သင်၏နိုင်ငံ သို့မဟုတ် ဒေသကို ရွေးချယ်ပါ လက်ရှိဝဘ်ဆိုက်တွင် ဆက်နေမည် အခြားဝက်ဆိုက်တစ်ခုကို ရွေးချယ်မည်
close

ဤဆိုက် ကောင်းမွန်စွာ လုပ်ဆောင်ရန်နှင့် အသုံးပြုမှုကို စိစစ်ရန်အပြင် သင်၏ လေ့လာကြည့်ရှုမှု အတွေ့အကြုံကို အကောင်းဆုံးဖြစ်စေရန် ကွတ်ကီးများနှင့် အလားတူ နည်းပညာများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ဤဆိုက်ကို ဆက်လက်၍ လေ့လာကြည့်ရှုခြင်းဖြင့်၊ ယင်း ကွတ်ကီးများ၏ အသုံးပြုမှုကို သင်သဘောတူပါသည်။ နောက်ထပ် ဖတ်ရှုရန်

close
close

Cookie setting

OPPO Enco Free

OPPO Enco Free

သင့်စမတ်ဖုန်းနှင့် အလိုက်ဖက်ဆုံးဖြစ်မည့် အဖော်မွန်

ခေတ်အမီဆုံး
ဒီဇိုင်းနှင့်
ပေါ့ပါးလွတ်လပ်သော ကြိုးမဲ့ပုံစံ

OPPO Enco Free နားကြပ်ကို သင့်စမတ်ဖုန်းနှင့် ကိုက်ညီလိုက်ဖက်မှုရှိအောင် အကောင်းဆုံး ဒီဇိုင်းရေးဆွဲထားပြီး နေ့စဉ်နားဆင်အသုံးပြုရာတွင် ကြုံတွေ့နိုင်သည့် အနေအထားအားလုံးကို ထည့်သွင်းစဉ်းစားကာ ပုံဖော်ထားခြင်းဖြစ်ပါသည်။ ဂိမ်းဆော့ကစားခြင်းနှင့် ဗီဒီယိုကြည့်ခြင်းတို့အတွက် ပိုမိုကောင်းမွန်လာရုံမျှမက ဖုန်းခေါ်ဆိုစဉ်ကာလအတွင်း မလိုအပ်သော ဆူညံသံများကို AI Uplink အသုံးပြု၍ ဖယ်ရှားနိုင်သောကြောင့် လွတ်လပ်ပေါ့ပါးစွာ ကြိုးမဲ့အနေအထားဖြင့် သင့်ဖုန်းနှင့် အကောင်းဆုံးဆက်သွယ် ချိတ်ဆက်ပေးသွားနိုင်မည်ဖြစ်ပါသည်။

  • နားကြပ်နှစ်ဖက်လုံး တစ်ပြိုင်နက်
    ဘလူးတူးထုတ်လွှတ်နိုင်ခြင်း

  • အလွန် လျင်မြန်သည့် စပီကာ

  • ဖုန်းခေါ်ဆိုရာတွင် AI နည်းပညာသုံး
    ဆူညံသံ လျော့ချခြင်း

  • တွန်း၍ တို့ထိခြင်း

  1. White
  2. Black

အခြေခံကျကျ ဒီဇိုင်းပြန်လည်ရေးဆွဲထားသော
ခေတ်ရှေ့ပြေး အော်ဒီယို

Headphone နားကြပ်တစ်ခုအတွက် စပီကာသည် အသက်ပင်ဖြစ်ပါသည်။ OPPO Enco Free တွင် အကောင်းတကာ့ အကောင်းဆုံး အော်ဒီယိုလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သော အလွန်လျင်မြန်သည် အမိုက်စား စပီကာကို ထည့်သွင်းပေးထားကာ အဆင့်မြင့်စတီဒီယိုကြီးများတွင် အသုံးပြုသည့် FPC နေရာချထားသည့် စနစ်တို့ ပေါင်းစပ်အသုံးပြုထားသည်။ ၄င်းစနစ်တွင် ခေတ်မီနည်းစနစ်များဖြစ်သော သံလိုက် ဆားကစ်တစ်စုံ၊ တိုက်တေနီယံ အလွှာအုပ်ဆောင်းအတွင်းရှိ မဂ္ဂနေလီယံအလွှာအထပ်များပါဝင်သည်။

    1. အလွှာ ၄ လွှာ ပါဝင်သည့်
      အသံကွိုင်နှစ်စုံ

    2. သံလိုက်
      ဆားကစ်တစ်စုံ

    3. FPC မောင်းတံ

    4. အသံစွမ်းရည်ကို
      မြင့်တင်ပေးနိုင်သော
      TPU အလွှာပါး

    5. မဂ္ဂနေလီယမ်
      အထပ်
      အလွှာပါး

တည်ငြိမ်၊ လျင်မြန်စွာဖြင့်
သင့်နားသောတ အာရုံဆီသို့ ပျံ့လွှင့်လာမည့် သံစဉ်များ

OPPO ၏ ခေတ်ရှေ့ပြေးသော ဘလူးတူနားကြပ်သည် နားကြပ်နှစ်ဖက်လုံးဆီသို့ အသံကို ဘယ်နှင့်ညာ နှစ်ဖက်လုံးဆီ တပြိုင်နက် ပို့ဆောင်နိုင်သဖြင့် သင့်ကို စည်းချက်ညီသော သံစဉ်များကို သောတဆင်နိုင်အောင် ဆောင်ရွက်ပေးပါလိမ့်မည်။ ထို့အပြင် စနစ်တစ်ခုလုံးအား ကျယ်ကျယ်ပြန့်ပြန့် ချိန်ညှိအဆင့်မြှင့်တင်ပေးထားသဖြင့် ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ဖုန်းပြောဆိုခြင်းတို့တွင် နှောင့်နှေးကြန့်ကြာခြင်း၊ ထစ်ခြင်း၊ အံမဝင်ခြင်းနှင့် အခြားသော အနှောက်အယှက်များအားလုံးကို မဖြစ်ပေါ်စေဘဲ ကောင်းမွန်သော အသံအရည်အသွေးကို ရရှိစေမည်ဖြစ်ပါသည်။

နားကြပ်နှစ်ဖက်လုံး တစ်ပြိုင်နက်
ဘလူးတူးထုတ်လွှတ်နိုင်ခြင်း
စမတ်ဖုန်း ပလက်ဖောင်းများတွင်
ကိုက်ညီမှုရှိခြင်း

သာမာန် TWS နားကြပ် ဘလူးတူအား ဘယ်မှညာသို့
ထပ်ဆင့်လွှင့်ပေးခြင်း

OPPO Enco Free နားကြပ် ဘယ် / ညာ နှစ်ဖက် တပြိုင်နက် ဘလူးတူး ထုတ်လွှင့်နိုင်ခြင်း

မည်သည့်အရပ်တွင် ရှိနေပါစေ
ရှင်းရှင်းလင်းလင်း နားဆင်နိုင်မည်

မိုဘိုင်လ်းဖုန်းအသုံးပြုမှုနယ်ပယ်တွင် အချိန်နေရာမရွေး စိတ်ပူပန်မှု ကင်းဝေးစွာ ဖုန်းခေါ်ဆိုစေနိုင်မည်ဖြစ်သည်။ OPPO ၏ နည်းပညာမြင့် မိုက်ခရိုဖုန်းတစ်စုံတွင် ဆက်သွယ်လိုသော ဖုန်းရှိရာရေဒီယိုလှိုင်း ဦးတည်ထုတ်လွှတ်ပေးသော beam-forming နည်းပညာနှင့် ဆူညံသံများမှ စစ်ထုတ်ပေးနိုင်သော AI uplink ကိုအသုံးပြုထားသည့်အတွက် သင်မည်သည့်နေရာပတ်ဝန်းကျင်သို့ ရောက်ရှိနေသည်ဖြစ်စေ သင့်အသံကို ပြင်ပအသံများနှောက်ယှက်ခြင်း မပြုနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

လက်ဖျားထိပ်လေးနှင့် ထိတွေ့ရုံဖြင့်
အလိုအလျေက်ထိန်းချုပ်နိုင်စွမ်းရှိခြင်း

OPPO Enco Free နားကြပ်ကို တို့ထိရုံဖြင့် ဖုန်းလက်ခံစကားပြောခြင်း၊ သီချင်းအဖွင့်အပိတ် ပြုလုပ်ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အသံအတိုးအလျော့နှင့် သီးချင်းပောင်းလဲခြင်းအတွက် နားကြပ်တွင် လက်ဖျားထိပ်ဖြင့် အပေါ်အောက် ဆွဲချဆွဲတင်ရုံဖြင့် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

အပေါ်အောက် တင်ချခြင်း အသံ အတိုးအလျော့
(နားကြပ်၏ ဘယ်ဘက်)
သီချင်းပြောင်းခြင်း
(နားကြပ်၏ ညာဘက်)

နှစ်ချက် တို့ထိခြင်း ဖုန်းဖြေခြင်း
ဖုန်းခေါ်ဆိုမှု ရပ်စဲခြင်း

* သင့်လက်ချောင်းများကို နားကြပ်ဘယ်ဘက်၏ အပေါ်အောက်ကို ဆွဲတင်ဆွဲချရုံဖြင့် သီချင်း အတိုးအလျော့ ပြုလုပ်နိုင်ပြီး သီချင်းပြောင်းရန် နားကြပ်၏ ညာဘက်ကို အပေါ်အောက်ရွေ့လုပ်ဆောင်ရမည်ဖြစ်သည်။

နားကြပ်တစ်စုံ
အလိုက်ဖက်ဆုံးသော တွဲဖက်မှု

OPPO Enco Free ၏ နားကြပ်တံသည် လူ၏နားဖြင့် အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ ပြေပြစ်ချောမွေ့သော စီလီကွန်ရော်ဘာအရည်ကို အသုံးပြုထားပြီး နားကြပ်တစ်ခုတွင် ထူးခြားချက်၂ ခုပေါင်းစပ်မှုအဖြစ် နားနဲ့အံဝင်ခွင်ကျဖြစ်စေသော ပင်မနားကြပ်ခေါင်းနှင့် လေဝင်ထွက်ကောင်းအောင် ဆောင်ရွက်ပေးသော ဒုတိယနားကြပ်ခေါင်းတို့ပါဝင်ပါသည်။ ထို့ကြောင့် နားကြပ်ကိုတပ်ဆင်ရာတွင် ဟန်ချက်ညီညီ၊ မြဲမြဲမြံမြံဖြင့် သက်တောင့်သက်သာရှိသော အတွေ့အထိကို ရရှိမည်ဖြစ်ပါသည်။

ပင်မ နားကြပ်ခေါင်း

ဒုတိယ နားကြပ်ခေါင်း

  • 2 ထူးခြားမှုရှိသော

    နားကြပ်ခေါင်း ရွေးချယ်မှု

  • 3 အရွယ်အစား

    ရရှိနိုင်သော

  • 4.6  g

    အလွန်ပေါ့ပါးသော ဒီဇိုင်း

  • သစ်လွင်သော

    လိုက်လျောညီထွေမှုရှိသော ဖွင့်လှစ်မှု

သိသာထင်ရှားသာ တောက်ပြောင်လှပမှု

ကြိုးမဲ့နားကြပ်သည် ကြိုးတပ်နားကြပ်များကဲ့သို့ ကြိုးများရှုပ်ယှက်ခတ်ခြင်းမရှိပါ။ OPPO Enco Free ၏ ထိတွေ့ထိန်းချုပ်နိုင်သော မျက်နှာပြင်သည် ခေတ်ရှေ့ပြေးဆွဲဆောင်မှုရှိရုံမျှမက ထူးခြားတောက်ပသော ဒီဇိုင်းက ဆွဲဆောင်မှုအပြည့်ဖြင့် အများကြားတွင်ထင်ရှားစေမည်ဖြစ်ပါသည်။ တွန်းသည့်ဘားတန်းခလုပ်များအားလုံးကို လှပသေသပ်စွာ ထွင်းထားပြီး ပိုမိုထူးခြားသော အမြင်ကို ရရှိစေရန် မီးအလင်းတန်းများဖြင့် ပုံဖော်ထားပါသည်။

၂၅ နာရီ တဆက်ထည်းဖွင့်ခြင်း
တနေ့တာထက် ကျော်လွန်ကာ နားသောတဆင်နိုင်မှု

Headphone နားကြပ်၏ အားသွင်းဗူးကို သယ်ဆောင်ရုံဖြင့် ၂၅ နာရီကြာ သီချင်းနားဆင်နိုင်ခြင်းနှင့် ၁၅ နာရီကြာ ဖုန်းခေါ်ဆိုမှုပြုနိုင်ပါသည်။ အားသွင်းဗူးမပါဘဲ ၅ နာရီကြာ သီချင်းဖွင့်ထားနိုင်ပြီး ၃ နာရီကြာ ဖုန်းခေါ်ဆိုမှုပြုနိုင်မည်ဖြစ်ပါသည်။ လျင်မြန်လွယ်ကူသော အားသွင်းစနစ်က သင်အကြိမ်မည်မျှ အသုံးပြုနားထောင်စေကာမှု တစ်နေ့တာအတွက် လုံလောက်သော အားသွင်းစနစ်က ပံ့ပိုးကူညီပါလိမ့်မည်။

  • 5+20  နာရီ

    သီချင်းနားဆင်ခြင်း

  • 3+12  နာရီ

    ဖုန်းခေါ်ဆိုခြင်း

မှတ်ချက် : အသုံးပြုနိုင်သော အချိန်အချက်အလက်များသည် OPPO ၏ လက်တွေ့စမ်းသပ်ခန်းတွင် အသံ ၅၀% ဖွင့်၍ စမ်းသပ်ထားသည့်အပေါ်တွင် အခြေခံခြင်းဖြစ်သည်။ အားသွင်းသည့်အချိန် ကြာမြင့်မှုသည် လက်တွေ့အခြေအနေပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။

အဆက်မပြတ် ဖွင့်ထားနိုင်ခြင်း
ဆက်သွယ်ထားနိုင်ခြင်း

အားသွင်းဗူးကို ဖွင့်ပါ။ ထို့နောက် OPPO Enco ကြိုးမဲ့နားကြပ်ဖုန်းနှင့် ဆက်သွယ်ရန် သင့်ဖုန်းရှိ pop-up window တွင်ပေါ်လာမည်ဖြစ်သည်။ တစ်ကြိမ်မျှ ချိတ်ဆက်ထားရုံဖြင့် သင့်နားကြပ်သည် အားသွင်းဗူးဖွင့်သည့်အချိန်တိုင်း သင်ကိုယ်တိုင်အားသွင်းသည်ထက်ပိုမို လျင်မြန်သောနှုန်းဖြင့် အလိုအလျောက် ဆက်သွယ်ပေးနိုင်မည်ဖြစ်သည်။

မှတ်ချက် : လျင်မြန်စွာဆက်သွယ်ပေးနိုင်သော လုပ်ဆောင်ချက်သည် OPPO စမတ်ဖုန်း ColorOS version 7.0 အထက်ရှိသည့် A Series၊ F Series၊ Reno2 Z, R15, Reno3 (4G ဗားရှင်း) နှင့် Reno3 Pro (4G ဗားရှင်း) တို့တွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

OPPO Enco Free true wireless
headphones specifications

Model (headphones) ETI02
Product colors White/Black/Pink
Model (charging case) ETI03
Driver 13.4 mm dynamic driver
Driver sensitivity 120 dB @ 1 kHz @ 1 mW
Frequency response range 16 Hz~20 kHz
Microphone sensitivity -42 dBV/Pa
Bluetooth® version 5.0
Wireless range 10 m
Battery type Rechargeable lithium-ion battery
Battery capacity 31 mAh (headphones), 410 mAh (charging case)
Music play time (50% volume) 5 h (single charge), 25 h (with charging case)
Charging time* 70 min (headphones), 110 min (charging case)
Charging port Type-C
Water resistance (headphones) IPX4
Weight (Entire device) 48.2g

Notes:

1. Binaural simultaneous Bluetooth® transmission works with Qualcomm and MTK smartphone platforms.

2. The six patented technologies are as follows: CN209390359U, CN209390360U, CN209526840U, CN209526870U, CN209526841U, CN209526873U.

3. Ultra-dynamic speakers installed in OPPO Enco Free true wireless headphones are supplied by two suppliers.

4. Play time data is based on OPPO laboratory tests conducted at 50% speaker volume in music mode. Specific times for charging and use will vary according to actual circumstances. Using OPPO Enco Free headphones in Cinema mode or Game mode will reduce their play time.

5. OPPO Enco Free headphones support the Bluetooth® 5.0 standard. The Bluetooth® protocol is backward compatible and works with both Android and iOS. For best performance, please use with OPPO mobile phones. Due to performance characteristics of Bluetooth® headphones, electromagnetic interference in the surrounding environment may impact their signal stability.

6. IPX4 water resistance protects against everyday splashes and spills, but cannot guarantee protection under more extreme conditions. To prevent damage from sweat, please avoid wearing the head phones during intense physical activity.

7. The quick pairing function is supported by OPPO smartphones running ColorOS version 7.0 or higher, excluding A Series, F Series, Reno2 Z, R15, Reno3 (4G version) and Reno3 Pro (4G version).

8. Play time and charging time data are based on OPPO laboratory tests with standard OPPO chargers conducted at a controlled temperature of 25°C. Specific times for charging and use will vary according to actual circumstances and charger specifications.

9. The above product details and product date are for reference only. Some product specifications and descriptions may change for reasons including but not limited to supplier replacement. Please refer to the actual product for all criteria.