{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-05-21
  • COVID-19 ရောဂါပိုးမှ ကာကွယ်ရန် အိမ်တွင်း နေထိုင်သော ကာလများတွင် ပိုမို လှပသော ပုံရိပ်များကို အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့ OPPO မှ ဓာတ်ပုံဝါသနာရှင်များအတွက် Photo Challenge တစ်ခု မိတ်ဆက်

    လူအများသည် COVID-19 ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်ရန် အတက်နိုင်ဆုံး အိမ်တွင်နေထိုင်နေကြပြီး မိမိတို့ ဝါသနာအလိုက် ဖန်တီးလုပ်ဆောင်ရင်း ပိုမို ပျော်ရွှင်ဖွယ်အချိန်များ ရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အသီးသီး လုပ်ဆောင်ကြရာတွင် စမတ်ဖုန်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဖုန်းကို အသုံးပြု၍ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့အပြင် ထူးခြားကောင်းမွန်လာသော စမတ်ဖုန်းတို့၏ စွမ်းဆောင်ချက်များကြောင့် မိမိ၏ အိမ်တွင်ပင် Professional Camera နှင့် စနစ်တကျ ရိုက်ကူးထားသကဲ့သို့ ဆန်းသစ်လှပသော ဓာတ်ပုံများကို ဖန်တီးနိုင်လာကြပြီဖြစ်သည်။ ထိုအချက်ကို OPPO 24Hours City Challenge: Afternoon Session အတွက် "My Perfect Shot At Home" ဟူသော ခေါင်းစဥ်နှင့် အတူ နိုင်ငံကျော် ဓာတ်ပုံဆရာ Mr.Haw က စျေးကွက်တွင် ကောင်းမွန်သော ကင်မရာစွမ်းဆောင်ရည်များနှင့် အမည်ကောင်းရထားသော OPPO Reno3 Pro ကို အသုံးပြု၍ ဖန်တီးရိုက်ကူးထားသော လှပဆန်းသစ်သည့် ဓာတ်ပုံလက်ရာများက သက်သေပြလျက်ရှိပြီး မြန်မာနိုင်ငံမှ ဓာတ်ပုံဝါသနာရှင်များကိုလည်း ဖုန်းနှင့် ရိုက်ကူးထားသည့် အိမ်တွင်း ဓာတ်ပုံဆန်းများနှင့်အတူ ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

    COVID-19 ရောဂါပိုးမှ ကာကွယ်ရန် အိမ်တွင်း နေထိုင်သော ကာလများတွင် ပိုမို လှပသော ပုံရိပ်များကို အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့ OPPO မှ ဓာတ်ပုံဝါသနာရှင်များအတွက် Photo Challenge တစ်ခု မိတ်ဆက်

    ဤ Challenge အတွက် အသုံးပြုထားသော OPPO Reno3 Pro တွင် 64MP Zoom Quad Camera ပါဝင်ပြီး Ultra-Resolution Algorithm ကိုလည်း ထည့်သွင်းပေးထားသောကြောင့် Ultra Clear 108MP Image ကို ရရှိမှာဖြစ်သောကြောင့် ရိုက်ကူးလိုက်သော ပုံတိုင်းကို အနုစိတ် ပေါ်လွင်စေကာ အဆင့်မြင့်သော ကြည်လင်စေမည့် ဓာတ်ပုံမျိုးကို ရရှိစေမည်ဖြစ်သည်။ အဝေးမှ အရာဝတ္ထုကို အနီးကပ် ပေါ်လွင်စေသော 13MP Telephoto Lens၊ အဖွဲ့လိုက် ပုံများ၊ ရှုခင်း မြင်ကွင်းကျယ်ပုံများကို ရိုက်ကူးနိုင်သော 8MP Ultra Wide-angle Lens တို့ကို အသုံးပြုကာ အိမ်မှ လှမ်းမြင်နေရသော ဆည်းဆာအလှ၊ ရွာခါနီး မိုးညိုညို တို့အပြင် ထို အဝေးမှ ရှုခင်းတို့ကို နောက်ခံထားကာ ထင်ပေါ်နေမည့် Portrait ဓာတ်ပုံတို့ကိုလည်း ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့ပြင် မည်သည့်အခါမှ မရိုးသွားသော အဖြူ၊ အမည်း ဓာတ်ပုံများကို ပိုမို စွဲမက်ဖွယ် ပြောင်းလဲ ပေးမည့် MP Black-and-White Lens နှင့်လည်း ဓာတ်ပုံဆန်းလေးများ ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိ ချစ်ရသော အိမ်မွေးတိရစ္ဆာန်လေးများ၊ ပန်းလေးများ၊ တန်ဖိုးထားရသော အရာဝတ္ထုလေးများကို 3cm Macro Lens ကို အသုံးပြုပြီး အနုစိတ် ရိုက်ကူးကာ အမြင်ဆန်းသော အမှတ်တရများအဖြစ် ပြောင်းလဲပေးနိုင်သည်။ 5x hybrid zoom,20x digital zoom တို့လည်း ပါရှိသောကြောင့် ပုံရိပ် ဝါးသွားမည်ကို မစိုးရိမ်ရဘဲ အနီးအဝေးကို စိတ်ကြိုက် အသုံးပြုကာ လှပသော ပုံရိပ်များ ကွန့်မြူးဖန်တီးနိုင်မည်ဖြစ်သည်။ ထို့ပြင် Dazzle Color Mode နှင့် Ultra Dark Mode ပါဝင်သဖြင့် 1lux အလင်းသာ ရှိသော အခြေအနေ၌ပင် ဓာတ်ပုံ ကောင်းများ ရရှိစေသောကြောင့် အမှောင်ချကာ မီးလုံးတွဲလေးများ၊ အရိပ်များတို့နှင့် အသုံးပြုဖန်တီးရင်း ရရှိလာမည့် အိမ်မက်ဆန်သော ဓာတ်ပုံများကလည်း မြင်သူ အားလုံး၏ အားကျအာရုံစိတ်မှုကို ရရှိစေနိုင် သည်။

    COVID-19 ရောဂါပိုးမှ ကာကွယ်ရန် အိမ်တွင်း နေထိုင်သော ကာလများတွင် ပိုမို လှပသော ပုံရိပ်များကို အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့ OPPO မှ ဓာတ်ပုံဝါသနာရှင်များအတွက် Photo Challenge တစ်ခု မိတ်ဆက်

    ထို့အပြင် Selfie ကင်မရာတွင် သူမတူသော စွမ်းဆောင်မှုများနှင့် အမည်ကောင်းရထားသည့် OPPO ၏ အစဥ်အလာအတိုင်း OPPO Reno3 Pro တွင်လည်း အရည်အသွေးမြင့်မားသည့် ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-hole Camera ပါရှိသည့်အပြင် Face Protection Algorithm ကို အသုံးပြု ထားသောကြောင့် ရရှိလာမည့် သဘာဝကျကျ လှပနေသော ဓာတ်ပုံတိုင်းကို အားလုံး စိတ်တိုင်းကျစေမည် ဖြစ်သည်။ ထို့ပြင် Ultra Night SelfieCamera လည်း ပါဝင်သောကြောင့် အလင်းအမှောင်ကို စိတ်ကြိုက် ထိန်းညှိရင်း အမြဲဆန်းသစ်လှပသော မိမိ၏ ပုံရိပ်တို့ကို ဖန်တီးနိုင်မည်ဖြစ်ပြီး Dual Lens Bokeh လည်း ပါရှိသဖြင့် တစ်ဦးတည်း သာမက ပို့စ် မျိုးစုံနှင့် အဖွဲ့လိုက် ရိုက်သော Selfie များတွင်ပါ Background Gradient နှင့် မည်သည့် နောက်ခံတွင် မဆို ရုပ်ရှင်ဆန်ဆန် ပုံရိပ်များ ရရှိနိုင်မည်ဖြစ်သည်။

    COVID-19 ရောဂါပိုးမှ ကာကွယ်ရန် အိမ်တွင်း နေထိုင်သော ကာလများတွင် ပိုမို လှပသော ပုံရိပ်များကို အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့ OPPO မှ ဓာတ်ပုံဝါသနာရှင်များအတွက် Photo Challenge တစ်ခု မိတ်ဆက်

    COVID-19 ရောဂါဘေးရန်မှ ကာကွယ်ရင်း အိမ်တွင် ပျော်ရွှင်သော အချိန်များ ပိုင်ဆိုင်ကာ ဆုများ ရရှိစေနိုင်ရန် OPPO မှ Morning၊ Afternoon၊ Night Session ဟူ၍ ကဏ္ဍ (၃) ခုဖြင့် 24 Hours City Challenge ကို ကျင်းပ ပေးလျက် ရှိရာ ယခု Afternoon Session Challenge တွင် "My Perfect Shot At Home" ဟူသော ခေါင်းစဥ်ဖြင့် မေလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ Challenge တွင် နိုင်ငံကျော်ဓာတ်ပုံဆရာ Mr.Haw မှ မတ်လတွင် ထွက်ရှိထားသော မြန်မာ‌ကျပ်ငွေ 629,900 ကျပ် တန်ဖိုးရှိ OPPO Reno3 Pro ၏ စွမ်းဆောင်ရည်မြင့် Camera Functions များနှင့် Ultra Night Mode၊ Portrait Mode တို့ကို အသုံးပြု၍ အိမ်တွင်ပင် မည်သည့်အလင်းရောင် အခြေအနေ၌မဆို အမြင်ဆန်းသစ် လှပသည့် ဓာတ်ပုံ များကို ဖန်တီးထားသည်။ OPPO ၏ Afternoon Session Challenge ကို စိတ်ပါဝင်စားသော ပရိသတ်များ အနေနှင့် မိမိနှစ်သက်ရာ ဖုန်းနှင့် အိမ်တွင်း၌ ဖန်တီးရိုက်ကူးထားသော Challenge ဓာတ်ပုံများကို #24HoursCity_AfternoonSession #Reno3ProChallenge #ShotAtHome hashtag တို့နှင့် အတူ ရေးသား ပြီး ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ Mr.Haw မှ Challenge တွင် ပါဝင်လာသော ပရိသတ်များ အနက် (၅) ဦးကို မေလ ၂၆ ရက်နေ့တွင် ရွေးချယ်ပေးသွားမည်ဖြစ်ကာ ဆုလက်ဆောင်အဖြစ် OPPO မှ ၂၀,၀၀၀ ကျပ်တန် ဖုန်းဘေလ်များ ချီးမြှင့်သွားမည့်အပြင် Mr.Haw ၏ တစ်ရက်တာ Private Online Workshop ကို တက်ရောက် နိုင်မည် ဖြစ်သည့်အတွက် ဓာတ်ပုံ ဝါသနာရှင်များအတွက် လက်မလွှတ်သင့်သော အခွင့်အရေးပင်ဖြစ်သည်။ Challenge အစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ပုံ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက 24 Hours City Challenge : Afternoon Session Camapaign Link (https://business.facebook.com/287391841418711/posts/1620210594803489/) နှင့် OPPO ၏ Official Facebook Page (https://www.facebook.com/oppomyanmar/)တို့တွင် ဝင်ရောက် လေ့လာနိုင်သည်။