{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-04-25
  • သုံးစွဲသူတို့ စောင့်မျှော်နေသော OPPO F Series ၏ နောက်ဆုံးပေါ် ဖုန်းအသစ် OPPO F15 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    OPPO F15 သည် OPPO F Series ၏ နောက်ဆက်တွဲ အသစ်ထွက်ရှိလာသော ဖုန်းအမျိုးအစားဖြစ်ပြီး လျင်မြန်ပေါ့ပါးသော စွမ်းဆောင်ရည်များနှင့် အဆုံးမရှိ ပျော်ရွှင်မှုများ ယူဆောင်ပေးနိုင်မည်ဖြစ်သည်။

    ကမ္ဘာထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ အပါးလွှာဆုံး ကိုယ်ထည်နှင့် 8GB+128GB ပါဝင်ပြီး 48MP Quad-Camera၊ Hidden Fingerprint 3.0 နဲ့ VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်သည့် OPPO F15 ကို မြန်မာနိုင်ငံစျေးကွက်အတွင်းသို့ စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ OPPO F15 ကို ဆန်းသစ်သည့် Jade Textutre နှင့် လူငယ်ဆန်ဆန်လှပသော သုံးရောင်စပ် ရောင်ပြန်ဒီဇိုင်းပုံစံ Unicorn White နှင့် တည်ငြိမ် လေးနက်ပြီး ခံ့ညားလှပကာ လေဆာရောင်ပြန်ဟပ်ဒီဇိုင်းပုံစံ Lightening Black ဟူ၍ အရောင် နှစ်ရောင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ မြန်မာ‌ကျပ်ငွေ 399,900 ဖြင့် မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်ရှိ ဆိုင်များနှင့် ပို့ဆောင်ခအခမဲ့ဖြင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ဝယ်ယူအားပေးသူများအတွက် ဘေးတစောင်း လွယ်အိတ်များ ကိုလည်း OPPO မှ လက်ဆောင်အနေဖြင့် ပေးသွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံ ဖုန်းသုံးစွဲသူများ၏ တစ်ခဲနက် အားပေးမှုကို ရရှိနေသော OPPO F Series ကို ၂၀၁၆ခုနှစ်တွင် Selfie ဘုရင်ဟု ခေါ်ဆိုကြသော OPPO F1 series ဖုန်းဖြင့် မြန်မာနိုင်ငံ ဖုန်းစျေးကွက်သို့ စတင် ဝင်ရောက် လာခဲ့ပြီး ရောင်းအားအထူးကောင်းမွန်ခဲ့ကာ ဖုန်းသုံးစွဲသူများအကြား OPPO ၏ အမည်ကို ပိုမို ကျော်ကြား စေခဲ့သည်။ ထို့နောက် Group Selfie ရိုက်ကူးနိုင်သော Dual Selfie Camera ပါဝင်သည့် F3 series၊ Full Screen Display စတင်အသုံးပြုခဲ့သော F5 series, Notch ထည့်သွင်းထားပြီး 6 inches Super Full Screen ပါရှိသည့် F7 series၊ မြန်မာနိုင်ငံတွင် ပထမဆုံး နှစ်‌ရောင်စပ် Gradient Colour နှင့် ထွက်ရှိလာ သော F9 series၊ 3 Colour Gradient ဒီဇိုင်းနှင့် F11 series စသည်ဖြင့် အသီးသီး မိတ်ဆက်ခဲ့ရာ F series အပေါ် ဖုန်းသုံးစွဲသူများ၏ သဘောကျနှစ်ခြိုက်မှုမှာ ပိုမို မြင့်မားလာခဲ့သည်။ ယခုအခါ အားလုံး စောင့်မျှော် နေကြသော OPPO F Series ၏ နောက်ဆုံးထွက်ရှိလာသော ဖုန်းအသစ် OPPO F15 သည်လည်း ကောင်းမွန်သော ဖုန်းလုပ်ဆောင်မှုများကို သယ်ဆောင်လာပေးသည့် F series ၏ အစဉ်အလာအတိုင်း “Lighting Fast, Endless Fun” ဟူသော ဆောင်ပုဒ်အတိုင်း လျင်မြန်ပေါ့ပါးသော စွမ်းဆောင်ရည်များနှင့် အတူ ပျော်စရာများကို အဆုံးမရှိ ယူဆောင်ပေးနိုင်မည်ဖြစ်သည်။

    OPPO F15

    OPPO F series ၏ ကင်မရာစွမ်းဆောင်ချက်များမှာ အစဉ်အမြဲ သုံးစွဲသူများ၏ သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့ရာ OPPO F15 တွင်လည်း နောက်ဘက်တွင် ကင်မရာလေးလုံး ပါရှိပြီး Main ကင်မရာအဖြစ် Crystal လို ကြည်လင်ပြတ်သားသော ပုံရိပ်များ ရိပ်ကူးနိုင်သည့် 48MP (F1.7) AI Quad Camera အပြင် 8MP (F2.2) Ultra Wide-Angle Macro Lens, 2MP (F2.4) Mono Lens နှင့် 2MP (F2.4) Portrait Lens တို့ဖြင့် အားဖြည့်ထားသည်။ ရှေ့ဘက်ကင်မရာအဖြစ် 16MP (F2.0) AI Beauty 2.1 ကင်မရာကို အသုံးပြု ထားသည်။ ရှေ့နောက်ကင်မရာများတွင် သဘာဝကျကျ လှပသောပုံရိပ်များ ရရှိစေသော AI Beautifica-tion Algorithm ပါဝင်ပြီး Night Portrait, Ultra Night Mode 2.0, Anti-Shake Video, Portrait Bokeh Effect နှင့် Portrait HDR အစရှိသည့် ထူးခြားကောင်းမွန်သော ကင်မရာလုပ်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားသည်။

    OPPO F15 တွင် Memory 8GB+128GB ပါဝင်ပြီး ပိုမို မြန်ဆန်သော လုပ်ဆောင်မှုများ ရရှိနိုင်သော Helio P70 (Up to 2.1 GHz) ကို ထည့်သွင်းထားသည်။ AnTuTu Benchmark တွင် စစ်ဆေးမှုအရ Helio P70 သည် Snapdragon 675 ထက် သာလွန်သော Gaming Performance ရှိပြီး ကင်မရာလုပ်ဆောင်မှုများ တွင်လည်း ပိုမို ကောင်းမွန်စေကြောင်း အသိအမှတ်ပြုမှု ရရှိထားသည်။ Battery 4000 mAh ဖြစ်ပြီး Type C အမျိုးအစားဖြစ်ကာ ၇၂ မိနစ်အတွင်း ဖုန်းအားအပြည့် ပြန်လည်အားသွင်းနိုင်သည်။ ပုံမှန် အားသွင်း စနစ်များထက် ၄ဆ မြန်ဆန်သည့်အပြင် အဆင့် (၅) ဆင့်ဖြင့် ကာကွယ်ပေးထားသော ဗို့အားနည်း အမြန် အားသွင်းစနစ် VOOC Flash Charge 3.0 ကို အသုံးပြုထားပြီး Gaming Perfomance ကို တိုးမြှင့် ပေးမည့် GameBoost 2.0, In-Game Noise Cancelling Effects, Gaming Voice Changer နှင့် Hyper Boost 2.0 Plus တို့လည်း ပါဝင်သည်။

    OPPO F15

    OPPO F15 သည် Screen Ratio 20:9 ရှိပြီး အလေးချိန် 172 g နှင့် 7.2 mm အထူသာ ရှိသည့် ပါးလွှာ ပေါ့ပါးသော ကိုယ်ထည်နှင့် လက်ထဲတွင် အံဝင်ဂွင်ကျ ဖြစ်နေသော ခံစားချက်ကို ပေးစွမ်းမည်ဖြစ်သည်။ FHD+2400×1080 အထိ ကြည့်နိုင်သော 90.7% Screen Ratio ရှိသည့် Super AMOLED Screen နှင့်အတူ DC Dimming 2.0 ပါရှိသောကြောင့် ဖုန်းအလင်းရောင်ကြောင့် မျက်လုံးထိခိုက်မှုကိုလည်း လျော့ နည်းစေသည်။ ဖုန်း Screen ကို Gorilla Glass 5 ဖြင့် ပြုလုပ်ထားပြီး ၁.၆ မီတာ အမြင့်မှ ပြုတ်ကျသော စမ်းသပ်ချက်တွင် ၈၀ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ ထို့ပြင် ပုံမှန် မြင်နေကျ Rear Fingerprint များနှင့် မတူဘဲ ပိုမိုလုံခြုံစိတ်ချရသော Hidden Fingerprint 3.0 ကို ထည့်သွင်းထားပြီး 0.32 Second အတွင်း Fingerprint ဖြင့် ဖုန်းကို ဖွင့်နိုင်သည့် Light-filling နည်းပညာကို အသုံးပြုထားသော Fast Unlock စနစ်လည်း ပါဝင်သည်။ ဤကဲ့သို့ OPPO F Series ၏ အစဉ်အလာအတိုင်း ဖုန်းသုံးစွဲသူတို့ လိုအပ်ချက် များကို ဖြည့်ဆည်းပေးမည့် ကောင်းမွန်သော လုပ်ဆောင်မှု စုံစုံလင်လင်နှင့် ပျော်ရွှင်ဖွယ် အချိန်များကို ရရှိစေမည့် OPPO F15ကို ထူးခြားကောင်းမွန်သော Mid-Range Smartphone ကောင်းကောင်းကို သင့်တင့်သော စျေးနှုန်းနှင့်ဝယ်ယူလိုသူများအတွက် အထူးသင့်လျော်သော ဖုန်းအဖြစ် မိတ်ဆက်လိုက်သည်။

    OPPO F15 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO F15 Website (https://bit.ly/3eA60uX) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ၀င်ရောက်လေ့လာနိုင်သည်။