာကိုပဲ သွားသွား အဆင်သင့်ဖြစ်နေမှာ အသေအချာပါပဲ။

OPPO Watch S Dustproof and Waterproof

IP68

ရေနဲ့ ဖုန်ဒဏ်
ခံနိုင်ရည်10

50m

ရေဖိအား11

Splash Touch
အထောက်အပံ့

OPPO Watch S Dustproof and Waterproof

ကျန်းမာရေးဆိုင်ရာ အမြန် ခြုံငုံသုံးသပ်ချက်

ထိပ်တန်းအဆင့် ကျန်းမာရေးနည်းပညာ

OPPO Watch S နဲ့အတူ သင့်ခန္ဓာကိုယ်ကို လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ပါ။ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး အချက်အလက်တွေအတွက် သတိပေးချက်တွေကို ချက်ချင်းရယူနိုင်သလို သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ညင်သာတဲ့ သတိပေးချက်တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။12

OPPO  Watch S Flagship-grade Health Analysis with ECG 2 OPPO  Watch S Flagship-grade Health Analysis with ECG 3

8-channel heart rate sensor13

16-channel blood oxygen sensor14

Wrist Temperature Sensor

OPPO  Watch S 60s Wellness Overview 2

စက္ကန့် 60 ကျန်းမာရေး ခြုံငုံသုံးသပ်ချက်

သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေ ခြုံငုံသုံးသပ်ချက်ကို စက္ကန့် ၆၀ အတွင်း အမြန် ရယူလိုက်ပါ။
နှလုံးခုန်နှုန်း၊ အိပ်စက်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်၊ စိတ်ဖိစီးမှုနှင့် လက်ကောက်ဝတ် အပူချိန်ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ လက္ခဏာရပ်များကို ခြေရာခံပါ။

OPPO  Watch S 60s Wellness Overview 2
OPPO  Watch S 60s Wellness Overview 6

စိတ်နှင့်ခန္ဓာကိုယ် အကဲဖြတ်ခြင်း

OPPO  Watch S 60s Wellness Overview 7

လက်ကောက်ဝတ် အပူချိန်15

OPPO  Watch S 60s Wellness Overview 3

နှလုံးခုန်နှုန်း

OPPO  Watch S 60s Wellness Overview 4

သွေးတွင်း အောက်ဆီဂျင်

OPPO  Watch S 60s Wellness Overview 5

ကျန်းမာစေသော အိပ်စက်မှု ခွဲခြမ်းစိတ်ဖြာခြင်း

စဉ်ဆက်မပြတ် တိကျသော နှလုံးခုန်နှုန်း အချက်အလက်က သင့်ကျန်းမာရေးအခြေအနေ အလုံးစုံကို
အချိန်နဲ့တပြေးညီ ထိုးထွင်းသိမြင်စေမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းနဲ့ အိပ်စက်ခြင်းအတွင်း သင့် အောက်ဆီဂျင်ပမာဏအကြောင်း အချက်အလက်များကို ညင်သာစွာ
ရယူလိုက်ပါ—သင့်ကို ဟန်ချက်ညီစေပြီး သတိရှိနေစေရန် ကူညီပေးမှာ ဖြစ်ပါတယ်။

သင်ဘယ်လောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သလဲ၊ သင့်ခန္ဓာကိုယ်ဘယ်လောက်ကောင်းကောင်းပြန်ကောင်းလာသလဲ၊ သင့်အိပ်စက်မှုကို ညတိုင်း ဘယ်လို ပိုကောင်းအောင်
လုပ်ရမလဲဆိုတာကို ကြည့်နိုင်ပါတယ်။

သင့် စိတ်ခံစားမှုအခြေအနေကို နားလည်ရန် ဒီဇိုင်းထုတ်ထားသော လုပ်ဆောင်ချက်များ၊ သင့်စိတ် ငြိမ်သက်မှု၊ အာရုံစူးစိုက်မှုနဲ့ ဟန်ချက်ညီမှုတို့ကို ခံစားရစေရန် သင့်လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေသော လမ်းညွှန်မှုတို့ဖြင့် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

သင်အိပ်ပျော်နေချိန်တွင်ပင် သင့်လက်ကောက်ဝတ်အပူချိန် အနည်းငယ်ပြောင်းလဲမှုများကို မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။

OPPO  Watch S 60s Wellness Overview 3
OPPO  Watch S 60s Wellness Overview 4
OPPO  Watch S 60s Wellness Overview 5
OPPO  Watch S 60s Wellness Overview 6
OPPO  Watch S 60s Wellness Overview 7
OPPO  Watch S Mind and Body Evaluation 2 OPPO  Watch S Mind and Body Evaluation 2

စိတ်နှင့်ခန္ဓာကိုယ် အကဲဖြတ်ခြင်း

နေ့စဥ်ဘဝထဲ အလုပ်များလာတဲ့အခါ သင့်ရဲ့ စိတ်ခံစားမှုနဲ့ သင့်စိတ် တည်ငြိမ်သက်မှုတို့ကို ခြေရာခံပေးမှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုဆိုင်ရာ အချက်အလက်များနဲ့အတူ သင့်နာရီက သင့်အား အာရုံစူးစိုက်မှုအပြည့်ဖြင့် ဟန်ချက်ညီစေရန် နေ့စဥ် ကူညီပေးမှာ ဖြစ်ပါတယ်။

OPPO  Watch S Mind and Body Evaluation 2

စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းပါ16

ဘဝမှာ ဝန်ထုပ်ဝန်ပိုးတွေကို ခံစားရတဲ့အခါ အသက်ပြင်းပြင်းရှူပြီး ပြန်လည်စတင်လိုက်ပါ။ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလမ်းညွှန်တွေကို လိုက်နာပြီး အကောင်းဆုံးခံစားရစေမယ့် အလေ့အကျင့်တွေကို တည်ဆောက်ပါ။

OPPO  Watch S Address the Stress
OPPO  Watch S Sleep Health Analysis 2

လန်းဆန်းစွာ နိုးထပါ၊ ကောင်းမွန်စွာ အနားယူပါ

ပင်ပန်းနွမ်းနယ်စွာ နိုးထလာရတာကို ငြီးငွေ့နေပါသလား။
သင့်ရဲ့ ခဏတာ အိပ်စက်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း၊ အိပ်စက်ခြင်း စက်ဝန်းနဲ့ သက်ဆိုင်သော အချက်အလက်များကို ရယူနိုင်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် (SpO2) နှင့် အိပ်စက်ခြင်းအရည်အသွေးတို့ကို မှတ်သားထားပြီး သင့်အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေမှာ ဖြစ်သလို လန်းဆန်းစွာ နိုးထလာစေရန် ကူညီပေးမှာ ဖြစ်ပါတယ်။

OPPO  Watch S Sleep Health Analysis 2

ချောမွေ့စွာ ချိတ်ဆက်နိုင်မှု

OPPO Watch S Cross-OS Dual-Phone Pairing 2

Cross-OS Dual-Phone Pairing17

OPPO နဲ့ OnePlus ဖုန်းတို့ဖြင့်သာမက ဖုန်းနှစ်လုံးနဲ့ တပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းနှစ်လုံးစလုံးရဲ့ ဖုန်းခေါ်ဆိုမှုများ၊ မက်ဆေ့ချ်အသိပေးချက်များနဲ့ သတိပေးချက်တို့ကို သင့်လက်ကောက်ဝတ်ပေါ်ကနေ လက်ခံရယူနိုင်မှာ ဖြစ်ပါတယ်။

OPPO Watch S Cross-OS Dual-Phone Pairing 2

Never Miss a Call

သင့်နာရီက သင့်ဖုန်းနဲ့ အမြဲချိတ်ဆက်နေမှာ ဖြစ်တာကြောင့် ဖုန်းခေါ်ဆိုမှုတိုင်းကို လွဲချော်စေတော့မှာ မဟုတ်ပါဘူး။

OPPO Watch S Cross-OS Dual-Phone Pairing 3

On-Wrist Messaging

မက်ဆေ့ချ်တွေကို သင့်လက်ကောက်ဝတ်ပေါ်ကနေ တိုက်ရိုက် စစ်ဆေးပြီးဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

OPPO Watch S Cross-OS Dual-Phone Pairing 4

Schedule on Wrist

သတိပေးချက်တွေကို လက်ကောက်ဝတ်ပေါ်ကနေ ချောမွေ့စွာ ရရှိနိုင်မှာ ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

OPPO Watch S Cross-OS Dual-Phone Pairing 5

01/03

OPPO Watch S Cross-OS Dual-Phone Pairing 3
OPPO Watch S Cross-OS Dual-Phone Pairing 4
OPPO Watch S Cross-OS Dual-Phone Pairing 5
OPPO Watch S Camera Remote Control 1 OPPO Watch S Camera Remote Control 1

Short Video Playback Control18

ဗီဒီယို အတိုတွေကိုလည်း နာရီပေါ်ကနေ swipe လုပ်ပြီး ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် ဖုန်းကို သုံးစရာမလိုဘဲ ဗီဒီယိုအတိုတွေကို လျင်မြန်လွယ်ကူစွာ ပြောင်းလဲကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။

Camera Remote Control19

အကောင်းဆုံး အခိုက်အတန့်တွေကို ဖမ်းယူရိုက်ကူးတဲ့အခါမှာလည်း နာရီပေါ်ကနေ တချက်နှိပ်ရုံနဲ့ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။

01/02

OPPO Watch S Camera Remote Control 2

Enduring Battery Capacity

ရက်ပေါင်းများစွာသုံးနိုင်မည့် စွမ်းအင်20

ဘက်ထရီသက်တမ်း 10 ရက်အထိ ခံစားလိုက်ပါ—နေ့စဉ်အားသွင်းစရာမလိုတဲ့အတွက် ဘက်ထရီနည်းတဲ့ စိတ်ဖိစီးမှုတွေကို နှုတ်ဆက်လိုက်ပါတော့။ အားလပ်ရက် ခရီးသွားတဲ့အခါပဲဖြစ်ဖြစ်၊ နေ့စဥ်ဘဝ လှုပ်ရှားမှုတွေမှာပဲ ဖြစ်ဖြစ် အားသွင်းကြိုးမလိုဘဲ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

OPPO Watch S Enduring Battery Capacity

10 ရက်

အများဆုံးဘက်ထရီသက်တမ်း

7 ရက်

ပုံမှန်ဘက်ထရီသက်တမ်း

Unboxing

OPPO Watch S Unboxing OPPO Watch S Unboxing

မှတ်ချက်

  1. အချက်အလက်များသည် OPPO ဓာတ်ခွဲခန်းမှ လာပါသည်။ တိုင်းတာမှုတွင် 2.2 မီလီမီတာ ထပ်တိုးထားသော heart rate sensor bump မပါဝင်ပါ။
  2. အချက်အလက်များသည် OPPO ဓာတ်ခွဲခန်းမှ လာပါသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် စူးရှသော နေရောင်ခြည်အောက်တွင် အလိုအလျောက် ဖွင့်ပါသည်။
  3. အသေးစိတ်အတွက် သင်နေထိုင်ရာဒေသအတွက် ထောက်ပံ့ပေးထားသော နာရီမျက်နှာပြင်များကို ရည်ညွှန်းကိုးကားပါ။
  4. လေ့ကျင့်ခန်းအမျိုးအစား 12 မျိုးတွင် အယ်လဂိုရီသမ်ပံ့ပိုးမှု ပါရှိသည်။ အချို့သော လုပ်ဆောင်ချက်များကို နောက်ပိုင်းတွင် OTA update များမှတဆင့် ထည့်သွင်းပေးမည် ဖြစ်သည်။
  5. ရိုက်ချက်အမြန်နှုန်းကဲ့သို့သော အချက်အလက်ကို တိုင်းတာရန်အတွက် နာရီကို ရိုက်တံကိုင်ထားသော လက်တွင် ဝတ်ဆင်ရပါမည်။
  6. ပြေးခြင်းဆိုင်ရာ အချက်အလက်အားလုံးကို Outdoor Run, Outdoor Fat Burn Run နှင့် Track Running mode များဖြင့် ခြေရာခံနိုင်သည်။ သို့သော်လည်း Vertical Ratio နှင့် Running Power ကို Indoor Run နှင့် Indoor Fat Burn Run mode များတွင် မရရှိနိုင်ပါ။
  7. သင့် lactate threshold ကို တွက်ချက်ရန်အတွက် အနည်းဆုံး 1 km သို့မဟုတ် ပိုရှည်သော အကွာအဝေး၊ အနည်းဆုံး 10 မိနစ်ကြာပြီး ပြင်ညီလမ်းကြောင်းပေါ်တွင် အလယ်အလတ် သို့မဟုတ် ပိုမြင့်သော ပြင်းထန်မှုနှင့် လုပ်ဆောင်သော အနည်းဆုံး အိမ်ပြင်ပ ပြေးပွဲတစ်ခုကို ပြီးမြောက်အောင်လုပ်ရန် လိုအပ်မည် ဖြစ်သည်။ သင့် ပျမ်းမျှနှလုံးခုန်နှုန်သည် သင် ခန့်မှန်းထားသော အများဆုံးနှလုံးခုန်နှုန်း၏ အနည်းဆုံး 60% ကို ရောက်ရှိရမည်ဖြစ်ပြီး တည်ငြိမ်နေရမည် ဖြစ်သည်။ ရလဒ်များသည် ရာသီဥတု၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် အမြင့်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  8. 100+ လေ့ကျင့်ခန်းအမျိုးအစားတွင် အသုံးပြုသူမှ ထည့်သွင်းထားသော စိတ်ကြိုက်လေ့ကျင့်ခန်းများ ပါဝင်သည်။
  9. ဤ လုပ်ဆောင်ချက်ကို OTA မှတစ်ဆင့် ပံ့ပိုးပေးရန် စီစဉ်ထားသည်။
  10. ဤထုတ်ကုန်သည် GB/T 4208-2017 စံနှုန်းအောက်ရှိ IP68 အဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီပါသည်။ ၎င်းသည် 1.5 မီတာနှင့်ညီမျှသော ရေဖိအားကို မိနစ် 30 အထိ ခံနိုင်ရည်ရှိသည်။ ၎င်းသည် 1.5 မီတာအနက်တွင် ဘေးကင်းစွာအသုံးပြုနိုင်သည်ဟု မဆိုလိုပါ။ ပင်လယ်ရေတွင် သို့မဟုတ် ကမ်းခြေတွင် အသုံးပြုရန် အကြံပြုထားခြင်း မရှိပါ။ ထုတ်ကုန် သက်တမ်းရင့်လာသည်နှင့်အမျှ ရေနှင့် ဖုန်မှုန့်ခံနိုင်ရည်သည်လည်း ကျဆင်းသွားနိုင်သည်။ အမှန်တကယ်စွမ်းဆောင်ရည်သည် အသုံးပြုမှုနှင့် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သည်။
  11. 5 ATM: OPPO Watch S သည် ISO 22810:2010 စံနှုန်းအောက်တွင် ရေစိုခံအဆင့်သတ်မှတ်ချက် 50 မီတာရှိသည်။ သို့သော် ရေနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးငွေ့ခန်း၊ ရေပူစမ်း၊ ရေအနက်ငုပ်ခြင်း သို့မဟုတ် ရေငုပ်ခြင်းအတွက် မသင့်လျော်ပါ။ ရေကူးပြီးနောက် သို့မဟုတ် ပင်လယ်ရေနှင့်ထိတွေ့ပြီးနောက် ထုတ်ကုန်ကို သေချာစွာ သန့်ရှင်းရေးလုပ်ပြီး အခြောက်ခံပါ။ ရေ သို့မဟုတ် ဖုန်မှုန့်ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုသည် အာမခံအောက်တွင် အကျုံးမဝင်ပါ။ လက်တွေ့အသုံးပြုမှုနှင့် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်၍ အမှန်တကယ်စွမ်းဆောင်ရည် ကွဲပြားနိုင်သည်။
  12. ဖတ်ရှုမှုများသည် သတင်းအချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ရည်ရွယ်ပြီး မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးတွင်မဆို ရောဂါရှာဖွေခြင်း၊ ကုသခြင်း သို့မဟုတ် ကာကွယ်ခြင်းအတွက် အသုံးမပြုသင့်ပါ။
  13. စက္ကန့် 60 ကျန်းမာရေး ခြုံငုံသုံးသပ်ချက်သည် အချိန်နှင့်တပြေးညီတိုင်းတာမှုများ (နှလုံးခုန်နှုန်းနှင့် သွေးတွင်းအောက်ဆီဂျင်ကဲ့သို့) နှင့် ပြောင်းလဲနေသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များ (လက်ကောက်ဝတ်အပူချိန်နှင့် အိပ်စက်ခြင်းကဲ့သို့) ကို အပြည့်အဝ စစ်ဆေးခြင်းဖြစ်သည်။ အချို့ညွှန်းကိန်းများသည် အချက်အလက်များကို ထုတ်ပေးရန်အတွက် သီးခြားဝတ်ဆင်မှုအခြေအနေများ လိုအပ်ပြီး အချိန်နှင့်တပြေးညီစောင့်ကြည့်ပေးခြင်းမဟုတ်ပါ။ ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်မဟုတ်ပါ။ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ရလဒ်များနှင့် အကြံပြုချက်များအားလုံးသည် ရည်ညွှန်းရန်အတွက်သာဖြစ်ပြီး ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် အသုံးမပြုသင့်ပါ။ သင်နေမကောင်းဖြစ်ပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
  14. သွေးတွင်းအောက်ဆီဂျင် တိုင်းတာမှုရလဒ်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေမှုအတွက် အသုံးမပြုသင့်ပါ။
  15. သင့်လက်ကောက်ဝတ်အပူချိန်ကို သင့် OPPO Watch က အရေပြားမျက်နှာပြင်မှ တိုင်းတာသည်။ လက်ကောက်ဝတ်အပူချိန် ပြောင်းလဲမှုများကို အဆက်မပြတ် ခြေရာခံခြင်းဖြင့် ထုတ်ကုန်သည် အချိန်နှင့်အမျှ မည်သို့ကွဲပြားသည်ကို နားလည်ရန် ကူညီပေးသည့် အချက်အလက်များကို စုဆောင်းသည်။ ဤ ဖတ်ရှုမှုများသည် ပတ်ဝန်းကျင်၊ လှုပ်ရှားမှုအဆင့်နှင့် နာရီဝတ်ဆင်ပုံကဲ့သို့သော အချက်များစွာ၏ သက်ရောက်မှုရှိနိုင်သည်။ ၎င်းတို့သည် အထွေထွေကျန်းမာရေး အချက်အလက်များအတွက်သာ ရည်ရွယ်ပြီး ဆေးဘက်ဆိုင်ရာအသုံးပြုရန် မဟုတ်ပါ။
  16. စိတ်ခံစားမှုအခြေအနေ ပြောင်းလဲမှုများကို ခြေရာခံထားသော အချက်အလက်များအား OHealt app တွင် ရရှိနိုင်သည်။
  17. ပြသထားသော ထုတ်ကုန်ပုံများသည် ရည်ညွှန်းရန်အတွက်သာဖြစ်သည်။ သင့်ဒေသတွင် ရရှိနိုင်သော တကယ့်မော်ဒယ်ကို စစ်ဆေးပါ။ ဤလုပ်ဆောင်ချက်ကို OTA update မှတဆင့် ထည့်သွင်းမည်ဖြစ်သည်။ ၎င်းကိုဖွင့်ရန် Settings > Connection & Sharing > Secondary Phone Auto Sync သို့ သွားပါ။ ပံ့ပိုးပေးထားသော sync content တွင် အသိပေးချက်များနှင့် အဝင်ခေါ်ဆိုမှုများ ပါဝင်သည်။ ဒုတိယဖုန်းသည် ColorOS သို့မဟုတ် OxygenOS ကို အသုံးပြုပါက ၎င်းကို ဗားရှင်း 15.0.2 နှင့်အထက်သို့ update လုပ်ထားရပါမည်။ ဤ လုပ်ဆောင်ချက်သည် Android ဖုန်းနှစ်လုံး သို့မဟုတ် Android ထုတ်ကုန်တစ်ခုနှင့် iOS ထုတ်ကုန်တစ်ခုကို ပံ့ပိုးပေးသည်။ ၎င်းသည် တစ်ချိန်တည်းတွင် iOS ထုတ်ကုန်နှစ်ခုဖြင့် ချိတ်ဆက်ခြင်းကို ပံ့ပိုးမထားပါ။
  18. ColorOS 15/OxygenOS 15 ကို အသုံးပြုထားသော OPPO/OnePlus ဖုန်းများကို ပံ့ပိုးပေးပါသည်။ အခြားအမှတ်တံဆိပ်များအတွက် မရရှိနိုင်သေးပါ။ Page-turning ထိန်းချုပ်မှုသည် TikTok နှင့် YouTube Shorts ကဲ့သို့သော ဒေါင်လိုက်ဗီဒီယိုတိုများတွင်သာ အလုပ်လုပ်ပါသည်။
  19. ဤ လုပ်ဆောင်ချက်ကို OTA update မှတစ်ဆင့် ပံ့ပိုးပေးရန် စီစဥ်ထားသည်။ ColorOS 11.2 သို့မဟုတ် OxygenOS 15 နှင့် နောက်ပိုင်းဗားရှင်းများကို အသုံးပြုထားသော OPPO/OnePlus ဖုန်းများအတွက်သာ ရရှိနိုင်ပါသည်။
  20. တကယ့်ရလဒ်များသည် တစ်ဦးချင်းအသုံးပြုမှုပုံစံများ၊ ပတ်ဝန်းကျင်အခြေအနေများနှင့် အခြားအချက်များပေါ် မူတည်၍ ကွဲပြားနိုင်သည်။ လက်တွေ့အသုံးပြုမှုကို ကိုးကားပါ။ တရားဝင် နာရီမျက်နှာပြင်အသစ်များကို အခါအားလျော်စွာ ဖြန့်ချိသည်။ မတူညီသော အမြင်အာရုံအကျိုးသက်ရောက်မှုများကြောင့် တရားဝင်နှင့် စိတ်ကြိုက်ပြင်ဆင်ထားသော နာရီမျက်နှာပြင်အချို့သည် ဘက်ထရီအသုံးပြုမှုတွင် ကွဲပြားမှုဖြစ်စေနိုင်သည်။
  1. အများဆုံး 10 ရက်ထိသုံးနိုင်မည့် ဘက်ထရီသက်တမ်းသည် အောက်ပါအသုံးပြုမှုအခြေအနေများအပေါ် အခြေခံသည်- စက်ရုံထုတ် setting များ၊ တစ်နေ့လျှင် 24 နာရီ ဖုန်းနှင့် Bluetooth ချိတ်ဆက်မှု၊ အလိုအလျောက် ကျန်းမာရေးစောင့်ကြည့်မှုစနစ်ကို ဖွင့်ထားခြင်း၊ ပုံသေအိပ်စက်မှုခြေရာခံစနစ်ကို ဖွင့်ထားခြင်း၊ Bluetooth ဖုန်းခေါ်ဆိုမှုများကို တစ်နေ့လျှင် 5 မိနစ် ပြုလုပ်ခြင်း၊ တစ်ပတ်လျှင် မိနစ် 90 လေ့ကျင့်ခန်းလုပ်ခြင်း (GPS ဖွင့်ထားပြီး)၊ တစ်နေ့လျှင် မက်ဆေ့ချ်အသိပေးချက် 180 ဝင်ခြင်း၊ တစ်နေ့လျှင် ဖုန်းခေါ်ဆိုမှု သတိပေးချက် 6 ခု ဝင်ခြင်း၊ နှိုးစက်နာရီကို တစ်နေ့လျှင် 3 ကြိမ် ပြုလုပ်ခြင်း၊ AOD ပိတ်ထားခြင်းနှင့် screen ပွင့်ရန် တစ်နေ့လျှင် အကြိမ် 220 လက်ကောက်ဝတ်မြှောက်ခြင်းကို ဖွင့်ထားခြင်း (တစ်ကြိမ်လျှင် ၅ စက္ကန့်)။
  2. ပုံမှန်ဘက်ထရီသက်တမ်း 7 ရက်အထိသည် အောက်ပါအသုံးပြုမှုအခြေအနေများပေါ်တွင် အခြေခံသည်- စက်ရုံထုတ် setting များ၊ တစ်နေ့လျှင် 24 နာရီ ဖုန်းနှင့် Bluetooth ချိတ်ဆက်မှု၊ အလိုအလျောက် ကျန်းမာရေးစောင့်ကြည့်မှုစနစ်ကို ဖွင့်ထားခြင်း၊ ပုံသေအိပ်စက်မှုခြေရာခံစနစ်ကို ဖွင့်ထားခြင်း၊ Bluetooth ဖုန်းခေါ်ဆိုမှုများကို တစ်နေ့လျှင် 5 မိနစ် ပြုလုပ်ခြင်း၊ တစ်ပတ်လျှင် မိနစ် 90 လေ့ကျင့်ခန်းလုပ်ခြင်း (GPS ဖွင့်ထားပြီး)၊ တစ်နေ့လျှင် မက်ဆေ့ချ်အသိပေးချက် 180 ဝင်ခြင်း၊ တစ်နေ့လျှင် ဖုန်းခေါ်ဆိုမှု သတိပေးချက် 6 ခု ဝင်ခြင်း၊ နှိုးစက်နာရီကို တစ်နေ့လျှင် 3 ကြိမ် ပြုလုပ်ခြင်း၊ AOD ပိတ်ထားခြင်းနှင့် screen ပွင့်ရန် တစ်နေ့လျှင် အကြိမ် 220 လက်ကောက်ဝတ်မြှောက်ခြင်းကို ဖွင့်ထားခြင်း (တစ်ကြိမ်လျှင် ၅ စက္ကန့်) နှင့် တစ်နေ့လျှင် 12 မိနစ် မျက်နှာပြင်အသုံးပြုခြင်း (app အမျိုးမျိုးကို အသုံးပြုခြင်း)။
  3. Always On Display (AOD) mode တွင် ဘက်ထရီသက်တမ်းသည် အောက်ပါအသုံးပြုမှုအခြေအနေများအပေါ် အခြေခံသည်- စက်ရုံထုတ် setting များ၊ တစ်နေ့လျှင် 24 နာရီ ဖုန်းနှင့် Bluetooth ချိတ်ဆက်မှု၊ အလိုအလျောက် ကျန်းမာရေးစောင့်ကြည့်မှုစနစ်ကို ဖွင့်ထားခြင်း၊ ပုံသေအိပ်စက်မှုခြေရာခံစနစ်ကို ဖွင့်ထားခြင်း၊ Bluetooth ဖုန်းခေါ်ဆိုမှုများကို တစ်နေ့လျှင် 5 မိနစ် ပြုလုပ်ခြင်း၊ တစ်ပတ်လျှင် မိနစ် 90 လေ့ကျင့်ခန်းလုပ်ခြင်း (GPS ဖွင့်ထားပြီး)၊ တစ်နေ့လျှင် မက်ဆေ့ချ်အသိပေးချက် 180 ဝင်ခြင်း၊ တစ်နေ့လျှင် ဖုန်းခေါ်ဆိုမှု သတိပေးချက် 6 ခု ဝင်ခြင်း၊ နှိုးစက်နာရီကို တစ်နေ့လျှင် 3 ကြိမ် ပြုလုပ်ခြင်း၊ AOD ပိတ်ထားခြင်းနှင့် screen ပွင့်ရန် တစ်နေ့လျှင် အကြိမ် 220 လက်ကောက်ဝတ်မြှောက်ခြင်းကို ဖွင့်ထားခြင်း (တစ်ကြိမ်လျှင် ၅ စက္ကန့်) နှင့် တစ်နေ့လျှင် 12 မိနစ် မျက်နှာပြင်အသုံးပြုခြင်း (app အမျိုးမျိုးကို အသုံးပြုခြင်း)။

ရှင်းလင်းချက်

  • * ထုတ်ကုန် ဓာတ်ပုံများနှင့် ပြသထားသော အကြောင်းအရာများသည် သရုပ်ဖော်ပုံအတွက်သာ ဖြစ်သည်။ အမှန်တကယ်ထုတ်ကုန်နှင့် ပြသထားသော အကြောင်းအရာများ ကွဲပြားနိုင်သည်။
  • * ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာထုတ်ကုန် မဟုတ်ပါ။ တိုင်းတာမှု အချက်အလက်နှင့် ရလဒ်များသည် အထွေထွေကျန်းမာရေးနှင့် ကြံ့ခိုင်မှုဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ရည်ရွယ်ပြီး တိုက်ရိုက်ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ မပါဝင်ပါ။
  • * ဖုန်းအတွက် ဆော့ဖ်ဝဲလ် update များအပေါ် အခြေခံထားသော အထက်ပါ လုပ်ဆောင်ချက်များသည် အနည်းငယ် ပြောင်းလဲနိုင်ပြီး အမှန်တကယ် OTA အကြောင်းအရာသည် သတ်မှတ်ထားသည့်အရာနှင့် ကွဲပြားနိုင်သည်။
  • * Android 9.0 နှင့်အထက် ဖုန်းများကို ပံ့ပိုးပေးပါသည်။ iOS 14.0 နှင့်အထက် ဖုန်းများကို ပံ့ပိုးပေးပါသည်။
  • * ကိုယ်ရေးကိုယ်တာအချက်အလက်အားလုံးကို OPPO ကိုယ်ရေးကိုယ်တာ အချက်အလက်မူဝါဒနှင့်အညီ စီမံဆောင်ရွက်ပြီး ထိန်းသိမ်းထားပါသည်။OPPO သည် အသုံးပြုသူ၏ သဘောတူညီချက်မရှိဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်းမျိုး မပြုလုပ်ပါ။
  • * ထုတ်ကုန်အုပ်စုများ၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုအချက်များတွင် အချိန်နှင့်တပြေးညီပြောင်းလဲမှုများကြောင့် OPPO သည် ထုတ်ကုန်၏ စွမ်းဆောင်ရည်၊ သတ်မှတ်ချက်များ၊ အညွှန်းကိန်းများ၊ အစိတ်အပိုင်းများနှင့် ကိုက်ညီမှုရှိစေရန် သတင်းအချက်အလက်စာမျက်နှာများရှိ စာသားဖော်ပြချက်များနှင့် ရုပ်ပုံများကို အချိန်နှင့်တပြေးညီ ပြောင်းလဲချိန်ညှိနိုင်ပါသည်။ ထုတ်ကုန်အချက်အလက်များကို အသိပေးခြင်းမရှိဘဲ ပြောင်းလဲခြင်း သို့မဟုတ် update လုပ်ခြင်း ပြုလုပ်နိုင်သည်။