{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-05-04
  • ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ ကြိုးမဲ့နားကြပ်တွေက
    နေ့စဉ်ဘဝမှာ ဘယ်လောက် အရေးပါ အသုံးဝင်နေလဲ

    တိုးတက်လာတဲ့ နေ့စဥ်လူနေမှုဘဝတွင် ဖုန်းအသုံးပြုတဲ့အခါ နားကြပ်လေးတွေဟာ အရေးပါ လိုအပ်တဲ့နေရာကို ရောက်ရှိလို့ လာပါပြီ။ ပင်ပန်း နွမ်းနယ်နေတဲ့ စိတ်တွေ ဖြေဖျောက်ဖို့ အကြိုက်ဆုံး သီချင်းလေးတွေ တစ်ယောက်တည်း အေးအေးဆေးဆေး နားထောင်လိုတဲ့ အခါမျိုးတွေ၊ အများကို အနှောင့်အယှက် မပေးဘဲ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ကြည့်ချင်တဲ့အခါမျိုးတွေ၊ အိမ်မှာပဲ နေရင်း အလုပ်လုပ်ရင်း ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ နားထောင်ချင်တဲ့အခါမျိုးတွေ မှာ နားကြပ်တွေဟာ အသုံးဝင်လာတဲ့ ပစ္စည်းတစ်ခု ဖြစ်လာနေပါပြီ။ ဒါ့အပြင် နားကြပ်ကို အသုံးပြုပြီး ဘယ်နေရာမှာ ဖြစ်ဖြစ် အလွယ်တကူ ဖုန်းပြောဆိုနိုင်မယ်၊ ဂိမ်းကစားတဲ့ အခါမှာလည်း အချင်းချင်း အချိတ်အဆက်မိမိ အဆင်ပြေမယ်၊ အိမ်မှာနေရင်း အညောင်းပြေ အညာပြေ အားကစားလုပ်တဲ့ အခါ ပိုမို သွက်လက်တက်ကြွ စေမယ်။ သီချင်းဆို၊ TikTok ရိုက်ကူးတာ ဝါသနာပါတဲ့ သူတွေအတွက်လည်း နားကြပ်လေးတွေက လိုအပ် နေပြန်ပါတယ်။ ဒီလို အသုံးဝင်တဲ့ အချက်တွေ အများကြီးအပြင် အခု COVID-19 ကူးစပ်မှုကနေ ကာကွယ်ဖို့ တတ်နိုင်သမျှ အိမ်မှာနေရင်း အလုပ်လုပ်နေကြရတဲ့အခါ Online Meeting တွေ၊ အွန်လိုင်းက ဖွင့်တဲ့ သင်တန်းတွေ တက်တဲ့အခါမှာလည်း အသီးသီး အလုပ်လုပ်နေကြတဲ့ မိသားစုဝင် အချင်းချင်းလည်း အဆင်ပြေ၊ အပြင်အသံတွေလည်း မဝင်ဘဲ ပိုမို အာရုံစိုက်လို့ ရအောင် နားကြပ်လေးတွေကို အသုံးများလာ ကြပါပြီ။

    အရင်တုန်းကလိုမျိုး လက်ညောင်းခံပြီး ဖုန်းကြီး ကိုင်ပြောနေစရာမလိုတော့ဘဲ နေရာမရွေး သီချင်းသံစဥ်တွေ နားထောင်ဖို့၊ ဖုန်းပြောဖို့ လွယ်ကူအောင် ကူညီပေးတဲ့ နားကြပ်တွေကို နေ့စဉ်ဘဝမှာ ပုံစံ အမျိုးမျိုးနဲ့ တွေ့နေရပါတယ်။ ဒီလို အသုံးဝင်တဲ့ နားကြပ်တွေနဲ့ ပတ်ဝန်းကျင်က ကိုယ် မနှစ်သက်တဲ့အသံတွေ၊ ဆူညံသံတွေနဲ့ ဝေးဖို့ဆိုရင် အရည်အသွေးကောင်းပြီး သုံးစွဲရ လွယ်ကူဖို့လည်း လိုအပ်ပါတယ်။ အရင်လို ဖုန်းမှာ ကြိုးအရှည်ကြီးနဲ့ တပ်ပြီး သုံးရတဲ့ နားကြပ်တွေထက် လှုပ်ရှားသွားလာရ လွယ်ကူပြီး ဘယ်နေရာမဆို၊ ဘယ်လို အခြေအနေမဆို အသုံးပြုလို့ကောင်းတဲ့ ကြိုးမဲ့ နားကြပ်တွေကိုလည်း ဒီနေ့ခေတ်မှာ အသုံးများလာ ကြပါတယ်။ အထူးသဖြင့် အားကစားသမားတွေ၊ အဆိုအက ဝါသနာပါသူတွေအတွက် အထူးအသုံးဝင်ပြီး လှပတဲ့ ဒီဇိုင်းကြောင့်လည်း ရွေးချယ်သုံးစွဲသူ များလာတာပေါ့ ။

    ကြိုးတွေနဲ့ ရှုပ်ထွေးမှု မရှိ၊ ပေါ့ပေါ့ပါးပါးနဲ့ အသံကြည်လင်ပြတ်သားပြီး စတိုင်ကျ လှပတဲ့ ကြိုးမဲ့ နားကြပ်ကောင်းကောင်းကို သင့်တော်တဲ့ စျေးနဲ့ ဝယ်လိုသူတွေအတွက် စမတ်ဖုန်းများနဲ့ အဆင်ပြေ ချောမွေ့စွာ သုံးစွဲနိုင်မယ့် OPPO က ထုတ်လုပ်ထားတဲ့ ကြိုးမဲ့ နားကြပ်တွေဖြစ်တဲ့ OPPO Enco Free၊ နှင့် OPPO Enco W31 တွေ ရှိကြသလို ကြိုးမဲ့ပေမယ့် ကြိုးလုံးဝမပါတာကို မသုံးတတ်သေးဘူးဆိုတဲ့ သူတို့အတွက် Neckband Design နှင့် Bluetooth® နားကြပ် OPPO Enco M31 တို့လည်း စျေးကွက်ထဲမှာ ရရှိနေပါပြီ။

    ဘယ်စမတ်ဖုန်းနဲ့မဆို အသင့်တော်ဆုံး - OPPO Enco Free

    OPPO Enco Free Headphones က စျေးကွက်ထဲမှာ Ultra-dynamic Speakers ပါဝင်တဲ့ ပထမဆုံး ကြိုးမဲ့ နားကြပ်ဖြစ်ပြီး Slide and Tap Intuitive Touch Controls, AAC Audio Supportတို့ ပါတော့ ဘယ် စမတ်ဖုန်းနဲ့ မဆို ချိတ်ဆက်သုံးစွဲဖို့ လွယ်ကူပါတယ်။ ဒီ 13.4 mm Dynamic Speakers တွေရဲ့ ထူးခြားတဲ့ အချက်ကတော့ Dual Magnetic Circuits နဲ့ အဆင့်မြင့် FPC Lever – technology ကို သုံးထားပြီး Magnalium-titanium Composite Diaphragms တွေနဲ့ ဖွဲ့စည်းထားလို့ Bass အသံကောင်းကောင်းရတဲ့ နားကြပ်လည်း ဖြစ်ပါတယ်။ ဂိမ်းကစားသူများအတွက် အသံကိုက်ညီဖို့က အရမ်းအရေးကြီးတော့ ဂိမ်းကစား သူတွေနဲ့ video ကြည့်ရှုရတာကို ကြိုက်တဲ့သူတွေအတွက် Bluetooth® Transmission မှာ အသံနောက်ကျခြင်း မဖြစ်အောင် OPPO Binaural Low-latency Bluetooth® Transmission က Audio ပဲဖြစ်ဖြစ် Visual ပဲဖြစ်ဖြစ် ဘယ်နှင့် ညာဘက်ကို အသံပြိုင်တူထွက်စေပါတယ်။ ဖုန်း Calls တွေအတွက် AI Noise Cancellation ပါရှိလို့ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် အသံများကို wireless range ၁၀ မီတာအထိ ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ In-ear and Semi-in-ear Tips ကို စိတ်ကြိုက်လဲလှယ် အသုံးပြုနိုင်ပြီး ၂၅ နာရီကြာ သီချင်း နားထောင်နိုင်ပါတယ်။

    သံစဥ်တွေနဲ့ စိတ်ကြိုက် ပျော်မြူးနိုင်မယ့် OPPO Enco W31

    သင့်တော်တဲ့ စျေးနှုန်းနဲ့ ကြိုးမဲ့ နားကြပ်ကောင်းကောင်း ရှာနေသူတွေအတွက်ဆို OPPO Enco W31 က အထူး သင့်တော်ပါတယ်။ သူကလည်း binaural low-latency Bluetooth® transmission ပါဝင်လို့ ဘယ် စမတ်ဖုန်းနဲ့မဆို အခက်အခဲ မရှိ သုံးလို့ ရတယ်။ Wireless range ၁၀ မီတာရှိပြီး ရေစိုခံပြီး ဖုန်ဝင်မှုကို ကာကွယ်ပေးပြီးတော့ တပ်ထားပြီး လွယ်လွယ်နဲ့ မပြုတ်ကြတဲ့ ဒီဇိုင်းနဲ့မလို့ အားကစားလုပ်တဲ့အချိန်၊ လှုပ်ရှားသွားလာတဲ့ အချိန်တွေအတွက် အတော်ပဲပေါ့။ သီချင်းနားထောင်ရတာ ကြိုက်တဲ့ သူတွေအတွက် Balance Mood နဲ့ Bass Mode ဆိုပြီး Audio Mode (၂) မျိုးလည်း ပါဝင်ပါသေးတယ်။ ဖုန်းပြောတဲ့အချိန် မလိုအပ်တဲ့ အသံတွေ မပါစေဖို့ Anti-wind Noise Chambers နဲ့ Environmental Noise Cancellation Algorithm က လုပ်ဆောင်ပေးတဲ့အပြင် နားကြပ်တစ်ဖက်စီမှာ Internal High Sensitivity Microphones
    (၂) ခုစီ ပါဝင်လို့ ကိုယ့်အသံကို တစ်ဖက်က ကြည်ကြည်လင်လင် ကြားရစေမှာပါ။

    Bass သံပြင်းပြင်းတွေနဲ့အတူ သွားလာလှုပ်ရှားနိုင်မယ့် OPPO Enco M31

    ကျစ်လစ်လှပတဲ့ Neckband ဒီဇိုင်းနဲ့ OPPO Enco M31 ကတော့ Earbud Type နားကြပ်တွေကို အခုထိ အကျင့်မရသေးသူတွေအတွက် ရွေးချယ်စရာပါ။ 9.2mm Full-range Dynamic Drivers, PET Titanium Composite Diaphragms တွေနဲ့ Independent Bass Chambers လည်း ပါဝင်တဲ့ High-Res Wireless Audio Headphones ဖြစ်ပြီး AI Call Noise Reduction လည်း ပါတော့ ဖုန်း ပြောဆိုရာမှာ မလိုအပ်တဲ့ အသံပိုတွေကို မဝင်စေဘူး။ Bluetooth® 5.0 ပါဝင်တော့ ဖုန်းနဲ့ ၁၀မီတာကျော် ဝေးကွာတဲ့ နေရာအထိ ကောင်းကောင်း ချိတ်ဆက်သုံးနိုင်မှာ ဖြစ်ပြီး (၁၂) နာရီကြာ အသုံးခံပါတယ်။

    ကြိုးမဲ့ နားကြပ်တွေ အသုံးများလာတာနဲ့ အမျှ စျေးကွက်ထဲမှာ လုပ်ဆောင်မှု ကောင်းပြီး စျေးတော်တဲ့ နားကြပ် ကောင်းကောင်း ဘာတွေရှိလဲ သိလိုတဲ့သူတွေအတွက် OPPO က ရရှိနိုင်မယ့် နားကြပ်လေးတွေနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ အခုလက်တလောမှာဆိုရင်တော့ မေလ ၁ ရက်မှ ၃၁ ရက်အတွင်း သတ်မှတ်ထားတဲ့ OPPO Reno Series (Reno3 Pro, Reno3, Reno2 & Reno2 F) ရဲ့ ထုတ်ကုန်တစ်ခုခုနှင့် OPPO Enco Free ကို တစ်ပါတည်းဝယ်ယူသူများအတွက် ကျပ် 20,000 တိတိကို ပြန်အမ်းငွေအဖြစ် ပေးအပ်သွားမည့် အစီအစဉ် ကိုလည်း ပြုလုပ်ပေးလျက်ရှိနေပါတယ်။

    ကြည်လင်ကောင်းမွန်တဲ့ Audio Experience ကို ရရှိစေပြီး Ultra-dynamic Speakers ပါဝင်သော ပထမဦးဆုံး Wireless Headphones ဖြစ်တဲ့ OPPO Enco Free ကို မြန်မာ‌ကျပ်ငွေ 139,900 ကျပ်နဲ့ အဖြူရောင်နဲ့ အနက်ရောင် အရောင် (၂) မျိုးနှင့် ဝယ်ယူနိုင်မှာပါ။ OPPO Enco Free ကို မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်က ဖုန်းဆိုင်တွေနဲ့ shop.com.mm (https://www.shop.com.mm/products/oppo-enco-free-i103704703-s1028350032.html?spm=a2a0e.8553159.0.0.586a6cc8FklEQ5&mp=3) တို့မှာ ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

    တပ်ဆင်မှု ခိုင်မြဲအောင် ထိန်းပေးကာ ရေစိုခံပြီး ဖုန်ဝင်မှုကို ကာကွယ်ပေးတဲ့ လှပတဲ့ အဖြူရောင် ဒီဇိုင်းနှင့် OPPO Enco W31 wireless headphones ကို မြန်မာကျပ်ငွေ 69,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့က စပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်က ဖုန်းဆိုင်တွေနဲ့ shop.com.mm (https://www.shop.com.mm/products/oppo-enco-w31-i103882475-s1028530330.html?spm=a2a0e.8553159.0.0.83fe6cc8wCFuBT&mp=3) တို့မှာ ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

    High-Res wireless audio ပါဝင်ပြီး ကျစ်လစ်လှပသော အနက်ရောင် ဒီဇိုင်းနဲ့ OPPO Enco M31 Neckband Headphones ကို မြန်မာကျပ်ငွေ 49,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်က ဖုန်းဆိုင်တွေနဲ့ (https://www.shop.com.mm/products/oppo-enco-m31-i103880505-s1028530328.html?spm=a2a0e.8553159.0.0.83fe6cc86elZco&mp=3) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။