{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-06-30
  • မိမိ စိတ်တိုင်းကျ စမတ်ဖုန်း သုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိစေရန် ဖုန်းရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့် အချက်များ

    စမတ်ဖုန်းများသည် ယနေ့ခေတ်တွင် လူသုံးအများဆုံး နည်းပညာဆိုင်ရာ ပစ္စည်း ဖြစ်လာပြီး တစ်နေ့တာတွင် မရှိမဖြစ် အရေးပါသော နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ နည်းပညာ ပြောင်းလဲ တိုးတက်လာမှုနှင့် အတူ မတူညီသော အားသာချက်များနှင့် စမတ်ဖုန်း အမျိုးအစားများစွာလည်း စျေးကွက်တွင် နေရာ ယူလာကြသည်။ IOS နှင့် Android မှ စ၍ စျေးနှုန်း၊ ကင်မရာ၊ ဒီဇိုင်းစသည်ဖြင့် ရွေးချယ်စရာ များပြားလှသော ဖုန်းများထဲတွင် မိမိ လိုအပ်ချက်နှင့် ကိုက်ညီပြီး စိတ်တိုင်းကျသော စမတ်ဖုန်းကို မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အထောက်အကူ ဖြစ်စေရန်အတွက် အောက်ပါ အခြေခံ ဖုန်းစွမ်းဆောင်မှု အချက်အလက်များကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။

    မည်သည့် ဖုန်းသုံးစွဲသူမဆို အဓိကထား စဉ်းစားရမည့် ပထမအချက်မှာ ဖုန်းအား ကြာရှည်ခံမှုပင်ဖြစ်သည်။ မည်မျှ ကောင်းမွန်သော ဖုန်းပင်ဖြစ်စေ ဖုန်းအား ခဏလေးနှင့် ကုန်နေပါက သုံးစွဲလို့ မရဖြစ်ကာ အဆင်ပြေမည် မဟုတ်ပါ။ ဖုန်း ဘက်ထရီအားကို milliampere-hours (mAh) နှင့် တိုင်းတာပြီး ယခု စျေးကွက်ရှိ ဖုန်းများတွင် ပျမ်းမျှ 4000 mAh ဝန်းကျင် ပါဝင်လာကြသည်။ ဖုန်းနှင့် အဓိက အလုပ်လုပ်ကိုင်သူများနှင့် ဂိမ်းကစားရသည်ကို နှစ်သက်သူများအတွက်မူ ဖုန်းအား ပိုမိုကြာရှည်ခံမည့် 5000 mAh ဖုန်းများကို ရွေးချယ်နိုင်သည်။ ဖုန်းဘက်ထရီသာမက ယခုအခါ အားသွင်း စနစ်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဖုန်း ပူခြင်း မရှိ လုံခြုံစိတ်ချစွာနှင့် အမြန်ဆုံး အားသွင်းနိုင်သည့် စနစ်ပါရှိသည့် ဖုန်းများမှာ ပိုမိုအဆင်ပြေနိုင်သည်။

    မိမိ စိတ်တိုင်းကျ စမတ်ဖုန်း သုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိစေရန် ဖုန်းရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့် အချက်များ

    ဖုန်း ရွေးချယ်ရန် Operating System၊ Processor နှင့် ထည့်သွင်းနိုင်မှု ပမာဏ (RAM/ROM) တို့မှာလည်း အရေးကြီးသော အချက်များဖြစ်သည်။ Operating System တွင် IOS နှင့် Android တို့တွင် ကိုယ်စီ ကောင်းသောအချက်များရှိကာ နှစ်သက်ရာကို ရွေးချယ်နိုင်သည်။ Android ကြိုက်သူများမှာ ကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံများအတွက် နောက်ဆုံး ထွက်ရှိထားသော Android 10 ပါဝင်သော ဖုန်းများကို ဦးစားပေး ရွေးချယ်သင့်သည်။ ထို့အတူ Operating System ကို အထောက်အကူပေးနိုင်သော Processor များကလည်း ဖုန်း စွမ်းဆောင်မှုကို တစ်ဆင့် မြှင့်တင်ပေးမည် ဖြစ်သည်။ Snapdragon၊ MediaTek တို့မှာ စျေးကွက်တွင်း စိတ်ချရသော Processor များဖြစ်သည်။ ဂိမ်းကစားသူများနှင့် App များကို စိတ်ကြိုက်သုံးနိုင်ရန် RAM 4GB မှာ လုံလောက်သော ပမာဏဖြစ်ပြီး ထစ်ငေါ့မှု၊ ဖုန်းဟန်းမှုများ မရှိဘဲ App များ၊ ဂိမ်းများ အများအပြားကို တစ်ပြိုင်နက် အသုံးပြုရာတွင် အဆင်ပြေနိုင်ရန် RAM 8GB ပါဝင်သော ဖုန်းများကို ရွေးချယ်နိုင်သည်။ Phone Storage များလျှင် များသလို ပိုအဆင်ပြေပြီး ဖုန်းတွင် သီချင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ စိတ်ကြိုက်ထည့်သွင်းနိုင်သည့်အပြင် ဖုန်း အသုံးပြုနေစဉ် ရပ်တန့်ခြင်း မရှိစေဘဲ ပိုမို အဆင်ပြေ ချောမွေ့စေသည်။ ထို့ပြင် ယခုအခါ ဖုန်းနှင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကို အများအပြား လုပ်ဆောင်လာကြသည့်အတွက် ကောင်းမွန်သော ဖုန်း Display နှင့် Sound System ကိုလည်း အလေးထား စဉ်းစား ရွေးချယ်ရန် လိုအပ်သည်။ ဓာတ်ပုံ ဝါသနာရှင်များအတွက် ဖုန်းကင်မရာ စွမ်းဆောင်ရည်တို့ကို ရွေးချယ်ဖို့ လိုအပ်ပြီး စျေးနှုန်း၊ ဖုန်း Design၊ Unlock System စသည့် မိမိနှင့် ကိုက်ညီသော ဖုန်း ရရှိနိုင်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

    မိမိ စိတ်တိုင်းကျ စမတ်ဖုန်း သုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိစေရန် ဖုန်းရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့် အချက်များ

    အထက်ပါ အချက်အလက်များနှင့် ပြည့်စုံကာ စျေးနှုန်းသင့်တင့်သော ဖုန်းကို အလိုရှိတယ်ဆိုရင်တော့ ယခု စျေးကွက်တွင် အသစ်ဝင်ရောက်လာသော OPPO A92 ကလည်း ရွေးချယ်စရာတစ်ခုဖြစ်သည်။ ကြာရှည်စွာ သုံးစွဲနိုင်မည့် 5000 mAh နှင့် အတူ 18W Fast Charge (9V 2A) ပါဝင်သောကြောင့် 0-50% ကို ၄၅ မိနစ်အတွင်း အားသွင်းနိုင်မည်ဖြစ်ပြီး ကြီးမားသော Storage ပမာဏ 8GB RAM + 128GB ROM နှင့်အတူ ကောင်းမွန်သော စွမ်းဆောင်မှုများလည်း ပါဝင်သည်။ ထို့အပြင် Qualcomm Snapdragon 665 (64-bit capable octa-core CPU) နှင့် Color OS 7.1 (Android 10) တို့ ပါဝင်ပြီး Hyperboost လည်း ပါဝင်သဖြင့် ဖုန်းနှင့် ဂိမ်းကစားရာတွင် ပိုမိုကောင်းမွန်ချောမွေ့မှုကိုလည်း ထပ်တိုး ရရှိမည်ဖြစ်သည်။ Screen-to-body Ratio: 90.5% ရှိပြီး သာမာန်ထက်ကျယ်သော 6.5-inch LCD Blind Hole Screen တွင် 1080P Neo-Display (Display Resolution: FHD + (2400 × 1080) ရရှိသည့်အပြင် ထူးခြားကောင်းမွန်သော အသံစွမ်းဆောင်မှု အတွေ့အကြုံကို ပေးသော Dual Stereo Speaker + Dirac 2.0 လည်း ပါဝင်သောကြောင့် ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့တွင် သာမန်ထက် ပိုမိုကောင်းမွန်သော အရည်အသွေးကို ခံစားနိုင်သည်။ OPPO ၏ အစဉ်အလာအတိုင်း အဆင့်မြင့် အရည်အသွေးနှင့် AI Quad Camera တို့ကို ကျောဘက်တွင် 48MP+8MP+ 2MP + 2MP ပါရှိပြီး ရှေ့ကင်မရာတွင် 16MP Selfie ကင်မရာ ပါဝင်သောကြောင့် အရောင်အသွေးစုံလင်သော ပုံရိပ်များကို မည်သည့်အလင်း‌ရောင်တွင်မဆို မှတ်တမ်းတင်နိုင်သည်။ ကိုယ်တွယ်မှု ကောင်းမွန်သော ဒီဇိုင်း 3D Curve Body နှင့် Screen တွင် လက်ရာမထင်အောင် ပြုလုပ်ပေးထားသော Side Fingerprint Unlock စနစ် ပါရှိသည်။ OPPO A92 ကို Aurora Purple (ခရမ်းရောင်ပြေး) နှင့် Twilight Black (အနက်ရောင်) ဟူ၍ ဆန်းသစ်လှပသော အရောင် (၂) ရောင်ဖြင့် ရရှိမည်ဖြစ်ပြီး မြန်မာ‌ကျပ်ငွေ ၃၇၉,၉၀၀ ကျပ် ဖြင့် မြန်မာနိုင်ငံမှ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ OPPO A92 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A92 Website Page (https://bit.ly/2Bo8I7r) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ၀င်ရောက်လေ့လာနိုင်သည်။