{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-07-30
  • ၂၀၂၀ မှာ ထွက်ခဲ့တဲ့ OPPO ဖုန်းတွေထဲကမှ ဘယ်ဖုန်းက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ

    ယခုအခါ စမတ်ဖုန်းများတွင် ပါဝင်သော အရည်အသွေးများ၊ အားသာချက်များ၊ စျေးနှုန်းများမှာ တစ်ခုနှင့် တစ်ခု မတူညီဘဲ အမျိုးအစား စုံလင်စွာ စျေးကွက်တွင်း ဝင်ရောက်လာလျက်ရှိရာ ဖုန်းသုံးစွဲသူများအနေနှင့် မိမိ အဓိက ဖုန်းသုံးစွဲမှု ပုံစံနှင့် ကိုက်ညီမည့် ဖုန်းကို ရွေးချယ်ဝယ်ယူရာတွင် မှန်ကန်စွာ ရွေးချယ်နိုင်ရန် အနည်းနှင့် အများ အခက်ကြုံလာကြရသည်။ ထို ဖုန်းများထဲမှ ဖုန်းသုံးစွဲသူတို့ ဦးစားပေး စဉ်းစားမှုတို့ အလိုက် ကိုက်ညီသင့်တော်မည့် အချက်များကို အခြေခံကာ မိမိနှင့် အဆင်အပြေဆုံး စမတ်ဖုန်းကို မှန်ကန်စွာ ရွေးချယ် ဝယ်ယူနိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် ထွက်ရှိလာသော လူကြိုက်များသည့် OPPO ဖုန်းများ၏ ထူးခြားကောင်းမွန်သော အရည်အသွေးများနှင့်အတူ ရှင်းလင်းဖော်ပြလိုက်သည်။

    စမတ်ဖုန်းများသည် ယနေ့ခေတ် နောက်ပိုင်းတွင် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အပန်းဖြေ အနားယူမှုများတွင် မရှိမဖြစ် နေရာယူလာကြသည်။ ဖုန်းနှင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့အပြင် အွန်လိုင်းသင်ခန်းစာများ လေ့လာ မှတ်သားခြင်း၊ Social Media အသုံးပြုခြင်း၊ Video အတိုလေးများ ရိုက်ကူးခြင်းတို့ စသည်ဖြင့် ခေတ်စားလာကြသည်။ OPPO ၏ ၂၀၂၀ ပြည့်နှစ်အတွင်း ထွက်ရှိလာသော စမတ်ဖုန်းများတွင် ထိုအချက်များကို ထည့်သွင်းစဉ်းစားကာ ကောင်းမွန်သော FHD Screen Display နှင့် Audio System၊ ကြာရှည်ခံသော ဖုန်းဘက်ထရီအားနှင့် မြန်ဆန်သော ဖုန်းအားသွင်းမှုအတွက် VOOC အမြန်အားသွင်းစနစ်၊ ColorOS System နှင့် အားဖြည့်ထားသော မြင့်မားသော Performance နှင့် များပြားသည့် ဖုန်း Memory ပမာဏတို့အပြင် OPPO ၏ အစဉ်အလာမပျက် မည်သည့် အလင်းရောင်တွင်မဆို ကြည်လင်စိုပြည်နေသော ပုံရိပ်များ ရရှိစေသည့် ကင်မရာအရည်အသွေးကောင်းတွေနှင့်အတူ စိတ်ကြိုက်ချဲ့နိုင်သော Zoom Quality၊ Video Effect များနှင့် လွယ်ကူစွာ တည်းဖြတ်နိုင်သော Soloop Video Editor တို့ကိုပါ ထည့်သွင်းပေးလာသည်ကို တွေ့ရှိလာရသည်။

    ၂၀၂၀ မှာ ထွက်ခဲ့တဲ့ OPPO ဖုန်းတွေထဲကမှ ဘယ်ဖုန်းက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ

    ဖော်ပြခဲ့သော ယခုခေတ် Trend များနှင့် အညီ ဖုန်းကို အစဉ်အမြဲ ဘက်အမျိုးစုံမှ အသုံးပြုသော သူတို့အတွက် ဘက်စုံ ပြည့်စုံသည့် ဖုန်းအဖြစ် OPPO Reno Series ကို ရွေးချယ်နိုင်သည်။ OPPO Reno Series သည် အဆင့်အတန်းမြင့်မြင့် လှပဝင့်ထည်သော Flagship ဒီဇိုင်းနှင့်အတူ Hybrid Zoom၊ Digital Zoom၊ Ultra Steady Video၊ Video Bokeh Effect၊ Ultra Dark Mode စသည်တို့ အများနှင့်မတူ ဆန်းသစ်သော ပုံရိပ်လှလေးများ ဖန်တီးလိုသူတို့အတွက်လည်း သင့်လျော်သော စမတ်ဖုန်းများ ဖြစ်သည်။

    ၂၀၂၀ ပြည့်နှစ် မတ်လပိုင်းတွင် စျေးကွက်သို့ ဝင်ရောက်လာသော OPPO Reno Series ၏ နောက်ဆုံး ထွက်ရှိလာသည့် OPPO Reno3 Pro သည် ကမ္ဘာ့ ပထမဦးဆုံး 44MP Dual Punch-hole Selfie Camera ၊ 5x Hybrid Zoom နှင့် 20x Digital Zoom တို့ပါဝင်သော 64MP Quad Camera ၊ Super AMOLED Display၊ 8GB RAM + 256GB ROM ၊ VOOC Flash Charge 4.0 30W စသော ထူးခြားကောင်းမွန်သော လုပ်ဆောင်ချက်များတို့ ပါဝင်လာပြီး (599,900) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO Reno 3 Pro နှင့်အတူ ထွက်ရှိလာသည့် Android 10 Based ColorOS 7 နှင့် 20X Zoom Quad Cam၊ 44MP Front Camera၊ 8GB + 128GB၊ VOOC 3.0/20W တို့ ပါဝင်သော OPPO Reno3 ကိုလည်း ( 449,900) ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

    Pop-Up Camera ဒီဇိုင်းအဆန်းနှင့်အတူ နာမည်ကောင်းရခဲ့သော Reno2 နှင့် Reno2F မှာလည်း ယခုတိုင် စျေးကွက်တွင် ခေတ်စားလူကြိုက်များလျက်ရှိသည်။ 6.5” AMOLED Panoramic Screen၊ 16MP Atmosphere Light Pop-Up Camera ဒီဇိုင်းအဆန်းနှင့်အတူ VOOC Flash Charge 3.0 20W၊ Hidden Fingerprint Unlock 3.0 နှင့်အတူ 48MP +8MP+2MP+ 2MP နောက်ကင်မရာ (၄)လုံး ပါဝင်သော OPPO Reno2 F (8GB+128GB) ကို ( 449,900) ကျပ်ဖြင့်လည်းကောင်း၊ 5x hybrid zoom ပါဝင်ကာ အထူးအစွမ်းထက်သော Ultra Dark Mode လည်းပါဝင်သဖြင့် မည်သည့်အလင်းရောင် အခြေအနေတွင် မဆို ဆန်းသစ်လှပသော ပုံများ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပြီး 6.5” Panoramic screen, E3 sunlight screen Qualcomm 730G+ Gameboost 2.0 ၊ 4000mAh, 20W VOOC3.0 flash charging နှင့်အတူ Dual-band Wi-Fi ပါရှိသော OPPO Reno2 ကို (799,900) ကျပ်ဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

    ၂၀၂၀ မှာ ထွက်ခဲ့တဲ့ OPPO ဖုန်းတွေထဲကမှ ဘယ်ဖုန်းက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ

    ယခုအခါတွင် စမတ်ဖုန်းကင်မရာကောင်းကောင်းရှိရုံမျှနှင့် လှပဆန်းသစ်သော ပုံရိပ်များကို အချိန်နေရာမရွေး ရိုက်ကူး နိုင်ပြီဖြစ်ပြီး Social Media များ ပိုမို အသုံးများလာကြသည်နှင့်အမျှ ချစ်ခင်သူများနှင့်အတူ မိမိ၏ အမှတ်တရများကို မျှ‌ဝေ ရသည်ကို နှစ်သက်သူများအတွက် OPPO F Series ကို ‌ရွေးချယ်နိုင်သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစျေးကွက်သို့ ရောက်ရှိခဲ့သော OPPO F15 သည် 8GB RAM, 48MP AI Quadcam, Anti-shake Video, 20W VOOC Flash Charge 3.0, 0.32s In-display Fingerpritn, 16.2cm FHD+ AMOLED Screen, Game Boost 2.0 တို့ ပါဝင်ပြီး စျေးကွက်တွင်း ရောင်းကုန်သည်အထိ လူကြိုက်များကာ ဝယ်ယူအားပေးမှု အများဆုံး ဖုန်းဖြစ်ခဲ့ကြောင်း သိရသည်။

    သင့်တင့်ချိုသာသော စျေးနှုန်း၊ လှပသော ဒီဇိုင်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသော ဖုန်းကို ရှာဖွေနေ ကြသောသူများအတွက် OPPO A Series ၏ စမတ်ဖုန်းများမှာ အထူးသင့်လျော်သည်။ A Series ၏ ၂၀၂၀ ပြည့်နှစ်အတွက် အထူး စမတ်ဖုန်းတွေဖြစ်ပြီး OPPO A92 တွင် 8GB RAM, 128GB ROM, 5000mAh Battery with 18W Fast Charge, 48MP AI Quad Camera, All New 1080P Neo-Display စသည့် လုပ်ဆောင်ချက်များနှင့် အတူ ဘေးဘက် လက်‌ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်းနှင့် မျည်းကွေး 3D ရုပ်လုံးကြွ ထောင့်မှန်အခုံးပုံစံဖြင့် ဆန်းသစ်သော ရောင်ပြေးဒီဇိုင်းတို့နှင့် ထွက်ရှိလာခဲ့သည်။ စွမ်းအားမြင့် Qualcomm Snapdragon 665 (64-bit capable octa-core CPU) နှင့် Color OS 7.1 (Android 10) တို့ ပါဝင်ပြီး Hyperboost လည်း ပါဝင်သည့်အပြင် ထူးခြားကောင်းမွန်သော အသံစွမ်းဆောင်မှု အတွေ့ အကြုံကို ပေးသော Dual Stereo Speaker + Dirac 2.0 လည်း ပါဝင်သောကြောင့် ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းကစားခြင်း တို့တွင် သာမန်ထက် ပိုမိုကောင်းမွန်သော အရည်အသွေးကို ခံစားနိုင်သည့် OPPO A92 ကို (379,900) ကျပ်ဖြင့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။

    ထို့ပြင် 1080P Neo-Display (6.5")၊ 128GB ROM၊ 5000mAh ဘက်ထရီ၊ 18W အမြန်အားသွင်းစနစ်တို့ပါဝင်လာသော OPPO A52 ကို (299,900)ကျပ်ဖြင့် လည်းကောင်း၊ 6.5" Waterdrop Screen, AI Triple Camera, 128GB ROM လုပ်ဆောင်ချက်တို့ပါဝင်လာသော OPPO A31 ကို (249,900)ကျပ်ဖြင့် လည်းကောင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထူးခြားသော ကျောဘက်ဒီဇိုင်းတို့နှင့် အကြမ်းခံပေါ့ပါးပြီး အသုံးပြုရလည်း ကောင်းမွန်သည့် ဖုန်းများအဖြစ် 32GB ROM, Fingerprint Unlock, Dual Rear Camera အစရှိသည့် လုပ်ဆောင်ချက်တို့ပါဝင်သည့် OPPO A11k ကို (159,900) ကျပ်ဖြင့်လည်းကောင်း၊ 4 GB RAM + 64 GB ROM ပါဝင်လာသည်သာမက စိန်ပုံသဏ္ဍာန်ကျော ဘက်ဒီဇိုင်း၊ ရေစက် ပုံစံမျက်နှာပြင်၊ Fingerprint Unlock၊ Facial Unlock တို့နှင့် OPPO A12 ကို (199,900)ကျပ်ဖြင့်လည်းကောင်း အသီးသီး ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ OPPO ဖုန်းများကို မြန်မာနိုင်ငံ အမြို့အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

    ၂၀၂၀ ပြည့်နှစ်တွင် ခေတ်နှင့်အညီ Trend များနှင့် ကိုက်ညီမှုရှိအောင် ထွက်ရှိလာသော OPPO စမတ်ဖုန်းများ၏ ထူးခြားသော စွမ်းဆောင်ရည်များကို လေ့လာပြီး မိမိ၏ ဖုန်း အသုံးပြုပုံပေါ် မူတည်ကာ ကိုက်ညီမှုအရှိဆုံး ဖုန်းကို ရွေးချယ်ရာတွင် ပိုမို လွယ်ကူစေမည်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော OPPO ဖုန်းများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO Official Website (https://www.oppo.com/mm/) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ၀င်ရောက်လေ့လာနိုင်သည်။