{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-06-08
  • ColorOS 7 (Android 10) Official Version အသုံးပြုနိုင်ပြီဖြစ်သော OPPO ဖုန်းများ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံများသို့ ဝင်ရောက်

    ● Find X, Reno Series စသည့် Flagship ဖုန်းများတွင် Official Version ကို စတင် အသုံးပြုနိုင်နေပြီဖြစ်သည်။
    ● F9, A5 2020 စသည့် OPPO စမတ်ဖုန်းများအတွက် Update မှာ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် တစ်ခုဖြစ်သော OPPO မှ Android 10 ကို အခြေခံထားသော ColorOS 7 System ၏ Official Version ကို မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည့် အစီအစဉ်ကို ကြေညာလိုက်သည်။ ဧပြီလမှ စ၍ OPPO အသုံးပြုသူများထံ ရောက်ရှိလာသော ColorOS 7 ၏ Official Version ကို ယခုအခါ Reno၊ Find၊ A Series စသည့် OPPO စမတ်ဖုန်း (၂၀) ကျော်တွင် Batch အလိုက် အချိန်ဇယားအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ခဲ့သော ColorOS 7 သည် ကမ္ဘာတစ်ဝန်းရှိ OPPO အသုံးပြုသူများ၏ ကောင်းမွန်သော မှတ်ချက်ကောင်းများ ရရှိလျက်ရှိသည်။ အဆင်ပြေ ချောမွေ့ကာ ကြည်နူးပျော်ရွှင်ဖွယ် အတွေ့အကြုံများ ပေးနိုင်သော Android 10 ကို အခြေခံထားသည့် Mobile Operating System တွင် ဆန်းသစ်လှပသော ဒီဇိုင်းအသစ်၊ ပိုမိုလျင်မြန်ပြီး ချောမွေ့သော Performance၊ အဆင့်မြှင့်ထားသော Privacy Protection နှင့် အတူ Soloop၊ Focus Mode၊ လက်ချောင်း သုံးချောင်းနှင့် Screenshot ရိုက်ကူးနိုင်သော စနစ်စသည့် Features အသစ်များလည်း ပါဝင်သည်။

    ColorOS 7 (Android 10) Official Version အသုံးပြုနိုင်ပြီဖြစ်သော OPPO ဖုန်းများ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံများသို့ ဝင်ရောက်

    ယခု ထွက်ရှိလာမှုအပေါ် OPPO ColorOS ၏ Senior Principal Engineer ဖြစ်သူ Mr.Manoj Kumar က “ ColorOS အဖွဲ့က တင်းကြပ်တဲ့ အရည်အသွေးလိုအပ်ချက်တွေကို လိုက်နာဖြည့်ဆည်းခဲ့ပြီး အသုံးပြုသူတွေရဲ့ မှတ်ချက်တွေကို သေချာလေ့လာခဲ့ပါတယ်။ Official Version မထွက်ခင်မှာ ကမ္ဘာအနှံ့ စစ်ဆေးစမ်းသပ်သူ ၉၂,၀၀၀ ၏ သုံးသပ်ချက်နှင့် အတွေ့အကြုံ Bugs များကို စစ်ဆေးပြီးတော့ အစမ်း Version ကနေ ပြန်လည် စစ်ဆေးသုံးသပ်မှုတွေကို ထောင်ပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

    ColorOS သည် နိုင်ငံပေါင်း ၁၄၀ တွင် သုံးစွဲသူ သန်းပေါင်း ၃၅၀ ကျော်ရှိနေပြီး ဘာသာစကားပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေးထားသည်။ ဝန်ထမ်း ၂၅၀ ကျော် ရှိသော အိန္ဒိယနိုင်ငံ၊ ဟိုင်ဒါဘတ်မြို့တွင် ရှိသော OPPO R&D Center သည် ColorOS 7 တီထွင်မှုနှင့် ထုတ်လုပ်မှုတွင် အရေးပါသော နေရာမှ ပါဝင်နေသည်။ R&D အဖွဲ့မှ ColorOS 7 အစမ်း Version မှ စမ်းသပ်သူတို့၏ တုံ့ပြန်မှုများကို အလေးထား စဉ်းစားကာ သုံးစွဲသူတို့ လိုအပ်တောင်းဆိုသော အချက်များကို တရားဝင် ထုတ်ဝေမှုတွင် ပါဝင်အောင် ထည့်သွင်းထားသည်။

    ColorOS 7 (Android 10) Official Version အသုံးပြုနိုင်ပြီဖြစ်သော OPPO ဖုန်းများ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံများသို့ ဝင်ရောက်

    ရရှိနိုင်မှု အခြေအနေ

    ColorOS 7 Official Version သည် OPPO Find X၊ Find X SuperVooc Edition၊ Find X Automobili Lamborghini Edition၊ Reno 10X Zoom၊ Reno၊ Reno 2၊ Reno 2F၊ Reno 3၊ Reno 3 Pro၊ R17 Pro၊ F11 Pro၊ နှင့် F11 တို့တွင် ယခု အသုံးပြုနိုင်နေပြီဖြစ်သည်။ အခြား ဖုန်းများအတွက် ColorOS 7 ၏ Official Version ကို အောက်ပါ အချိန်ဇယားအတိုင်း ရရှိနိုင်မည်ဖြစ်သည်။

    ဇွန်လတွင် Upgrade ရရှိမည့် ဖုန်းများ
    1. F9
    2. F9 Pro
    3. F7
    4. F7 128G
    5. A5 2020
    6. A9 2020

    ဇူလိုင်လတွင် Upgrade ရရှိမည့် ဖုန်းများ
    1. F15

    ColorOS အကြောင်း
    ColorOS သည် အသုံးပြုသူများအတွက် အဆင်ပြေစေရန် လွယ်ကူလျင်မြန်ပြီး အဆင့်မြင့်မားသော နည်းပညာများ၊ ဆန်းသစ်သော ဒီဇိုင်းများနှင့် Android ကို အခြေခံထားသော OPPO မှ ထုတ်လုပ်ထားသည့် Mobile OS ဖြစ်သည်။ ColorOS ကို ကမ္ဘာအနှံ့ သုံးစွဲသူ သန်းပေါင်း ၃၅၀ ကျော် ရှိပြီး အင်္ဂလိပ်၊ စပိန်၊ ဟင်ဒီ၊ အာရေဗျနှင့် ထိုင်းဘာသာစသည့် အသုံးပြုနိုင်သော ဘာသာစကားပေါင်း ၈၀ ကျော် ထည့်သွင်းပေးထားသည်။