{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-08-11
  • OPPO မှ ထူးခြားဆန်းသစ်သော ပုံရိပ်ဆိုင်ရာ Features များ၊ Trend ဖြစ်လာမည့်
    Design နှင့် အသုံးပြုရာတွင် ပိုမိုအဆင်ပြေချောမွေ့စေမည့်
    Reno4 ကို မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်သွားမည်

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် Reno4 ကို မြန်မာနိုင်ငံတွင် မကြာခင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

    OPPO အနေဖြင့် ပြီးခဲ့သည့်လတွင် Reno4 Series ကို တရုတ်ပြည်၌ အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပြီးနောက် ယခု အခါတွင် နောက်ဆုံးပေါ် Reno4 ကို အခြားသော စျေးကွက်များတွင် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့်အညီ ထပ်မံ အဆင့်မြှင့်၍ မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ Reno4 ကို ပြည်တွင်းစျေးကွက်၏ လိုအပ်ချက်နှင့်အညီ ကိုက်ညီအောင် 4G ကွန်ရက်ကို ထုတ်လုပ်တင်သွင်းသွားမည် ဖြစ်သော်လည်း OPPO ၏ သုံးစွဲသူအခြေပြုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာအပေါ် ရင်းနှီးမြုပ်နှံခြင်းမှ ရခဲ့သည့် ရလဒ်များဖြင့် ပြုလုပ်ထားသော ထူးခြားကောင်းမွန်သည့် နည်းပညာ သစ်များ ပါဝင်သည်။

    Reno4 သည် ထူးခြားဆန်းသစ်သည့် Portraits များနှင့် Camera ရှေ့တွင် “နေ့မိုက် ညချော” ဆိုသည့် အခိုက်အတံ့မျိုးကို အချိန်မရွေး လွယ်လွယ်ကူကူ ရိုက်ကူးရရှိစေမည်ဖြစ်သည်။ နောက်ဆုံးပေါ် Short Video Trend တွင် ပါဝင်နိုင်စေရန် ဗီဒီယိုရိုက်ကူးမှု အရည်အသွေးကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်သည်။ ထို့အပြင် Reno4 တွင် Facial Recognition နှင့် Touch-free Interactions စသည့် Feature အသစ်များ ပါဝင်လာမည်ဖြစ်ပြီး Galactic Blue နှင့် Space Black ဟူ၍ အရောင်နှစ်မျိုးနှင့် ထွက်ရှိလာမည်ဖြစ်သည်။

    ထူးခြားဆန်းသစ်သော ပုံရိပ်ဆိုင်ရာ Features များ၊ Trend ဖြစ်လာမည့် 
Design

    Reno4 သည် Portrait Photography နှင့် ဗီဒီယိုရိုက်ကူးမှုကို နောက်ထပ်အဆင့်သို့ မြှင့်တင်ပေးမည့် ထူးခြား ဆန်းသစ်သော ကင်မရာ Features များနှင့် ထွက်ရှိလာမည်ဖြစ်သည်။ Reno4 သည် မိမိ၏ ကိုယ်ပိုင်ထူးခြားသည့် Style ကို ဖော်ထုတ်နိုင်ရန်၊ “နေ့မိုက် ညချော OPPO Reno4” ဆိုသည့်အတိုင်း မိမိ၏ အကောင်းဆုံးပုံရိပ်ကို ပြသနိုင်ပြီး မိမိ၏ Portrait ကို ရိုက်ချက်တိုင်းတွင် ထင်ပေါ်စေမည်ဖြစ်သည်။ Reno4 သည် YouTube မှာတင်ဖို့ ခရီးသွား Vlog ရိုက်ရန်သော်လည်းကောင်း၊ TikTok အတွက် ဗီဒီယို ရိုက်ရန်သော်လည်းကောင်း၊ မိသားစု၊ သူငယ်ချင်းတွေနှင့် အတူတူ အမှတ်တရတွေကို ရိုက်ကူးထားရန်သော်လည်းကောင်း အစရှိသည့် မည်သည့်အခြေအနေမျိုးအတွက် ပုံရိပ်ဆိုင်ရာ Features များကို အဆင့်မြှင့်တင်ပေးထားပြီး ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ရာတွင် ပိုမိုပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ပြုလုပ်ပေးလုပ်ပေးမည်ဖြစ်သည်။

    ထူးခြားဆန်းသစ်သော ပုံရိပ်ဆိုင်ရာ Features များ၊ Trend ဖြစ်လာမည့် 
Design

    ထိုအထဲတွင် ဓာတ်ပုံ Function သာမက ဗီဒီယို Function အတွက်ပါ ပါဝင်သော Feature အသစ်ဖြစ်သည့် နောက်ခံ Background ကို အဖြူအမဲသို့ ပြောင်းစေပြီး လူကို အပြင်ရှိ တကယ့်အရောင်အတိုင်းပေါ်စေသည့် AI Color Portrait Mode ပါဝင်သည်။ AI Color Portrait Mode ကို အရှေ့ ကင်မရာရော အနောက် ကင်မရာအတွက်ပါ အသုံးပြုနိုင်သည်။ 

    ထို့အပြင် Reno4 တွင် effect များကိုထည့်ပေး၍ ပုံ၏ အခြေခံအရည်အသွေးနှင့် LLHDR algorithm တို့ ပေါင်းစပ်ကာ နောက်ဆုံးတွင် dynamic range ပိုကောင်းသည့် ပုံအဖြစ် ယူဆောင်လာပေးမည့် Night Flare Portrait Mode လည်း ပါဝင်သည်။ လမ်းမီးရောင်နောက်ခံတွင် Neon Effects များ အဖြစ် ပေါ်စေကာ လူကို ပိုမိုထင်ပေါ်စေသည့် Night Flare Mode ဖြင့် ညအချိန်ရိုက်သည့် Portrait ရိုက်ချက်များကို ကျွမ်းကျင်စေနိုင်မည်ဖြစ်သည်။ 

    ဗီဒီယို ပလက်ဖောင်းများပေါ်တွင် သာမန်ဖန်တီးမှုဘောင်ထဲမှ ဖောက်ထွက်သော ဗီဒီယိုများ မျှဝေနိုင်ရန်အတွက် Reno4 တွင် ထူးခြားဆန်းသစ်သော ဗီဒီယို feature များကိုလည်း  ထည့်သွင်းပေးထားသည်။ 960fps Smart Slow Motion ဖြင့် တစ်စက္ကန့်အတွင်း Frame ၉၆၀ ကို ရိုက်ကူးထားနိုင်မည်ဖြစ်ပြီး စက္ကန့်အနည်းငယ်အတွင်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားသည်ကို ရိုက်ကူးလိုခြင်း၊ ရေ သို့မဟုတ် အမှုန့်တစ်ခုခု ဖြန်းလိုက်သည်ကို ရိုက်ကူးလိုခြင်း အစရှိသည့် အမြန် ဖြစ်ပေါ်သွားသည့် လှုပ်ရှားမှုတစ်ခုကို Slow Motion ဖြင့် ရိုက်ကူးနိုင်သည်။ Ultra Stedady Video 3.0  နဲ့အတူ Ultra Steady Mode ကိုလည်း ရှေ့ကင်မရာတွင် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ အဆိုပါ Mode တွင် ပြင်းထန်သော လှုပ်ရှားမှုများအတွက် ပုံရိပ်ငြိမ် Video များကို သက်သောင့်သက်သာ ရိုက်ကူးနိုင်စေဖို့  ပုံထွက်တည်ငြိမ်မှု စွမ်းရည်ကို တိုးမြှင့်ထားသည်။ နောက်ကင်မရာရှိ Ultra SteadyVideo၊  Ultra Steady Video Pro တို့ဖြင့် အရည်အသွေးမြှင့် Video များကို လမ်းလျှောက်နေရင်းဖြစ်စေ၊ ပြေးနေရင်းဖြစ်စေ၊ စက်ဘီးစီးနေရင်းဖြစ်စေ စိတ်ကြိုက် ရိုက်ကူးနိုင်ပြီဖြစ်သည်။