{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-05-09
  • COVID-19 ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန်
    အိမ်တွင်နေထိုင်ကြစဉ် ပျော်ရွှင်ဖွယ် အချိန်များ ပိုင်ဆိုင်နိုင်စေဖို့ OPPO မှ
    24 Hours City Challenge : Morning Session ကို မိတ်ဆက်

    ကမ္ဘာအနှံ့တွင် ကူးစက်ပြန့်ပွားနေသော COVID-19 ရောဂါ ကူးစက်မှုကို လျှော့ချနိုင်စေရန် လက်ကို သေချာဆေးကြောခြင်း၊ အကွာအ‌ဝေး တစ်ခုမှ နေ၍ ပြောဆို ဆက်ဆံခြင်း စသည့် နည်းလမ်းများအပြင် အတက်နိုင်ဆုံး အိမ်တွင် နေထိုင်ခြင်း၊ အိမ်မှ နေ၍ အလုပ် လုပ်ကိုင်ခြင်းတို့ဖြင့် အားလုံးအတူတကွ ကာကွယ်ဆောင်ရွက်လျက် ရှိကြသည်။ ရောဂါကာကွယ်ရန် အိမ်တွင်နေရင်း မိမိတို့ ဝါသနာအလိုက် ချက်ပြုတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခြင်း၊ ဟာသဗီဒီယိုတိုများ ရိုက်ကူးခြင်း စသည်ဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချကြကာ ဖန်တီးမှု ရလဒ်တို့ကို အွန်လိုင်းမှ တစ်ဆင့် မိတ်ဆွေများ၊ ချစ်သူခင်သူများကို မျှဝေလျက်ရှိကြသည်ကို အများအပြား တွေ့ရသည်။ ထိုသို့ ဘေးကင်း လုံခြုံစွာ အိမ်တွင်နေရင်း ပိုမို ပျော်ရွှင်ဖွယ် အချိန်များ ပိုင်ဆိုင်နိုင်ရန် OPPO မှ ပရိသတ် ချစ်သော အနုပညာရှင်များ၊ Social Influencer များနှင့် ပူးပေါင်း၍ အွန်လိုင်းမှ တစ်ဆင့် အားလုံးပါဝင်ဆင်နွှဲနိုင်သော စိတ်ဝင်စားဖွယ် Challenge တစ်ခုဖြစ်သည့် 24 Hours City Challenge ကို မိတ်ဆက်လိုက်သည်။

    OPPO မှ ကျင်းပမည့် 24 Hours City Challenge တွင် Morning၊ Afternoon၊ Night Session ဟူ၍ ကဏ္ဍ (၃) ခု ပါဝင်ကာ ကျင်းပသွားမည်ဖြစ်သည်။ Morning Session Challenge ကို မေလ ၉ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော် လွှမ်းပိုင်နှင့် အတူ လူငယ်ပရိသတ်တို့၏ အားပေးမှုကို အများအပြား ရရှိနေသော အနုပညာရှင်များ၊ Social Influencer များ ဖြစ်ကြသည့် မင်းသွေးခန့်၊ ပိုင်အုပ်စိုးအောင်၊ ဟန်နီနွေဦး၊ သဇင်ထူးမြင့်၊ ဖုန်းသီရိကျော် တို့မှ အိမ်မှာနေရင်း အချိန်ကို အသုံးချပုံ၊ ပရိသတ်များ မသိသေးသော ၎င်းတို့၏ ဝါသနာ သို့မဟုတ် မလုပ်ဖူးသော အရာတစ်ခုကို ကြိုးစား ကြည့်ခြင်းစသည့် စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်အသီးသီးဖြင့် ပါဝင်တင်ဆက်သွားမည်ဖြစ်သည်။ အဆိုပါ Challenge တွင် ပါဝင်ကြမည့် အနုပညာရှင်များသည် OPPO မှ မကြာမီ ထွက်ရှိလာမည့် OPPO A52 ဖုန်းများ အသုံးပြု၍ ပရိသတ်များနှင့် အတူပျော်ရွှင်ဖွယ် အစီအစဥ်များ ပြုလုပ်သွားမည်ဖြစ်သည်။ Challenge များတွင် ပါဝင်လာမည့် “Beyond the Ordinary” ခေါင်းစဉ်နှင့် OPPO မှ အသစ် မိတ်ဆက်လာမည့် OPPO A52 သည် ဆန်းသစ်သော 3D Quad-curve ကိုယ်ထည်နှင့်အတူ 1080P Neo-Display ပါဝင်ပြီး ကြီးမားသော 5000 mAh Battery၊ ကောင်းမွန်သော AI Quad Camera လုပ်ဆောင်မှုများနှင့် အတူ မြန်မာနိုင်ငံစျေးကွက်သို့ မေလ ၁၂ ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ်ကာ ဖုန်းနှင့် ပတ်သက်သော အချက်အလက်များကို OPPO Website (https://bit.ly/3bghmkG) တွင် ကြိုတင် ဝင်ရောက် ကြည့်ရှုနိုင်သည်။

    COVID-19 ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် 
အိမ်တွင်နေထိုင်ကြစဉ် ပျော်ရွှင်ဖွယ် အချိန်များ ပိုင်ဆိုင်နိုင်စေဖို့ OPPO မှ 
24 Hours City Challenge : Morning Session ကို မိတ်ဆက်

    24 Hours City Challenge ကို စိတ်ပါဝင်စားသော ပရိသတ်များအနေနှင့် မိမိနှစ်သက်သော Challenge တွင် #24hourscitymorningsession hashtag နှင့်အတူ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ နေ့ရက်တစ်ရက် စီတွင် အနုပညာရှင် တစ်ဦးစီမှ မိမိတို့၏ Facebook မှ တစ်ဆင့် Video ကို တင်ပေးသွားမည်ဖြစ်သည်။ ပါဝင်လာသော ပရိသတ်များအနက် Challenge တစ်ခုအတွက် ပရိသတ် (၅) ဦးစီကို မေလ ၁၆ ရက်နေ့တွင် အနုပညာရှင်များက ရွေးချယ်ပေးသွားမည်ဖြစ်ကာ ဆုလက်ဆောင်အဖြစ် OPPO မှ ဖုန်းဘေလ်များ ချီးမြှင့်သွားမည့်အပြင် အနုပညာရှင်များ ကိုယ်တိုင်ရေးသားထားကာ လက်မှတ်ထိုးထားသော အမှတ်တရ စာတိုများ ပါဝင်သည့် လက်ဆောင်များကိုလည်း ချီးမြှင့်သွားမည်ဖြစ်သည်။ Challenge အစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များနှင့် ပြိုင်ပွဲ ဝင်ရောက်နိုင်ရောက် ယှဉ်ပြိုင်နိုင်ပုံ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက 24 Hours City Challenge Camapaign Link (https://www.facebook.com/oppomyanmar/posts/1608633585961190) နှင့် OPPO ၏ Official Facebook Page (https://www.facebook.com/oppomyanmar/)တို့တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။