{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-07-24
  • OPPO သုံးစွဲသူများအတွက် ဖုန်းပြင်ဆင်မှုများကို တစ်နာရီအတွင်း အမြန်ဆုံး ပြုလုပ်ပေးနိုင်မည့် OPPO 1 Hour Flash Fix အစီအစဉ်

    ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ဝယ်ယူအားပေးသူများကို အစဉ်အမြဲ ဦးစားပေး စဉ်းစားလျက်ရှိပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများနှင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် အမြဲတစေ ကြိုးစားလျက်ရှိသည်။ ယခုအခါမှာလည်း OPPO Customer များအတွက် ဖုန်း ပြင်ဆင်မှုများကို ပိုမို အဆင်ပြေစေရန် တစ်မူထူးခြားသော ဝန်ဆောင်မူအသစ်ဖြစ်သည့် OPPO 1 Hour Flash Fix (တစ်နာရီ အမြန်ပြုပြင်မှု) အစီအစဉ်ကို မိတ်ဆက်လိုက်သည်။

    OPPO သုံးစွဲသူများအတွက် ဖုန်းပြင်ဆင်မှုများကို တစ်နာရီအတွင်း အမြန်ဆုံး ပြုလုပ်ပေးနိုင်မည့် OPPO 1 Hour Flash Fix အစီအစဉ်

    ဤ အစီအစဉ်ကို စမ်းသပ်ပြုလုပ်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ 1 Hour Flash Fix ဆိုသည့်အတိုင်း တစ်နာရီအတွင်းတွင် အရည်အသွေးကောင်း၍ မြန်ဆန်သော Hardware နှင့် Software ပိုင်း ဖုန်းပြုပြင်မှုများကို သက်သောင့်သက်သာနှင့် ရရှိနိုင်မည်ဖြစ်ကာ အကယ်၍ OPPO Service Center ဘက် မှ အကြောင်း တစ်ခုခုကြောင့် တစ်နာရီအတွင်း မပြီးနိုင်သော အခြေအနေများ ရှိခဲ့ပါက OPPO မှ လက်ဆောင်များ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ တစ်နာရီ အမြန်ပြုပြင်မှုကို မြန်မာနိုင်ငံ၏ မြို့ကြီးများရှိ အောက်ပါ OPPO Service Center (၁၁) ခုတွင် (တနင်္လာနေ့မှ စနေနေ့အထိ ရုံးချိန်အတွင်း) ရရှိမည်ဖြစ်သည်။ တနင်္ဂနွေနေ့များတွင် ဖုန်းပြုပြင်လိုသူများအတွက် ရန်ကုန်မြို့ လသာမြို့နယ် Service Centre တွင် တနင်္လာမှ သောကြာ ပုံမှန်အချိန်များအပြင် စနေနေ့အစား တနင်္ဂနွေနေ့တွင် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်သည်။

    ● OPPO Yangon Myaynigone Service Center
    ● OPPO Yangon Latha Service Center
    ● OPPO Yangon Thingangyun Service Center
    ● OPPO Bago Service Center
    ● OPPO Magway Service Center
    ● OPPO Mandalay Service Center – II
    ● OPPO Mawlamyine Service Center
    ● OPPO Monywa Service Center
    ● OPPO Muse Service Center
    ● OPPO Myitkyina Service Center
    ● OPPO Taunggyi Service Center

    ဖုန်း၏ IMEI နံပါတ်နှင့်အတူ OPPO Official Website (https://www.oppo.com/mm/) တွင် ကျန်ရှိနေသော Warranty ကာလ၊ ဖုန်းပြင်ဆင်မှု အခြေအနေ၊ ဖုန်းပြင်ဆင်ပြီးမြောက်မည့်အချိန်တို့ကို အလွယ်တကူ စစ်ဆေးသိရှိနိုင်မည်ဖြစ်သည့်အပြင် ပြင်ဆင်ရာတွင် လိုအပ်သော ဖုန်းအပိုပစ္စည်း (Accessories) များ၏ စျေးနှုန်းများကိုလည်း ဖော်ပြထားသည်။ ထို့အပြင် Color OS 7 ပါဝင်သော OPPO ဖုန်းများတွင် Service Application ပါဝင်ပြီးဖြစ်ရာ ထို Application တွင်လည်း Website တွင် ဖော်ပြထားသော အချက်အလက်များအတိုင်း Service နှင့် သက်ဆိုင်သော အချက်အလက်များနှင့်အတူ အမေးများသည့် မေးခွန်းများနှင့် အဖြေများကိုလည်း ဖော်ပြပေးထားသည်။ OPPO Care Facebook Page (https://www.facebook.com/OPPOCareMM/) တွင်လည်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နေ့စဥ် အကြောင်းအရာသစ်များကို အချိန်နှင့် တစ်ပြေးညီ ဝေမျှပေးလျက် ရှိသည်။

    OPPO သုံးစွဲသူများအတွက် ဖုန်းပြင်ဆင်မှုများကို တစ်နာရီအတွင်း အမြန်ဆုံး ပြုလုပ်ပေးနိုင်မည့် OPPO 1 Hour Flash Fix အစီအစဉ်

    OPPO မှ ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်း Factory Fault / Hardware ကြောင့် ဖုန်းချို့ယွင်းမှု ဖြစ်ပေါ်ပါက Service Center မှ ပြန်လည် စစ်ဆေး အတည်ပြုပြီး အသစ်တစ်လုံး ပြန်လည်လဲပေးသည်။ အခြား Warranty ကာလများမှာ ဝယ်ယူပြီး အချိန်မှ စ၍ ဖုန်း Official Warranty မှာ (၁)နှစ်၊ Software ပိုင်းအတွက် တစ်သက်တာ Warranty၊ Adapator၊ USBနှင့် Earphone တို့အတွက် (၆) လ နှင့် ဖုန်းဘက်ထရီအတွက် (၁) နှစ် Warranty ရရှိသွားမည် ဖြစ်သည်။ ထို့ပြင် ထူးခြားသော အစီအစဉ်အဖြစ် ဖုန်းပြုပြင်ပြီး ရရှိလာသော Hardware များအတွက် (၃)လ Warranty ရရှိနိုင်မည် ဖြစ်သည်။

    OPPO သုံးစွဲသူများအတွက် ဖုန်းပြင်ဆင်မှုများကို တစ်နာရီအတွင်း အမြန်ဆုံး ပြုလုပ်ပေးနိုင်မည့် OPPO 1 Hour Flash Fix အစီအစဉ်

    Covid-19 ရောဂါကူးစက်မှုကို ကာကွယ်ရန်နှင့် ဖုန်းသုံးစွဲသူ အပေါင်း ဘေးကင်းလုံခြုံကာ ကျန်းမာစေရေးကို အလေးထားသောအားဖြင့် OPPO Service Center များတွင် ဖုန်းကို ပိုးသတ်သန့်စင်ပေးသော စက်များကို ကပ်ရောဂါကြီး စတင်ဖြစ်ပွားခဲ့ချိန်မှ စ၍ ထားရှိပေးခဲ့ပြီး OPPO ဖုန်းများသာမက မည်သည့် ဖုန်းအမျိုးအစားမဆို လာရောက်အသုံးပြုနိုင်ရန် ဆက်လက်ထားရှိထားသည်။ အရည်အသွေးကောင်းပြီး မြန်ဆန်သော အချိန်အတွင်း ဖုန်းပြုပြင်မှု စနစ်ဖြစ်သည့် မြန်မာနိုင်ငံတွင် ပထမဆုံး တစ်နာရီ အမြန် ဖုန်းပြုပြင်မှု မှ စပြီး အခြား ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုများနှင့်အတူ OPPO အသုံးပြုသူများ ပိုမို အဆင့်မြင့် ကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံများ ရရှိနိုင်ရန် အစဉ် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။