{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-09-14
  • နေ့မိုက်ညချော OPPO Reno4 ဖြင့် ရိုက်ကူးထားသည့် စီချွမ်ဒေသ၏ သဘာဝအလှတရားများ

    OPPO မှ နေ့မိုက်ညချော OPPO Reno4 ဖြင့် ရိုက်ကူးထားသည့် စီချွမ်ဒေသ၏ ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှမြင်ကွင်းများ၊ ယဥ်ကျေးမှုနှင့် လူနေမှုဘဝပုံရိပ်များကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားသည့် OPPO Gallery ကို ထုတ်ဖော်ပြသခဲ့သည်။

    စီချွမ်ဒေသသည် အာရှတိုက်၏ အရှည်ဆုံးမြစ်ဖြစ်သော Yangtze မြစ်နှင့် အတူ တရုတ်ပြည် အနောက်တောင်ပိုင်းတွင် တည်ရှိ၍ ချစ်စရာ ဧရာမ ပန်ဒါဝက်ဝံများ နေထိုင်ရာဒေသဖြစ်သည်။ စီချွမ် ပြည်နယ်၏ မြို့တော် Chengdu သည် Fire-breathing၊ Face Mask Changing၊ Puppet Show နှင့် Shadow Play အစရှိသည့် စီချွမ် ရိုးရာအော်ပရာပွဲများ ပြုလုပ်ရာ နာမည်ကြီး၍ အချက်အချာကျသောနေရာဖြစ်သည်။ ထိုကဲ့သို့ ယဥ်ကျေးမှုအနုပညာများ ထွန်းကားသော စီချွမ်ဒေသ၏ ရင်သပ်ရှုမောဖွယ်ရာ လှပသော အခိုက်အတန့်များကို နေ့မိုက်ညချော OPPO Reno4 ၏ ထူးခြားသော ကင်မရာစွမ်ဆောင်ရည်များဖြစ်သည့် AI Color Portrait၊ Night Flare Portrait၊ Ultra Steady Video 3.0 နှင့် 960fps Smart Slow-motion စနစ်များကို အသုံးပြုကာ Sichuan ၏ အလှကို ပိုမို ပေါ်လွင်စေရန် ရိုက်ကူးတင်ဆက် ထားသည့် OPPO Gallery ကို ကြည့်ရှုခံစားနိုင်ရန် ထုတ်ဖော်ပြသလိုက်သည်။

    နေ့မိုက်ညချော OPPO Reno4 ဖြင့် ရိုက်ကူးထားသည့် စီချွမ်ဒေသ၏ သဘာဝအလှတရားများ

    စီချွမ်ဒေသ၏ ထူးခြားချက်တစ်ခုမှာ ခေတ်သစ်မြို့တော်ကြီးတွင် ရှေးဟောင်းယဥ်ကျေးမှုအနုပညာများပါ အတူတကွ တိုးတက်နေခြင်းဖြစ်သည်။ လာရောက်လည်ပတ်သူများအနေဖြင့် စီချွမ်ဒေသ၏ ခေတ်မီအဆင့်မြင့် ဟိုတယ်ကြီးများ၊ မိုးမျှော်တိုက်များနှင့် တရုတ်ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် အဆောက်အဦများကို တစ်နေရာထဲတွင် တွေ့မြင်ခံစား နိုင်မည်ဖြစ်သည်။ စီချွမ်ဒေသ၏ ဈေးများနှင့် လမ်းများတစ်လျှောက်တွင် ထူးခြားသော စီချွမ်စတိုင် ရိုးရာအိမ်များကို‌ တွေ့ရမည်ဖြစ်ပြီး ရိုးရာလက်ဖက်ရည်ဆိုင်များတွင် ဝါးကုလားထိုင်များဖြင့် သစ်သားစားပွဲများတွင် စုဝေးနေရာယူကာ စီချွမ်စတိုင် လက်ဖက်ရည်သောက်သုံးနေကြပုံများကို ဒေသခံယဥ်ကျေးမှုတစ်ရပ်အဖြစ် တွေ့မြင်နိုင်မည်ဖြစ်သည်။ စီချွမ်ပြည်နယ်တွင် လူဦးရေပေါင်း ၈၁ သန်းခန့် နေထိုင်လျက်ရှိပြီး ညအချိန်များတွင် မီးရောင်များနှင့် လူများ၏ သွားလာ လှုပ်ရှားမှု ပုံရိပ်များက ဒေသ၏ အလှကို ပို၍ သက်ဝင်လှုပ်ရှားစေသည်။ အဆိုပါ စီချွမ်ဒေသ၏ ရင်သပ်ရှုမောဖွယ်ရာ ညအချိန်ပုံရိပ်များကို OPPO Reno4 ၏ Night Flare Portrait Feature အသုံးပြုကာ ဖန်တီးပုံဖော် ရိုက်ကူး ထားသည်များကို ကြည်ရှု၍ သိရှိနိုင်သည်။

    ထို့ပြင် ပန်ဒါဝက်ဝံများသည် တရုတ်ပြည်၏ နိုင်ငံ့ရတနာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ကမ္ဘာ့ပန်ဒါဝက်ဝံ ၃၀ ရာခိုင်နှုန်းခန့်သည် စီချွမ်ဒေသတွင် နေထိုင်ကြပြီး ၂၀၀၆ ခုနှစ်တွင် Sichuan Giant Panda Sanctuaries သည် ကမ္ဘာ့ သဘာဝအမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့သည်။ စီချွမ်ဒေသ၏ Chengdu ပန်ဒါ မွေးမြူရေး သုတေသနစင်တာနှင့် Bifengxia ပန်ဒါ အခြေစိုက်စခန်းတွင် ဧရာမပန်ဒါ မျိုးစိတ်များစွာရှိသည်။

    နေ့မိုက်ညချော OPPO Reno4 ဖြင့် ရိုက်ကူးထားသည့် စီချွမ်ဒေသ၏ သဘာဝအလှတရားများ

    စီချွမ်ဒေသသည် Street Food ဆိုင်လေးများမှစ၍ စားသောက်ဆိုင်ကြီးများအထိ အစားအသောက်နှင့် ပတ်သက်၍ နာမည်ကြီးသော ဒေသလည်းဖြစ်သည်။ လူကြိုက်များသော စီချွမ်စာများဖြစ်သည့် စီချွမ် ဟော့ပေါ့၊ မာပိုတို့ဟူး၊ စီချွမ် စတိုင် ငါးဟင်း အစရှိသည့် ဟင်းလျာများသည် တရုတ်နိုင်ငံ၏ အကြီးကျယ်ဆုံး အစားအစာများအနက် တစ်ခုဖြစ်သည်။ ထို့ပြင် ရင်သပ်ရှုမောဖွယ်ရာ သဘာဝပတ်ဝန်းကျင် အလှတရားများနှင့် ပြည့်နှက်နေသော စီချွမ်ဒေသ၏ အထင်ကရ နေရာများတွင်လည်း OPPO Reno4 ၏ ထူးခြားဆန်းသစ်သော ကင်မရာ Feature များဖြင့် ရိုက်ကူးပုံဖော်ခဲ့သည်။ စီချွမ် ပြည်နယ်သည် ကြီးပွားတိုးတက်နေသော ဒေသတစ်ခုဖြစ်ပြီး ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အစားအစာနှင့် ရင်သပ် ရှုမောဖွယ်ရာ သဘာဝပတ်ဝန်းကျင်မြင်ကွင်းများကို တွေ့ကြုံလိုသူများအတွက် ရွေးချယ်သင့်သော နေရာကောင်း တစ်ခုပင်ဖြစ်သည်။

    ထိုကဲ့သို့ စီချွမ်ဒေသ၏ မြို့ပြနေထိုင်မှုဘဝပုံစံများနှင့် အံ့ဩမှင်တက်ဖွယ် သဘာဝပတ်ဝန်းကျင် မြင်ကွင်းများအပြင် တရုတ် ရိုးရာအစဥ်အလာ အော်ပရာပွဲများဖြစ်သည့် Fire Breathing၊ Face Mask Changing၊ Puppet Show နှင့် Shadow Play အစရှိသည့်ပွဲများ၊ အစားအသောက်များနှင့်တကွ စီချွမ်ဒေသ၏ ရတနာ ချစ်စရာ ဧရာမပန်ဒါဝက်ဝံများတို့၏ ပုံရိပ်များနှင့် အခိုက်အတန့်များကို OPPO မှ နေ့မိုက်ညချော OPPO Reno4 ၏ ထူးခြားသော ကင်မရာ စွမ်းဆောင်ရည်များဖြစ်သည့် AI Colour Portrait နှင့် Night Flare Portrait များကို အသုံးပြု၍ အများပြည်သူများ မျက်လုံးထဲတွင် ထိမိပြတ်သား၍ စီချွမ်ဒေသ၏ အလှကို ပိုမိုပေါ်လွင်စေရန် ရိုက်ကူးပုံဖော်ထာခြင်းဖြစ်သည်။

    နေ့မိုက်ညချော OPPO Reno4 ဖြင့် ရိုက်ကူးထားသည့် စီချွမ်ဒေသ၏ သဘာဝအလှတရားများ

    OPPO Reno4 အကြောင်း

    နေ့မိုက်ညချော OPPO Reno4 သည် ဆန်းသစ်သော Features များနှင့်အတူ ပါးလွှာသည့် ဖုန်းကိုယ်ထည်နှင့် ခန့်ထည်သည့် ဒီဇိုင်းကို အချိုးကျကျ ပေါင်းစပ်ထားကာ ခေတ်မီဆန်းသစ်သော သွင်ပြင်ကို ရရှိစေသည်။ 6.4'' Dual Punch-hole Display AMOLED Screen ပါဝင်သည့် နေ့မိုက်ညချော OPPO Reno4 တွင် အထူ 7.7mm နှင့် အလေးချိန် 165g သာ ရှိသောကြောင့် ပိုမို Premium ဆန်သည့် အသွင်အပြင်နှင့် လက်ထဲတွင် ကိုင်ဆောင်ရာတွင် ပေါ့ပါးနေစေမည် ဖြစ်သည်။

    OPPO Reno4 တွင် 2MP AI-enhanced Smart Sensor ပါဝင်သော 32MP Front Camera နှင့် 48MP Main Camera၊ 8MP Ultra Wide Angle Camera၊ 2MP Macro Camera နှင့် 2MP Mono Camera ဟူ၍ နောက်ကင်မရာ ၄ လုံး ပါရှိသည်။ OPPO Reno4 တွင် Qualcomm Snapdragon 720G Processor ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 128GB ROM ပါရှိသည်။ 30W VOOC Flash Charge 4.0 ထည့်သွင်းထားသောကြောင့် ၁၅မိနစ် အတွင်း ၃၈ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး မိနစ် ၂၀ အတွင်းတွင် ၅၀ ရာခိုင်နှုန်းကျော် အားပြည့်မည် ဖြစ်သည်။ နောက်ထပ် ထူးခြားချက်များအနေဖြင့် AI Colour Portrait နှင့် Night Flare Portrait Feature များအပြင် Video Stability ကို မြှင့်တင်ပေးသော Ultra Steady Video 3.0 ပြီး 960fps Smart Slow Motion လည်းပါဝင်သောကြောင့် Video အမျိုးမျိုးကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူး တည်းဖြတ်နိုင်မည်ဖြစ်သည်။ အသစ် ထွက်ရှိလာသော ColorOS 7.2 ကို ထည့်သွင်းထားသောကြောင့် ကောင်းမွန်သော User Friendly Experience ကို ပေးနိုင်မည့် အပြင် အလုပ်များ လျင်မြန်စွာပြီး၍ ပိုမိုကောင်းမွန်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံကိုလည်း ပေးနိုင်မည်ဖြစ်သည်။