{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-09-05
  • OPPO Watch: Features Highlight

    IoT (Internet of Things) ဆိုတဲ့ဝေါဟာရဟာ ဒီဘက်နှစ်တွေထဲ အတော် လူသိများကျယ်ပြန့်တဲ့ အသုံးနှုန််းတစ်ခုဖြစ်လာတယ်။ Smartphone တွေဟာ လူစိတ်ဝင်စားမှုအားကောင်းသေးတယ်ဆိုပေမယ့် အသစ်အဆန်းဖန်တီးမှုဘောင်ဟာ တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့တာ လက်ခံရမယ့် အမှန်တရားတစ်ခု ဖြစ်လာခဲ့ပြီ။

    ဒါကိုသဘောပေါက်တဲ့ နည်းပညာနယ်ပယ်က Company တွေဟာလည်း သူတို့ Smartphone တွေနဲ့ အပြန်အလှန််ချိတ်ဆက်နိုင်ပြီး User တွေအတွက်လည်း ပိုအသုံးတည့်စေမယ့် IoT နယ်ပယ်မှာ သူတို့စျေးကွက်ကို ချဲ့ထွင်ဖို့ ကြိုးစားလာကြတယ်။ ဒါကြောင့် ခု Article မှာတော့ OPPO ကနေ ပူပူနွေးနွေးမိတ်ဆက်ထားတဲ့ သူတို့ရဲ့ IoT family member အသစ််၊ Smartwatch နယ်ပယ်ရဲ့ ပထမ ခြေလှမ်းဖြစ်လာတဲ့ OPPO Smart Watch အကြောင်းကို feature Highlight အနေနဲ့ ပြောပြသွားချင်ပါတယ်။

    OPPO Smart Watch (46mm) - 319,900 ကျပ်
    OPPO Smart Watch (41mm) - 229,900 ကျပ်

    Design ပိုင်း

    OPPO Smartwatch ကို မြင်လိုက်ပြီဆိုတာနဲ့ စ သတိထားမိကြမှာက သူ့ရဲ့ Design ပိုင်းပါ။ နာရီနဲ့ပတ််သက်ရင် လေးထောင့်ကျတာလေးတွေ သဘောကျတတ်တဲ့ ကျွန်တော့်လိုလူမျိုးအတွက် သူ့ဘေးနှစ်ဖက်အခုံး (Dual Curved Screen) က မြင်နေကျ Smartwatch Design တွေကနေ ခွဲထွက်တဲ့ feeling မျိုး ရတယ်။ သူ့ Body တည်ဆောက််ပုံအရ Frame တွေမှာ Aluminium Alloy, ကျောဘက်မှာတော့ Ceramic (ကြွေ) နဲ့ပါ။ Frame ရဲ့ Color ကို လိုက်ပြီး ရာဘာလက်ပတ်ကြိုးကိုလည်း 46mm မှာ Black, 41mm မှာ Pink Gold & Black စတဲ့အရောင်တွေကိုရွေးချယ်နိုင်ပါတယ်။

    OPPO Watch: Features Highlight

    Premium Display on Smartwatch?

    ဖုန်းတွေမှာဆို High-end တွေမှာမှ မျှော်လင့်ရနိုင်လေ့ရှိတဲ့ Curved AMOLED display ကို Smartwatch ပေါ်မှာ ရတဲ့အချက်က အတော်မိုက်တဲ့ feeling ပါ။ Curved AMOLED Display ကိုတော့ 46mm မှာ သုံးပေးထားပြီး 41mm မှာတော့ Normal Display ပဲပါဝင်ပါတယ်။ 46mm နဲ့ 41mm ဒီ နာရီ အရွယ်အစား နှစ်ခုပေါ်မူတည်ပြီး 1.91” နဲ့ 1.60” Display အရွယ်နှစ်မျိုး ကွဲသွားမယ်။ 326ppi နဲ့ သူ့ရဲ့Brightness ကလည်း နေရောင်အောက်မှာ ကောင်းကောင်းမြင်နိုင်တဲ့ ပမာဏကို ထုတ်ပေးနိုင်မယ့် Display မျိုးပါ။

    Watch Display အကြောင်းပြောပြီဆိုရင် သူ့မှာပါတဲ့ Watch Face တွေကိုလည်း မေ့မထားသင့်ပါဘူး။ OPPO Watch မှာ အထာကျတဲ့အချက်တစ်ချက်ကို ထောက်ပြပါဆိုရင် သူ့ရဲ့ AI Watch Face ကို သေချာပေါက် ထည့်ပြောရမှာပါ။ ဒီ feature ကို သုံးနိုင်ဖို့ ဖုန်းမှာ “HeyTap Health ဆိုတဲ့ App ကို install လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။ အဲဒီ App ထဲကနေ Manage> Manage Watch Faces> Style-Matching AI Watch Face ကို ရွေးပြီး ဖုန်း Camera ကနေ ကိုယ့် အင်္ကျီကို scan လုပ်ရမှာပါ။ ဒါဆိုရင် သူ့ AI က ကိုယ်ဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့ လိုက်မယ့် Watch Face Design ၈ မျိုးအထိ ဖန်တီးရွေးချယ်ခွင့်ကို ပေးပါလိမ့်မယ်။ Fashion နဲ့ပတ်သက်ရင် အသေးစိတ်ဂရုစိုက်တတ်တဲ့ လူငယ်တွေအတွက် သူ့ AI Watch Face က ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးမယ့် feature တစ်ခုလို့တောင် တင်စားနိုင်ပါလိမ့်မယ်။

    OPPO Watch: Features Highlight

    သူ့မှာ Original အနေနဲ့လည်း Watch Face ၁၂ ခု အထိပါပြီး တခြား 3rd Party Watch Face တွေကိုလည်း Playstore ကနေ download လုပ်နိုင်ပါသေးတယ်။ ဒါနဲ့တင် မကျေနပ်သေးပါဘူးဆိုလည်း HeyTap App ထဲက Memories/ Album ထဲကနေ စိတ်ကြိုက် Watch Face တွေ ဖန်တီးနိုင်ပါသေးတယ်။ ဒါက Design, Fashion နဲ့ပတ်သက်လာရင် OPPO ရဲ့ ချီးကျူးလောက်တဲ့ အသေးစိတ်မှုလို့တောင် ဆိုရမှာပါ။

    Wear OS by Google

    Google Service တွေနဲ့ လက်ပွန်းတတီးရှိချင်သူတွေအတွက်တော့ OPPO Watch က ရွေးချယ်မှုကောင်းတစ်ခုလို့ ပြောရမလားပဲ။ Wear OS ရဲ့ အဓိကအားသာချက်တစ်ချက်ကတော့ Watch Face တွေအပါအဝင် Smartwatch တွေအတွက် အသားပေးဖန်တီးထားတဲ့ ထောင်ချီတဲ့ App တွေကို Playstore ကနေ Download ဆွဲပြီး အသုံးပြုနိုင်မယ့်အချက်ပါ။ ဒါ့အပြင် Google Assistance, Social Media နဲ့ Message notification တွေ၊ Online music service တွေကိုပါ တိုက်ရိုက်အသုံးပြုနိုင်မှာပါ။ Online music အပြင် offline download & listen ကိုလည်း Watch ပေါ်မှာ တစ်ခါတည်းလုပ်နိုင်တာမို့ Music crazy တွေအတွက်လည်း convenient ပိုဖြစ်မယ်လို့ ယူဆမိိပါတယ်။

    What about hardware specifications?

    အဲလို Storage နဲ့ app တွေအသုံးပြုဖို့ OPPO Watch မှာ 8GB storage နဲ့ 1GB RAM ပါဝင်ပါတယ်။ ဒါ့အပြင် OPPO Watch ဟာ Snapdragon 3100 နဲ့ Apollo3 wireless SoC ၂ခုပြိုင်တူသုံးတဲ့ Smartwatch တစ်ခုလည်း ဖြစ်ပါတယ်။ NFC ပါလို့ Google Pay အပါအဝင် payment service တွေအတွက် အဆင်ပြေမယ်။ Mic နဲ့ Speaker ပါလို့ phone call တွေကို နာရီကတစ်ဆင် လက်ခံပြောနိုင်မယ်။ 430 mAh နဲ့ 300 mAh battery အသီးသီးပါတဲ့ ဒီ Smartwatch တွေ VOOC fast charging support ပြီး “၁၅ မိနစ်အားသွင်းရုံနဲ့ တစ်နေ့လုံးသုံးနိုင်မယ်” လို့ OPPO က ကြေငြာထားပါတယ်။

    Sports & Health support

    Google Fit ရဲ့ အားကစားနည်း ၉၀ ကျော်အပြင် OPPO က ဖန်တီးပေးထားတဲ့ Mode ၅ မျိုးအတွက် နှလုံးခုန်နှုန်း၊ ကယ်လိုရီ လောင်ကျွမ်းမှုတွေကိို တိုင်းတာပေးတာက ကျန်းမာရေးလိုက်စားသူတွေ၊ အားကစားသမားတွေအတွက်လည်း အသုံးတည့်နိုင်ပါတယ်။ ရေကူးသမားတွေအတွက်အဆင်ပြေစေဖို့ up to 50/30 meters waterproof ဖြစ်အောင် ဖန်တီးထားတယ်။ ကျန်းမာရေးအတွက်လည်း သူ့ရဲ့ Health manager ထဲမှာ တစ်နေ့တာလှုပ်ရှားမှု၊ အိပ်ချိန်၊ အထိုင်များသူတွေအတွက် လှုပ်ရှားမှုသတိပေးချက်၊ စိတ်ဖိစီးမှုလျော့အောင် အသက်ရှူဖို့ သတိပေးချက် စတဲ့ feature တွေကိုလည်း ဖြည့်စွက်ပေးထားပါတယ်။