{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-07-08
  • OPPO မှ CVPR 2020 ၏ AI ကဏ္ဍတွင် ပထမဆု (၂) ခု ရရှိခဲ့ခြင်းဖြင့် စျေးကွက်တွင် ဦးဆောင်လျက်ရှိသော နည်းပညာစွမ်းအားကို ဖော်ထုတ်သက်သေပြ

    • OPPO မှ AI ပိုင်းတွင် ဦးဆောင်လျက်ရှိသော Global Conference တစ်ခုဖြစ်သည့် CVPR 2020 တွင် ပထမဆု (၂) ခု နှင့် တတိယဆု (၂) ခု ရရှိခဲ့
    • OPPO Research Institute မှ Intelligent Perception နှင့် Interaction Department အသစ် အကြောင်း ထုတ်ဖော် ပြောကြား
    • ဆု ရရှိခဲ့သော နည်းပညာများတွင် အသေးစိတ်မြင်တွေ့ ခံစားနိုင်သော Super-Resolution၊ Visual Localization နှင့် Video တွင်း လူအပြုအမူတို့ကို မှတ်မိသိရှိခြင်း စသည်တို့ ပါဝင်သည်။

    ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်သော OPPO သည် အွန်လိုင်းမှ တစ်ဆင့် ကျင်းပခဲ့ သော Computer Vision and Pattern Recognition Conference (CVPR) 2020 တွင် ပါဝင်တက်ရောက်ခဲ့သည်။ OPPO သည် AI ပိုင်းတွင် စျေးကွက်တွင်း ရှေ့ပြေးနေသော ခေတ်မီနည်းပညာများနှင့် အသစ်သစ်သော ဆန်းသစ်တီထွင်မှုများကို မိတ်ဆက်ပြသခဲ့ပြီး သုတေသနဌာနတွင် ပိုမို ခေတ်မီဆန်းသစ်သော AI နည်းပညာများကို လေ့လာဖော်ထုတ်နိုင်ရန် Intelligent Perception နှင့် Interaction ဌာနအသစ်တိုးချဲ့ ဖွဲ့စည်းထားကြောင်းကိုလည်း ကြေညာခဲ့သည်။ မတူညီသော ပြိုင်ပွဲ (၃) ခုတွင် ပါဝင်ခဲ့ကာ ပထမဆု (၂) ခုနှင့် တတိယဆု (၂) ခုတို့ ရရှိခဲ့ခြင်းက OPPO ၏ အောင်မြင်မှုကို သက်သေပြ နိုင်ခဲ့သည်။

    ဆုရရှိခဲ့သော နည်းပညာများတွင် ဝေဝါးနေသော ပုံရိပ်တစ်ခုကို မူရင်းပုံထက် ၁၆ ဆ သဘာဝကျကျ ပိုမို ထင်ရှားစေပြီး အသေးစိတ် မြင်တွေ့ခံစားနိုင်သည့် Super-Resolution ၊ ဓာတ်ပုံကို လေ့လာသုံးသပ်ခြင်းဖြင့် ရိုက်ကူးခဲ့သော နေရာကို သိရှိနိုင်သော Visual Localizatiom နှင့် Video အတွင်း လူတို့၏ ပြုမူလှုပ်ရှားမှုတို့ကို မှတ်မိသိရှိနိုင်သော Human Activity Recognition in Video စသည့် နည်းပညာများ ပါဝင်သည်။

    ထို့ပြင် OPPO ၏ သုတေသနနှင့် တီထွင်ထုတ်လုပ်ရေး (Research and Development) ဌာနမှ အဓိက မိန့်ခွန်းများ ပြောကြားခြင်း အပါအဝင် Conference ၏ ဆွေးနွေးမှုကဏ္ဍ များစွာတွင် ပါဝင်ခဲ့ပြီး၊ ညီလာခံများတွင်လည်း နိုင်ငံတကာမှ ထောင်ပေါင်းများစွာသော သုတေသနပညာရှင်များနှင့်အတူ Computer Vision ပိုင်း နည်းပညာများအပေါ် အမြင်နှင့် ရှေ့လျှောက်ဖြစ်လာနိုင်ခြေများကို ဝေမျှဆွေးနွေးခဲ့သည်။

    CVPR သည် IEEE(The Institute of Electrical and Electronics Engineers) မှ နှစ်စဉ် ကြီးမှူးကျင်းပသော Computer Vision ဆိုင်ရာ ထိပ်တန်း ပွဲတစ်ခုဖြစ်သည်။ Computer Vision၊ Pattern Recognition၊ Machine learning နှင့် AI စသည့် အပိုင်းများ၏ ရှုထောင့်တိုင်းကို ဆွေးနွေးပြောကြားကာ ကျောင်းသားများ၊ ပညာရှင်များနှင် လုပ်ငန်းဆိုင်ရာ သုတေသီများ အတွက် အထူး အကျိုးရှိသော ပွဲတစ်ခုပင်ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ အဓိက သုတေသန ဦးတည်ချက် (၃) ခု ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို သိမြင်နားလည်ခြင်း၊ လူ ဗဟိုပြု ကွန်ပျူတာနည်းပညာများနှင့် ဓာတ်ပုံ၊ ဗီဒီယိုတို့ တိုးတက်ဖွံ့ဖြိုးလာမှုတို့ကို ရောင်ပြန်ဟပ်ပြီး ဒီနှစ် CVPR ရဲ့ Challenge တွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းကို OPPO ကိုယ်စား ပြောလိုပါတယ်။ ဒါကတော့ OPPO ရဲ့ AI စွမ်းရည်တွေကို အပြည့်အဝ ပြသနိုင်တဲ့ Intelligent Perception နှင့် Interaction သုတေသနဌာနကို တည်ထောင်တိုးချဲ့ပြီးနောက် R&D ရလဒ်တွေကို လူထုရှေ့မှာ ပထမဦးဆုံး ပြသခဲ့ခြင်း ဖြစ်ပါတယ်” ဟု OPPO ၏ Intelligent Perception ဌာန၏ Chief Scientist ဖြစ်သူ Eric Guo က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ အားလုံး Mouse နှင့် Graphical User Interface တီထွင်မှုက Personal Computer အတွက် အများကြီး အ‌ထောက်အကူ ဖြစ်စေပြီး Touch Screen ကလည်း Smartphone တွေ အောင်မြင်လာမှုအပေါ် အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေတာပါ။ လူနဲ့ ကွန်ပျူတာ ဆက်သွယ်မှုနဲ့ Intelligent Perception နည်းပညာတို့ ပြောင်းလဲတိုးတက် လာတိုင်းမှာ နည်းပညာ Trend အသစ်တစ်ခုဆီ ဦးတည်သွားမှာပါ။ OPPO မှာ သုံးစွဲသူတွေကို ပိုမို နားလည်နိုင်စေဖို့ Smart Devices တွေကို ပို အဆင့်မြင့်အောင် ထုတ်လုပ်ပေးဖို့ ကြိုးစားနေပါတယ်။ နောက်ပိုင်းမှာ လူနဲ့ ကွန်ပျူတာ ဆက်သွယ်ရေး နည်းလမ်းအသစ်တွေ ရှာဖွေရင်း အနာဂတ် နည်းပညာ တိုးတက်မြင့်မားလာရာမှာ ဦးဆောင်ပါဝင်လာ နိုင်မှာပါ” ဟု Eric Guo က ဆက်လက်ပြောကြားခဲ့သည်။

    OPPO သည် ယခုလို Intelligent Perception နှင့် Interaction ပိုင်းတွင် သုတေသနပြုလုပ်ခြင်းအားဖြင့် အနာဂတ်တွင် OPPO ၏ နည်းပညာများနှင့် ထုတ်ကုန်များကို ပိုမို အဆင့်မြင့်လာစေမည်ဖြစ်ပြီး သုံးစွဲသူများအတွက် ပိုမိုဆန်းသစ်သော ဆက်သွယ်မှု နည်းလမ်းများနှင့် အတွေ့အကြုံများ ရရှိနိုင်မည်ဟု ယုံကြည်သည်။

    OPPO ၏ အမေရိကန် အခြေစိုက် သုတေသန စင်တာကလည်း CVPR 2020 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Real-World Super-Resolution Challenge၊ Track 1: Image Processing artifacts တွင် အဆင့် (၆) ရရှိခဲ့သည်။ OPPO အမေရိကန် အခြေစိုက် သုတေသနစင်တာ၊ Spacetime Lab ၏ Manager ဖြစ်သူ Meng Zibo က “ Looking into the dark: from image to video” ခေါင်းစဉ်ဖြင့် သုတေသနဌာန၏ AI အထောက်အကူပြု အလင်းမှိန်မှိန်တွင် ဓာတ်ပုံရိုက်ကူးခြင်း အကြောင်း သုတေသနနှင့် ပတ်သက်၍ Keynote Speech ကိုလည်းကောင်း၊ Computer Vision နှင့် AI ဌာန Senior Director ဖြစ်သူ Shuxue Quan က “ Building a unified SLAM system running on both smartphone and AR glass from scratch” ခေါင်းစဉ်ဖြင့် Localiztion နှင့် Mapping ပိုင်း အကြောင်းကိုလည်ကောင်း မိန့်ခွန်းပြောကြားခဲ့သည်။

    အသေးစိတ် မြင်တွေ့ခံစားနိုင်သော Super-Resolution Challenge

    ဤ Challenge တွင် OPPO သုတေသနအဖွဲ့သည် ပုံတစ်ပုံကို ၁၆ ဆ ချဲ့ပြီးနောက် အသေးစိတ် ကြည်လင်ပြတ်သားသော Super-Resolution ရရှိအောင် ပြုလုပ်ပေးနိုင်အောင် ဖြေရှင်းရသည်။ ဆိုလိုသည်မှာ မူရင်းပုံနှင့် အနီးစပ်ဆုံးတူညီပြီး ကြည်လင်ပြတ်သားပြီး အရည်အသွေး အကောင်းဆုံး ရှိသော High Resolution ရလဒ် ရရှိအောင် ပြုလုပ်ပေးရခြင်း ဖြစ်သည်။ OPPO Team သည် “RFB-ERSGAN” အမည်ရှိ ကိုယ်ပိုင် Neutral Network ၏ စွမ်းဆောင်ရည်မြင့်မားမှုများကို ဖော်ထုတ်ပြသခဲ့ပြီး ပိုမို အသိဉာဏ်မြင့်သော ခွဲခြမ်းစိတ်ဖြာမှု၊ ပိုမို အဆင်ပြေချောမွေ့သော နည်းပညာများနှင့် ပိုမို ကွဲပြားခြားနားသော နည်းလမ်းများနှင့်အတူ Facebook၊ Baidu၊ Microsoft၊ Amazon နှင့် Chinese Academy of Science စသည့် အခြား ပြိုင်ပွဲဝင် ၂၈၀ တို့ကို အနိုင်ယူကာ ပထမနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

    OPPO မှ CVPR 2020 ၏ AI ကဏ္ဍတွင် ပထမဆု (၂) ခု ရရှိခဲ့ခြင်းဖြင့် စျေးကွက်တွင် ဦးဆောင်လျက်ရှိသော နည်းပညာစွမ်းအားကို ဖော်ထုတ်သက်သေပြ

    OPPO ၏ RFB-ERSGAN Neural Network သည် တိရစ္ဆာန် အမွှေးအမျှင်များ၊ အဆောက်အဦး ဖွဲ့စည်းပုံများနှင့် အပင် Texture စသည်တို့ကို အသေးစိတ် သဘာဝကျစွာ အကျယ်ချဲ့ပေးသည်။

    ဤ နည်းပညာသည် အခြေအနေအမျိုးအစားများစွာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာ သုံးစွဲသူများသည် မိမိတို့ Smartphone နှင့် ရိုက်ကူးထားသော LR ဓာတ်ပုံများကို အသေးစိတ် ကြည်လင်စွာမြင်ရမည့် HR ပုံများအဖြစ် ပြောင်းလဲ နိုင်မည်။ အိုဟောင်းပျက်စီးနေသော ဓာတ်ပုံများနှင့် ဖလင်များကို ပြန်လည်ပြုပြင်ခြင်း၊ အရေးကြီးသော ကျန်းမာရေး ဆိုင်ရာပုံများကို ပိုမို ထင်ရှားအောင်ပြုလုပ်ခြင်း၊ ဂြိုလ်တုနှင့် အာကာသဆိုင်ရာ ပုံရိပ်များမှ လိုအပ်သော အချက်အလက် များကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်းစသည်တို့လည်း ပြုလုပ်နိုင်လာမည် ဖြစ်သည်။

    လက်ကိုင် Device များအတွက် Vision Localization Challenge

    OPPO ၏ AI Applicationများကို အသုံးပြုကာ ပုံများကို Dimensionအမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာကြည့်နိုင်သည်။

    OPPO ၏ AI Applicationများကို အသုံးပြုကာ ပုံများကို Dimensionအမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာကြည့်နိုင်သည်။

    OPPO သည် မည်သည့် ပုံကို မဆို location အတိအကျ ရှာနိုင်ရန် Semantic နှင့် Depth Cues များကို မြှင့်တင်ပေးသော Monocular Visual Localization Pipeline ကို တီထွင်နိုင်ခဲ့ခြင်းကြောင့် Outdoor Visual Localization (Aachen Day-Night) တွင် ပထမနေရာ နှင့် Indoor Visual Localization (InLoc) တွင် တတိယနေရာ ရရှိခဲ့သည်။ Computer Vision Applications များအတွက် ကြီးမားသော အခက်အခဲတစ်ခုဖြစ်သည့် ကွန်ပျူတာ လုပ်ဆောင်ချက်များတွင် ရလဒ်အမှား ပမာဏ အများအပြားကို သိရှိဖယ်ရှားပေးခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကာ ကြံ့ခိုင်မှု စမ်းသပ်ချက်မှာလည်း ထူးချွန်စွာ စွမ်းဆောင်ပြနိုင်ခဲ့သည်။

    မ‌ဝေးတော့သော အနာဂတ်တွင် AR နည်းပညာများ အသုံးပြုလာနိုင်ခြင်း၊ စက်ရုပ်ဆိုင်ရာ နည်းပညာများတွင် အသုံးပြုခြင်းနှင့် လမ်းပြမြေပုံကို ပိုမို တိကျစေခြင်းတို့တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ ကင်မရာတစ်လုံးတွင် AI Assistant တပ်ဆင်ထားပါက ရိုက်ကူးလိုက်သော ပုံကို ပိုမို မြင့်မားသော Visual Localization Technology နှင့် သုံးသပ် စစ်ဆေးပေးပြီး နေရာချထားပုံကို အတိအကျ တွက်ယူကာ မှန်ကန်သော တည်နေရာသို့ သွားနိုင်မည်ဖြစ်သည်။

    တိုးချဲ့ ဗီဒီယိုများအတွက် လုပ်ရှားမှု ထောက်လှမ်းခြင်း

    တိုးချဲ့ ဗီဒီယိုများအတွက် လုပ်ရှားမှု ထောက်လှမ်းခြင်း ကဏ္ဍတွင် OPPO သည် တတိယနေရာ ရရှိခဲ့သည်။ Automatic Detection Algorithms များ၏ ဖွဲ့စည်းပုံပေါ် မူတည် ယှဥ်ပြိုင်ရသော အပိုင်းတွင် OPPO သည် Frame တစ်ခုဆီတိုင်းတွင် ပါဝင်သူများကို အလွယ်တကူ သိရှိသတိထားမိပြီး ခွဲခြားသတ်မှတ်နိုင်စေရန်နှင့် ရှုပ်ထွေးကာ လှုပ်ရှားမှု များသော ဗီဒီယိုများတွင်ပင် လူတို့၏ အပြုအမူ လှုပ်ရှားမှုများကို ဖတ်နိုင်သော ဖွဲ့စည်းပုံ ဒီဇိုင်းကို အောင်မြင်စွာ ဆောက် လုပ်နိုင်ခဲ့သည်။ ဤ နည်းပညာသည် ရှေ့လျှောက် လူနှင့် ကွန်ပျူတာ ဆက်သွယ်အသုံးပြုမှု၊ အားကစား ဗီဒီယိုများကို ပြန်လည် ဆန်းစစ်သုံးသပ်ခြင်းတို့တွင် အသုံးဝင်မည် ဖြစ်သည်။ ဥပမာ အနာဂတ် Smartphone များသည် လှုပ်ရှား နေသော အရာဝတ္ထုများကို အလိုအလျောက် သိရှိမည် ဖြစ်ကာ ကင်မရာ Focus ကို လိုက် ချိန်ညှိပေးနိုင်မှာပင် ဖြစ်သည်။

    OPPO မှ ရှုပ်ထွေးကာ လှုပ်ရှားမှုများသော ဗီဒီယိုများတွင် လူတို့၏ အပြုအမူတို့ကို အလွယ်တကူ သိရှိပြီး ခွဲခြားသတ်မှတ်ပေးနိုင်သော Algorithms များကို တီထွင်ခဲ့သည်။

    OPPO မှ ရှုပ်ထွေးကာ လှုပ်ရှားမှုများသော ဗီဒီယိုများတွင် လူတို့၏ အပြုအမူတို့ကို အလွယ်တကူ သိရှိပြီး ခွဲခြားသတ်မှတ်ပေးနိုင်သော Algorithms များကို တီထွင်ခဲ့သည်။

    Intelligent Perception နှင့် Interaction ဌာန အသစ်

    CVPR 2020 တွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများ ပြသခဲ့ရုံသာမက OPPO သုတေသန အဖွဲ့အစည်းသည် ခေတ်မီဆန်းသစ်သော AI technologies များ ပိုမို ရှာဖွေသုတေသန ပြုလုပ်နိုင်ရန် ယခုနှစ် အစောပိုင်းတွင် Intelligent Perception နှင့် Interaction ဌာန အသစ်ကို ဖွဲ့စည်းတိုးချဲ့ခဲ့ကြောင်း ကြေညာခဲ့သည်။ ဤဌာနအသစ်သည် Intelligent Perception နှင့် Interaction ကဏ္ဍ နှစ်ခုကို အဓိကထားပြီး သုတေသနနှင့် တီထွင်ထုတ်လုပ်ရေးပိုင်းတွင် ပိုမိုအားထည့် ကြိုးစားသွားရန် ရည်ရွယ်ပြီး ကြိုးစားမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ထိပ်တန်း နည်းပညာ Firm များနှင့် သုတေသန အဖွဲ့အစည်းများမှ ပညာရှင်များကို ခေါ်ယူဖွဲ့စည်းထားသည်။ CVPR Conference တွင် Drone ထောက်လှမ်းခြင်းနှင့် ခြေရာခံပစ္စည်းများဆိုင်ရာ Workshop ကို ဦးဆောင်တင်ဆက်ခဲ့သော AI ကျွမ်းကျင်ပညာရှင် Eric Guo ကိုလည်း Chief Intelligent Perception Scientist အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ထားနိုင်ခဲ့သည်။

    Eric Guo သည် Mircosoft တွင် သုတေသနပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်များအတွင်း ခေတ်‌ရှေ့ပြေးသော သုတေသနအများအပြားကို ပြုစုခဲ့သည်။ သူ၏ Computer Vision Models များသည် များစွာသော လုပ်ငန်းများကို အထောက်အပံ့ပေးလျက်ရှိသည့် Image Search၊ Knowledge Graph၊ Smart Cloud နှင့် Smart Mobility တို့တွင် အသုံးပြုလျက် ရှိသည်။

    OPPO သည် Phonetics၊ Semantics နှင့် Computer Vision တို့ကို အထူးပြုသော AI area ပိုင်းကို လေ့လာနိုင်ရန် အဖွဲ့ အစည်းတစ်ခုကို ၂၀၁၅ ခုနှစ်မှ စ၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လအထိ AI Area ပိုင်းအတွက် Patent လျှောက်လွှာ 1,900 ကျော်ကို ကမ္ဘာတစ်ဝန်း တင်သွင်းပြီးဖြစ်သည်။ ဤ အချက်သည် OPPO အား 5G သာမက 6G ခေတ်သို့ ရောက်ရှိလျှင်လည်း အသစ်သစ်သော ပစ္စည်းများကို တီထွင်ထုတ်လုပ်နိုင်ရန် ပံ့ပိုးပေးမည်ဖြစ်ပြီး မ‌ဝေးတော့သော Intelligent Connectivity ခေတ်အတွက်လည်း ခိုင်မာသော နည်းပညာ အခြေခံ ရရှိစေမည်ဖြစ်သည်။

    ယနေ့အထိ OPPO သည် ကမ္ဘာတစ်ဝန်းတွင် ပညာရှင်ပေါင်း ၁၀,၀၀၀ ကျော် ပါဝင်သော သုတေသန အသင်းအဖွဲ့၊ သုတေသန အဖွဲ့အစည်း (၆) ခုနှင့် R&D Center (၄) ခုကို တည်ထောင်လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် OPPO ၏ တည်ထောင်သူ CEO Tony Chen က လာမည့် (၃) နှစ် အတွင်းတွင် 5G၊ AI၊ AR၊ Big Data နှင့် အခြား ခေတ်မီ ဆန်းသစ်သော နည်းပညာများ အပါအဝင် Hardware၊ Software နှင့် System ပိုင်းတွင် သုတေသနများပြုလုပ်ပြီး အဓိက နည်းပညာသစ်များ တီထွင်နိုင်ရန် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ OPPO သည် ရှေ့လျှောက်တွင်လည်း သုံးစွဲသူများအတွက် ဆန်းသစ်ထူးခြားသော ဆက်သွယ်မှုနည်းလမ်းများနှင့် ဝန်ဆောင်မှုအတွေ့အကြုံများ ပေးစွမ်းနိုင်ရန် ခေတ်မီတိုးတက်သော နည်းပညာများကို ဆက်လက် သုတေသနပြု လုပ်ဆောင်သွားမည်ပင် ဖြစ်သည်။