{{baseData.historyTitle}}

{{baseData.historyTitle}}

OPPO A77

33W
SUPERVOOCTM
Ultra-Linear
Stereo Speaker
6.56"
Colour-Rich Display
50MP
AI Dual Camera
ထူးခြားသော အချက်များ
  • OPPO 33W SUPERVOOC
    33W SUPERVOOCTM
  • OPPO 5000mAh Long-Lasting Battery
    5000mAh Long-Lasting Battery
  • OPPO Ultra-Linear Stereo Speaker
    Ultra-Linear Stereo Speaker
  • OPPO 16.66cm (6.56'') Colour-Rich Display
    16.66cm (6.56'') Colour-Rich Display
  • OPPO Glow Design
    OPPO Glow Design
  • OPPO 50MP AI Dual Camera
    50MP AI Dual Camera
ဘက်ထရီ
OPPO 33W SUPERVOOC
တနေ့တာကို နှောင့်နှေးမှုမရှိစေမည့်
33W SUPERVOOCTM1
အဆင့်မြင့်အားသွင်းနည်းပညာဖြင့် ပူပန်မှုကင်းသောဘဝကို ခံစားလိုက်ပါ။ 33W SUPERVOOC သည် ရေချိုးခန်းမှမထွက်မီ ဖုန်းကို အဆင်သင့်ရှိနေစေမည်ဖြစ်သည်။
ဘယ်သောအခါမှ စိုးရိမ်ကြောင့်ကြစရာမလိုသော
Optimized Night Charging
စိုးရိမ်ထိတ်လန့်စရာမလိုသော လုံခြုံသည့်အားသွင်းစနစ်ကို ချက်ချင်းခံစားလိုက်ပါ။ AI စနစ်သုံး ညအားသွင်းမှုကာကွယ်စနစ်သည် ဘက်ထရီကို လွန်ကဲစွာသွင်းခြင်းဆိုင်ရာ ပြဿနာများကို စမတ်ကျကျ ရှောင်ရှားပေးမည်ဖြစ်သည်။ ၎င်းသည် အပိုင်းပိုင်းခွဲထားသည့် ဘက်ထရီအားသွင်းအစီအစဉ်များကို စီစဉ်ပေးပြီး မီးလောင်ကျွမ်းမှုကို ဆန့်ကျင်ကာကွယ်သောကြောင့် အပူအပင်ကင်းစွာ အိပ်စက်နိုင်စေပါသည်။
OPPO Night Charging
စိုးရိမ်စရာမလိုသော ဘက်ထရီသက်တမ်း
အလွန်ကြာရှည်ခံသော 5000mAh ဘက်ထရီ2
ဖုန်းအားသွင်းဖို့အတွက် ဖုန်းချဖို့မလိုတော့ပါ။ 5000mAh ဘက်ထရီက သင်နှစ်သက်သော ဒရာမာဇာတ်ကားများကို 15 နာရီကျော်ကြာ ကြည့်ရှုစေဖို့အတွက် လုံလောက်သော စွမ်းအင်ပေးစွမ်းမှာဖြစ်သလို စွမ်းအင်ချွေတာပေးမည့်စနစ်ကလည်း ဘက်ထရီ 5% ဖြင့်ပင် စာတိုပေးပို့မှုကို မိနစ် 50 ကျော်ကြာ တရစပ်ပေးပို့စေနိုင်ပါသည်။3ဘက်ထရီသက်တမ်းအတွက် စိတ်ပူစရာ မလိုတော့ပါ။
OPPO 5000mAh Long-Lasting Battery
ဖျော်ဖြေရေး
ပျော်ရွှင်မှုကို နှစ်ဆတိုးစေမည့်
Ultra-Linear Stereo Speaker
အသံအတိုးအကျယ်ကို 200% အထိ မြှင့်တင်ပြီး စပီကာနှစ်လုံးဖြင့် အသံပတ်ပတ်လည်စနစ်ကို ခံစားကြည့်လိုက်ပါ။ အလုပ်ရှုပ်နေသော အားကစားခန်းမ သို့မဟုတ် လူစည်ကားသော ဘတ်စ်ကားပေါ်တွင် နောက်ခံဆူညံသံများ မပါဝင်ဘဲ ဂီတသံစဥ်များကို သင်ကိုယ်တိုင် ခံစားစီးမျောလိုက်ပါ။
Dirac ၏ အသံကိုပိုကောင်းအောင် အလိုအလျောက်ပြုလုပ်ပေးသော အလွန်ကောင်းမွန်သည့်နည်းပညာဖြင့် ကြမ်းတမ်းသော ဆူညံသံများကို ဖယ်ရှားပြီး အကောင်းဆုံး စတီရီယိုအသံကို ‌ထောက်ပံ့ပေးသောကြောင့် ပိုမိုကောင်းမွန်သော ကြည့်ရှုခြင်းအတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။
  • DIRAC3.0
  • Ultra Volume Mode
OPPO Ultra-Linear Stereo Speaker UI OPPO Ultra-Linear Stereo Speaker
ကြည်လင်တောက်ပသော အရောင်များ၊ မျက်လုံးကို ထိခိုက်မှုမရှိစေခြင်း
16.66cm (6.56'') Colour-Rich Display4
ဂိမ်းဆော့သည့်အခါ ယခင်နှင့်လုံးဝမတူသော အတွေ့အကြုံကို ပေးစွမ်းစေမည် ဖြစ်ပါသည်။ ဖန်သားပြင်မှ ပေါ်ထွက်လာမည့် အရောင်များနှင့်အတူ ပိုမိုစွဲမက်ဖွယ်ကောင်းသော အသံနှင့်ရုပ်ထွက် အတွေ့အကြုံကို ခံစားလိုက်ပါ။ ထို့အပြင် မျက်လုံးပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ရန် အပြာရောင်အလင်းရောင်ခြည်ကို လျှော့ချပေးထားသဖြင့် ယခင်ကထက် မျက်လုံးကို ပိုမိုကာကွယ်ပေးမည် ဖြစ်ပါသည်။
  • 100%
    DCI-P3
  • 96%
    NTSC Colour Gamut
  • All-Day
    AI Eye Comfort
OPPO 16.66cm (6.56'') Colour-Rich Display
ချောမွေ့မြန်ဆန်စေခြင်း၊ ပျော်ရွှင်စေခြင်း
Octa-Core ပရိုဆက်ဆာဖြင့် မောင်းနှင်သည့် အရာအားလုံး မည်မျှ လျင်မြန်ချောမွေ့သည်ကို ခံစားကြည့်လိုက်ပါ။ အက်ပ်များကို ဖွင့်ခြင်းနှင့် ပြောင်းလဲခြင်းသည် ယခင်ကထက် ပိုမိုမြန်ဆန်ချောမွေ့သောကြောင့် လုပ်ဆောင်သမျှကို ပျော်ရွှင်စေမည်ဖြစ်သည်။
  • RAM တိုးချဲ့စနစ်5
    4GB အထိ တိုးချဲ့နိုင်သော RAM တိုးချဲ့စနစ်နှင့်အတူ ခမ်းနားထည်ဝါစွာ နေထိုင်လိုက်ပါ။ RAM တိုးချဲ့စနစ်သည် အက်ပ်များကို အလျင်အမြန်ဖွင့်ပြီး အလျင်အမြန်အသုံးပြုနိုင်စေရေးအတွက် အရင်းအမြစ်များကို ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်သည်။
  • 1TB အထိ ထပ်ဆောင်းသိုလှောင်မှု6
    1TB အပိုထပ်ဆောင်း သိုလှောင်မှုကြောင့် သိမ်းဆည်းမည့်အရာများနှင့် ဖျက်ပစ်မည့်အရာများအတွက် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်စရာမလိုတော့ပါ။ ယခုအခါ သင့်အနေဖြင့် အရာအားလုံးကို သိမ်းဆည်းထားနိုင်ပါပြီ။
  • AI System Booster
    AI System Booster သည် အီးမေးလ်စစ်ဆေးခြင်းမှ ဂိမ်းကစားခြင်းအထိ အရာအားလုံးကို မြန်ဆန်စေမည်ဖြစ်သည်။ ဖန်သားပြင်ပေါ်ရှိ အရာအားလုံးအတွက် ချောမွေ့ပြီး မြန်ဆန်သောအတွေ့အကြုံကို ခံစားလိုက်ပါ။
OPPO RAM + ROM
ဒီဇိုင်း
သင့်အိတ်ကပ်အတွက် အနုပညာ
ချောမွတ် ပေါ့ပါးသွက်လက်သော ဒီဇိုင်းနှင့် ဘေးဘက်လက်ဗွေ လော့ခ်ဖွင့်စနစ်သည် လွယ်ကူပြီး လက်တစ်ဖက်တည်းအသုံးပြုရန်အတွက် ပြီးပြည့်စုံပါသည်။ သင်ရှာဖွေ နေသော အဆင့်အတန်းနှင့် စတိုင်အားလုံးသည် ဤနေရာတွင် ရှိနေပါသည်။
  • ဖုန်းဘေးဘက် လက်ဗွေစနစ်
  • အလွန်ပါးလျသော 7.99mm ကိုယ်ထည်7
OPPO Side Fingerprint Unlock
သင့်လူနေမှုပုံစံကို ထင်ဟပ်စေခြင်း
  • OPPO Sky Blue
  • OPPO Sunset Orange
    1. OPPO Sky Blue
    2. OPPO Sunset Orange
  • Sky Blue
    တောက်ပနေသော မျက်နှာပြင်များသည် အလှည့်အပြောင်းတိုင်းတွင် ပြီးပြည့်စုံသောနေ့တနေ့၏ ကောင်းကင်ကြီးကဲ့သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
  • Sunset Orange
    ဆွဲဆောင်မှုရှိသောအရောင်နှင့် ပရီမီယံအသွင်အပြင်တို့ကို ပေါင်းစပ်ထားသည်။
ဓာတ်ပုံပညာ
50MP
AI Main Camera
Bokeh
Depth Camera
OPPO 50MP AI Dual Camera
အခိုက်အတန့်တိုင်းအတွက် လုံလောက်စေမည့်
50MP AI Dual Camera
50MP AI ပင်မကင်မရာဖြင့် ဘဝ၏အခိုက်အတန့်တိုင်းကို တောက်ပစေမည် ဖြစ်ပါသည်။ ကြည်လင်ပြတ်သားပြီး အရည်အသွေးမြင့်သော ဓာတ်ပုံများသည် သင့်လက်ချောင်းထိပ်တွင် ရှိနေပါသည်။
OPPO high-quality photograph
အသင့်ပြင်၊ ချိန်ညှိ၊ ရိုက်
AI စနစ်သုံး ဓာတ်ပုံပြင်ဆင်ခြင်း
AI စနစ်သုံး ချိန်ညှိမှုအနည်းငယ်နှင့်အတူ AI ဓာတ်ပုံပြင်ဆင်မှုစနစ်က သင့်အား ကော်ဇောနီပေါ်တွင် ရှိနေသလိုမျိုး ထင်ဟပ်စေမည်ဖြစ်သည်။
  • OPPO AI Portrait
  • OPPO AI Portrait
  • OPPO AI Portrait
  • Portrait Bokeh Boy
  • Portrait Bokeh Girl
ရှေ့ကြည်နောက်ဝါး
AI စနစ်သုံး အဆင့်မြင့် ရှေ့ကြည်နောက်ဝါးစနစ်သည် သင့်အား ရုပ်ရှင်ကြယ်ပွင့်တဦးကဲ့သို့ တောက်ပစေရန်အတွက် ပြီးပြည့်စုံသော ပြတ်သားမှုနှင့် မှုန်ဝါးမှုကို ပံ့ပိုးပေးပါသည်။
အရည်အသွေး
အမှန်တကယ် တင်းကြပ်သော စမ်းသပ်မှုများ
တိကျသော အရည်အသွေးစမ်းသပ်မှုကို တန်ဖိုးနှင့်အတူ ထည့်သွင်းတည်ဆောက်ထားသောကြောင့် ခံနိုင်ရည် ရှိစေမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ရာကောင်းသော ခြစ်ရာခံနိုင်ရည်ရှိသည့် အသွင်အပြင်က သင့်ဖုန်းကို ပိုမိုကြည့်ကောင်းစေမည်ဖြစ်သည်။
  • 20,000
    USB အဖြုတ်၊ အတပ် ခံနိုင်ရည် စမ်းသပ်မှုများ
  • 500,000
    ဖုန်း အဖွင့်၊ အပိတ်ခလုတ် ခံနိုင်ရည် စမ်းသပ်မှုများ
  • 150,000
    အသံ အတိုး၊ အကျယ်ခလုတ် ခံနိုင်ရည် စမ်းသပ်မှုများ
  • 1 Meter
    ဖုန်းပြုတ်ကျဒဏ် ခံနိုင်ရည် စမ်းသပ်မှုများ8
OPPO Quality Strict Tests
ငြိမ်းချမ်းမှုကို ရှာဖွေခြင်း
သင့်ဖုန်းကို ရေကူးကန်မှစပြီး လေထန်သော တောင်ကုန်းအထိ အချိန်မရွေး နေရာမရွေး ပြီးပြည့်စုံစွာ အလုပ်လုပ်နေစေရန် IPX4 ရေစိုခံအဆင့်နှင့် IP5X ဖုန်ဒဏ်ခံနိုင်ရည်အဆင့်တို့ကို ယုံကြည်လိုက်ပါ။9
  • IPX4
    ရေစိုဒဏ်ခံနိုင်ရည်အဆင့်
  • IP5X
    ဖုန်ဒဏ်ခံနိုင်ရည်အဆင့်
OPPO IPX4 Water Resistance
ColorOS 12.1
  • OPPO Privacy Dashboard
    ကိုယ်ရေးအချက်အလက် လုံခြုံမှု ဒက်ရှ်ဘုတ်:
    ပြီးခဲ့သော ၂၄ နာရီအတွင်း မည်သည့် app က ကိုယ်ရေးအချက်အလက်များ အသုံးပြုထားသည်ကို သုံးသပ်လေ့လာနိုင်မည် ဖြစ်သည်။ ဒီနည်းလမ်းက သင့်ကိုယ်ရေးအချက်အလက်များ ခိုးယူခံရခြင်းကို သတိပြုနိုင်ရန် ကူညီပေးမည်ဖြစ်သည်။
  • OPPO Photo Data Privacy
    ဓာတ်ပုံအချက်အလက် လုံခြုံရေးစနစ်:
    တည်နေရာနှင့် အခြားကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖယ်ရှားကာ ဓာတ်ပုံများကို လုံခြုံစိတ်ချစွာ ဝေမျှနိုင်မည်ဖြစ်သည်။ လူမှုရေးမီဒီယာပို့စ်များက သင်၏ ကိုယ်ရေးအချက်အလက်များ ရယူသွားခြင်းအတွက် စိတ်ပူစရာမလိုပါ။
  • OPPO Three-Finger Translate with Google Lens
    လက်ချောင်းသုံးချောင်း သုံးပြီး Google Lens ဖြင့် ဘာသာပြန်ခြင်း:
    ကမ္ဘာကြီးကို အလွယ်တကူဆက်သွယ်ရန်အတွက် မတူကွဲပြားသော ဘာသာစကားများကို ရိုးရှင်းလွယ်ကူသော နည်းလမ်းဖြင့် ဘာသာပြန်နိုင်မည်ဖြစ်သည်။
  • OPPO FlexDrop
    FlexDrop
    App များ၊ window များနှင့် လုပ်ဆောင်ချက်များအကြား ချောမွေ့လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ Chat window ကိုဖွင့်ထားပြီး ဗီဒီယိုကြည့်ခြင်း ဒါမှမဟုတ် စာရွက်စာတမ်းများဖြင့် အလုပ်လုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
မှတ်ချက်:
1.  SUPERVOOC စကားလုံးအမှတ်အသားနှင့် လိုဂိုများသည် OPPO Mobile Telecommunications Corp., Ltd.မှ ပိုင်ဆိုင်သော ကုန်အမှတ်တံဆိပ်များဖြစ်သည်။
2.  5000mAh သည် ဘက်ထရီ၏ ပုံမှန်တန်ဖိုးဖြစ်သည်။ အဆင့်သတ်မှတ်ထားသော ပမာဏသည် 4880mAh ဖြစ်သည်။
3.  ယခုစာမျက်နှာများတွင် ဖော်ပြထားသော အချက်အလက်များသည် OPPO နည်းပညာဆိုင်ရာ သတ်မှတ်ချက်များအပြင် ဓာတ်ခွဲခန်းများနှင့် ရောင်းချသူများ၏ စမ်းသပ်မှုအချက်အလက်များမှ ရယူထားခြင်းဖြစ်သည်။ အမှန်တကယ်အခြေအနေများတွင် အချက်အလက်များမှာ စမ်းသပ်ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းအမျိုးအစားအပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်ပါသည်။
4.  16.66cm (6.56 လက်မ) သည် မျက်နှာပြင်ကို ထောင့်ဖြတ်တိုင်းတာထားခြင်းဖြစ်သည်။ လုံးဝန်းသော အနားလေးထောင့်ကြောင့် အမှန်တကယ် အရွယ်အစားမှာ အနည်းငယ် သေးငယ်နိုင်ပါသည်။ မတူညီသော ယူနစ်တိုင်းတာ စနစ်များကြောင့် မျက်နှာပြင်အရွယ်အစား တွက်ချက်မှုကွဲပြားနိုင်သည်ကို သတိပြုပါ။
5.  အချို့သော ထုတ်ကုန်သတ်မှတ်ချက်များနှင့် ဖော်ပြချက်များသည် တင်သွင်းသူများရှိ အပြောင်းအလဲများကဲ့သို့သော အကြောင်းပြချက်များကြောင့် ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့် RAM/ROM ရရှိနိုင်မှုသည် နိုင်ငံ/ဒေသ သို့မဟုတ် ဝန်ဆောင်မှုပေးသူပေါ်မူတည်၍ ကွဲပြားနိုင်သည်။
6.  သိုလှောင်မှုပမာဏကို MicroSD card တခုမှတဆင့် တိုးချဲ့နိုင်သည်။ MicroSD card ကိုတော့ သီးခြားဝယ်ယူရမည် ဖြစ်သည်။
7.  အထူနှင့် အလေးချိန်ကို OPPO ဓာတ်ခွဲခန်းများမှ ရယူစုဆောင်းထားသော အချက်အလက်မှ ရယူထားပါသည်။ အမှန်တကယ် အရွယ်အစားနှင့် အလေးချိန်သည် ထုတ်လုပ်မှု လုပ်ငန်းစဥ်နှင့် တိုင်းတာမှုစနစ်ကြောင့် ကွဲပြားနိုင်ပါသည်။
8.  ဤစာမျက်နှာများတွင် ပါရှိသော အချက်အလက်များသည် နေ့စဉ်အသုံးပြုမှုအတွက် အရည်အသွေး အာမခံချက်အဖြစ်မဟုတ်ဘဲ ဓာတ်ခွဲခန်းစမ်းသပ်မှု အချက်အလက်များသာဖြစ်သည်။ ပကတိအခြေအနေသည် စမ်းသပ်ဆော့ဖ်ဝဲဗားရှင်း၊ သီးသန့်စမ်းသပ်မှုပတ်ဝန်းကျင်နှင့် သီးခြားဗားရှင်းတို့အပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားပါမည်။
9.  ယခုထုတ်ကုန်သည် ဓာတ်ခွဲခန်း၏ သတ်မှတ်ထားသော အခြေအနေအောက်တွင် IPX4 နှင့် IP5X အဆင့် စံသတ်မှတ်ချက်များကို ရရှိထားပါသည်။ ရေစိုနေသော ဖုန်းကို အားမသွင်းပါနှင့်။ ရေစိုခြင်းကြောင့် ထိခိုက်ပျက်စီးမှုသည် အာမခံခေါင်းစဥ်အောက်တွင် အကျုံးမဝင်ပါ။
10.  မျက်နှာပြင်ပုံရိပ်များကို သရုပ်ဖော်ခြင်းအတွက် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။ အမှန်တကယ် UI သည် ကွဲပြားနိုင်ပါသည်။
11.  OPPO Glow Design ကို Sky Blue ဗားရှင်းနှင့် Starry Black ဗားရှင်းတွင် အသုံးပြုထားသည်။
12.  ရှုခင်းပုံရိပ်များကို ရိုက်ကူးခြင်းသည် နေအလင်းရောင်ကြောင့် ထိခိုက်စေနိုင်သည်။ အမှန်တကယ် စွမ်းဆောင်ရည်သည် နေအလင်းရောင်အပေါ်တွင် မူတည်ပြီး ကွဲပြားနိုင်သည်။
13.  ထုတ်ကုန်ဓာတ်ပုံများသည် ရည်ညွှန်းကိုးကားရန်အတွက်သာဖြစ်သည်။ သက်ဆိုင်ရာ ထုတ်ကုန်သတ်မှတ်ချက်များနှင့် ဖော်ပြချက်များသည် ရောင်းချသူများ၏ အပြောင်းအလဲများကဲ့သို့သော အကြောင်းအရင်းကိစ္စများပေါ်တွင် မူတည်ကာ ပြောင်းလဲနိုင်ပါသည်။ စစ်မှန်သော အချက်အလက်များအတွက် လက်တွေ့ထုတ်ကုန်ကိုသာ ရည်ညွှန်းကိုးကားပါ။