{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-07-15
  • OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်

    • OPPOမှ Flash Charge ၏ ရှေ့ဆောင်တစ်ဦးဖြစ်ကြောင်း သက်သေပြသည့်အနေဖြင့် စွမ်းအားမြင့် အားသွင်းကြိုး ၊ ကြိုးမဲ့ အားသွင်းစနစ် နည်းပညာသစ်များနှင့်အတူ အရွယ်အစားသေးငယ်သော စွမ်းအားမြင့် Chargers အသစ်များကို မိတ်ဆက်လိုက်သည်။

    OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge၊ Ultra-small Portable 50W Mini SuperVOOC Charger နှင့် 110W Mini Flash Charger တို့ကို ယနေ့တွင် စတင်မိတ်ဆက်လိုက်သည်။

    125W Flash Charge နည်းပညာသည် မိုဘိုင်းလ် စျေးကွက်တွင် နောက်ဆုံးပေါ် Flash Charge နည်းပညာ ရှာဖွေဖော်ထုတ်နိုင်မှုဟု ဆိုနိုင်သည်။ ခေတ်‌ရှေ့ပြေးသော Encryption Algorithm များ၊ တိကျသော Temperature Control Regulators များကို ထည့်သွင်း‌ထားသောကြောင့် Flash Charging Device ကို ဆင်ပြေလွယ်ကူစွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

    OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်

    65W AirVOOC Wireless Flash Charge သည် အသုံးပြုသူများကို ပုံမှန် အားသွင်းကြိုးနှင့် အားသွင်းခြင်းထက် ပိုမို လျင်မြင်စွာ အားပြည့်စေသည်။ Global Launch တွင် ပထမဦးဆုံး မိတ်ဆက်လာခဲ့သော 50W mini SuperVOOC charger နှင့် 110W Flash Charger တို့မှာလည်း OPPO ၏ VOOC Flash Charge နည်းပညာကို အသုံးပြုထားသော ထူးခြားသည့် တီထွင်မှုအသစ်များပင်ဖြစ်သည်။ အပေါ့ပါးဆုံး၊ အပါးလွှာဆုံး ဒီဇိုင်းနှင့်အတူ အလွယ်တကူ သယ်ဆောင်သွားနိုင်မှုတို့ကြောင့် စျေးကွက်တွင် စွမ်းအားမြင့် Charger များကို ပိုမို သေးငယ်သော အရွယ်အစားနှင့် ထုတ်လုပ်မှုတွင် ရှေ့ဆုံးမှ ဦးဆောင်နေသည့် Charger များ ဖြစ်သည်။

    OPPO ၏ Chief Charging Technology Scientist ဖြစ်သူ Mr.Jeff Zhang က “ ကမ္ဘာအနှံ့အပြားမှာ 5G သုံးစွဲမှုကို အရှိန်မြှင့် လုပ်ဆောင်နေမှုနဲ့အတူ ဂိမ်းကစားခြင်းနဲ့ ဗီဒီယို ကြည့်ရှုခြင်းစတဲ့ ဘက်ထရီ အား အသုံးများတဲ့ Application တွေကို အများအပြား သုံးစွဲလာတာက ဖုန်း ဘက်ထရီ ကြာရှည်ခံမှုနဲ့ သုံးစွဲသူ အားသွင်းမှု အတွေ့အကြုံများ ပိုမို အဆင်ပြေလွယ်ကူစေမည့် စိန်ခေါ်မှု တစ်ခု ဖြစ်လာပါတယ်။ OPPO က ၂၀၁၄ ခုနှစ်က VOOC Flash Charge ကို စတင်မိတ်ဆက်ခဲ့တာကနေ စပြီး Fast Charging တိုးတက်ဖွံ့ဖြိုးမှု အပိုင်းမှာ ဦးဆောင်နေခဲ့တာပါ။ ယခုအခါ High Power ၊ Wireless နဲ့ Ultra-small Charging နည်းပညာပိုင်းမှာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုနဲ့ အားသာချက်တွေကို အသုံးချပြီး အသုံးပြုသူတွေအတွက် ပိုမို လုံခြုံစိတ်ချရပြီး အသုံးပြုရ လွယ်ကူတဲ့ အလွန် လျှင်မြန်တဲ့ အားသွင်းစနစ်တွေ ဆက်လက် ယူဆောင်လာပေးနိုင်ဖို့ ကြိုးစား နေပါတယ်” ဟု ပြောကြားခဲ့သည်။

    OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်

    125W Flash Charge: 5G ခေတ်၏ ပိုမိုလျှင်မြန်သော အားသွင်းစနစ်

    OPPO ၏ 125W Flash Charge နည်းပညာသည် 4000mAh ရှိ ဖုန်းဘက်ထရီကို ၅ မိနစ်အတွင်း 41% အထိ အားသွင်းပေးနိုင်ပြီး 100% ပြည့်ရန် မိနစ် ၂၀ သာ လိုသော Direct Charging Techology ကို အသုံးပြု ထားသည်။ ထို့ပြင် ဤ နည်းပညာသည် ယခင် မိတ်ဆက်ခဲ့သော SuperVOOC နှင့် VOOC Flash Charge Protocol များနှင့် အတူ သုံးနိုင်ပြီး 65W PD နှင့် 125W PPS စသည့် Mainstream Protocol များနှင့်လည်း အသုံးပြုနိုင်သည်။ 125W Flash Charge နည်းပညာသည် ယခု စျေးကွက်တွင် အဆင့်အမြင့်ဆုံး Flash Charging နည်းပညာဟု ဆိုနိုင်သည်။

    SuperVOOC ၏ နည်းပညာ ဖွဲ့စည်းပုံ ဒီဇိုင်းကို ပြောင်းလဲထားသော 125W Flash Charge သည် ပိုမို ကောင်းမွန်ပြည့်စုံသော Hardware Architectureကို အဆင့်မြှင့် ပြုလုပ်ထားသည်။ Charging Scheme 20V 6.25A အထိ ရရှိနိုင်ပြီး Charger ၏ အရွယ်အစားကို ဆိုဒ်မကြီးစေဘဲ အားသွင်းမှု ကြာချိန်ကို လျှော့ချနိုင်စေရန် Power Density Properties များကိုလည်း သိသိသာသာ တိုးတက်အောင် ပြောင်းလဲထည့်သွင်းထားသည်။ ဘက်ထရီပိုင်းတွင် ထူးခြားကောင်းမွန်သော Battery ratio ရှိသည့် Double-6C cells ၊ စျေးကွက်တွင် ခေတ်ရှေ့ပြေးသော Multiple Tab Structures များ၊ Charge Pump များနှင့် ဘက်ပေါင်းစုံမှ အဆင့်မြှင့် ထားသော MCU တို့နှင့်အတူ အားသွင်းမှု ပိုမိုကောင်းမွန်အဆင်ပြေစေရန် ဖွဲ့စည်းအားဖြည့်ထားသည်။

    ထို့အပြင် 125W Flash Charge ၏ အခြေခံ နည်းပညာသည် အားသွင်းနေစဉ် အားသွင်းနေမှု အခြေအနေကို စစ်ဆေးပြီး လုံခြုံစိတ်ချရမှုကို သေချာစေသော Temperature Sensor ၁၀ လုံးကို ထပ်မံ ထည့်သွင်း ပေးထားခြင်းဖြင့် ပိုမို ဘေးကင်းလုံခြုံမှုရှိသော အားသွင်းမှုကို ရရှိစေသည်။ Fuse Overvoltage Protection စနစ်များ၊ Typec C နှင့် Type C Wire၊ 128-bit High-strength Encryption Algorithm တို့ကိုလည်း အသုံးပြုကာ ဘေးအန္တရာယ်ကင်းစေရန် အသေအချာ ဆောင်ရွက်ထားသည်။

    OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်

    65W AirVOOOC Wireless Flash Charge: ကြိုးမဲ့အားသွင်းစနစ် နည်းပညာ တိုးတက်ပြောင်းလဲလာမှုကို ဦးဆောင်သူ

    ဖုန်းသုံးစွဲသူများသည် အားသွင်းကြိုးများ၏ ရှုပ်ထွေးမှုတို့မှ ကင်းဝေးပြီး မိမိတို့၏ ဖုန်းများ အမြန်ဆုံး အားပြည့်နိုင်ရန် အလိုရှိကြသည်။ 65W AirVOOOC Wireless Flash Charge သည် ဤ ပြဿနာ၏ အဖြေများကို ဖြေရှင်းထားပြီး ကိုယ်တိုင်ထုတ်လုပ်ထားသော Isolated Charge Pump နည်းပညာနှင့် Parallel Dual-Coil Design ကို အသုံးပြု၍ ကြိုးမဲ့ အားသွင်းစနစ်ကို ပိုမို အဆင်ပြေစေသော Wireless Flash Charge စျေးကွက်၏ ရှေ့ဆောင်လမ်းပြ နည်းပညာတစ်ခုဖြစ်သည်။

    65W AirVOOOC Wireless Flash Charge သည် 4000mAh battery ကို အားပြည့်စေရန် မိနစ် ၃၀ အတွင်း အလျင်မြန်ဆုံး အားသွင်းပေးနိုင်သည်။ Frequency ပိုင်း Interference ကို လျှော့ချထားသောကြောင့် Wireless Charging ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ နည်းပညာတွင် လုံခြုံမှုအတွက် အလွှာ (၅)လွှာ လုံခြုံမှု တိုင်းတာချက်များ ပါဝင်ပြီး အခြား မဆိုင်သော အရာဝတ္ထုများကို စုံစမ်းပိုင်းခြားပေးသော စနစ်များလည်း ပါဝင်သည်။ Qi Standard နှင့်လည်း အသုံးပြုနိုင်သောကြောင့် အသုံးပြုသူများကို အထူး လျင်မြန်သော ကြိုးမဲ့အားသွင်းမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

    ထို့အပြင် OPPO မှ 65W AirVOOOC Wireless Flash Charge စနစ်နှင့် တွဲဖက်သုံးနိုင်သော Wireless Charger ကိုလည်း စတင်မိတ်ဆက်လာခဲ့သည်။ ဤ Charger တွင် Moldless Rapid Prototyping နည်းပညာဖြင့် လှပစွာ ပုံဖော်ထားသော Glass ပါဝင်ပြီး ဤ နည်းပညာကို သုံးစွဲသူများ၏ အီလက်ထရောနစ်စျေးကွက်တွင် အသုံးပြုထားခြင်းမှာ ပထမဦးဆုံးပင် ဖြစ်သည်။

    Charger ၏ အောက်ခြေတွင် အပူချိန် ဝင်ထွက်မှုကို ထိန်းညှိပေးရန် Semiconductor Cooler ကို ထည့်သွင်း ထားသောကြောင့် ဖုန်းအားဖြည့်ပြီးချိန်တွင် ဖုန်း၏ အပူချိန် မြင့်မားမှု မရှိအောင် ကူညီလုပ်ဆောင်ပေးသည်။ ထို့ကြောင့် ဖုန်း၏ ကျောဘက် အပူချိန်ကို Fan အသုံးပြု၍ အေးစေခြင်းထက် 2℃ ပိုမို လျော့နည်းသော အပူချိန် ရရှိစေမည်ဖြစ်သည်။ ထူးခြားသော ဒီဇိုင်းသည် ဖုန်းအားသွင်းမှုကို ပိုမို အဆင်ပြေစေရန်နှင့် စွမ်းအားမြင့် အားသွင်းမှုကို ရရှိနိုင်အောင် ကူညီပေးသည်။

    ဤ အထူး ပါဝင်သော နည်းပညာများကြောင့် 65W AirVOOOC Wireless Flash Charge သည် ပိုမို ထူးခြား အံ့သြဖွယ် အားသွင်းမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်မည် ဖြစ်ကာ 5G ခေတ်တွင် ဖုန်းသုံးစွဲသူတို့၏ ပထမ ဦးစားပေး ရွေးချယ်မှုလည်း ဖြစ်လာမည်ဟု ဖော်ပြနေသည်။

    OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်

    စွမ်းအားမြင့် Ultra-small Charger Series: သေးငယ်သော အရွယ်အစားနှင့် သယ်ဆောင်အသုံးပြုရန် လွယ်ကူခြင်း

    OPPO သည် ယနေ့ Global Launch တွင် ထူးခြားသော Dual-level ဖွဲ့စည်းပုံ ရှိသည့် ကမ္ဘာ့အသေးငယ်ဆုံးနှင့် အပါးလွှာဆုံးသော 50W mini SuperVOOC charger နှင့် 110W Mini Flash Charger တို့ကိုလည်း စတင် မိတ်ဆက်လိုက်သည်။

    OPPO ၏ 50W mini SuperVOOC Charger သည် Multi-radian Curve Processing မှတစ်ဆင့် ထုတ်လုပ် ထားကာ ဘေးနံရံအထူ 1.05cm သာ ရှိပြီး Business Card Holderနှင့် အရွယ်အစားတူညီသည်။ ထို့ကြောင့် အသုံးပြုသူများသည် အိတ်ကပ်အတွင်း အလွယ်တကူ သယ်ဆောင်သွားနိုင်သောကြောင့် သွားလာ လှုပ်ရှားရာနှင့် ခရီးသွားသောအခါများတွင် အလွန် အဆင်ပြေစေသည်။ 50W mini SuperVOOC charger သည် VOOC Protocols များ အပြင် 27W PD နှင့် 50W PPS စသည့် Mainstream Protocol များနှင့်ပါ အသုံးပြု နိုင်ပြီး ဖုန်းများ၊ Laptop များစသည့် လျှပ်စစ်ပစ္စည်း အမျိုးမျိုးကို အားသွင်းနိုင်သည်။

    OPPO ၏ အင်ဂျင်နီယာများသည် 50W Mini SuperVOOC Charger အတွက် ခေတ်မီဆန်းသစ်သော ဖွဲ့စည်း တည်‌ဆောက်ပုံကို ဒီဇိုင်းဆွဲခဲ့ကြပြီး Topological ဒီဇိုင်းအသစ်နှင့် နေရာယူမှု များသည့် ပါဝင်ပစ္စည်းများ၏ အရွယ်အစားကို လျှော့ချခဲ့သည်။ ဤ ဒီဇိုင်းသည် သမားရိုးကျ Conventional Electrolytic Capacitor ကို ဖယ်ရှားကာ စျေးကွက်တွင် ပထမဦးဆုံး အသုံးပြုလာသော Pulse Charging ၊ Aviation-grade High Power Clamping Diodes များနှင့် GaN High Frequency Switching Power Supply Technology တို့ကို သုံးကာ ပိုမို ကောင်းမွန်သော Power Conversion ကို ရရှိစေပြီး စွမ်းအားမြင့် Charger များကို သေးငယ်သော အရွယ်အစားနှင့် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။.

    50W Mini SuperVOOC Charger အပေါ် အခြေခံ ထုတ်လုပ်ထားသော OPPO ၏ 110W Mini Flash Charger သည် စွမ်းအားမြင့် Adapter များ၏ အရွယ်အစားနှင့် အသုံးပြုရ လွယ်ကူမှုတို့အတွက် ယခင် ရှိခဲ့သော ကန့်သတ်ချက်များကို ကျော်လွန်ခဲ့သည်။ High-efficiency Power Conversion နှင့် အပူချိန်များမှုကို ထိန်းချုပ် ပေးနိုင်သော ဆန်းသစ်သော Dual-level Architecture ကို အသုံးပြုထားသည့်အပြင် 35.76 cm³ (ပုံမှန် 18W charger ၏ အရွယ်အစားမျှ) အထိ အရွယ်အစား ချုံ့ထားပြီး Laminate နှင့် Compact Structure များနှင့် အတူ 110W Mini Flash Charger ကို ပေါင်းစည်းတည်ဆောက်ထားသည်။

    OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို စျေးကွက်တွင် စတင်မိတ်ဆက်

    အသိဉာဏ်မြင့်မားသော ဆက်သွယ်မှုခေတ်တွင် OPPO ၏ ultra-small Charger Series သည် အချိန်တိုင်း နေရာတိုင်းတွင် Flash Charging စနစ်နှင့် အားသွင်းနိုင်အောင် ကူညီနေမည်ဖြစ်သည်။ အားသွင်းရင်း သွားလာလှုပ်ရှားနိုင်ခြင်းကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကာ Charger တစ်ခုတည်းနှင့် Device အများအပြားကို အားသွင်းနိုင်မည်ဖြစ်သည်။

    OPPO သည် ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စတင်ကာ Flash Charging အတွက် Global Patent 2,800 ကျော် ကို တင်သွင်းခဲ့ပြီးဖြစ်သည်။ ကမ္ဘာအနှံ့မှ သုံးစွဲသူ ၁၅၇ သန်းကျော်အတွက် အထူးလျှင်မြန်သော အားသွင်းမှု အတွေ့အကြုံများ ရရှိစေရန် VOOC Flash Charge နည်းပညာကို OPPO စမတ်ဖုန်း အမျိုးအစား ၃၀ ကျော်တွင် ထည့်သွင်းထုတ်လုပ်ထားလျက်ရှိသည်။ ယခု အသိဉာဏ်မြင့်မားသော ဆက်သွယ်မှုခေတ်တွင် Mobile Flash Charging လိုအပ်ချက်များ အမြောက်အမြား တိုးပွားလာသည်နှင့်အမျှ OPPO မှ VOOC Flash Charge Platforms များနှင့် စျေးကွက်တွင် ဦးဆောင်လျက်ရှိသည့် နည်းပညာများကို ပိုမို အဆင့်မြှင့် တီထွင် စမ်းသပ်မှုများ ပြုလုပ်ကာ ကမ္ဘာအနှံ့မှ သုံးစွဲသူများအတွက် လျင်မြန်ပြီး အသုံးပြုမှု အဆင်ပြေစေသော အားသွင်းမှု စနစ်များ ယူဆောင်လာပေးနိုင်ရန် ဆက်လက် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။