OPPO F17
ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်
Ultra-Sleek
Leather-Feel Body
30W VOOC
Flash Charge 4.0
AMOLED
Display
In-Display
Fingerprint Unlock
အထက်တန်းဆန်ဆန် ခန့်ညားထည်ဝါခြင်း
ခေတ်ရှေ့ပြေးဒီဇိုင်းဖြစ်သော ပါးလွှာပေါ့ပါးသည့်ဖုန်းကိုယ်ထည်နှင့် ပြေပြစ်သောထောင့်ချိုးအဝိုင်းပုံစံတို့ကြောင့် တစ်နေ့တာလုံး အဆင်ပြေစွာ ကိုင်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဖုန်းကျောဘက်မျက်နှာပြင်ကို သားရေလည်သာအထိအတွေ့ခံစားမှု ရရှိအောင် ဖန်တီးထားသည့်အတွက် ထူးခြားသည့် အထိအတွေ့ခံစားမှုကြောင့် ဖုန်းကိုလက်မှ မခွာချင်လောက်အောင် ဆွဲဆောင်ထားနိုင်မည်ဖြစ်ပါသည်။
163g အထူ
7.45mm ပါးလွှာမှု
စောင့်ဆိုင်းရခြင်းအတွက် စိတ်ကုန်နေပြီလား။ ကျွန်တော်တို့အားလုံးရဲ့ ခံစားချက်တွေက ထပ်တူကျနေမှာပါ။
ဖုန်းအားပြည့်ဖို့ အပူတပြင်းလိုအပ်နေချိန်တိုင်းအတွက် အချိန်တိုအတွင်း အမြန်ဆုံးအားဖြည့်ပေးနိုင်သည့် 30W VOOC Flash Charge 4.0 က သင့်အတွက်အမြဲအသင့်ရှိနေပါတယ်။ OPPO F17 ကို ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် အားအပြည့်သွင်းနိုင်ရန် တစ်နာရီအချိန်တောင် မလိုအပ်တော့ပါဘူး။
4000mAh ဘက်ထရီ
30W VOOC Flash Charge 4.0
များများဆော့၊ များများပျော်ရွှင်၊ အောင်ပွဲများဆက်တိုက်ရယူလိုက်ပါ
Lag နေတာလား။သေချာပါတယ် ဒါသင့်ဖုန်းမဟုတ်ပါဘူး။
အချိန်တိုင်း စက္ကန့်တိုင်းအတွက် အလျင်မြန်ဆုံးလုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ အလွန်မြင့်မားသော ဂ်ိမ်းများကစားချိန်တွင်ပင် အကောင်းဆုံးလုပ်ဆောင်နိုင်ရန်အတွက် မမ်မိုရီကို RAM+ Anti-Lag အသုံးပြု၍ မြင့်တင်ပေးထားပါသည်။ 8GB RAM ဖြင့် အကောင်းတကာ့အကောင်းဆုံး လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။
RAM:8GB ROM:128GB
စိတ်အာရုံတစ်ခုလုံးကို ဂိမ်းကစားခြင်းတွင် နှစ်မြှုပ်ထားနိုင်ပါပြီ
သင့်ဖုန်းက သင်ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများစွာကိုယူဆောင်ပေးမည်ဖြစ်ပါသည်။ အသိပေးချက် (notifications) များကို အောက်သို့ဆွဲချကြည့်ရှုနေရခြင်းကြောင့် အလုပ်ပိုစေမည့်အစား မျက်နှာပြင်ပေါ်တွင် အသိပေးချက်များအား စာတမ်းထိုးပြသပေးနိုင်သည့် floating window လေးများကို ထည့်သွင်းပေးထားခြင်းဖြင့် ဂိမ်းကစားခြင်းကို အနှောက်အယှက်မဖြစ်စေပဲ အချိန်နှင့်တပြေးညီ စာတိုများကို ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ပါသည်။
မြင်ကွင်းရှင်းရှင်းဖြင့် လျင်မြန်စွာ ထိတွေ့လုပ်ဆောင်နိုင်စွမ်းရှိခြင်း
6.44-inch
screen5
90.7 %
screen-to-body ratio
1.67 mm
border width
2400 x 1080
resolution
408 PPI
pixel density
20 : 9
aspect ratio
တစ်နေ့တာလုံး သက်တောင့်သက်သာ ရှုမြင်နိုင်ခြင်း
အလင်းဆုံးမှ အမှောင်ဆုံးအထိ OPPO F17 က သင့်မြင်ကွင်းအားလုံးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်မည်ဖြစ်ပါသည်။ နေ့အချိန်တွင် အလင်းရောင်ကိုလိုက်၍ မျက်နှာပြင်အလင်းရောင်ကို အလိုအလျောက် ချိန်ညှိပေးနိုင်သဖြင့် မတူညီသော အလင်းရောင်များကြား ဖုန်းမျက်နှာပြင်ကို အကောင်းဆုံးရှုမြင်နိုင်မည်ဖြစ်ပါသည်။ ညအချိန်တွင် 2 nits အထိ နှိမ့်ချပေးနိုင်သည့်အတွက် အမှောင်ထဲတွင်ပင် သင့်မျက်လုံးကို အကောင်းဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
Sunlight Screen
Moonlight Screen
ဖုန်းကိုလက်ဖျားလေးဖြင့် တို့ထိရုံဖြင့် အလျင်အမြန်အသုံးပြုနိုင်ခြင်း
ပြသထားသော လက်ဗွေဖတ်သည့်စကန်ပေါ်တွင် တစ်ချက်ထိတွေ့ရုံဖြင့် လက်ဗွေကို လျင်မြန်စွာ တိတိကျကျ ဖမ်းယူပြီး အမြန်ဆန်ဆုံး ဖွင့်ပေးနိုင်မည်ဖြစ်ပါသည်။
အချိန်တိုင်း အများအကြားတွင် ကြွားဝါချင်စရာကောင်းလောက်အောင်
လှပသော selfie ဓာတ်ပုံ
အလှဆုံးဆယ်ဖီဓါတ်ပုံများ ရိုက်ကူလိုပါသလား။ သင့်ပုံရိုက်များကို အလှဆုံးဖြစ်အောင် ပြင်ဆင်ပေးမည့် AI Beautification 2.0 ဖြင့် အသားအရောင်များချိန်ညှိပေးခြင်း၊ သင့်မျက်နှာနှင့် လိုက်ဖက်မည့် မိတ်ကပ်ပုံစံကို အလိုအလျောက်ပြင်ဆင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ညအချိန် ဓါတ်ပုံရိုက်ကူးချိန်တွင် Night Mode ဖြင့် အလင်းရောင် နည်းနည်းမှာပင် ထူးခြားလှပသော ဆယ်ဖီဓါတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။ နောက်ခံပုံရိပ်များကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးနိုင်သကဲ့သို့ မျက်နှာအလင်းပြန်ခြင်းကိုလည်း Face protection ဖြင့် ကာကွယ်ပေးထားပါသည်။
မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် ဓါတ်ပုံအရည်အသွေး
ကင်မရာလေးလုံးတွဲတွင် ပါဝင်သော မှန်ဘီလူးများပေါင်းစပ်မှုဖြင့် အသစ်အသစ်သော အရာများ ဖန်တီးနိုင်စွမ်းကို မြင့်တင်လိုက်ပါ။
သင်၏ ဓါတ်ပုံအမြင်ပိုင်းဆိုင်ရာကို ချဲ့ထွင်ခြင်း
ထောင့်ကျယ်ရိုက်ကူးခြင်းဖြင့် ရှုမျော်ခင်းများ၊ အဆောက်အဦးဗိသုကာလက်ရာများ စသည့်အခမ်းအနားဆုံးသော မြင်ကွင်းများကို ရိုက်ချက်တစ်ခုတည်းဖြင့် ဖမ်းယူနိုင်ပါပြီ။
Filter: R3
Filter: R7
သင့်ခံစားချက်တိုင်းကို ရွေးထုတ်ပြုပြင်ပုံဖော်ပေးနိုင်ခြင်း
မြင်နေကျဓါတ်ပုံများနှင့်မတူ ခွဲထွက်ပြီး ခံစားမှုရသအသစ်ကို ပေးစွမ်းနိုင်ရန် မိမိဓါတ်ပုံကို ဂန္တဝင်ဆန်ဆန် ပြုပြင်ပုံဖော်ပေးခြင်း၊ အရောင်များကို ချိန်ညှိ၍ ပုံဖော်ပေးနိုင်ခြင်း၊ ခေတ်ပေါ်ရေပန်းစားသည့် ပုံစံအသွင်ရရှိစေရန် ပုံဖော်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
ရောင်စုံလောကကြီးအား မှတ်တမ်းတင်ခြင်း
ကျယ်ဝန်းလှပသော ပင်လယ်ကမ်းခြေမှသည် နူးညံ့ချစ်စရာကောင်းသော ကလေးငယ်များအထိ မတူညီသော ရိုက်ကွင်းများစွာအတွက် အမျိုးမျိုးသော ရသပေါင်းစုံအား ပေးစွမ်းနိုင်ရန် အလိုက်ဖက်ဆုံး အရောင်အတွဲအဖက်များဖြင့် ပုံဖော်ပေးနိုင်သောကြောင့် သင်ရိုက်ကူးသော ပုံရိုက်များကို ပြင်ပကမ္ဘာကြီးနှင့်မခြား ထူးခြားတောက်ပ လှပနေမည်ဖြစ်ပါသည်။
ColorOS 7.2
မှတ်ချက်များ