{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-08-19
  • OPPO မှ Reno4 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်သို့
    သြဂုတ်လ ၂၂ ရက်နေ့တွင် တရားဝင် စတင် မိတ်ဆက်မည်

    ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သော OPPO သည် ထူးခြား ဆန်းသစ်သော ပုံရိပ်ဆိုင်ရာ Features များ၊ Trend ဖြစ်လာမည့်  Design နှင့် AI Color Portrait ၊  Night Flare Portrait၊ 960fps Smart Slow-motion Video၊ AI-enhanced Smart Sensor တို့ပါဝင်ပြီး Rheinland ၏ အသိအမှတ်ပြု Fast Charge System Certificate ကို ရရှိထားကာ VOOC 4.0 ပါဝင်သည့် နေ့မိုက်ညချော OPPO Reno4 စမတ်ဖုန်း နှင့် OPPO Smart Watch တို့ကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။ 

    ပေါ့ပါးလှပသော ဒီဇိုင်းသစ်နှင့် အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေမည့် အားလုံး စောင့်မျှော်နေကြသော နေ့မိုက်ညချော OPPO Reno4 စမတ်ဖုန်းသစ်နှင့် အသစ်ထုတ်လုပ်လိုက်သော OPPO Smart Watch စတင်မိတ်ဆက်ပွဲကို သြဂုတ်လ
    ၂၂ ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ည‌ ၆ နာရီ အချိန်တွင် ပြည်သူချစ် အနုပညာရှင်များနှင့်အတူ OPPO Myanmar Facebook Page (https://www.facebook.com/oppomyanmar/) ၊   Channel 7 နှင့် Pyone Play တို့တွင် တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

    Reno4 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်သို့
သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် မိတ်ဆက်မည်

    နေ့မိုက်၊ ညချော OPPO Reno4  မိတ်ဆက်ပွဲ အခမ်းအနားကို Brand Ambassadors များ ဖြစ်ကြသည့် ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသု၊ ပိုင်တံခွန် တို့နှင့်အတူ OPPO မိသားစု အနုပညာရှင်များဖြစ်သော မင်းသွေးခန့်၊ ဟန်နီနွေဦး တို့၏ ပျော်ရွှင် ဖွယ်ရာ ဂိမ်းအစီအစဥ်များ၊ Big Bag Band နှင့် လွှမ်းပိုင်တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင်   Project K အဖွဲ့သားများ၏ အကလှကွက်ဆန်းသစ်မှုများဖြင့် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။ 

    ထို့အပြင် အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားတွင် OPPO Myanmar Facebook Page မှ  Livestream ကြည့်ရှုနေကြတဲ့ Ofans များအတွက် ကံထူးနိုင်မယ့် အထူးအစီအစဥ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။  Live ကြည့်ရှုနေကြသော Ofans များအနေနှင့်   OPPO Facebook Page ၏ Messenger မှ OPPO Reno4 Launch Event Livestream Campaign ထဲသို့ဝင်ပြီး မတူညီသော မေးခွန်း (၅) ခုကို  ည ၁၂ နာရီ မတိုင်ခင် ဖြေဆိုပေးရမည်ဖြစ်သည်။ မေးခွန်းအားလုံးကို ဖြေဆို နိုင်သောသူများထဲမှ တစ်ယောက်ကို မဲနှိုက်ပြီး အသစ်ထွက်ရှိထားသော OPPO Reno4 စမတ်ဖုန်း အသစ် တစ်လုံးကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။  ထို့အပြင် Messenger မှာ လာရောက်ဖြေဆိုသူ အားလုံးများမှ ကံထူးရှင် ၁၀ ယောက်ကို ရွေးချယ်ကာ OPPO Enco W11 နားကြပ် ၁၀ ခုကို မဲဖောက်ပေးသွားမယ့် အစီအစဥ်ကောင်းများကိုလည်း ထည့်သွင်းထား သည်။ ထို့အပြင် Peak Viewer Challenge အစီအစဥ်သစ်တစ်ခုကိုလည်း ထပ်မံ၍ ထည့်သွင်းထားသည်။ Peak Viewer Challenge ဆိုသည်မှာ Live ကြည့်ရှုနေသူ 10K တက်တိုင်းတွင် Phone Bill များ မဲဖောက်ပေးသွားမည့် အစီအစဥ်ပင် ဖြစ်သည်။ ကြည့်ရှုသူ 10K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill ၁၀ ခု၊ 20K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၂၀ နှင့်   30K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၃၀ ကို မဲဖောက်ပေးသွားမည်ဖြစ်သည်။