ColorOS 12

Just Sync
အကြွင်းမဲ့ လွတ်လပ်မှုဖြင့် ဖန်တီးပါ။ ColorOS ၏ အကောင်းဆုံး တုံ့ပြန်မှုနှင့် ကောင်းမွန်စွာ ချိန်ညှိထားသော ထိန်းချုပ်မှုကို လော့ခ်ဖွင့်ပါ။ သင့်ဖုန်းကို နေ့စဥ်သုံးကိရိယာမှ သင်၏ပင်ကိုယ်စွမ်းရည်၏ တိုးချဲ့မှုတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ဒီဇိုင်းထုတ်ထားသော OS ကို တွေ့ကြုံခံစားလိုက်ပါ။ ColorOs 12 ၏ အင်္ဂါရပ်များသည် သင့်အတွက် ချောမွေ့စွာ ထပ်တူပြုနိုင်ရန် ပြုလုပ်ထားသည်။

ColorOS 12 ၏ လုပ်ဆောင်ချက်များကို
အပြည့်အဝ ရှာဖွေပါ

ဒီဇိုင်း

+ OPPO ColorOS 12 feature list
  • Inclusive Design Language

    ယခုလို စမတ်အကျဆုံးနည်းပညာသည် ကမ္ဘာလုံးဆိုင်ရာဖြစ်ပြီး အားလုံးအတွက် ဖန်တီးထားသောကြောင့် ဘာသာစကား 67 မျိုးဖြင့် အလုပ်လုပ်နိုင်သည့် အမှန်တကယ် လိုက်လျောညီထွေဖြစ်စေမည့် စနစ်တစ်ခုကို တွေ့ကြုံခံစားလိုက်ပါ။

  • 3D icons

    ColorOS 12 ၏ translucent app icon သစ်များက သင့်မျက်လုံးကို အေးဆေးစေမည်ဖြစ်သည်။ အလင်းနှင့် အရိပ်များကို ပေါင်းစပ်ပြီး ကြည်လင်ပြတ်သားသော interface ဒီဇိုင်းကို ဖန်တီးပေးသည်။ ဒီဇိုင်းတခုချင်းစီကို လက်တွေ့ဆန်ဆန် ရေးဆွဲထားသဖြင့် app များကို ချက်ချင်းသိရှိစေမည် ဖြစ်သည်။

  • Omoji1

    အဆင့်မြင့်မျက်နှာဖမ်းယူမှုစနစ်သည် တိကျသေချာသော အမှတ် 77 ခုနှင့် စတိုင်ကျခေတ်မီသော အစိတ်အပိုင်း 200+ ကို သုံးပြီး သင်နှင့် ချွတ်စွတ်တူသော ပုံရိပ်တခုကို ဖန်တီးပေးမည်ဖြစ်သည်။ များပြားလှသော စိတ်ကြိုက်ရွေးချယ်မှုများကြောင့် ColorOS 12 တွင်ပါဝင်သည့် Omoji က သင်နှင့် ချွတ်စွတ်တူသော အသွင်အပြင်အပြုအမူများကို ရရှိခံစားစေမည်ဖြစ်သည်။

  • Always-on Display 2.0

    ယခုအခါ Color12 ၏ Always-on Display 2.0 ကို ယခင်ထက်ပို၍ စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်သည်။ ထူးခြားသော Omoji၊² စာသား၊ ပုံစံများ၊ အရောင်များနှင့် အချက်အလက်များကို ပြီးပြည့်စုံသော ပြောင်းလွယ်ပြင်လွယ်မှုနှင့်အတူ ဖန်တီးနိုင်ပါသည်။ မျက်နှာပြင်သည် သင့်အတွက် ပန်းချီပိတ်ကား ဖြစ်သည်။

ချိတ်ဆက်မှု

+ OPPO ColorOS 12 feature list
  • PC Connect3

    သင့်ဖုန်းနှင့် ကွန်ပျူတာအကြား အပြန်အလှန်ဆောင်ရွက်ခြင်းသည် ချောမွေ့သင့်သည်။ PC Connect ကို မိတ်ဆက်ခြင်းဖြင့် ဖန်သားပြင်များစွာတွင် ဦးနှောက်တခုတည်းရှိသကဲ့သို့ အလွယ်တကူ sync လုပ်နိုင်မည်ဖြစ်သည်။ မျှဝေထားသော အသိပေးချက်များနှင့် ကလစ်ဘုတ်ဖြင့် သင်၏ နေ့စဉ်ဘဝကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပါ။ သင့်အနေဖြင့် ဖိုင်များကို တည်းဖြတ်လိုပါသလား သို့မဟုတ် ထုတ်ကုန်များအကြား အလွယ်တကူ ရွှေ့ပြောင်းလိုပါသလား။ PC Connect ကိုသုံးပြီး drag-and-drop ဖြင့် ရိုးရှင်း လွယ်ကူစွာ ချက်ချင်းရွှေ့နိုင်သလို ကလစ်တချက်နှိပ်ပြီး ပြင်ဆင်တည်းဖြတ်နိုင်မည် ဖြစ်ပါသည်။as drag-and-drop.

  • Nearby Share

    Nearby Share သည် သင့်အား Wi-Fi password များကို သင့်သူငယ်ချင်းများနှင့် သင်ယုံကြည်စိတ်ချသော စက်ပစ္စည်းများထံ ကလစ်တချက်နှိပ်ရုံဖြင့် ဝေမျှစေနိုင်မည်ဖြစ်သည်။ ယခုအခါ ရက်ရောမှုများကို အကန့်အသတ်မရှိ ပြုလုပ်နိုင်ပါပြီ။

  • Setup Wizard တွင် အတွေ့အကြုံကို ပြန်လည်ရယူပါ4

    ဖုန်းအသစ်တလုံးသို့ ပြောင်းနေပါသလား။ သင့်ဒီဂျစ်တယ်ဘဝကို ကြည့်ရှုပြီး အကျွမ်းတဝင်ခံစားရစေရန် ခဏတာအတွင်း သင့်နောက်ခံပုံများနှင့် ကိုယ်ရေးကိုယ်တာဆက်တင်များကို ပြန်လည်ရယူပါ။

သက်သောင့်သက်သာရှိပြီး ထိရောက်မှုရှိခြင်း

+ OPPO ColorOS 12 feature list
  • Smart Sidebar-Screen Translate5

    Google Lens မှ ထောက်ပံ့ပေးထားသော Smart Sidebar-Screen Translate သည် တချက်နှိပ်ရုံဖြင့် နိုင်ငံခြားဘာသာစကားများကို သင့်ဘာသာစကားအဖြစ် ဘာသာပြန်ပေးမည်ဖြစ်သည်။ ဘာသာစကား 100 အထိ ထောက်ပံ့ပေးထားပြီး ပုံရိပ်များ၊ အီတလီဘာသာဖြင့် ရေးထားသော လမ်းညွှန်ဆိုင်းဘုတ်များကိုပင် ဘာသာပြန်ပေးနိုင်ပါသည်။

  • Phone Manager6

    Phone Manager သည် စမတ်ကျသော အရာများကို လုပ်ဆောင်ပါသည်။ ထို့အတွက်ကြောင့် အနှောင့်အယှက်ကင်းစွာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် မလိုအပ်သောဖိုင်များ ရှင်းလင်းခြင်းတို့အတွက် ကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်တော့ပါ။ တချက်နှိပ်ရုံဖြင့် ဘက်ထရီသက်တမ်း ပိုမိုကြာရှည်စေနိုင်သလို သိုလှောင်မှုပမာဏ နေရာလွတ်များစွာကို ရရှိစေမည်ဖြစ်ပါသည်။

  • Clone Phone 2.07

    Clone Phone သည် သင့်အား သင့်ဖုန်းဟောင်းမှ ဖိုင်များ၊ ဆက်တင်များနှင့် ဒေတာများကို သင့် OPPO ဖုန်းအသစ်ထံသို့ အထစ်အငေါ့မရှိစေဘဲ ရွှေ့ပြောင်းနိုင်ပါသည်။ ဖုန်းများကို QR ကုဒ်တစ်ခုတည်းဖြင့် ချိတ်ဆက်ပြီး အက်ပလီကေးရှင်းများကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ ဒေတာလွှဲပြောင်းစဉ် လွှဲပြောင်းမှုအခြေအနေနှင့် စနစ်အပူလွန်ကဲမှု သတိပေးချက်များကို ရရှိနိုင်ပါသည်။ နေရာအနှံ့ရွှေ့ထားသော သင်ချစ်မြတ်နိုးရသည့် ဓာတ်ပုံများ၊ နောက်ခံပုံများနှင့် အက်ပ်များကို အချိန်နှင့်တပြေးညီ update များ ရယူပေးမည်ဖြစ်ပါသည်။

  • Air Gestures8

    ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်း သို့မဟုတ် ရွေးချယ်ထားသောအက်ပ်များကို ပွတ်ဆွဲခြင်းအတွက် လက်ကို ဝှေ့ယမ်းပြီး ပြုလုပ်နိုင်ပါသည်။ Air Gestures သည် သင့်ဖုန်းကို အကွာအဝေးတခုမှ ထိန်းချုပ်နိုင်စေပြီး လုပ်ဆောင်စရာများစွာကို လုပ်ဆောင်နေချိန် သို့မဟုတ် အခြားလုပ်စရာများရှိနေချိန်တွင် ဖုန်းကို ကိုင်ထားစရာမလိုဘဲ အဝေးကနေ အသုံးပြုနိုင်စေမည် ဖြစ်ပါသည်။

  • Adaptive Sleep

    ColorOS 12 သည် သင့်ဖုန်းမျက်နှာပြင်ကို ကြည့်နေသည့်အချိန်တွင် မျက်နှာပြင် မှိန်သွားခြင်း သို့မဟုတ် ဖုန်းပိတ်သွားခြင်းမှ ကာကွယ်ရန်အတွက် မျက်နှာ မှတ်သားမှုကို အသုံးပြုပါသည်။

  • Text Zoom

    မက်ဆေ့ချ်တခုကို နှစ်ချက်နှိပ်ပြီး စာမျက်နှာတခုဖွင့်သည့်အခါ စာသားကို ပိုကြီးသော စာလုံးအရွယ်ဖြင့် ပြသပေးမည်ဖြစ်ပါသည်။ မျက်လုံးစွေကြည့်ရတဲ့ရက်တွေ မရှိတော့ပါ။

  • Bubble animations

    Bubble animation များသည် စာတိုပေးပို့သည့် အက်ပလီကေးရှင်းကို မျက်နှာပြင်အပြည့် ဖွင့်စရာမလိုဘဲ စကားဝိုင်းများအကြား ချက်ချင်းဆိုသလို ပြောင်းလဲဝင်ရောက်ပြီး ပြောဆိုစေနိုင်ပါသည်။

  • Media Player

    ဒီဇိုင်း ပြောင်းလဲပြင်ဆင်ထားသော Media Player ကို ယခုအခါ ပိုမိုရိုးရှင်းစွာဖြင့် အသုံးပြုနိုင်ပါပြီ။

  • Custom Notification Changes

    ဝင်ရောက်လာသော အသိပေးချက်များကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် အသိပေးချက်များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်သည်။ သင်ရွေးချယ်သည့်ခေါင်းစဉ်များတွင် ထည့်ထားခြင်းဖြင့် မတူညီသော သတိပေးချက် လမ်းကြောင်းများကို အမျိုးအစားခွဲပြီး လျှော့လိုက်ပါ။

  • Conversation widgets

    Conversation widget များသည် chat များဆီသို့ အမြန်ဝင်ရောက်ကာ ပြောဆိုစေနိုင်သောကြောင့် သင့်အနေဖြင့် အက်ပလီကေးရှင်းကို ဖွင့်စရာမလိုဘဲ home screen မှ စကားပြောဆိုနိုင်ပါသည်။

ကိုယ်ရေးအချက်အလက် လုံခြုံမှု

+ OPPO ColorOS 12 feature list
  • Privacy Dashboard

    ကိုယ်ရေးအချက်အလက် ဒက်ရှ်ဘုတ်တွင် ရှင်းလင်းသော ခြုံငုံသုံးသပ်ချက်နှင့်အတူ ခွင့်ပြုချက်များအားလုံးကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပါသည်။ အက်ပလီကေးရှင်းတခု လွန်စွာထိုးဖောက်ရှာဖွေခံနေရပါသလား သို့မဟုတ် ပိုမိုဝင်ရောက်ခွင့်ပေးလိုပါသလား။ ColorOS 12 က သင့်အား သင့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်အောင် ပြုလုပ်ပေးထားပါသည်။

  • Approximate Location Sharing

    အက်ပလီကေးရှင်းတိုင်းသည် သင်၏တည်နေရာ အတိအကျကို သိရှိရန်မလိုအပ်ပါ။ အက်ပလီကေးရှင်းတခုမှ တည်နေရာအချက်အလက်ကို တောင်းဆိုသောအခါ အနီးစပ်ဆုံးတည်နေရာကိုသာ မျှဝေရန် သင်ရွေးချယ်နိုင်ပါသည်။ သင့်အချက်အလက်က သင့်ရွေးချယ်မှုဖြစ်ပါသည်။

  • Microphone and Camera Indicators

    သင်၏ ဒီဂျစ်တယ်ဘဝသို့ သွားလာရာတွင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုသည် အရေးအကြီးဆုံးနေရာတွင် ရှိပါသည်။ အက်ပလီကေးရှင်းတခုသည် ကင်မရာ သို့မဟုတ် မိုက်ခရိုဖုန်းကို ချိတ်ဆက်လိုသည့်အခါတိုင်း ColorOS 12 က သင့်အား icon ဖြင့် အချက်ပြမှုကို ချက်ချင်းပေးမည် ဖြစ်သည်။

  • Microphone and Camera Toggles

    သင်၏ ခွင့်ပြုချက်များနှင့်ပတ်သက်ပြီး ဘယ်အရာမှ မခက်ခဲပါဘူး။ မည်သည့် အက်ပလီကေးရှင်း၏ ကင်မရာ သို့မဟုတ် မိုက်ခရိုဖုန်း ခွင့်ပြုချက်များကို ပိတ်ရန်အတွက် control center ကို အောက်သို့ တချက်ပွတ်ဆွဲရုံဖြင့် ပြုလုပ်နိုင်ပါသည်။

  • Presentation of Notifications

    အချို့အက်ပလီကေးရှင်းများသည် အကြောင်းကြားချက်ဘားတွင် ခွင့်ပြုချက်တောင်းခံနိုင်သည်—သင်တဦးတည်းသာ ခွင့်ပြုချက်ပေးနိုင်သည်။ သင့်အချက်အလက် မျှဝေမှုကို သင်သာ ဆုံးဖြတ်နိုင်ပါသည်။

  • Anti-peeping for Notifications

    ချောင်းကြည့်ခြင်းရန်မှ ကာကွယ်ပေးမည့် Anti-peeping နည်းပညာတွင် AI ကို အသုံးပြုထားသောကြောင့် အခြားမျက်နှာများက သင့်ဖုန်းမျက်နှာပြင်ကို ကြည့်ရှုတာနှင့် အကြောင်းကြားချက်များကို ဖုံးကွယ်ပေးမည် ဖြစ်ပါသည်။ ဒီနည်းလမ်းသည် မိမိ၏ ဖုန်းကို စပ်စပ်စုစု ကြည့်ရှုတတ်သူများအား အနိုင်ယူနိုင်သော အသုံးတည့်သည့် နည်းလမ်းတခု ဖြစ်ပါသည်။

  • Security Authentication for Privacy

    သင့်ဖုန်းပေါ်ရှိ အချက်အလက်များကို ကာကွယ်မှု အလွှာများစွာအပြင် ကုဒ်ဝှက်စနစ်ဖြင့် အချိန်တိုင်း ပိတ်ဆို့ထားသည်။ ဓာတ်ပုံများ၊ အဆက်အသွယ်များ သို့မဟုတ် စကားပြောဆိုမှုမှတ်တမ်းများ ဖြစ်ပါစေ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖြစ်ပါစေ ePrivacy、ISO27001 အသိအမှတ်ပြုလက်မှတ်များနှင့် ပြီးပြည့်စုံသော စက်မှုထိပ်တန်းနည်းပညာတို့ကြောင့် လုံခြုံစေမည် ဖြစ်ပါသည်။

  • Safety & Emergency Settings

    SOS အရေးပေါ် အဆက်အသွယ် လုပ်ဆောင်ချက်ကို စက္ကန့်တိုင်း အရေးကြီးသည့် အချိန်အခိုက်အတန့်အတွက် settings menu တွင် လွယ်ကူလျင်မြန်စွာ ဝင်ရောက်အသုံးပြုနိုင်သည်။

လူသားဆန်ခြင်း

+ OPPO ColorOS 12 feature list
  • Accessibility 2.0

    ColorOS 12 တွင် စာသားချဲ့ကြည့်ခြင်း၊ စာသားကို အသံဖတ်ပေးခြင်း၊ အရောင်မြှင့်တင်ခြင်းနှင့်⁸ အခြားအသုံးပြုနိုင်မှုဆိုင်ရာ အင်္ဂါရပ်များပါဝင်သလို သင်၏ ထူးခြားသောလိုအပ်ချက်များနှင့် ထပ်တူပြုခြင်းတွင်လည်း အခြား OS စနစ်များထက် သာလွန်ပါသည်။

  • Smart Backlight8

    ဖုန်းအလင်းရောင်သည် ပင်ပန်းနွမ်းနယ်မှု မဖြစ်စေသင့်ပါ။ ColorOS 12 သည် သင့်အား အကောင်းမွန်ဆုံးသော အလင်းရောင်တွင် လှုပ်ရှားစေနိုင်ပါသည်။ ၎င်းသည် ပတ်ဝန်းကျင် အလင်းရောင် အခြေအနေများပေါ်တွင် အခြေခံ၍ တောက်ပမှုကို ချိန်ညှိပေးကာ သင်၏ manual ပြောင်းလဲမှုများသို့ အလိုအလျောက် အလင်းချိန်ညှိမှုများကို စမတ်ကျစွာ ချိန်ညှိပေးပါသည်။

အခြေခံ အတွေ့အကြုံ

+ OPPO ColorOS 12 feature list
  • One-tap Power Saving

    ဘက်ထရီစွမ်းအင်ချွေတာပြီး ပိုမိုကြာရှည်စွာ အသုံးပြုနိုင်ရန်အတွက် တချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်ပါသည်။ ထိုအခါ သင့်ဖုန်း၏ စွမ်းအင်သုံးစွဲမှုများပြားသော အက်ပလီကေးရှင်းများအား ရှာဖွေပြီး ပိတ်သိမ်းခြင်းကို ဖုန်း နောက်တကြိမ် အားမသွင်းခင်အထိ လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။

  • Visualized Battery Dashboard

    ဘက်ထရီ ဒက်ရှ်ဘုတ်ဖြင့် သင်၏ စွမ်းအင်သုံးစွဲမှုကို ကြည့်ရှုနိုင်ပါသည်။ ၎င်းသည် သင့်ဖုန်း၏ ပါဝါသုံးစွဲမှုအပေါ် ခြုံငုံသုံးသပ်ပေးသောကြောင့် သင်၏နောက်တကြိမ်အားသွင်းမှုကို အကောင်းဆုံးဖြစ်စေမည် ဖြစ်ပါသည်။

  • Power Consumption Notifications9

    ဘက်ထရီကုန်ခါနီး အခြေအနေကို ကြိုသိနိုင်ပါသည်။ ColorOS 12 သည် အက်ပလီကေးရှင်းများက စွမ်းအင်အလွန်အမင်း သုံးစွဲသည့်အခါ အသိပေးမည်ဖြစ်သလို ဘက်ထရီတာရှည်ခံစေရန်အတွက် ပိတ်ရမည့် အက်ပလီကေးရှင်းများကိုလည်း အကြံပြုပေးနိုင်ပါသည်။

  • AI System Booster10

    အသုံးပြုနေသောအက်ပ်များပေါ်တွင် CPU ပါဝါကို အာရုံစိုက်ခြင်းဖြင့် AI System Booster သည် သင့် OS မှ အချောမွေ့ဆုံးစွမ်းဆောင်ရည်အတွက် အက်ပလီကေးရှင်းနှင့်အလုပ်များကြား အရှိန်အဟုန်ဖြင့် ရွေ့လျားနေချိန်၌ပင် AI System Booster က အမြင့်ဆုံးစနစ်တုံ့ပြန်မှုကို သေချာစေမည် ဖြစ်သည်။ RAM ကို 30% ပိုထုတ်ပေးပြီး စနစ်သက်တမ်းက 36 လ အသုံးပြုပြီးနောက် 2.75% သာ ပြောင်းလဲပါသည်။

  • Quantum Animation Engine 3.0

    Quantum Animation Engine 3.0 နှင့်အတူ မျက်နှာပြင်ထိချက်များကို အလွန်ချောမွေ့မြန်ဆန်သော တုံ့ပြန်ချက်များဖြင့် ခံစားလိုက်ပါ။ ဖုန်းပွတ်ဆွဲခြင်း၊ အက်ပလီကေးရှင်း သို့မဟုတ် widget တခုစီတိုင်းတွင် တတ်နိုင်သမျှ သဘာဝအတိုင်း ခံစားနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။

  • RAM တိုးချဲ့မှု

    အက်ပလီကေးရှင်းများနှင့် အထွေထွေ ဖုန်းအသုံးပြုမှုများ နှေးကွေးမှုနေပါလား။ RAM တိုးချဲ့မှုကို စတင်အသုံးပြုခြင်းဖြင့် သင့်ဖုန်းကို အမြင့်ဆုံးစွမ်းဆောင်ရည်ဖြင့် လည်ပတ်နေစေပါမည်။ ၎င်းသည် သင်၏ အခမဲ့သိုလှောင်မှု အစိတ်အပိုင်းကို RAM အဖြစ်သို့ ပြောင်းလဲမည်ဖြစ်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်ကို တာရှည်စေမည် ဖြစ်သည်။

ဂိမ်းကစားခြင်းနှင့် အသံစနစ်

+ OPPO ColorOS 12 feature list
  • Rotation Lock

    Rotation lock သည် ဖုန်းမျက်နှာပြင် လှည့်နေခြင်းကို ထိန်းချုပ်ပေးသောကြောင့် မျက်နှာပြင်တိမ်းစောင်းမှုမရှိစေဘဲ ဂိမ်းကို လွတ်လပ်စွာ ကစားနိုင်စေမည်ဖြစ်သည်။

  • Ultra Touch Response

    ပြိုင်ဆိုင်မှု ပြင်းထန်သော ဂိမ်းပွဲစဥ်များတွင် စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်များသည် ဂိမ်းပွဲများကို အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။ ColorOS 12 ၏ Pro Gamer Mode တွင် Ultra-touch Response ပါဝင်သဖြင့် အပစ်အခတ်ဂိမ်းများနှင့် MOBA ဂိမ်းများကဲ့သို့သော ဂိမ်းများတွင် အထိအတွေ့ တုံ့ပြန်မှုအချိန်ကို လျှော့ချပေးမည်ဖြစ်သည်။

  • GPA 2.0

    ColorOS 12 သည် ချောမွေ့သွက်လက်သော ဂိမ်းစွမ်းဆောင်ရည်အတွက် တီထွင်ဖန်တီးထားသည်။ General Performance Adaptor (GPA) သည် တည်ငြိမ်သောကစားခြင်းအတွေ့အကြုံကို ဖန်တီးပေးကာ ဖရိမ်နှုန်း၊ အပူချိန်နှင့် အလုံးစုံစွမ်းဆောင်ရည်ကို အမြင့်ဆုံးမြှင့်တင်ရန် သင့်ဖုန်း၏ အလုပ်တာဝန်ကို ထိန်းညှိပေးသည်။ အနိုင်ရဖို့ ကစားပါ။

  • Real HD Sound 3.0

    Dirac မှ ထောက်ပံ့ပေးထားသဖြင့် ColorOS 12 သည် ပိုမိုကောင်းမွန်ပြီး စွဲမက်ဖွယ်ကောင်းသော အသံ—ပို၍ကျယ်သော အသံအကွာအဝေး၊ ပိုမိုကြည်လင်ပြတ်သားသော အသံစွမ်းဆောင်ရည်နှင့် ပိုမိုသွက်လက်သော အသံစင်မြင့်တို့ကို ပေးစွမ်းနိုင်ပါသည်။ သင့်အနေဖြင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် သီချင်းနားထောင်ခြင်း စသည့် မတူကွဲပြားသော လုပ်ဆောင်ချက်တို့ကို Bluetooth® သို့မဟုတ် နားကြပ်ပေါက် သို့မဟုတ် ဖုန်းစပီကာများမှတဆင့် ခံစားသည့်အခါ နှစ်လိုဖွယ်ကောင်းသော အသံအရည်အသွေးကို ရရှိစေမည် ဖြစ်ပါသည်။

Personality

+ OPPO ColorOS 12 feature list
  • Wallpaper အခြေခံ theme များ

    ColorOS 12 သည် သင့်ဖုန်းတစ်ခုလုံးတွင် သင်အသုံးပြုနိုင်သည့် ဖြည့်စွက်အရောင်ကို ဖန်တီးပေးကာ သင့်နောက်ခံပုံ၏ လွှမ်းမိုးသောအရောင်ကို အလိုအလျောက် ရှာဖွေပေးနိုင်ပါသည်။

  • Soloop-Face စတစ်ကာများ

    Cartoon mode ကို သွားပါ။ လှုပ်ရှားမှုကို ခြေရာခံနိုင်သော စတစ်ကာများကို မျက်နှာများတွင် ထည့်သွင်းပြီး သင့်ဗီဒီယိုများကို ပိုကောင်းအောင် ပြုလုပ်ပါ။

သင့်ထုတ်ကုန်ကို အဆင့်မြှင့်နေပါသည်

OPPO ColorOS 12 feature list
ColorOS milestones ColorOS milestones
ColorOS
မှတ်တိုင်များ
ဘယ်လို စတင်ခဲ့သလဲ၊ ဘယ်လို ဆက်သွားနေသလဲ
ပြခန်း
ColorOS wallpaper
ColorOS wallpaper
ColorOS wallpaper
ColorOS wallpaper
ColorOS wallpaper 01
ColorOS wallpaper 02
ColorOS wallpaper 03
ColorOS wallpaper 04
ColorOS wallpaper 05
ColorOS wallpaper 06
ColorOS wallpaper 07
ဒေါင်းလုဒ်

Wallpaper အားလုံး ဒေါင်းလုဒ်လုပ်ပါ

ColorOS နှင့် Android

ColorOS 12 ကို ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး OS တခုဖြစ်သော Android 12 ပေါ်တွင် အခြေခံထားပါသည်။ ထိုအခြေခံအုတ်မြစ်ပေါ်တွင် ဖန်တီးထားသော၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အဆင့်မြှင့်တင်မှုများသည် ColorOS 12 ကို အလွယ်ကူဆုံးနှင့် အလိုလိုသိမြင်နိုင်သော အတွေ့အကြုံဖြစ်အောင် ဂရုတစိုက် ဒီဇိုင်းထုတ်ထားပါသည်။