OPPO A7 Pro 5G
50MP Ultra-Wide AI Zoom Selfie Camera
6 Years Durable 8000mAh Large Battery
အလင်းနှင့်အတူ စီးဆင်းပြီး၊
သဘာဝ၏ အလှတရားဖြင့် ပုံဖော်ထားသည်
လှိုင်းများမှ စိတ်ကူးစိတ်သန်းရယူဖန်တီးထားသော 3D ကျောဘက်ဒီဇိုင်းဟာ ထောင့်တစ်ခုချင်းစီမှ ကြည့်ရှုတဲ့အခါ နူးညံ့စွာ ပြောင်းလဲလှုပ်ရှားနေပြီး တည်ငြိမ်အေးချမ်းသော ကမ်းရိုးတန်းအလှတရားကို လက်ဖဝါးပေါ်အထိ ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။
Surfing Blue
Shine Titanium
ပါးလွှာပြေပြစ်၊ ထူးခြားဆန်းသစ်
Ultra-Slim Stylish Deco ဟာ ပါးလွှာပြီး ပြေပြစ်သပ်ရပ်သော အလျားလိုက်ဒီဇိုင်းနဲ့အတူ ခေတ်မီပြီး ဖက်ရှင်ဆန်တဲ့ အသွင်အပြင်သစ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ရိုးရှင်းသပ်ရပ်ပြီး ထူးခြားသလို အားစိုက်ထုတ်စရာမလိုလောက်အောင် စတိုင်ကျလှပနေစေမယ့် ဒီဇိုင်းဖြစ်ပြီး သင်သွားလေရာတိုင်းထင်ရှားပေါ်လွင်နေစေရန် ဖန်တီးထားပါတယ်။
Almost All Screen
အလွန်ကျဉ်းမြောင်းသော 1.67 မီလီမီတာ ဘေးဘောင်နဲ့အတူ Infinite Edge display က ပိုမိုစွဲမက်ဖွယ်ကောင်းသော ကြည့်ရှုခံစားမှုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဗီဒီယိုကြည့်ရှုခြင်း၊ အင်တာနက်အသုံးပြုခြင်းမှအစ ဂိမ်းကစားခြင်းနဲ့ ဗီဒီယိုဖြင့် ဖုန်းပြောဆိုခြင်းအထိ အခိုက်အတန့်တိုင်းကို ပိုမိုကျယ်ပြန့်၊ ပိုမိုရှင်းလင်းပြီး ပိုမိုစိတ်ဝင်စားဖွယ်ကောင်းစွာ ခံစားနိုင်စေမှာ ဖြစ်ပါတယ်။
1.67mm
Ultra-Narrow Bezel
မိုးရေနဲ့ ရေစင်မှုဒဏ်
ခံနိုင်ရည် မြင့်မားခြင်း
မျှော်လင့်မထားသော မိုးရေစိုမှုများမှ နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော ရေစင်မှုများအထိ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်ရှိသော ဒီဇိုင်းကြောင့် ဘဝရဲ့ မမျှော်လင့်ထားသော အသေးစား အခြေအနေများတွင်ပင် သင့်ဖုန်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ထို့ကြောင့် သင့်စက်ပစ္စည်းအတွက် စိုးရိမ်နေမည့်အစား လက်ရှိအချိန်ရဲ့ အတွေ့အကြုံများကို အပြည့်အဝ အာရုံစိုက်ခံစားနိုင်စေမှာ ဖြစ်ပါတယ်။
အချိန်တိုင်း တောက်ပလင်းလက်စေရန်
ဖန်တီးထားခြင်း
နေရောင်အောက်က ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး တွေ့ဆုံချိန်များကနေ စနေ၊ တနင်္ဂနွေ အားလပ်ရက် စွန့်စားခရီးများအထိ 120Hz AMOLED Ultra Bright Display က သင့်တစ်နေ့တာ ဖြတ်သန်းရာ ဘယ်နေရာတွင်မဆို ဓာတ်ပုံ၊ ဗီဒီယိုနဲ့ လူမှုကွန်ရက်တွေကို တောက်ပစိုပြေသော အရောင်အသွေး၊ ကြည်လင်ပြတ်သားသော ရုပ်ထွက်ချောမွေ့မှုတို့ဖြင့် မြင်တွေ့နိုင်စေမှာ ဖြစ်ပါတယ်။
120Hz
Ultra High Refresh Rate5
1.07 Billion
Colours
FHD+
Resolution
92.8%
Screen-to-Body Ratio6
6.57''
AMOLED Display
1400nits
Peak Global Excitation Brightness7
Go All In
100° ultra-wide selfie camera8 နဲ့အတူ များပြားလှတဲ့ လူတွေနဲ့ ကျယ်ပြောလှတဲ့ မြင်ကွင်းတွေကို ဖရိန်တစ်ခုတည်းမှာ ဖမ်းယူ ရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ရက်များအတွင်း သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်များ၊ လုပ်ငန်းခွင်အတွင်း ရိုက်ကူးမှုများကနေ စနေ၊ တနင်္ဂနွေ အားလပ်ရက် စွန့်စားခရီးများအထိ လူတိုင်းနဲ့ အရာအားလုံးကို ဓာတ်ပုံထဲ နေရာမလွတ်စေဘဲ အပြည့်အဝ ထည့်သွင်းရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။
50MP Ultra-Wide AI Zoom Selfie Camera
Selfies with
More Style
တချို့သော အခိုက်အတန့်တွေက ဖြတ်တောက်ပစ်ဖို့ နှမြောစရာကောင်းလောက်အောင် လှပပါတယ်။ သင့်ရဲ့ စတိုင်လ်ကို အပြည့်အဝ ဖော်ပြချင်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့တဲ့အခါ၊ ဒါမှမဟုတ် မရောက်ဖူးသေးတဲ့ နေရာအသစ်တွေကို စူးစမ်းတဲ့အခါ—အပြုံးတိုင်း၊ အမှတ်တရတိုင်းကို ဓာတ်ပုံတစ်ပုံတည်းထဲမှာ အပြည့်အဝ ဖမ်းယူသိမ်းဆည်းထားနိုင်စေမှာ ဖြစ်ပါတယ်။
Shift What
You Show
AI Selfie Zoom က အခိုက်အတန့်နဲ့ လိုက်ဖက်အောင် ဖရိန်ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ မြင်ကွင်းတစ်ခုလုံးကို ဓာတ်ပုံထဲ အပြည့်အဝ ထည့်ချင်တဲ့အခါ ချဲ့ယူနိုင်သလို၊ ကိုယ့်ရဲ့ ဖက်ရှင် အသေးစိတ်တိုင်းကို ထင်ရှားစွာ ဖော်ပြချင်တဲ့အခါ 1x ကို ပြန်ရွေးနိုင်ပါတယ်။ ဘယ်လိုရိုက်ကူးမှုမျိုးပဲဖြစ်ဖြစ် မျက်နှာအသွင်အပြင်တွေကို ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးပြီး သဘာဝကျကျ လှပတဲ့ ဓာတ်ပုံဖွဲ့စည်းမှုကို ရရှိစေမှာ ဖြစ်ပါတယ်။
From Selfie to Wefie
မြင်ကွင်းတိုင်းနဲ့ လိုက်ဖက်အောင် selfie zoom ကို 2x, 1x နဲ့ 0.6x အကြား လွယ်လွယ်ကူကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ မြင်ကွင်းတစ်ခုလုံးကို အပြည့်အဝ ဖမ်းယူချင်တဲ့အခါ၊ မျက်နှာကို အဓိကထားရိုက်ချင်တဲ့အခါ ဒါမှမဟုတ် ဖက်ရှင်နဲ့ အလှအပဆိုင်ရာ အသေးစိတ်တွေကို အနီးကပ် ရိုက်ကူးချင်တဲ့အခါ လိုအပ်သလို ချိန်ညှိနိုင်ပါတယ်။ အသေးစိတ်တိုင်းကို ထိတွေ့ခံစားနိုင်လောက်အောင် ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးတာကြောင့် ဓာတ်ပုံတိုင်းမှာ သဘာဝကျပြီး ထင်ရှားတဲ့ ရုပ်ထွက်ကို ရရှိစေမှာ ဖြစ်ပါတယ်။
0.6x
1x
2x
ခံစားချက်နဲ့ ထိုက်တန်သော ပိုကျယ်ပြန့်တဲ့ မြင်ကွင်း
0.6x ရှေ့ကင်မရာက သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ၊ နေရာတွေနဲ့ အငွေ့အသက်တွေကို ပိုကျယ်ကျယ် ဖမ်းယူပေးတာကြောင့် ဓာတ်ပုံတိုင်းကို ပိုပြီး အသက်ဝင်စွာ၊ ဘဝအဓိပ္ပာယ်ပြည့်စွာ ခံစားရစေပါတယ်။ ကော်ဖီဆိုင်တွေကနေ စတိုင်ကျတဲ့ စတိုးဆိုင်တွေအထိ ကိုယ်ကြိုက်တဲ့ မြင်ကွင်းကို ရွေးချယ်လိုက်ရုံနဲ့ ဖုန်းက လှပပြည့်စုံစွာ ဖမ်းယူပေးမှာ ဖြစ်ပါတယ်။
01/05
ယုံကြည်စိတ်ချရတဲ့
ကြည်လင်ပြတ်သားမှု
အလင်းရောင်နဲ့ အသေးစိတ်အချက်အလက်တွေကို ပိုမိုဖမ်းယူပေးတာကြောင့် ပိုမိုတောက်ပပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ နေ့ခင်းဘက်မှာ ကိုယ့်ရဲ့အကောင်းဆုံးပုံရိပ်ကို ဖန်တီးရိုက်ကူးတာကနေ ညဘက် အပြင်ထွက်တဲ့ အချိန်တွေအထိ ဓာတ်ပုံတိုင်းမှာ အရောင်အသွေးစိုပြေပြီး သဘာဝကျကာ အသက်ဝင်တဲ့ ရုပ်ထွက်ကို အမြဲခံစားနိုင်စေမှာ ဖြစ်ပါတယ်။
Light Intake10
Light Intake10
ဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်များအတွက်
ဖန်တီးထားခြင်း
50MP ကျောဘက်ကင်မရာက နေ့စဉ်ဘဝရဲ့ အမှတ်တရအခိုက်အတန့်တိုင်းကို ကြည်လင်ပြတ်သားမှု၊ အသေးစိတ်ကျမှုနဲ့ သဘာဝကျတဲ့ အရောင်အသွေးတို့ကို အထူးကောင်းမွန်စွာ ဖမ်းယူပေးမှာ ဖြစ်ပါတယ်။ ကော်ဖီဆိုင်မှာ check-in လုပ်တာတွေနဲ့ အားလပ်ရက် စွန့်စားခရီးတွေကနေ သူငယ်ချင်းတွေနဲ့ အမှတ်မထင် ရိုက်ဖြစ်လိုက်တဲ့ ဓာတ်ပုံတွေအထိ ဓာတ်ပုံတိုင်းကို ရိုက်ကူးပြီးတာနဲ့ ချက်ချင်းမျှဝေလို့ရအောင် လှပပြည့်စုံစွာ ဖန်တီးပေးမှာ ဖြစ်ပါတယ်။
အားလုံးရဲ့ အကြည့်တွေက သင့်ဆီမှာ
နောက်ခံကို နူးညံ့သဘာဝကျကျ မှုန်ဝါးစေပြီး သင့်ရဲ့ ဖက်ရှင်အသစ်၊ ဆံပင်ပုံစံနဲ့ ကြည်လင်လှပတဲ့ အသားအရေကို ပိုမိုပေါ်လွင်စေကာ ဓာတ်ပုံတိုင်းကို အနက်အတိမ်နဲ့ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်ကိုပါ ထည့်သွင်းပေးလို့ ပိုပြီး အသက်ဝင်လှပစေပါတယ်။
ပင်ကိုယ်အလှကို အပြည့်အဝ ဖော်ထုတ်လိုက်ပါ
AI Portrait Retouching က သင့်ရဲ့ မူလအသွင်အပြင်ကို ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ ပိုလှပပေါ်လွင်လာအောင် နူးနူးညံ့ညံ့ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ အသားအရောင်နဲ့ အသားအရေကို သဘာဝကျကျ ညှိပေးတာကြောင့် ဓာတ်ပုံတွေက ပိုသပ်ရပ်လှပလာပြီး ကိုယ့်ရဲ့ပင်ကိုယ်အသွင်အပြင်ကိုလည်း အပြည့်အဝ ထိန်းသိမ်းထားနိုင်စေမှာ ဖြစ်ပါတယ်။
ညရဲ့အလှကို ကိုယ်တိုင်ဖန်တီးလိုက်ပါ
AI Night Mode က အလင်းရောင်နည်းတဲ့နေရာတွေမှာတောင် ဓာတ်ပုံရဲ့ အလင်းအမှောင်၊ အသေးစိတ်နဲ့ အရောင်အသွေးတွေကို ဉာဏ်ရည်တုနည်းပညာနဲ့ အလိုအလျောက် မြှင့်တင်ပေးတာကြောင့် ညဘက်မှာလည်း ပိုမိုကြည်လင်တောက်ပပြီး အရောင်အသွေးစိုပြေတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။ ညနေခင်း ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ချိန်ကနေ ညဘက် လက်သည်းအလှပြင်ထားတာကို ဓာတ်ပုံရိုက်တဲ့အချိန်အထိ အမှတ်တရအခိုက်အတန့်တိုင်းကို လှပကြည်လင်စွာ ဖမ်းယူပြီး ချက်ချင်းမျှဝေနိုင်ပါတယ်။
ပင်ကိုယ်အတိုင်း ရှင်သန်ပါ
Natural Tone က ဓာတ်ပုံတွေကို သဘာဝကျကျနဲ့ လက်တွေ့ဘဝအတိုင်း မြင်ရစေဖို့ အရောင်အသွေး၊ အလင်းအမှောင်နဲ့ အသားအရောင်တွေကို မျှတအောင် အလိုအလျောက် ချိန်ညှိပေးပါတယ်။ ပုံတူဓာတ်ပုံတိုင်းမှာ အသေးစိတ်အချက်အလက်တွေကို သဘာဝကျကျ ဖော်ပြပေးပြီး နွေးထွေးတဲ့ အရောင်အသွေးကိုလည်း ထိန်းသိမ်းပေးတာကြောင့် အခိုက်အတန့်တိုင်းရဲ့ မူလအသွင်အပြင်၊ ခံစားချက်နဲ့ အငွေ့အသက်တွေကို အပြည့်အဝ ဖမ်းယူနိုင်စေမှာ ဖြစ်ပါတယ်။
01/04
From Snapshot
to Standout
AI Popout က နေ့စဉ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အနက်အတိမ်နဲ့ သုံးဘက်မြင်အသွင်အပြင်ကို ပိုမိုပေါ်လွင်စေပြီး ချက်ချင်းပဲ စွဲမက်ဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေအဖြစ် ဖန်တီးပေးပါတယ်။ သူငယ်ချင်းတွေနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဖက်ရှင်ပုံတွေ၊ နေရာအလှအပတွေနဲ့ ပုံတူဓာတ်ပုံတွေမှာပါ ပိုမိုလှုပ်ရှားအသက်ဝင်ပြီး ပေါ်လွင်စေမှာပါ။ ဒါကြောင့် ဓာတ်ပုံတိုင်းကို လှပစွာဖန်တီးပြီး ချက်ချင်းမျှဝေနိုင်ပါတယ်။
More Moments,
One Story
AI Remix Collage နဲ့ ကိုယ်နှစ်သက်တဲ့ စတစ်ကာတွေကို စတိုင်ကျလှပတဲ့ ဓာတ်ပုံပေါင်းစပ်ဒီဇိုင်းတွေအဖြစ် ဖန်တီးပြီး ချက်ချင်းမျှဝေနိုင်ပါတယ်။ ဒါဟာ နေ့စဉ်ဘဝရဲ့ အမှတ်တရအခိုက်အတန့်တွေ၊ အမှတ်ရစရာတွေနဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ပေါင်းစပ်ဖော်ပြနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
သင့်ကို ပိုမိုလှပစေတဲ့
အလင်းရောင်
AI Portrait Glow က အလင်းအမှောင်နဲ့ မျက်နှာအသေးစိတ်တွေကို ဉာဏ်ရည်တုနည်းပညာနဲ့ အလိုအလျောက် မြှင့်တင်ပေးတာကြောင့် ပိုမိုတောက်ပပြီး ပိုလှပပေါ်လွင်တဲ့ ပုံတူဓာတ်ပုံတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ အိမ်တွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ ညဘက်မှာပဲဖြစ်ဖြစ် သင့်ရဲ့ ပင်ကိုယ်အသွင်အပြင်ကို မပြောင်းလဲဘဲ သဘာဝကျကျ တောက်ပစိုပြေတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါတယ်။
On
Off
On
Off
အကန့်အသတ်မရှိ ချိတ်ဆက်ပြီး မျှဝေလိုက်ပါ
O+ Connect က iOS နဲ့ macOS အပါအဝင် မတူညီတဲ့ ပလက်ဖောင်းတွေက စက်ပစ္စည်းများကို ချိတ်ဆက်ပေးတာကြောင့် ဓာတ်ပုံတွေကို
အခက်အခဲမရှိ ချောမွေ့လွယ်ကူစွာ လွှဲပြောင်းနိုင်ပါတယ်။
Extra Space
for Your Style
Intelligent RAM Expansion နည်းပညာကြောင့် သင့်ဖုန်းမှာ နောက်ကွယ်ကနေ လည်ပတ်နေတဲ့ အက်ပ် အရေအတွက်အများအပြားကို အသင့်အသုံးပြုနိုင်ရန် ပိုမိုထိန်းသိမ်းထားနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံဖန်တီးတာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ အလုပ်လုပ်တာနဲ့ ဖျော်ဖြေရေးအကြောင်းအရာတွေ ကြည့်ရှုခံစားတာတို့အကြား အလွယ်တကူ ကူးပြောင်းအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
ပျော်ရွှင်မှုတွေကို
အဆက်မပြတ် စီးမျောစေလိုက်ပါ
MediaTek Dimensity 6360 MAX Mobile Platform ကို အသုံးပြုထားတာကြောင့် သင့်ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေကို ချောမွေ့မြန်ဆန်စွာ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ ဓာတ်ပုံတွေ ဖန်တီးတာ၊ အလုပ်တွေကို လျင်လျင်မြန်မြန် ပြီးမြောက်အောင် လုပ်ဆောင်တာ၊ ဂိမ်းတွေကို ပိုမိုချောမွေ့မြန်ဆန်စွာ ကစားတာနဲ့ ကိုယ်နှစ်သက်တဲ့ အမှတ်တရတွေကို လွယ်လွယ်ကူကူ မျှဝေတာအထိ အရာအားလုံးကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပါတယ်။
လိုင်းမပြတ်၊ အလုပ်မပျက်
AI LinkBoost 4.0 က ကွန်ရက်ချိတ်ဆက်မှုကို ဉာဏ်ရည်တုနည်းပညာနဲ့ အလိုအလျောက် အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးတာကြောင့် ပိုမိုချောမွေ့ပြီး ယုံကြည်စိတ်ချရတဲ့ ချိတ်ဆက်မှုကို ရရှိစေပါတယ်။ ကုန်ပစ္စည်းဓာတ်ပုံတွေ တင်တာပဲဖြစ်ဖြစ်၊ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်က ဓာတ်ပုံတွေ မျှဝေတာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အခိုက်အတန့်တွေကို မလွတ်တမ်း အမြဲချိတ်ဆက်နိုင်စေမှာ ဖြစ်ပါတယ်။
ကွန်ရက်ချိတ်ဆက်မှုအတွက် ယုံကြည်စိတ်ချရတဲ့ အကာအကွယ်
NetworkBoost Chip S1 က ဖုန်းကို ကိုင်ထားတဲ့ လက်အနေအထားကြောင့် ကွန်ရက်အချက်ပြအားနည်းသွားတာကို ဉာဏ်ရည်တုနည်းပညာနဲ့ အလိုအလျောက် သိရှိပြီး အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်မှုအားကို မြှင့်တင်ပေးပါတယ်။ သွားလာရင်း အလုပ်လုပ်တာ၊ လမ်းကြောင်းရှာဖွေတာ၊ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာအသစ်တွေရဲ့ ဓာတ်ပုံတွေကို မျှဝေတာတို့ လုပ်ဆောင်နေချိန်မှာလည်း အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ကွန်ရက်ချိတ်ဆက်မှု တည်ငြိမ်နေစေပါတယ်။
151%
Signal Performance While Holding the Device15
54.3%
Video Call Stuttering Rate15
01/02
အေးမြမြန်ဆန်၊
အဆက်မပြတ် ကစားနိုင်
အချိန်ကြာကြာ ဂိမ်းကစားနိုင်ဖို့ ဖန်တီးထားတဲ့ AI GameBoost 3.0 က ဖုန်းရဲ့ စွမ်းဆောင်ရည်၊ ဘက်ထရီစွမ်းအင် အသုံးပြုမှုနဲ့ အပူချိန်ကို မျှတအောင် ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဂိမ်းကစားတဲ့အခါ ပိုမိုချောမွေ့တဲ့ အတွေ့အကြုံကို ခံစားနိုင်သလို ဖုန်းအပူရှိန် မြင့်တက်မှုကိုလည်း လျှော့ချပေးပြီး ဖရိမ်နှုန်း တည်ငြိမ်စွာနဲ့ ပိုမိုပျော်ရွှင်စွာ ကစားနိုင်စေမှာ ဖြစ်ပါတယ်။
4.6℃
Surface Temperature18
60FPS
FPS Game Smooth Play19
ဖိအားများလည်း
အေးမြနေဆဲ
အချိန်ကြာကြာ အသုံးပြုနိုင်ဖို့ ဖန်တီးထားတဲ့ SuperCool VC System က စွမ်းဆောင်ရည်မြင့်မြင့် လုပ်ဆောင်ရတဲ့အချိန်တွေမှာ ဖုန်းအပူချိန် မြင့်တက်လာမှုကို လျှော့ချပေးပါတယ်။ ဓာတ်ပုံဖန်တီးတာ၊ လူမှုကွန်ရက်မှာ မျှဝေတာ၊ ဂိမ်းကစားတာနဲ့ ဗီဒီယိုကြည့်ရှုတာတို့ကို လုပ်ဆောင်တဲ့အခါ ပိုမိုချောမွေ့တဲ့ စွမ်းဆောင်ရည်နဲ့အတူ သက်သောင့်သက်သာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
4300mm²
Vapor Chamber Area
ပိုမိုပြည့်စုံစွာ နေထိုင်၊ ပိုမိုကြာရှည်စွာ ခံစား
ဘက်ထရီကို နေ့စဉ်သွားလာလှုပ်ရှားမှုတွေအတွက် အထူးတာရှည်ခံနိုင်အောင် ဖန်တီးထားပြီး ကိုင်တွယ်အသုံးပြုရ သက်သောင့်သက်သာရှိတဲ့ ဒီဇိုင်းနဲ့အတူ ဘက်ထရီအားကိုလည်း ကြာရှည်ခံစေပါတယ်။ အမြဲချိတ်ဆက်နေနိုင်ပြီး ကိုယ်တိုင်ဖန်တီးချင်တာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်သလို နေ့စဉ်နဲ့အမျှသာမက နှစ်ပေါင်းများစွာတိုင်အောင် ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင်ရည်ကို ခံစားနိုင်စေမှာ ဖြစ်ပါတယ်။
6 YEARS
123456 YEARS
၃၈ ရက်
စုစုပေါင်း Standby
အချိန်21
၂၆.၆ နာရီ
အွန်လိုင်းဗီဒီယို
စိတ်ကြိုက်ကြည့်နိုင်သည့် ခန့်မှန်းခြေအချိန်21
၁၄.၁ နာရီ
MOBA ဂိမ်းစိတ်ကြိုက် ကစားနိုင်သည့်
ခန့်မှန်းခြေအချိန်21
၁၁.၈ နာရီ
ဗီဒီယိုကောလ် စိတ်ကြိုက် ပြောနိုင်သည့် ခန့်မှန်းခြေအချိန်21
Quick Boost.
Big Energy.
အားသွင်းဖို့ စောင့်နေရတဲ့အချိန်ကို လျှော့ချပြီး ကိုယ်နှစ်သက်တဲ့အရာတွေအတွက် အချိန်ပိုပေးလိုက်ပါ။ 45W SUPERVOOCTM Flash Charge နည်းပညာကြောင့် အချိန်တိုအတွင်း အားသွင်းရုံနဲ့ အလုပ်လုပ်ဖို့၊ ဖျော်ဖြေရေးတွေ ခံစားဖို့နဲ့ နေ့စဉ်လုပ်ဆောင်မှုတွေအတွက် နာရီပေါင်းများစွာ အသုံးပြုနိုင်မယ့် ဘက်ထရီအားကို ရရှိစေမှာ ဖြစ်ပါတယ်။
SUPER
VOOCTM
600mAh21
5-Minute Charging
1117mAh21
10-Minute Charging
Power to Share,
Power to Spare
သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းအားကုန်သွားလို့ အရေးပေါ်အားသွင်းပေးဖို့ လိုလာတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်အသုံးပြုနေတဲ့ အရေးကြီးစက်ပစ္စည်းတစ်ခုကို အားဖြည့်ပေးဖို့ လိုလာတဲ့အခါပဲဖြစ်ဖြစ် Reverse Wired Charging က သင့်ဖုန်းကို အားသွင်းပေးနိုင်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး သင့်စက်ပစ္စည်းတွေကို အားပြည့်နေစေပြီး အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
မျှော်လင့်မထားတာတွေအတွက်
အသင့်ဖြစ်နေပါစေ
ဘဝရဲ့ မျှော်လင့်မထားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ဖန်တီးထားတဲ့ Military-Grade Shock Resistance နည်းပညာက ဖုန်းရဲ့ အကြမ်းခံနိုင်ရည်ကို ပိုမိုမြှင့်တင်ပေးပါတယ်။ အလုပ်များတဲ့ နေ့ရက်တွေ၊ လူကျပ်တဲ့ ခရီးသွားလာမှုတွေ၊ စွန့်စားခန်းအပြည့်နဲ့ ခရီးစဉ်တွေမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ဖုန်းကို ပိုမိုစိတ်ချလက်ချ အသုံးပြုနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
Incredible Smoothness,
Intelligently Delivered
Adaptive Scheduling Architecture က စနစ်ရင်းမြစ်တွေကို ဉာဏ်ရည်တုနည်းပညာနဲ့ ဦးစားပေးခွဲဝေပြီး ရင်းမြစ်အသုံးပြုမှုကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးတာကြောင့် မကြာခဏအသုံးပြုတဲ့ အက်ပ်တွေကို system memory အနည်းငယ်သာ အသုံးပြုပြီး ထိရောက်ချောမွေ့စွာ လည်ပတ်စေပါတယ်။ ဒါကြောင့် လူမှုကွန်ရက်အသုံးပြုတာ၊ စာတိုပေးပို့တာနဲ့ ဖျော်ဖြေရေးအကြောင်းအရာတွေ ကြည့်ရှုခံစားတာတို့အကြား အနှောင့်အယှက်နည်းနည်းနဲ့ ချောချောမွေ့မွေ့ ပြောင်းလဲအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
Fast Multi-Task Switch
Quick Tap Shot Capture
Fast Multi-Task Switch
Quick Tap Shot Capture
01/02
၅ နှစ်ကြာ ချောမွေ့မှုယုံကြည်ချက်
5YEARS
ဉာဏ်ရည်ထက်မြက်တဲ့ စနစ်ပိုင်းဆိုင်ရာ အကောင်းဆုံးဖြစ်အောင် ချိန်ညှိမှုနဲ့ ရေရှည်စွမ်းဆောင်ရည် မြှင့်တင်မှုတွေကြောင့် စတင်အသုံးပြုတဲ့ ပထမဆုံးနေ့ကနေ ၅နှစ်ကျော်ကြာတဲ့အထိ ဖုန်းကို အသစ်အတိုင်း ချောမွေ့ပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ အတွေ့အကြုံအတွက် အသိအမှတ်ပြုလက်မှတ်နဲ့ အာမခံပေးထားပါတယ်။ အက်ပ်တွေကြား ပိုမိုချောမွေ့စွာ ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ တုံ့ပြန်မှုမြန်ဆန်ခြင်းတို့ကို ခံစားရမှာဖြစ်ပြီး သင့်ဖုန်းရဲ့ နေ့စဉ်အသုံးပြုမှု စွမ်းဆောင်ရည်အပေါ် ယုံကြည်စိတ်ချမှုကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်ပါတယ်။
Fluid Performance
That Lasts
စနစ်အတွင်း မလိုအပ်တဲ့ဖိုင်တွေကို ဉာဏ်ရည်ထက်မြက်စွာ ရှင်းလင်းပေးပြီး RAM အသုံးပြုမှုကို လျှော့ချကာ အက်ပ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပြီး နက်နက်ရှိုင်းရှိုင်း ရှင်းလင်းနိုင်သလို အက်ပ်ခွင့်ပြုချက်တွေကိုလည်း ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာကြောင့် နှစ်ပေါင်းများစွာ အသုံးပြုပြီးတဲ့အခါမှာတောင် ဖုန်းကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းထားနိုင်ပြီး ချောမွေ့မြန်ဆန်စွာ ဆက်လက်အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
Manual Optimisation
System Smoothness Report
Manual Optimisation
System Smoothness Report
01/02
New Power, Lasting Flow
ဖုန်းအသုံးပြုမှုကို ပိုမိုချောမွေ့စေပြီး တုံ့ပြန်မှုမြန်ဆန်စေဖို့ ဖန်တီးထားတဲ့ ColorOS Smoothness Boost က သင်နှစ်သက်တဲ့ အက်ပ်တွေကို အသုံးပြုတဲ့အခါ အမြဲတမ်း ချောမွေ့လျင်မြန်နေစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် မျက်နှာပြင်ကို ပွတ်ဆွဲတာ၊ နှိပ်တာနဲ့ စာမျက်နှာတစ်ခုကနေ တစ်ခု ပြောင်းလဲတာတွေကို သဘာဝကျကျ ချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး အချိန်ကြာကြာ အသုံးပြုပြီးတဲ့နောက်မှာတောင် ဖုန်းအသစ်တစ်လုံးလို ခံစားရစေမှာ ဖြစ်ပါတယ်။
Before
After
ရိုးရှင်းတဲ့ စမတ်စကင်ဖတ်စနစ်
စာရွက်စာတမ်းတွေနဲ့ မျက်နှာပြင်ပေါ်က အကြောင်းအရာတွေကို အနည်းငယ် နှိပ်လိုက်ရုံနဲ့ ကြည်လင်ပြတ်သားတဲ့ PDF ဖိုင်တွေနဲ့ ဓာတ်ပုံဖိုင်တွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ AI နည်းပညာက ပုံအရည်အသွေးကို မြှင့်တင်ပေးပြီး ပုံပျက်ယွင်းမှုတွေကို အလိုအလျောက် ပြုပြင်ပေးပါတယ်။ ဒါ့အပြင် တစ်ကြိမ်တည်းမှာ စာမျက်နှာ 99 မျက်နှာအထိ အစုလိုက်ပြောင်းလဲနိုင်တာကြောင့် စာရွက်စာတမ်းတွေကို စနစ်တကျ စုစည်းသိမ်းဆည်းဖို့ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
မှတ်စုကောင်းတွေ ဖန်တီးဖို့ လွယ်ကူတဲ့နည်းလမ်း
AI Recording Sticker က အသံဖမ်းယူနေစဉ် မှတ်စုရေးတာ၊ အသံပြန်ဖွင့်နားထောင်တဲ့အခါ အရေးကြီးတဲ့နေရာတွေကို အမှတ်အသားပြုတာနဲ့ ဓာတ်ပုံတွေမှာ tag တွဲပေးတာတွေကို လွယ်ကူစေပါတယ်။ ဒါကြောင့် အရေးကြီးတဲ့အခိုက်အတန့်တွေကို နောက်မှ ပြန်လည်နားထောင်ကြည့်ရှုတာ၊ စနစ်တကျ စုစည်းတာနဲ့ လိုအပ်တဲ့အချိန်တိုင်း အလွယ်တကူ ပြန်ရှာဖွေတာတွေကို လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
နေ့ရက်တိုင်းမှာပိုမိုထက်မြက်စွာကာကွယ်ပေးမှု
တစ်ချက်နှိပ်ရုံနဲ့ လိမ်လည်မှုကာကွယ်ရေးစနစ်ကို ဖွင့်နိုင်ပါတယ်။ စနစ်က AI နည်းပညာနဲ့ ဖန်တီးထားတဲ့ မျက်နှာပုံရိပ်တွေနဲ့ အသံတွေကို အလိုအလျောက် စစ်ဆေးသိရှိပြီး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ သတိပေးမှာ ဖြစ်ပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ မျက်နှာပုံရိပ်တွေကို စစ်ဆေးသိရှိနိုင်တဲ့ လုပ်ဆောင်ချက်ကို WhatsApp မှာသာ အသုံးပြုနိုင်ပြီး AI နဲ့ ဖန်တီးထားတဲ့ အသံတွေကို စစ်ဆေးသိရှိနိုင်တဲ့ လုပ်ဆောင်ချက်ကိုတော့ WhatsApp နဲ့ ဖုန်းခေါ်ဆိုမှု (Dialer) နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အနှောင့်အယှက်ဖြစ်စေတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ လိမ်လည်လှည့်ဖြားတဲ့ ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ချ်တွေကို တားဆီးပေးပြီး အရေးကြီးတဲ့ ခွင့်ပြုချက်တွေကို လုံခြုံစွာ စီမံပေးပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ အက်ပ်တွေထည့်သွင်းခြင်းနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်းတို့ကိုလည်း ကာကွယ်ပေးတာကြောင့် ဖုန်းခေါ်ဆိုမှုတွေနဲ့ နေ့စဉ်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပိုမိုလုံခြုံမှုရှိစေမှာ ဖြစ်ပါတယ်။