{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-08-14
  • OPPO မှ Reno4 ဖြင့် ရိုက်ကူးပုံဖော်ထားသည့် Brand Ambassadors
    ဝတ်မှုံရွှေရည်နှင့် ပိုင်ဖြိုးသုတို့၏ “Two Queens” ဓာတ်ပုံများကို ထုတ်ဖော်ပြသ

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် အသစ်ထွက်ရှိလာမည့် OPPO Reno4 ၏ ထူးခြားဆန်းသစ်သော ကင်မရာ Features များဖြစ်သည့် AI Color Portrait နှင့် Night Flare Portrait Feature များဖြင့် ဖန်တီးပုံဖော်ခဲ့ကာ OPPO Reno4 ၏ ကင်မရာ အရည်အသွေးကို ထုတ်ဖော် ပြသရန်နှင့် အမျိုးသမီးစွမ်းဆောင်ရည်တို့ကို အားပေးမြှင့်တင်ရန်အတွက် OPPO မိသားစုဝင် Brand Ambassdor များ ဖြစ်ကြသည့် ဝတ်မှုံရွှေရည် နှင့် ပိုင်ဖြိုးသုတို့နှင့်အတူ “Two Queens” အမည်ပေးထားသည့် ဓာတ်ပုံရိုက်ကူးမှုကို ပြုလုပ် ခဲ့ကြောင်း OPPO မှ ထုတ်ပြန်ကြေညာလိုက်သည်။

    အဆိုပါ ဓာတ်ပုံများကို All We Need Studio နှင့် ကိုအောင်ကျော်ထွန်း (Visual Design) က OPPO Reno 4 ဖြင့် ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်ပြီး မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနှင့် ခေတ်သစ်အလှအပများကို ပေါင်းစည်းထားသည့် “Fusion Theme” ဖြင့် ဖော်ကြူးထားသည်။ “Two Queens” ဆိုသည့် ခေါင်းစဉ်နှင့်အညီ အမျိုးသမီးစွမ်းရည်မြှင့်တင်‌ရေး၊ နန်းဆန်မှုနှင့် ဩဇာငြိမ့်ညောင်းမှုတို့ကို မီးမောင်းထိုးပြရန် Background အကြောင်းအရာများကို မြန်မာ့ရိုးရာပုံရိပ် အမှတ်အသားများဖြစ်သည့် ပလ္လင်၊ ခြင်္သေ့အစရှိသည်တို့ကို ခေတ်ဆန်သော ပုံစံသို့ ပြောင်းလဲအသုံးပြုကာ ရိုက်ကူး ထားသည်။ ဤရိုက်ကူးထားသည့် ဓာတ်ပုံများမှ တစ်ဆင့် ဝတ်မှုံရွှေရည်နှင့် ပိုင်ဖြိုးသုတို့၏ တစ်မူထူးခြားသော ပုံစံများကို တွေ့မြင်ရမည့်အပြင် OPPO ၏ ဆန်းသစ်မှုများကို အမြဲလုပ်ဆောင်လိုသော သဘောထားကိုပါ တွေ့မြင်ရမည်ဖြစ်သည်။

    Reno4 ဖြင့် ရိုက်ကူးပုံဖော်ထားသည့် Brand Ambassadors 
ဝတ်မှုံရွှေရည်နှင့် ပိုင်ဖြိုးသုတို့၏ “Two Queens”

    OPPO မိသားစုဝင် Brand Ambassdor တစ်ယောက်ဖြစ်သည့် ဝတ်မှုံရွှေရည်က “Two Queens” ရိုက်ကူးမှုနှင့် ပတ်သက်၍ “ဒီတစ်ခေါက် Photoshoot က အရမ်း Unique ဖြစ်တယ်။ ကစ်အနေနဲ့ ဒီလို Fusion Theme မျိုးနဲ့ တစ်ခါမှ မရိုက်ဖူးဘူး။ အင်္ကျီတွေရော၊ အပြင်အဆင်တွေရောကပါ ထူးခြားဆန်းသစ်တယ်။။ မြန်မာ့ရိုးရာပုံရိပ်အမှတ်အသားတွေ ကို အမြင်သစ်နဲ့ ပုံဖော်ထားတော့သဘောကျတယ်။ ပြီးတော့ OPPO ကနေ အသစ်ထွက်လာမယ့် Reno4 ရဲ့ AI Color Portrait Mode တွေနဲ့ ရိုက်တာဆိုတော့ ထူးလည်းထူးခြားတယ် အမှတ်တရလည်းဖြစ်တယ်။ ဒီ Feature က လူကို အရင် Scan ဖတ်လိုက်ပြီး ကိုယ်ဝတ်ဆင်ထားတဲ့ အရာတွေကို Color နဲ့ ဖော်ပြပေးထားတာပေါ့နော်။ နောက်ခံ Background ကတော့ အဖြူရောင်နဲ့ မီးခိုးရောင်တို့ ပေါ်တာမျိုးပါ။ အဲဒါကတော့ သူ့ရဲ့ ထူးခြားချက်ပေါ့။” ဟု ပြောကြားခဲ့သည်။

    ထို့အတူ နောက်ထပ် OPPO မိသားစုဝင် Brand Ambassdor တစ်ယောက်ဖြစ်သည့် ပိုင်ဖြိုးသုကလည်း “သုသုအတွက် ကလည်း ဒီတစ်ခါ Photoshoot က အမှတ်တရပါပဲ။ သုသု မရိုက်ဖူးသေးတဲ့ အမြင်ဆန်းသစ်တဲ့ ရိုက်ကူးမှု တစ်ခု ဖြစ်တဲ့အတွက် သဘောကျတယ်။ ဘာလို့လဲဆိုတော့ Night Flare Portrait Feature က ပုံမှန် Night Mood တွေနဲ့ မတူပါဘူး။ နောက်ခံက မီးအလင်းရောင်လေးတွေကို ပိုပြီး ဝေဝေဝါးဝါးဖြစ်စေပြီးတော့ Flare Look ဖြစ်စေတယ်။ ပုံတွေကို ပိုပြီး Flim Look ထွက်စေပြီးတော့ ကြွစေတယ်။ Night Flare Portrait Feature က Ultra Night Mode နဲ့ Portrait Mode တွေကို ပေါင်းပေးထားပြီး AI Noise Reduction နဲ့အတူတူ Algorithym ကို Highlight လုပ်ထားတာ ဆိုတော့ နောက်ခံကို တောက်ပတဲ့ မှုန်ဝါးဝါးအစက်အပြောက်တွေကို အလိုအလျောက်ဖြစ်စေတဲ့အတွက် ရိုက်ကူးပြီးရင် ထွက်လာတဲ့ ပုံက ရုပ်ထွက်အား ကောင်းမွန်တယ်။ Dynamic Rage ပိုကောင်းတဲ့ ပုံအနေနဲ့ ထွက်လာတာဆိုတော့ သုကတော့ အရမ်းကြိုက်တယ်” ဟု သူ၏ ရိုက်ကူးမှုအတွေ့အကြုံကို မျှဝေခဲ့သည်။

    Reno4 ဖြင့် ရိုက်ကူးပုံဖော်ထားသည့် Brand Ambassadors 
ဝတ်မှုံရွှေရည်နှင့် ပိုင်ဖြိုးသုတို့၏ “Two Queens”

    “Two Queens” ရိုက်ကူးမှုကို ပုံမှန်ဓာတ်ပုံရိုက်ကူးမှုများနှင့် မတူကွဲပြားအောင် ပြုလုပ်ပေးသည့်အရာမှာ Reno 4 တွင် ပါဝင်သည့် AI Color Portrait Mode နှင့် Night Flare Portrait Mode တို့ပင်ဖြစ်သည်။ AI Color Portrait Mode သည် အဓိကအားဖြင့် လူ့ခန္ဓာကိုယ်ကို အပြင်မှာ ရှိသည့် အရောင်အတိုင်း ပေါ်စေကာ နောက်ခံ Background ကို အဖြူနှင့် မီးခိုးရောင်အတိုင်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဝတ်မှုံရွှေရည် နှင့် ပိုင်ဖြိုးသုတို့၏ ပုံရိပ်များသည် ပို၍ သိသာထင်ရှား နေပြီး ပုံမှန်ဓာတ်ပုံ ပုံရိပ်များနှင့် ကွဲပြားနေစေသည်။ ထိုကဲ့သို့ လူကို ပေါ်လွင်စေသော AI Color Portrait ကို ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရန်အတွက် အရှေ့ ကင်မရာရော အနောက် ကင်မရာအတွက်ပါ အသုံးပြုနိုင်သည်။ ထို့အပြင် Night Flare Portrait Mode ဖြင့် ရိုက်ကူးထားသောကြောင့် နောက်ခံမှ မီးအလင်းရောင်များသည် Flare ပုံစံ ဝေဝေဝါးဝါးဖြင့် Film Look ရရှိစေနိုင်သောကြောင့် လူကိုလည်း အမြင်တစ်မျိုးဖြင့် လှပစေသည်။ Night Flare Portrait Mode သည် Effect များကို ထည့်ပေး၍ ပုံ၏ အခြေခံအရည်အသွေးနှင့် LLHDR Algorithm တို့ ပေါင်းစပ်ကာ နောက်ဆုံးတွင် Dynamic Range ပိုကောင်းသည့် ပုံအဖြစ် ယူဆောင်လာပေးသည်။

    Reno4 တွင် 3 + 1 Quadcam Matrix ဖြင့် 48 MP Main Camera (Sony Sensor IMX 586)၊ 8 MP Ultra Wide-angle Camera၊ 2 MP Macro Camera နှင့် 2 MP Mono Lens တို့ပါဝင်သည့် Rear Camera ၄ လုံး ပါဝင်ပြီး အရှေ့ ကင်မရာ 32MP (Sony Sensor IMX616) တို့ပါဝင်မှုကြောင့် ရုပ်ထွက်အရည်အသွေးမှာ ထူခြားကောင်းမွန်သည်။

    “Two Queens” ရိုက်ကူးမှုကို OPPO Reno 4 ဖြင့် ပုံဖော်ခဲ့သူ အောင်ကျော်ထွန်း (Visual Design) က “ကျွန်တော် ဒီ Creation အပေါ် တော်တော်အားရတယ်။ ရိုက်ရတဲ့ Theme အပေါ်ရော OPPO Reno 4 ရဲ့ Camera တွေအပေါ်ရော အားရကျေနပ်မိပါတယ်။ Night Flare Portrait Feature နဲ့ ရိုက်တုန်းကဆိုရင် လုံးဝမှောင်နေမှ အရမ်းပေါ်အရမ်းလှတော့ ရိုက်ကူးရေးလုပ်နေတုန်းက Lighting ကို လုံးဝအမှောင်ချပြီး ရိုက်တော့မှ Night Flare Portrait က ပိုပေါ်တော့တယ်။ ဖုန်းနဲ့ ရိုက်ရတယ်ဆိုပေမယ့် ဖုန်းက Quality တော်တော်ကောင်းတော့ ကိုယ့် Creation အပေါ်ကျေနပ်မှု အပြည့်ပါပဲ။ ဒီပုံတွေကို ကြည့်ရတဲ့ သူတွေအနေနဲ့လည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

    OPPO မှ “Two Queens” ရိုက်ကူးမှုကို အခြေခံ၍ AI Color Portrait သို့မဟုတ် Night Flare Portrait ကဲ့သို့သော ပုံရိပ်များဖန်တီးပြီး ဓာတ်ပုံပြိုင်ပွဲတစ်ခုပြုလုပ်လျက်ရှိပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင် ကြသူများကို Random စနစ်ဖြင့် ကံထူးသူ ၃ ဦး ရွေးချယ်ဖြစ်ပြီး OPPO Enco W11 နားကြပ်တစ်ခုစီ ပေးအပ်သွားမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် နောက်ဆုံးထား ပါဝင်ယှဉ်ပြိုင် ရမှာဖြစ်ပြီး ကံထူးရှင်များကို စက်တင်ဘာ လဆန်းပိုင်းမှာ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိ လိုပါက OPPO ၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ “Two Queens” ရိုက်ကူးမှု အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါကလည်း မကြာမီ စတင်မိတ်ဆက်တော့မည့် OPPO Reno 4 ၏ မိတ်ဆက်ပွဲတွင် စောင့်မျှော် ကြည့်ရှုနိုင်သည်။