5000mAhLong-lasting Battery
18WFast
Charge
Up to128GBSuperb ROM
သင့်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် လုပ်ဆောင်ချက်များ
ကြာရှည်ခံသည့် ဘက်ထရီသက်တမ်း
5000mAh Battery, 18W Fast Charge
ယုံကြည်စိတ်ချနိုင်သော စွမ်းဆောင်ရည်
128GB ROM, Octa-Core Processor
မျက်လုံးကို ကာကွယ်မှုပေးနိုင်သော နီယွန်ရုပ်ထင်မှန်သား
16.55cm (6.51'') Punch-Hole Screen, မျက်လုံးမထိခိုက်အောင် စောင့်ရှောက်ပေးနိုင်ခြင်း
ချောမွေ့သော အဆင်းနှင့်အထိအတွေ့
3D ကိုယ်ထည်ခုံး၊ ဘေးဘက်လက်ဗွေစနစ်
AI နည်းပညာသုံး အဆင့်မြင့် Selfie ရိုက်ကူးခြင်း
16MP Selfie ကင်မရာ၊ AI နည်းပညာသုံး အလှပြုပြင်ခြင်း
အထူးအကြမ်းခံသည့် အရည်အသွေး
IPX4 အဆင့် ရေစင်ဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း
လှပသော 3D ဒီဇိုင်း
ချောမွေ့သောအသွင်နှင့် ချောမွတ်သောအထိအတွေ့
အဆင့်မြင့် အနက်ရောင်ကာဗာဒီဇိုင်းနှင့် 0.2mm ရှိသည့် ပါးလွှာသော အလယ်ဘောင်တို့ အတူပေါင်းစပ်ကာ လှပစွာထွင်းထုထားသော 3D ကိုယ်ထည်ရရှိအောင် ဖန်တီးထားသောကြောင့် သင့်လက်ဖဝါးပေါ်တွင် ချောမွေ့သော အထိအတွေ့ခံစားချက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
Starry Blue
တောက်ပပြီး အလင်းပြန်နိုင်သော မှော်ဆန်သည့် အပြာရောင်ကို အသုံးပြုထားသဖြင့် အမြင်အာရုံကို ဖမ်းစားနိုင်မည်ဖြစ်သည်။
Crystal Black
တိကျသေသပ်သော အဆင်ပုံစံမှ စိုပြေတောက်ပြောင်သော အနက်ရောင်ကို ရရှိအောင် ပေးစွမ်းပေးနိုင်ပြီး ခန့်ညားသော၊ ခမ်းနားသော အသွင်ကို ပေါ်လွင်စေပါသည်။
အလုံးစုံ ကိုက်ညီမှုရှိသော
ဖုန်းတစ်လုံးကို တွေ့ရှိခြင်း
ဘေးဘက်လက်ဗွေစနစ်
OPPO A54 မှ သင်နေ့စဉ်ဖုန်းအသုံးပြုသော အလေ့အထကို လေ့လာ၍ သဘာဝကျကျ လှုပ်ရှားမှုများအတိုင်း တုံ့ပြန်နိုင်အောင် ဆောင်ရွက်ပေးနိုင်သဖြင့် အားစိုက်စရာမလိုဘဲ ဖုန်းမျက်နှာပြင်ကို လော့ခ်ဖြည်ပေးနိုင်ပါသည်။ မျက်နှာဖြင့် အသုံးပြုမှုအတွက် ဖုန်းအား တချက်ကြည့်ရုံနှင့် လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးပါသည်။
ဘေးဘက်လက်ဗွေစနစ်
တနေကုန်လုံး အသုံးခံသည့် ဘက်ထရီ
5000mAh ကြာရှည်ခံသည့် ဘက်ထရီ¹
OPPO A54 တွင် အလွန်ကြီးမားသော 5000mAh ဘက်ထရီပါဝင်သောကြောင့် 19.9 နာရီကြာ အွန်လိုင်းဗီဒီယိုများကို အဆက်မပြတ် ကြည့်ရှုနိုင်ပြီး 41 နာရီကြာ သီချင်းများကို ခံစားနားဆင်နိုင်မည်ဖြစ်သည်။²
ပါဝါစီးဆင်းမှုများအားလုံးကို
ဆုပ်ကိုင်ဆွဲယူနိုင်စွမ်းရှိခြင်း
Super Power Saving Mode
လုံလောက်သော ဘက်ထရီအားပမာဏက မိတ်ဆွေများနှင့် ဖုန်းပြောခြင်း၊ စာတိုပို့ခြင်း လုပ်ဆောင်မှုများကို စိတ်အေးချမ်းသာစွာဖြင့် လုပ်ဆောင်နိုင်စေမည်ဖြစ်ပြီး ၁၀% အထိ အားလျော့ကျသွားသည့်တိုင် ဘက်ထရီနည်းချိန်တွင် အသုံးပြုနိုင်သော Super Power Saving Mode က သင့်အား လုပ်ဆောင်ချက်များအားလုံးကို အဆက်ပြတ်မသွားစေရန် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သွားရင်းလာရင်း လျှင်မြန်စွာအားသွင်းနိုင်ခြင်းကြောင့်
စိတ်ပူပန်မှုများမှ ကင်းဝေးစေမည်ဖြစ်သည်။
18W Fast Charge
သွားလာလှုပ်ရှားရင်း အဆင်ပြေပြေ ဖုန်းအားသွင်းနိုင်အောင် စီမံထားပါသည်။ Type-C အားသွင်းကြိုးက အားသွင်းခြင်းလုပ်ငန်းစဉ်များကို ပုံမှန်ထက် အဆင်ပြေအောင် စွမ်းဆောင်နိုင်စွမ်းရှိပါသည်။
ညအချိန်တိုင်းအတွက်
အဖော်မွန်
အဆင့်မြှင့်ထားသည့် ညဘက်အားသွင်းစနစ်
ညလုံးပေါက် အားသွင်းရာတွင် AI စနစ်သုံး ညဘက်အားသွင်းစနစ်ကြောင့် စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူနိုင်မည်ဖြစ်သည်။ 80% အထိ ဖုန်းအားပြည့်ပါက ဖုန်းအားသွင်းခြင်းလုပ်ငန်းကို ခေတ္တရပ်တန့်ထားကာ အိပ်ယာမထမှီ အချိန်ကိုက်၍ ၁၀၀% အားပြည့်အောင် ပြန်လည်အားသွင်းပေးပါသည်။
ဒေတာအများအပြားကို
အိတ်ကပ်ထဲ ထည့်ထားနိုင်ခြင်း
128GB Superb ROM
App များ၊ ဗီဒီယိုများနှင့် ဓါတ်ပုံများကို အိတ်ကပ်ထဲထည့်ကာ သွားလေရာ သယ်ဆောင်သွားနိုင်စေရန် superb 128GB ROM ကို အသုံးပြုပေးထားပါသည်။ 2.3GHz octa-core processor ပါဝင်သည့်အတွက် ဂိမ်းကစားစဉ်အချိန်အတွင်း ဖုန်းပွင့်ချိန်၊ app တစ်ခုနှင့် တစ်ခု ပြောင်းလဲအသုံးပြုချိန်များ ပိုမိုမြန်ဆန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
3-Card Slot (Dual SIM + MicroSD)
256GB အထိ ထပ်တိုးနိုင်ခြင်း³
ပိုမိုကောင်းမွန်သော မြင်ကွင်းအတွက်
ကျယ်ပြန့်သောမျက်နှာပြင်
16.55cm (6.51'')
Punch-Hole Display⁴
OPPO A54 ဖြင့် ဖုန်းသုံးသည့် စက္ကန့် ၊ မိနစ်တိုင်းအတွက် ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ 16.55cm (6.51'') HD+ punch-hole မျက်နှာပြင်ပေါ်တွင် ဗီဒီယိုဇာတ်ကားကောင်းများအား ဖုန်းအနားစွန်းအထိ တောက်ပစိုပြေသော ရုပ်ထွက်နှင့်ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။
မျက်နှာပြင်နှင့် ကိုယ်ထည်အချိုး : 89.2%
မျက်လုံးများအား တနေကုန်
ကြည်လင်လန်းဆန်းစေခြင်း
OPPO A54 တွင် smart Sunlight Screen နှင့် Moonlight Screen တို့ကို တပ်ဆင်ပေးထားသည့်အတွက် အလင်းရောင်ကို ကြည့်ရှုရအဆင်ပြေဆုံးအနေအထားရရှိအောင် အလိုအလျောက်ချိန်ညှိပေးနိုင်ပါသည်။ မျက်လုံးအား သက်သောင့်သက်သာ ဖြစ်စေသော Eye Comfort Mode က သင့်မျက်လုံးကျန်းမာရေးအတွက် အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။
မျက်လုံးများကို သက်သောင့်သက်သာဖြစ်စေခြင်း
Selfie ဓာတ်ပုံကို HD ဖြင့် ရိုက်ကူးနိုင်ခြင်း
16MP Selfie Camera
OPPO A54 တွင် စွမ်းရည်မြင့်မားသော 16MP ကို တပ်ဆင်ပေးထားသောကြောင့် အလှဆုံးပုံရိပ်များကို ဖမ်းယူရိုက်ကူးနိုင်စွမ်းရှိပါသည်။ AI နည်းပညာသုံး နောက်ကင်မရာ ၃ လုံးဖြင့် ဓါတ်ပုံပညာစွမ်းရည်ကို ဖော်ထုတ်ကာ တနေ့တာ ပျော်ရွှင်ဖွယ်ရာ အချိန်များစွာကို မှတ်တမ်းတင်ရိုက်ကူးနိုင်ပါပြီ။
16MPSelfie Camera
သဘာ၀ကျကျ လှပခြင်း
AI နည်းပညာသုံး အလှပြုပြင်ခြင်း
AI စနစ် အသုံးပြု၍ အသားအရောင်နှင့် ပါတ်ဝန်းကျင်အရောင်ကို ညီညာလှပအောင် အလိုအလျောက် ချိန်ညှိပေးနိုင်ပါသည်။ OPPO A54 တွင် ပါဝင်သော ကိုယ်တိုင်ချိန်ညှိရသည့် Selfie ရိုက်ကူးမှုတွင် သဘာဝဆန်ဆန် ရိုက်ကူးခြင်း၊ ချစ်စဖွယ်လှပစွာရိုက်ကူးခြင်း စသည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားပြီး ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် ရိုက်ကူးမှတ်တမ်းတင်ပေးပါလိမ့်မည်။
အခိုက်အတန့်တိုင်းကို အနီးကပ်ရိုက်ကူးနိုင်ခြင်း
Macro Lens
2MP မိုက်ခရို မှန်ဘီလူးကို အသုံးပြု၍ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ကာ မှတ်တမ်းတင်နိုင်ပါပြီ။ Zoom ဆွဲ၍ စင်တီမီတာ အကွာအဝေးအတွင်း ကြည့်မြင်ရသကဲ့သို့ ရွန်းစိုတောက်ပသော ရုပ်ထွက်ကို ရရှိအောင် အံ့သြဖွယ် ရိုက်ကူးပေးနိုင်ပါသည်။
အလှဓာတ်ပုံများကို ထင်ရှားပေါ်လွင်အောင် ရိုက်ကူးနိုင်ခြင်း
Bokeh Camera
2MP Bokeh camera ဖြင့် ရိုက်ကူး၍ နောက်ခံများကို သေသေသပ်သပ် ဝါးပေးခြင်းဖြင့် သင့်အလှကို ပိုမိုပေါ်လွင်ထင်ရှားစေမည်ဖြစ်သည်။ AI ဖြင့် အဆင့်မြှင့်တင်ထားသော ရှေ့ကြည် နောက်ဝါးလုပ်ဆောင်ချက်တွင် နေ့ညအချိန်မရွေး သင့်ကိုဗဟိုပြု၍ ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်ပါပြီ။
ယုံကြည်မှုအပြည့်ဖြင့် တည်ဆောက်ထားခြင်း
ရေစိုခံ IPX4အပါအဝင် စမ်းသပ်ခန်းအတွင်း စမ်းသပ်ထားသော လွတ်ကျဒဏ်ခံနိုင်ခြင်း၊ ရေဒီရေးရှင်းဒဏ်ခံနိုင်ခြင်း၊ အပူချိန်အပြောင်းအလဲ ဒဏ်ခံနိုင်ခြင်းနှင့် အခြားသော စမ်းသပ်ချက်များကိုပါ ယုံကြည့်စိတ်ချရမှုအပြည့်ရှိစေရန် ထည့်သွင်းတည်ဆောက်ထားပါသည်။
IPX4 အဆင့် ရေစင်ဒဏ်ခံနိုင်ခြင်း⁵
20,000 ကြိမ် USB ပလပ်ခေါင်း ထိုးသွင်းခြင်း စမ်းသပ်ချက်
28,000 ကြိမ် 10cm မှ လွတ်ကျခြင်း စမ်းသပ်ချက်
150,000 ကြိမ် အသံခလုတ် စမ်းသပ်ချက်
500,000 ကြိမ် ပါဝါခလုတ် စမ်းသပ်ချက်
ColorOS 7.2
OS သည် ပိုမိုလွယ်ကူသော လူနေမှုဘ၀ တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ပါသည်။
ColorOS 7.2 တွင် စမ်းသစ်တီထွင်မှုမြောက်များစွာ ပါဝင်သည့်အပြင် OPPO A54 ကိုလွယ်ကူစွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ချက်များစွာကို ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူ၏ လိုအပ်ချက်အလိုက် အလိုအလျောက်လုပ်ဆောင်ပေးသော ထူးခြားသည့် အတွေ့အကြုံကိုရရှိစေမည်ဖြစ်သည်။
မှတ်ချက်များ
1. 5000mAh သည် ဘက်ထရီတလုံး၏ ရေဘုယျပမာဏဖြစ်သည်။ အနိမ့်ဆုံး ရရှိန်ိုင်သည့် ပမာဏမှာ 4890mAh ဖြစ်သည်။
2. OPPO စမ်းသပ်ခန်း အချက်အလက်များအရ OPPO A54 သည် ဗီဒီယို ကြည့်ရှုခြင်းကို 19.9 နာရီကြာလုပ်ဆောင်နိုင်ပြီး အွန်လိုင်းမှ သီချင်းနာဆင်ခြင်းအတွက် 41 နာရီကြာ ဆက်တိုက်အသုံးပြုန်ိုင်မည်ဖြစ်သည်။
2a. အွန်လိုင်းမှ တိုက်ရိုက်ဗီဒီယိုကြည့်ခြင်းစမ်းသပ်ချက်ကို Wi-Fi နှင့်ချိတ်ဆက်၍ စမ်းသပ်ထားခြင်းဖြစ်ပြီး ဘက်ထရီအား 100% မှ စတင်ခြင်းဖြစ်သည်။ မျက်နှာပြင်အလင်း 135cd/m² နှင့် အသံ 72dB ချိန်ညှိ၍ YouTube မှ ဗီဒီယိုအား ဆက်တိုက်ကြည့်ရှုစမ်းသပ်ခြင်းဖြစ်သည်။ အမှန်တကယ် ကြည့်ရှုအသုံးပြုန်ိုင်သော အချိန်ကာလသည် အမျိုးမျိုးသော အနေအထားပေါ်မူတည်၍ ကွဲပြားခြားနားနိုင်ပါသည်။
2b. သီချင်းနားဆင်ခြင်းစမ်းသပ်ချက်ကို Spotify ကိုအသုံးပြု၍ Wi-Fi နှင့်ချိတ်ဆက်၍ စမ်းသပ်ထားခြင်းဖြစ်ပြီး ဘက်ထရီအား 100% မှ စတင်ခြင်းဖြစ်သည်။ မျက်နှာပြင်အလင်း 135cd/m² နှင့် အသံ 72dB ချိန်ညှိ၍စမ်းသပ်ခြင်းဖြစ်ပါသည်။ အမှန်တကယ်နားဆင်အသုံးပြုန်ိုင်သော အချိန်ကာလသည် အမျိုးမျိုးသော အနေအထားပေါ်မူတည်၍ ကွဲပြားခြားနားနိုင်ပါသည်။
3. 3-Card Slot ကို အချို့ဒေသများနှင့် သီးခြားဗားရှင်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဒေသအလိုက် အသေးစိတ်ဖော်ပြချက်များကို ကိုးကားရမည်ဖြစ်သည်။ 3-Card Slot (Dual SIM + MicroSD) တွင် သိမ်းဆည်းနိုင်မှုပမာဏကို 256GB အထိ တိုးမြှင့်နိုင်ပါသည်။ MicroSD ကတ်ကို သီးခြားဝယ်ယူရန်လိုအပ်ပါသည်။
4. မျက်နှာပြင်အရွယ်အစားကို ကန့်လန့်ဖြတ်တိုင်းတာခြင်းဖြစ်ပါသည်။ OPPO A54 ၏ မျက်နှာပြင် အရွယ်အစားသည် ထောင့်မှန်စတုဂံအပြည့်အနေအထားဖြင့် 16.55cm (6.51'') ရှိပါသည်။ အမှန်တကယ် ရှုမြင်နိုင်သော ဧရိယာသည် ထောင့်ဝိုင်းများကြောင့် အနည်းငယ် လျော့နည်းနိုင်ပါသည်။
5. OPPO A54 ကို IPX4 သည် စံညွှန်းရရှိစေရန် စမ်းသပ်ခန်းအတွင်း အနေအထားကို ချိန်ညှိ၍ စမ်းသပ်ထားခြင်းဖြစ်သည်။ ရေစိုနေသောဖုန်းအား အားသွင်းခြင်မပြုရ။ ရေစိုပျက်စီးခြင်းအတွက် အာမခံအကျုံးဝင်မှုမရှိပါ။
6. ယခု စာမျက်နှာတွင် ဖော်ပြထားသော အချက်အလက်များကို OPPO ၏ နည်းပညာစံနှုန်း တိုင်းတာချက်များ၊ စမ်းသပ်ခန်းအသီးသီးမှ အချက်အလက်များအပြင် ကုန်ပစ္စည်းတင်သွင်းသူများထံမှ ရရှိသော အချက်အလက်များကို ဖော်ပြထားခြင်းဖြစ်ပါသည်။ စမ်းသပ်သော ဆော့ဝဲလ်ဗားရှင်း၊ စမ်းသပ်သည့် ပါတ်ဝန်းကျင်အခြေအနေနှင့် သက်ဆိုင်ရာ ဗားရှင်းတို့အပေါ်မူတည်၍ အမှန်တကယ်အခြေအနေတွင်အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။
7. ကုန်ပစ္စည်းဓါတ်ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။ အမှန်တကယ်ထွက်ရှိသည့် ကုန်ပစ္စည်းနှင့် အသေးစိတ်ဖော်ပြချက်များကိုသာ ကိုးကားရန်ဖြစ်သည်။ အချို့သော အသေးစိတ်ဖော်ပြချက်များသည် ကုန်ပစ္စည်းတင်သွင်းသူ အပြောင်းအလဲကြောင့် အနည်းငယ် ကွဲပြားမှုရှိနိုင်ပါသည်။
တိုက်ရိုက်စကားပြောခန်း
Support ကိုခေါ်ပါ
09-985177770 / 09-985177771
9:00~17:30 MON-SAT
ကျွန်တော်တို့ကိုအီးမေးလ်(Email)ပို့ပါ
ဝန်ဆောင်မှုဌာန