{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-05-12
  • ကြီးမား‌ကောင်းမွန်သော 1080P Neo-Display၊ ဆန်းသစ်သည့် စွမ်းဆောင်မှုရည်များနှင့် OPPO A52 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Beyond the Ordinary” ဟူသော ဆောင်ပုဒ်နှင့် အတူ ကြီးမားကျယ်ပြန့်သော Display၊ စွမ်းဆောင်မှု ကောင်းမွန်သည့် AI Quad Camera (၄)လုံး ပါဝင်သော OPPO A52 ကို  ယနေ့တွင် မြန်မာနိုင်ငံစျေးကွက်သို့ စတင်မိတ်ဆက်လိုက်သည်။  4 GB RAM + 128 GB ROM ပါရှိသော OPPO A52 တွင် လက်တွင် ကိုယ်တွယ် အသုံးပြုမှု ကောင်းမွန်အောင်  3D Quad-Curve Body နှင့် ထုတ်လုပ်ထားကာ ဝင်ရိုးစွန်းမှ ကောင်းကင် အလင်းရောင်ပြောင်းလဲမှုကို အခြေခံ၍  Twilight Black (အနက်ရောင်) နှင့် Stream White (အဖြူရောင်) ဟူ၍ ရောင်ပြေး (၂) ရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာ‌ကျပ်ငွေ ၂၉၉,၉၀၀ ကျပ် ဖြင့် မေလ ၁၂ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo/) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ 

    OPPO A52 သည် Screen-to-body Ratio: 90.5% ရှိပြီး သာမာန်ထက်ကျယ်  6.5-inch LCD Blind Hole Screen ပါရှိကာ  Resolution အလွန်မြင့်မားသော Display Resolution:  FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် In-Cell Touch Screen Technology ကို ထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကို အထူးကောင်းမွန်စေသည်။ မည်သည့် အလင်းရောင် အခြေအနေတွင်မဆို ဖုန်းကို ကောင်းမွန်စွာ မြင်တွေ့ အသုံးပြုနိုင်သည့် AI Backlight Adjustment ပါဝင်ကာ မျက်လုံးကို အန္တရာယ်ဖြစ်စေသော အပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက် လက်မှတ်ကိုလည်း   TÜV Rheinland မှ ရရှိထားသည်။   လက်တွင် ကိုယ်တွယ်သုံးစွဲရန် အဆင်ပြေစေမည့် ကောင်းမွန်သော 3D Quad-curve body နှင့်  Side Fingerprint Unlock (ဘေးဘက်လက်ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်း) ပါဝင်သောကြောင့် Screen တွင် လက်‌ဗွေရာ ထင်ခြင်းမရှိဘဲ လက်တစ်ဖက်တည်းနှင့် လွယ်လွယ်ကူကူ လျှင်မြန်စွာ ဖွင့်နိုင်မည် ဖြစ်သည်။ 

    ကြီးမား‌ကောင်းမွန်သော 1080P Neo-Display၊ ဆန်းသစ်သည့် စွမ်းဆောင်မှုရည်များနှင့် OPPO A52 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    ကင်မရာ စွမ်းဆောင်မှုများတွင် အမည်ကောင်းရထားသော OPPO သည်  ယခု OPPO A52 ၏ ကျောဘက် ကင်မရာတွင်  12MP Main Camera၊ 8MP Ultra Wide Camera၊ 2MP Mono Camera၊ 2MP Portrait Camera ကင်မရာ (၄) လုံးကို အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာတွင် OPPO ၏ AI နည်းပညာသုံး အလှပြင်ခြင်းဆိုင်ရာများနှင့်အတူ  ဆန်းသစ်လှပသော Selfie များ ဖန်တီးပေးနိုင်သော 16MP Front Camera ပါဝင်သည်။  12MP Main Camera မှ ကြည်လင်ပြတ်သားသော ပုံရိပ်များကို ထုတ်လုပ်ပေးသည့်အပြင်  119° အလွန်ကျယ်သော ထောင့်ကျယ်မှန်ဘီလူး ပါဝင်သည့် Ultra Wide Camera မှလည်း မြင်ကွင်းကျယ် ဓာတ်ပုံဆန်းများကို ရရှိမည်ဖြစ်သည်။ 2MP Mono Camera နှင့် 2MP Portrait Camera ပါဝင်သောကြောင့် ဆန်းသစ်လှပသော   Portrait ဓာတ်ပုံများကို ပေးစွမ်းပြီး f/1.8 အလင်းဝင်ပေါက်ရှိ မှန်ဘီလူးက အလင်းကို ပိုမို ဖမ်းယူနိုင်သည့်အပြင် ညအချိန်တွင် ရိုက်ကူးသော Ultra Night Mode 2.0 ကပါ ဓာတ်ပုံအရည်အသွေးကို ပိုမိုကောင်းမွန်အောင် မြင့်တင်ပေးနိုင်သည်။ OPPO A52 တွင် ဗီဒီယိုရိုက်ကူးရာတွင် တုန်ခါမှု မဖြစ်ပေါ် စေသည့် Video Anti-Shake ပါဝင်ပြီး ပုံရိပ်များကို ထင်ထင်ရှားရှား တည်တည်ငြိမ်ငြိမ် ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထောင့်ကျယ်ဗီဒီယိုရိုက်ကူးမှုအသစ်နှင့် 120fps အနှေးရိုက်ကူးချက် Slow-motion ဗီဒီယို လုပ်ဆောင်ချက်များက သက်ဝင်လှုပ်ရှားနေသော အမိုက်စား 4K ဗီဒီယိုကောင်းများကို မှတ်တမ်း တင်ထားရှိနိုင်မည်ဖြစ်သည်။

    ကြီးမား‌ကောင်းမွန်သော 1080P Neo-Display၊ ဆန်းသစ်သည့် စွမ်းဆောင်မှုရည်များနှင့် OPPO A52 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    ထို့ပြင် ကောင်းမွန်သည့် 5000mAh Battery ပါရှိသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သည့်အပြင် အခြားဖုန်းကို ပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်း ပါဝင်သည်။ Type C အမျိုးအစား ဖြစ်ကာ 18W Fast Charge System ပါဝင်သောကြောင့်  ၄၅ မိနစ်အတွင်း 0% မှ 50% အထိ အားပြန် ဖြည့်ပေးနိုင်သည်။ သီချင်း၊ ဓာတ်ပုံ၊ ဂိမ်းနှင့် ဗီဒီယိုများ၊ Application များ စိတ်ကြိုက် သိမ်းဆည်းထားနိုင်သော ကြီးမားသော သိုလှောင်မှု ပမာဏ RAM 4GB + 128GB ROM ပါဝင်ပြီး Qualcomm Snapdragon Processor 665 Octa-Core Processor လည်း ထည့်သွင်းထားသဖြင့် ဂိမ်းနှင့် ဗီဒီယိုတို့တွင် အထစ်အငေါ့မရှိ ချောမွေ့သော လုပ်ဆောင်မှုကို ရရှိစေသည်။ Dual Stereo Speaker + Dirac 2.0 ပါဝင်သောကြောင့် ဂီတသံ၊ ဗီဒီယိုနှင့် ဂိမ်းများ၏ အသံကို အလိုအလျောက် ခွဲခြားပေးပြီး ပိုမို ကောင်းမွန်သော အသံစွမ်းဆောင်မှု အတွေ့အကြုံကို ပေးနိုင်သည်။ Android Ver. 10 ကို အခြေခံထားသော အဆင့်မြင့် ကောင်းမွန်သည့်  ColorOS 7.1 နှင့်အတူ Dark Mode, Hyperboost၊ Smart Side Bar နှင့် Multi-User Mode စသည့် အလွန် အသုံးဝင်သော လုပ်ဆောင်မှုများလည်း ပါဝင်သည်။ OPPO A52 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A52 Website Page (https://bit.ly/3bghmkG) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ၀င်ရောက်လေ့လာနိုင်သည်။