{{baseData.historyTitle}}

Online Store

OPPO Enco Buds2

OPPO Enco Buds2
OPPO Enco Buds2
Small Size, Strong Bass
အဘက်ဘက်မှ အံ့မခန်း တိုးတက်မှုများ အဘက်ဘက်မှ
အံ့မခန်း
တိုးတက်မှုများ
  • 10mm Large Titanized Driver
    တိုက်တေနီယမ်အလွှာဖြင့် ဖုံးအုပ်ထားသည့် 10mm ကြီးမားသောဒရိုင်ဘာ
    ပိုမိုအားကောင်းသော ဘေ့စ်သံ
  • Enco Live Stereo Sound Effects
    Enco Live စတီရီယိုအသံ effect များ
    ပိုမိုများပြားသော အသံ effect များ
  • Up to 28 Hours of Listening Time
    နားထောင်ချိန် 28
    နာရီအထိ
    ကြာရှည်သော ဘက်ထရီသက်တမ်း
  • AI Deep Noise Cancellation for Calls
    ဖုန်းပြောဆိုမှုများအတွက် AI စနစ်သုံး ဆူညံသံပယ်ဖျက်စနစ်
    ကြည်လင်ပြတ်သားသော ဖုန်းခေါ်ဆိုမှုများ
  • Binaural Low-latency with Bluetooth® 5.2 Transmission
    Binaural Low-latency နှင့်အတူ Bluteeth® 5.2 ထုတ်လွှင့်မှု
    မြန်ဆန်ပြီး ပိုမိုတည်ငြိမ်ခြင်း
  • Double-tap to Control Camera
    နှစ်ချက်တို့ထိပြီး ကင်မရာကို ထိန်းချုပ်ခြင်း
    ပိုမိုများပြားသော မြင်ကွင်းသစ်များ
OPPO Watch the film
OPPO Watch the film ဗီဒီယို ကြည့်ရန်
တိုက်တေနီယမ်အလွှာဖြင့် ဖုံးအုပ်ထားသည့် 10mm ကြီးမားသောဒရိုင်ဘာ
အားကောင်းသော ဘေ့စ်သံအတွက် ဒီဇိုင်းထုတ်ထားခြင်း
အဆင့်မြှင့်ထားသော 10mm အရွယ် ကြီးမားသည့် ပေါင်းစပ်တိုက်တေနီယမ် diaphragm dynamic driver တပ်ဆင်ထားသောကြောင့် Enco Buds2 သည် အားကောင်း ကြည်လင်ပြတ်သားပြီး စည်းချက်ညီသော ဘေ့စ်သံများကို ထုတ်ပေးပါသည်။
OPPO Enco Buds2 1 OPPO Enco Buds2 1 OPPO Enco Buds2 1
  • OPPO Enco Buds2 10mm Large Titanized Driver
  • OPPO Enco Buds2 10mm Large Titanized Driver
  • OPPO Enco Buds2 10mm Large Titanized Driver
  • OPPO Enco Buds2 10mm Large Titanized Driver
  • OPPO Enco Buds2 10mm Large Titanized Driver
တမူထူးခြားသော ဘေ့စ်သံမြှင့်စနစ်
ထူးကဲကောင်းမွန်သော အသံလှိုင်းများ
အထူးဒီဇိုင်းထုတ်ထားသော အသံခန်းများကို အားကောင်းသော high-flux သံလိုက်ပတ်လမ်းဖြင့် ပေါင်းစပ်ထားသောကြောင့် ပိုမိုနက်ရှိုင်းအားကောင်းသော ဘေ့စ်သံကို ရရှိစေမည်ဖြစ်သည်။
  • OPPO Enco Buds2 2
  • OPPO Enco Buds2 2
  • OPPO Enco Buds2 2
  • OPPO Enco Buds2 2
OPPO Enco Buds2 2
OPPO Enco Buds2 Enco Live Stereo Sound Effects
Enco Live စတီရီယိုအသံ effect များ¹
ဘေ့စ်သံမြှင်တင်ခြင်းနှင့် ကြည်လင်ပြတ်သားသော အသံ
မတူညီသော ဂီတစတိုင်များ အားလုံးအတွက် စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်သော အထူးသီးသန့်အသံ effect များ ပါဝင်ပါသည်။ သင်အကြိုက်ဆုံး ဘေ့စ်သံမြှင့်တင်မှုကို ရွေးချယ်ပြီး OPPO ၏ ပရော်ဖက်ရှင်နယ် အသံပိုင်းဆိုင်ရာအဖွဲ့မှ ချိန်ညှိထားသည့် အံ့သြဖွယ်တေးဂီတကို ခံစားလိုက်ပါ။ Clear Vocals သို့ပြောင်းပြီး တစက္ကန့်အတွင်း ကြည်လင်ပြတ်သားသော အသံများကို ကြားရမည် ဖြစ်ပါသည်။
OPPO Enco Buds2 Enco Live Stereo Sound Effects OPPO Enco Buds2 Enco Live Stereo Sound Effects
နားထောင်ချိန် 28 နာရီကြာအထိ²
အဆက်မပြတ် သီချင်းနားဆင်ခြင်း
အဆင့်မြှင့်ထားသည့် ဘက်ထရီသက်တမ်းနှင့်အတူ Enco Buds2 သည် အားတကြိမ်သွင်းရုံဖြင့် 7 နာရီကြာအထိ သီချင်းနားဆင်နိုင်သလို အားသွင်းဘူးဖြင့် အသုံးပြုပါက 28 နာရီကြာအထိ အသုံးပြုနိုင်သောကြောင့် ဘက်ထရီအားကုန်မည်ကို စိုးရိမ်စရာမလိုတော့ပါ။ ဂီတသံစဥ်များကြားမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်လိုက်ပါ။
10 မိနစ် အားသွင်း = 1 နာရီ သီချင်းနားဆင်
10 မိနစ် အားသွင်း =
1 နာရီ သီချင်းနားဆင်
* ညွှန်ပြချက်သည် အဖြူရောင်ဖြစ်ပြီး အားသွင်းနေစဉ်တွင် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေပါမည်။ အားသွင်းပြီးသောအခါတွင် ညွှန်ပြချက်သည် အမြဲတမ်း အဖြူရောင် ဖြစ်နေပါမည်။ အားသွင်းဘူး၏ ဘက်ထရီအားနည်းသောအခါတွင် အဖြူရောင် ညွှန်ပြချက်သည် မှိတ်တုပ်မှိတ်တုပ် လင်းလာပါမည်။ ထိုအခါ အချိန်မီ အားသွင်းရန် လိုအပ်ပါမည်။
OPPO Enco Buds2 28 hours
OPPO Enco Buds2 28 hours
0 hours
ဖုန်းပြောဆိုမှုများအတွက် AI စနစ်သုံး ဆူညံသံပယ်ဖျက်စနစ်
ဖုန်းခေါ်ဆိုမှုများကို ရှင်းရှင်းလင်းလင်းနှင့် နှစ်လိုဖွယ်ကောင်းအောင် ပြုလုပ်ပါ
အသံများကို ခြေရာခံခြင်းမှတဆင့် ဖုန်းခေါ်ဆိုမှုများအတွက် AI စနစ်သုံး နက်ရှိုင်းသော ဆူညံသံများ ပယ်ဖျက်ပေးခြင်းဖြင့် ဆူညံသော အိမ်ပြင်ပနေရာများတွင်ပင် အသံကို လွယ်ကူရှင်းလင်းစွာ ကြားနိုင်စေပါသည်။
OPPO Enco Buds2 AI Deep Noise Cancellation for Calls 1
OPPO Enco Buds2 AI Deep Noise Cancellation for Calls 2
Binaural Low-latency နှင့်အတူ Bluteeth® 5.2 ထုတ်လွှင့်မှု³
Latency နည်းပါးပြီး တည်ငြိမ်မှုမြင့်မားခြင်း
အသံနှင့်ဗီဒီယိုကို အမြဲထပ်တူကျစေပြီး ဖုန်းခေါ်ဆိုမှုများနှင့် တေးဂီတများ နားဆင်သည့်အခါ ဘယ်တော့မှ ပြုတ်ကျမည်မဟုတ်ကြောင်း သေချာစေရန် OPPO ၏ စက်မှုလုပ်ငန်းထိပ်တန်းတွင် ကိုယ်တိုင်တီထွင်ထားသည့် Bluetooth ချိတ်ဆက်မှုနည်းပညာကို လိုက်နာထားပါသည်။
ဂိမ်းမုဒ်⁴
ပိုမိုချောမွေ့သော အတွေ့အကြုံအတွက် 94ms End-to-End Game Latency⁵
ဂိမ်းမုဒ်သည် ဂိမ်းကစားခြင်းကို ထပ်တူကျစေပြီး ဟန်းသွားခြင်း၊ ချိတ်ဆက်မှုပြတ်တောက်ခြင်းနှင့် သဟဇာတ မဖြစ်သော ပြဿနာတို့ကို မဖြစ်စေဘဲ လျင်မြန်စွာ တုံ့ပြန်ပေးနိုင်ပါသည်။
OPPO Enco Buds2 Bluetooth® 5.2 Transmission OPPO Enco Buds2 Bluetooth® 5.2 Transmission
OPPO Enco Buds2 Bluetooth® 5.2 Transmission
OPPO Enco Buds2 Bluetooth® 5.2 Transmission OPPO Enco Buds2 Bluetooth® 5.2 Transmission
OPPO Enco Buds2 Game Mode OPPO Enco Buds2 Game Mode
Binaural Low-latency နှင့်အတူ Bluteeth® 5.2 ထုတ်လွှင့်မှု³
Latency နည်းပါးပြီး တည်ငြိမ်မှုမြင့်မားခြင်း
အသံနှင့်ဗီဒီယိုကို အမြဲထပ်တူကျစေပြီး ဖုန်းခေါ်ဆိုမှုများနှင့် တေးဂီတများ နားဆင်သည့်အခါ ဘယ်တော့မှ ပြုတ်ကျမည်မဟုတ်ကြောင်း သေချာစေရန် OPPO ၏ စက်မှုလုပ်ငန်းထိပ်တန်းတွင် ကိုယ်တိုင်တီထွင်ထားသည့် Bluetooth ချိတ်ဆက်မှုနည်းပညာကို လိုက်နာထားပါသည်။
OPPO Enco Buds2 Bluetooth® 5.2 Transmission
OPPO Enco Buds2 Bluetooth® 5.2 Transmission
ဂိမ်းမုဒ်⁴
ပိုမိုချောမွေ့သော အတွေ့အကြုံအတွက် 94ms⁵ End-to-End Game Latency
ဂိမ်းမုဒ်သည် ဂိမ်းကစားခြင်းကို ထပ်တူကျစေပြီး ဟန်းသွားခြင်း၊ ချိတ်ဆက်မှုပြတ်တောက်ခြင်းနှင့် သဟဇာတ မဖြစ်သော ပြဿနာတို့ကို မဖြစ်စေဘဲ လျင်မြန်စွာ တုံ့ပြန်ပေးနိုင်ပါသည်။
OPPO Enco Buds2 Game Mode
နှစ်ချက်တို့ထိပြီး ကင်မရာကို ထိန်းချုပ်ခြင်း⁶
အလွယ်တကူ ဓာတ်ပုံရိုက်နိုင်ခြင်း
နားကြပ်ကို နှစ်ချက် တို့ထိလိုက်သည့်အခါတွင် ဓာတ်ပုံများကို အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်ပြီး မြင်ကွင်းပေါင်းစုံ ဆယ်လ်ဖီရိုက်ခြင်းကို ယခုမှစပြီး သက်သောင့်သက်သာ ပြုလုပ်နိုင်ပါပြီ။
OPPO Enco Buds2 Double-tap OPPO Enco Buds2 Double-tap
နှစ်ချက်တို့ထိရန်
OPPO Enco Buds2 Double-tap to Control Camera
IPX4 ရေစိုခံနိုင်ရည်⁷
မြင့်မားသော ကြာရှည်ခံမှုနှင့် နေ့စဉ်ကာကွယ်မှု
အဆင့်မြင့် ဒီဇိုင်းပါဝင်သောကြောင့် Enco Buds2 သည် ရေစင်ဒဏ်နှင့် ချွေးစိုဒဏ်ခံနိုင်သည့်အတွက် သင့်အနေဖြင့် ဂီတသံစဥ်များကို အချိန်မရွေး နေရာမရွေး နားဆင်နိုင်မည် ဖြစ်ပါသည်။
OPPO Enco Buds2 IPX4 Water Resistance
OPPO Enco Buds2 IPX4 Water Resistance
OPPO Enco Buds2 IPX4 Water Resistance
ရိုးရှင်းသော ထိတွေ့ ထိန်းချုပ်မှု
တုံ့ပြန်မှုကောင်းသော ထိတွေ့ ဧရိယာ
ဖုန်းခေါ်ဆိုမှုများ ဖြေကြားရန်၊ သီချင်းများ ပြောင်းရန်၊ အသံအတိုးအကျယ် ချိန်ညှိရန် စသည်တို့အတွက် ဖုန်းကိုဖွင့်ရန် မလိုအပ်ဘဲ နားကြပ်ကို ထိရုံဖြင့် ရိုးရှင်းစွာ ပြုလုပ်နိုင်ပါသည်။
OPPO Enco Buds2 Simple Touch Control OPPO Enco Buds2 Simple Touch Control
  • OPPO Enco Buds2 Simple Touch Control
    တချက်တို့ထိခြင်း
    ဖွင့်ခြင်း / ရပ်ခြင်း
    * ဖွင့်ခြင်း / ရပ်ခြင်း လုပ်ဆောင်ချက်ကို ပုံသေအားဖြင့် ပိတ်ထားပါသည်။ လုပ်ဆောင်ချက်ကို APP တွင် သတ်မှတ်ပါ။
  • OPPO Enco Buds2 Simple Touch Control
    နှစ်ချက်တို့ထိခြင်း
    သီချင်းဖွင့်ခြင်း : နောက်တပုဒ်ပြောင်းခြင်း
    ဖုန်းခေါ်ဆိုခြင်း : ဖုန်းလက်ခံခြင်း / ဖုန်းချခြင်း
    ကင်မရာထိန်းချုပ်ခြင်း : ဓာတ်ပုံရိုက်ခြင်း
  • OPPO Enco Buds2 Simple Touch Control
    သုံးချက်ထိခြင်း
    ယခင်သီချင်းထံ ပြန်ပြောင်းခြင်း
  • OPPO Enco Buds2 Simple Touch Control
    ထိပြီး ဖိထားခြင်း
    ဘယ်ဘက်နားကြပ်ကို 1 စက္ကန့်ဖိခြင်း : အသံတိုးခြင်း
    ညာဘက်နားကြပ် 1 စက္ကန့်ဖိခြင်း : အသံကျယ်ခြင်း
    နားကြပ်ကို ဝတ်ဆင်ထားပြီး နားကြပ်နှစ်ခုစလုံးကို 4 စက္ကန့်ဖိခြင်း : နားကြပ်ကို ဖုန်းဖြင့် ချိတ်ဆက်ခြင်း
ကျစ်ကျစ်လစ်လစ်နှင့် သက်သောင့်သက်သာရှိခြင်း
တနေ့တာလုံး သက်သောင့်သက်သာ တပ်ဆင်ထားနိုင်ရန်အတွက် အံဝင်ခွင်ကျရှိခြင်း
နားကြပ်တခုစီသည် 4g သာ အလေးချိန်ရှိသည့်အတွက် ပေါ့ပါးပြီး တပ်ဆင်သည့်အခါ သက်သောင့်သက်သာဖြစ်စေသည်။ အံဝင်ခွင်ကျဖြစ်စေသော ဒီဇိုင်းသည် နားအတွင်းတွင် သပ်ရပ်စွာ လိုက်ဖက်မှုရှိစေပြီး ပိုမိုစွဲမက်ဖွယ်ကောင်းသော အတွေ့အကြုံကို ရရှိစေပါသည်။
OPPO Enco Buds2 Compact and Comfortable
OPPO Enco Buds2 Ears Caps
OPPO Enco Buds2 Open Up Flash Connect
OPPO Enco Buds2 Open Up Flash Connect
အလိုအလျောက် ချိတ်ဆက်ပေးခြင်း
အလိုအလျောက် ချက်ချင်းချိတ်ဆက်ပေးနိုင်ခြင်း
ဖုန်းရှိ pop-up window⁸ မှတဆင့် ရိုးရှင်းသော ပြင်ဆင်မှု ပြုလုပ်ပြီးသည့်နောက် Enco Buds2 သည် ဖုန်းသို့ အလိုအလျောက် ချိတ်ဆက်မည်ဖြစ်ပြီး နားကြပ်ဘူးကို ဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ဖုန်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။
* Pop-up window လုပ်ဆောင်ချက်အတွက် Wireless Earphones ၏ နောက်ဆုံးဗားရှင်းကို App Store မှ ရယူထားရန် လိုအပ်ပါသည်။
HeyMelody APP
သင့် Enco Buds2 ကို စိတ်ကြိုက်ပြင်ဆင်ခြင်း
HeyMelody ‌app သည် အသုံးပြုမှုအလေ့အထနှင့် ပိုမိုရင်းနှီးသည့် ထိတွေ့ဆက်တင်များ၊ ဘက်ထရီစစ်ဆေးခြင်း၊ နားကြပ်ထိန်းချုပ်မှုလမ်းညွှန်ချက်နှင့် အခြားအဆင်ပြေသည့် လုပ်ဆောင်ချက်များကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုစေနိုင်ပါသည်။
* HeyMelody app ကို ‌app store ရှိ နောက်ဆုံးဗားရှင်းကို အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ ColorOS 11.0 နှင့်အထက် အသုံးပြုသူများသည် HeyMelody ‌app ကို ဒေါင်းလုဒ်လုပ်ရန် မလိုအပ်ပါ၊ ကျေးဇူးပြု၍ Wireless Earphones ကို app store တွင် နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ပြီး ဘလူးတုဆက်တင်ရှိ နားကြပ်၏ စိတ်ကြိုက်ပြင်ဆင်နိုင်သော လုပ်ဆောင်ချက်များကို တွေ့ကြုံခံစားပါ။
OPPO Enco Buds2 HeyMelody APP 1
HeyMelody APP
  • • စိတ်ကြိုက်ပြင်ဆင်နိုင်သော ထိတွေ့ဆက်တင်များ
  • • ဘက်ထရီစစ်ဆေးမှု
  • • နားကြပ်ထိန်းချုပ်မှု လမ်းညွှန်ချက်
  • • Enco Live အသံ Effect များ
  • • ဂိမ်းမုဒ်ဆက်တင်များ
*HeyMelody iOS app သည် OPPO Enco Buds2 ကို အထောက်အပံ့ မပေးပါ။
OPPO Enco Buds2 HeyMelody APP 2
OPPO Enco Buds2 HeyMelody APP 3
OPPO Enco Buds2 HeyMelody APP 4
OPPO Enco Buds2 Package
*ပက်ကေ့ချ် အသေးစိတ်အချက်အလက်များသည် ကိုးကားရန်အတွက်သာဖြစ်သည်။
အမှန်တကယ်ထုတ်ကုန်ကို ကိုးကားပါ။
မှတ်ချက်:
1. OPPO Enco Buds2 သည် OPPO ColorOS 11.0 နှင့်အထက် ဖုန်းများတွင် Enco Live ကို ပံ့ပိုးပေးပါသည်။ ၎င်းလုပ်ဆောင်ချက်ကို သတ်မှတ်ရန် "OPPO Enco Buds2 > Earbud functions" သို့ သွားပါ။ ColorOS 11.0 နှင့်အထက် အသုံးပြုသူများသည် App Store သို့သွားပြီး Wireless Earphones ကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ရန် လိုအပ်ပါသည်။ Android 6.0 နှင့်အထက် မော်ဒယ်များကို သုံးစွဲသူများအနေဖြင့် နားကြပ်များကို စီစဉ်သတ်မှတ်ရန်အတွက် HeyMelody appကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းနိုင်သည်။
2. ဘက်ထရီသက်တမ်းဒေတာကို OPPO ဓာတ်ခွဲခန်းတွင် စံသတ်မှတ်ထားသော OPPO အားသွင်းကိရိယာကို အသုံးပြု၍ အပူချိန် 25°C တွင် စမ်းသပ်ခဲ့ပါသည်။ အမှန်တကယ်ရလဒ်သည် ပတ်ဝန်းကျင်ဆိုင်ရာအချက်များနှင့် အသုံးပြုထားသည့် အားသွင်းကိရိယာအပေါ်အခြေခံ၍ အနည်းငယ်ကွဲပြားနိုင်သည်။
3. OPPO Enco Buds2 နားကြပ်သည် ဘလူးတု 5.2 သို့မဟုတ် ထို့ထက် နိမ့်သော စက်များဖြင့် တွဲဖက်နိုင်ပြီး iOS နှင့် Android နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပါသည်။
4. OPPO Enco Buds2 သည် OPPO ColorOS 11.0 သို့မဟုတ် နောက်ပိုင်းဖုန်းများနှင့်အတူ end-to-end low latency ကို ပံ့ပိုးပေးပါသည်။ အခြားမော်ဒယ်များကို အသုံးပြုသူများသည် HeyMelody အက်ပ်တွင် ဂိမ်းမုဒ်ကို ထည့်သွင်းရန်လိုအပ်ပြီး နားကြပ်များမှတဆင့် ၎င်းကို ဖွင့်ရပါမည်။
5. အချက်အလက်များကို OPPO ဓာတ်ခွဲခန်းတွင် OPPO ဖုန်းများဖြင့် စမ်းသပ်ထားပြီး "94ms" သည် on-screen ခလုတ်ကို နှိပ်ချိန်မှ နားကြပ်တွင် အသံကို လက်ခံသည်အထိ အချိန်ဖြစ်သည်။
6. OPPO Enco Buds2 သည် OPPO ColorOS 11.3 သို့မဟုတ် နောက်ပိုင်းဖုန်းများတွင် နားကြပ်ကို နှစ်ချက်တို့ထိပြီး ကင်မရာထိန်းချုပ်မှုအား ပံ့ပိုးပေးပါသည်။ ၎င်းလုပ်ဆောင်ချက်ကို သတ်မှတ်ရန် "OPPO Enco Buds2 > Earbud functions" သို့သွားပါ။ ကျေးဇူးပြု၍ App Store သို့သွားပြီး Wireless Earphones ကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ပါ။
7. နားကြပ်များတွင် IPX4 ရေစိုခံစနစ်ပါဝင်သည်။ သို့သော် အားသွင်းဘူးတွင် မပါဝင်ပါ။ ချွေးထွက်၍ စက်ပျက်ခြင်းမှ ကာကွယ်ရန် အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေစဉ် နားကြပ်နှင့် အားသွင်းဘူးကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
8. OPPO Enco Buds2 သည် ColorOS 11.0 သို့မဟုတ် နောက်ပိုင်းဖုန်းများ (A စီးရီး၊ Reno2 Z နှင့် Reno4 SE တို့မှလွဲ၍) အမြန်ချိတ်ဆက်မှုများကို ပံ့ပိုးပေးပါသည်။ ကျေးဇူးပြု၍ App Store သို့သွားပြီး Wireless Earphones ကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ပါ။
* ကုန်ပစ္စည်းဓါတ်ပုံများသည် ကိုးကားရန်အတွက်သာဖြစ်သည်။ အချို့သော ကုန်ပစ္စည်းဖော်ပြချက်များနှင့် အသေးစိတ်ဖော်ပြချက်များသည် ကုန်ပစ္စည်းတင်သွင်းသူနှင့် အခြားအကြောင်းအရာ များအပေါ်မူတည်၍ အနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။ အမှန်တကယ်ထုတ်ကုန်ကို ကိုးကားပါ။