{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-05-05
  • ထူးခြားသော အသွင်အပြင်၊ ပိုမိုကောင်းမွန်သော ခံစားမှုနှင့် ပျော်ရွှင်မှုများ သယ်ဆောင်လာပေးမည့် OPPO A12 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ကောင်းမွန်သော Processor၊ ကြီးမားသော Storage နှင့် လှပသော ပုံရိပ်များ‌ ပေးစွမ်းနိုင်သည့် တန်ဖိုးသင့် ဖုန်း OPPO A12 ကို ယနေ့တွင် မြန်မာနိုင်ငံစျေးကွက်သို့ စတင်မိတ်ဆက်လိုက်သည်။ OPPO A12 သည် စျေးနှုန်းတူ ဖုန်းများအတွင်း Storage အကြီးဆုံး 4 GB RAM + 64 GB ROM ပါရှိသည် သာမက ကြီးမားကျယ်ပြန့်သည့် 6.22" Water Drop Screen လည်း ပါရှိပြီး 3D စိန်ကွက်ပုံစံ ဒီဇိုင်းနှင့် အတူ ခြစ်ရာမထင် အကြမ်းခံနိုင်ပြီး ထူးခြားလှပပေါ့ပါးသော အသွင်အပြင်နှင့် ထုတ်လုပ်ထားသည်။ လူကြိုက်များပြီး ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသော အနက်ရောင်ဒီဇိုင်းနှင့် ၂၀၂၀ခုနှစ်တွင် Trend အဖြစ်ဆုံး ဖြစ်ပြီး လူငယ်ဆန်သော အပြာရောင်ဒီဇိုင်း ဟူ၍ အရောင် (၂) ရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာ‌ကျပ်ငွေ ၂၂၉,၉၀၀ ကျပ် ဖြင့် မေလ ၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-a12-4gb64gb-i103874502-s1028530332.html?spm=a2a0e.8553159.0.0.83fe6cc86TOUG7&mp=3/ )တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

    ထူးခြားသော အသွင်အပြင်၊ ပိုမိုကောင်းမွန်သော ခံစားမှုနှင့် ပျော်ရွှင်မှုများ သယ်ဆောင်လာပေးမည့် OPPO A12 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    OPPO ဖုန်းများသည် ကင်မရာ စွမ်းဆောင်မှုများ အမြဲတမ်း ထူးခြားကောင်းမွန်အောင် ပြုလုပ်လျက်ရှိသည့် အစဉ်အလာအတိုင်း ယခု အသစ်ထုတ်လုပ်လိုက်သည့် OPPO A12 ၏ ကျောဘက်ကင်မရာတွင် 13MP Main Camera + 2MP Depth Camera တို့ကို အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာအဖြစ် 5MP Camera ပါဝင်သည်။ ပုံရိပ်များ၏ အရောင်အသွေးများကို Pixel-mapping Algorithm နှင့်အတူ ပိုမို စိုပြည် တောက်ပစေသည့် Dazzle Color Mode၊ မည်သည့် နောက်ခံ background တွင် မဆို လှပသော ရှေ့ကြည် နောက်ဝါး ပုံရိပ်များ ရရှိစေမည့် Portrait Bokeh နှင့် ကျား ၊မ၊ အသက်၊ အသားအရောင်၊ မျက်နှာ ထူးခြားချက်တို့ကို AI နည်းပညာတို့ဖြင့် စနစ်တကျ တွက်ချက်ပေးပြီး သဘာဝဆန်ဆန်ဖြင့် ပိုမိုလှပသော ပုံရိပ်များ ရိုက်ကူးပေးသော AI Beautification စသည့် Functions များ ပါရှိသဖြင့် မည်သည့် အချိန်တွင်မဆို အမှတ်တရများကို လှပသော ပုံရိပ်များအဖြစ် ပြောင်းလဲသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ယခု ခေတ်စားလျက်ရှိသော ဗီဒီယိုတိုများ၊ Vlog များ ရိုက်ကူးတည်းဖြတ်ရာတွင် Material များ၊ Template များ အစုံအလင်ဖြင့် စက္ကန့် ၂၀ အတွင်း လွယ်ကူလျင်မြန်စွာ တည်းဖြတ်ပြီး စိတ်ဝင်စားဖွယ် အရည်အသွေး ကောင်းမွန်သော Vlog များကို ဖန်တီးနိုင်သော Soloop Editor ကိုလည်း ထည့်သွင်း ပေးထားသည်။

    OPPO မှ အသစ်ထွက်ရှိလာသော OPPO A12 သည် ထူးခြားလှပသော စိန်ပွင့်ပုံစံတွင် အလင်းတန်း ဖြာသော ဒီဇိုင်း၊ စိန်ကဲ့သို့ ခိုင်မာသော အရည်အသွေးရှိ ကိုယ်ထည်တို့နှင့်အတူ အထူ 8.3 mm နှင့် အလေးချိန် 165 g သာ ရှိသည့် ပါးလွှာ ပေါ့ပါးသော ဖုန်းအဖြစ် ထုတ်လုပ်ထားသည်။ Screen to Body Ratio မှာ 88.3% ဖြစ်ပြီး OPPO ၏ အဆင့်မြင့် Facial Recognition နည်းပညာကို အသုံးပြုထားသောကြောင့် မျက်နှာကို တိကျသေချာစွာ ဖတ်ပြီး 0.08s အတွင်း ဖုန်းကို Unlock ပေးနိုင်သော AI Facial Unlock နှင့် လက်တင်လိုက်ရုံနှင့် Lock ဖွင့်ပေးနိုင်သော Fingerprint Unlock ဟူ၍ Unlock စနစ်(၂) မျိုး ပါရှိသည်။

    ထူးခြားသော အသွင်အပြင်၊ ပိုမိုကောင်းမွန်သော ခံစားမှုနှင့် ပျော်ရွှင်မှုများ သယ်ဆောင်လာပေးမည့် OPPO A12 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    ထို့ပြင် Max CPU Frequency: 2.3 GHz ပါရှိသော Octa-core processor P35 ကို ထည့်သွင်း အသုံးပြုထားပြီး စျေးနှုန်းတူ ဖုန်းများထဲတွင် Processor အကောင်းဆုံး အသုံးပြုထားသော ဖုန်းဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်ကြည်လင်စွာဖြင့် ဗီဒီယို ကြည့်ရှုခံစားနိုင်မှု၊ ဂိမ်းကစားရာတွင် ထစ်ခြင်း၊ ဟန်းခြင်း မရှိဘဲ ကစား နိုင်ခြင်းနှင့် ဖုန်းကို အချိန်ကြာမြင့်စွာ ချောချောမွေ့မွေ့ အသုံးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိနိုင် သည်။ ကြီးမားသော 4230mAh Battery ပါရှိပြီး Storage မှာလည်း အခြား စျေးနှုန်းတူ ဖုန်းများအနက် အကြီးမားဆုံး 4 GB RAM + 64 GB ROM ပါဝင်သောကြောင့် မတူညီသော Application များကို တစ်ပြိုင်နက် အခက်အခဲမရှိ အသုံးပြုနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယိုများ၊ သီချင်းများ၊ ဂိမ်းများကိုလည်း စိတ်ကြိုက် ထည့်သွင်းထားကာ မိမိစိတ်ကြိုက် အနှောက်အယှက်မရှိ ကြာရှည်စွာ ဖုန်း အသုံးပြုနိုင်မည်ဖြစ်သည်။ OPPO A12 တွင် စက်ဘီး၊ ဆိုက်ကယ် စီးသူများအတွက် အထူး အဆင်ပြေစေသော RidingMode ၊ ကွဲပြား ခြားနားသော ဝန်ဆောင်မှုများကို တစ်နေရာထဲတွင် ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးသည့် Smart Assistant ၊ ဂိမ်းကစားရာတွင် မိမိ စိတ်ကြိုက် စွမ်းဆောင်ရည်နှင့် စွမ်းအင်သုံးစွဲမှု ပမာဏကို ဖန်တီးနိုင်သည့် Game Space စသည့် အသစ် သစ်သော လုပ်ဆောင်မှုများ ပါဝင်သည့် ColorOS 6.1 System ကို အသုံးပြုထားသည်။

    ထူးခြားသော အသွင်အပြင်၊ ပေါ့ပါးလှပသော ဒီဇိုင်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်များ ပါဝင်သော OPPO A12 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A12 Website Page (https://oldcms.oppo.com/mm/smartphone-a12/?utm_source=Press&utm_medium=Release&utm_campaign=A12/) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။