ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း (WIPO) မှ ၂၀၁၉ ခုနှစ်အတွက် Patent Cooperation Treaty (PCT) System နှင့် အညီ တင်သွင်းခဲ့သော နိုင်ငံတကာမှ မူပိုင်ခွင့် လျှောက်လွှာစာရင်း ရလဒ်ကို ကြေညာခဲ့ရာ OPPO မှ မူပိုင်ခွင့်လျှောက်လွှာ ၁,၉၂၇ ခု နှင့် မူပိုင်ခွင့်တင်သွင်း ခဲ့ရာ မူပိုင်ခွင့် လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီစာရင်းတွင် (၅) ခုမြောက် အများဆုံး တင်သွင်းသော ကုမ္ပဏီ အဖြစ် ပါဝင်လာသည်။
တိုင်း၊ ပြည်နယ်ပေါင်း ၁၅၀ ကျော်တို့နှင့် နိုင်ငံတကာ သဘောတူစာချုပ်ဖြစ်သည့် PCT အောက်တွင် နိုင်ငံတကာ မူပိုင်ခွင့် တစ်ခု တင်သွင်းခြင်းဖြင့် လျှောက်ထားသူမှာ မိမိ တီထွင်မှုကို နိုင်ငံအများအပြားတွင် မူပိုင်ခွင့် ရယူထိန်းသိမ်းနိုင်မည်ဖြစ်သည်။ OPPO သည် ၂၀၀၉ ခုနှစ်မှ စ၍ နည်းပညာပိုင်းဆိုင်ရာ မူပိုင်ခွင့် လျှောက်ထားမှုများကို ကမ္ဘာအနှံ့အပြားတွင် တွင်ကျယ်အောင် ချဲ့ထွင်ရာမှ ယခင်နှစ်တွင် WIPO ၏ နိုင်ငံတကာ မူပိုင်ခွင့် လျှောက်လွှာစာရင်းတွင် နံပါတ် (၁၇) နေရာဖြင့် ရောက်ခဲ့ပြီး ယခုနှစ်တွင် မဆုတ်မနစ် ကြိုးစားမှုတို့ကြောင့် နံပါတ် (၅) နေရာသို့ ရောက်ရှိလာခဲ့သည်။
OPPO သည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် နိုင်ငံတကာ မူပိုင်ခွင့် လျှောက်ထားမှု ၄၃,၀၀၀ ကျော်ကို တင်သွင်းခဲ့ပြီး ၁၆,၀၀၀ မှာ အတည်ပြုချက် ရရှိခဲ့ပြီဖြစ်သည်။ လျှောက်လွှာ စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်း (၃၈,၀၀၀ ကျော်) သည် တီထွင်မှုဆိုင်ရာ မူပိုင်ခွင့်များဖြစ်သည်။ OPPO သည် 5G မူပိုင်ခွင့် လျှောက်လွှာ ၃,၀၀၀ ကျော် နှင့် AI မူပိုင်ခွင့် လျှောက်လွှာ ၁,၉၀၀ ကျော်ကို တင်သွင်းထားသည်။ ရုပ်ပုံ မူပိုင်ခွင့် လျှောက်လွှာ ၆,၁၀၀ ကျော်ကို တင်သွင်းထားသည့်အနက် ၂,၀၀၀ မှာ အတည်ပြုချက်ရရှိထားပြီးဖြစ်သည်။ ထို့အပြင် အမြန်အားသွင်းသည့်စနစ်ပိုင်းတွင် OPPO မှ Applications ၂,၇၀၀ ကျော်ကို နိုင်ငံတကာအဆင့် တင်သွင်းခဲ့ပြီး ၁,၁၀၀ ကျော်မှာ မူပိုင်ခွင့် အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်သည်။
Source: International applications filed under the Patent Cooperation Treaty (PCT) in 2019
OPPO ၏ မူပိုင်ခွင့်ဆိုင်ရာဌာန၏ Senior Director ဖြစ်သူ Ying Feng က “၂၀၁၉ ခုနှစ်အတွက် PCT နိုင်ငံတကာ မူပိုင်ခွင့် လျှောက်လွှာစာရင်းမှာ အရင်နှစ် နံပါတ် (၁၇) ကနေ အခု နံပါတ် (၅) ကို ရောက်ရှိလာ တာက လွန်ခဲ့တဲ့နှစ်တွေမှာ တရုတ်နိုင်ငံအပြင် နိုင်ငံတကာမှာပါ မူပိုင်ခွင့်လျှောက်ထားမှု တင်သွင်းဖို့ ပြောင်း လဲခဲ့တဲ့ OPPO ရဲ့ နည်းလမ်းဗျူဟာက အောင်မြင်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။ ဒီ နည်းလမ်း အတိုင်း ဆက်သွားပြီး နိုင်ငံတကာက အထူးသဖြင့် အရေးကြီးတဲ့ နိုင်ငံတွေရဲ့ မူပိုင်ခွင့်ပိုင်းမှာ ပိုမိုအရှိန်မြှင့် ကြိုးစားသွားမှာပါ။ အခုဆိုရင် 5G Standard၊ အမြန်အားသွင်းစနစ် နည်းပညာပိုင်း၊ ပုံရိပ်ပိုင်း၊ AI ၊ IoT လိုမျိုး အရေးကြီးတဲ့ အခန်းကဏ္ဍများမှာ မူပိုင်ခွင့် လျှောက်လွှာတွေ တင်သွင်းထားပါတယ်။ Chip ပြုလုပ်တာ၊ Display နည်းပညာပိုင်းနဲ့ Antenna စတဲ့ အပိုင်းတွေမှာလည်း တီထွင်အောင်မြင်မှုတွေ ရရှိ လာအောင် ပိုမို ကြိုးစားသွားပါ့မယ်” ဟု ပြောကြားခဲ့သည်။
OPPO သည် မူပိုင်ခွင့်သစ်များ တိုးပွားမှုကို အစဉ်အလေးထား စဉ်းစားခဲ့ကာ နောက်ဆုံးပေါ် နည်းပညာများ ဆန်းသစ်တီထွင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့ကိုလည်း အရှိန်အဟုန် တိုးမြှင့်ကာ ကြိုးစားလုပ်ဆောင်လျှက်ရှိ သည်။ OPPO ၏ စတည်တည်ထောင်သူ CEO Mr.Tony Chen က OPPO သည် လာမည့် သုံးနှစ်အတွင်း R&D ပိုင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 5G, AI, AR နှင့် big data စသည့် အပိုင်းများတွင် သုတေသနပြုလုပ်မှုများ ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဓိက အခြေခံဖြစ်သော Hardware Technologies နှင့် Software Engineering Ability များတွင်လည်း ပိုမိုတိုးတက်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်မံ ပြောကြားသွားခဲ့သည်။ R&D ပိုင်းတွင် ကြိုးစား အားထုတ်မှုများ၊ စျေးကွက်ပါတနာများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ နောက်ဆုံးပေါ် နည်းပညာ အသစ်အဆန်းများကို ကမ္ဘာအနှံ့မှ သုံးစွဲနိုင်အောင် OPPO မှ အစွမ်းကုန် ကြိုးပမ်းလျှက်ရှိသည်။
တိုက်ရိုက်စကားပြောခန်း
Support ကိုခေါ်ပါ
09-650177770 / 09-650177771
9:00~17:30 MON-SAT
ကျွန်တော်တို့ကိုအီးမေးလ်(Email)ပို့ပါ
ဝန်ဆောင်မှုဌာန