{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-10-23
  • OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

    OPPO ၏ ‘Shot of the Night’ ဖြင့် Roland-Garros 2020 တွင် Premium မိတ်ဖက်အနေဖြင့် လုပ်ဆောင်မှုများကို ထုတ်ဖော်ပြသ

    ၂၀၂၀ ပြည့်နှစ် Roland-Garros ပြိုင်ပွဲတွင် Rafal Nadal မှ ကမ္ဘာ့ နံပါတ်တစ် Djokovic ကို ကျော်ဖြတ်၍ သူ၏ ၁၃ ကြိမ်မြောက် Roland Garros ဆုဖလားကို အောင်မြင်စွာ ဆွတ်ခူးရရှိ ခဲ့သည်။ OPPO မှ Roland Garros နှင့် ၂ နှစ်မြောက် လက်တွဲလုပ်ကိုင်ခဲ့ပြီး Parisian Grand Slam ၏ ပထမဦးဆုံး Premium Smartphone Sponsor လည်းဖြစ်ကာ  ပါဝင်ယှဥ်ပြိုင်ခဲ့သော အားကစားသမားများနှင့်အတူ  ပြိုင်ပွဲကို ဘေးကင်းလုံခြုံ၍ ကြီးကျယ်ခမ်းနားစွာ စီစဥ်ပေးခဲ့သူများ အားလုံးအတွက် လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်ပြိုင်ပွဲ၏ အထင်ကရဖြစ်သော Rafal Nadal နှင့် Iga Swiatek တို့၏ စံချိန်ချိုး စွမ်းဆောင်မှုများသည် တင်းနစ်အပေါ် ကမ္ဘာ့စိတ်ဝင်စားမှုကို ဖမ်းယူနိုင်ခဲ့သလို OPPO သည်လည်း လက်ရှိ ကမ္ဘာတစ်ဝန်း Men’s Singles အဆင့် ၁၁ တွင် ရပ်တည်လျက်ရှိသည့်  ပြင်သစ်၏ ထူးချွန် သော တင်းနစ်ကစားသမား Gaël Monfils ပါဝင်သည့် Roland Garros Excluisve Night Experience ဖြင့် ၎င်း၏ ကိုယ်ပိုင်အမှတ်အသားကို ချန်ထားနိုင်ခဲ့သည်။ ထပ်ဆောင်း On-site အစီအစဉ်များတွင် OPPO Booth နှင့် Find X2 Pro ဖြင့် ရိုက်ကူးထားသော တရားဝင် ဓာတ်ပုံဆရာများ၏ OPPO Photo Gallery အပြင် ပြိုင်ပွဲဒါရိုက်တာနှင့် ကမ္ဘာ့နံပါတ်သုံး တင်းနစ်ကစားသမားဟောင်းဖြစ်သူ Guy Forget တို့မှ ကမ္ဘာ တစ်ဝန်းရှိ အငယ်တန်းကစားသမားများကို ချိတ်ဆက်၍ 5G ဗီဒီယိုခေါ်ဆောင်မှု လုပ်ဆောင်ပေးခြင်းတို့ ပါဝင်သည်။

    OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

    “Shot of the Night by OPPO” ဖြင့် ထွန်းလင်းတောက်ပနေသည့် Simonne-Mathieu Court ကစားကွင်း၏ အလှ

    OPPO ၏ Overseas CMO ဖြစ်သူ Gregor Almassy က “Parisian Clay Court ရဲ့ ထူးခြားတဲ့ နေဝင်ချိန်မှာ ကစားခဲ့ကြတဲ့ အတွေ့အကြုံတွေအပြင် အဝေးရောက် အငယ်တန်းကစားသမားတွေနဲ့ 5G ချိတ်ဆက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ် OPPO နဲ့ Roland-Garros ရဲ့ လုပ်ဆောင်ချက်တွေက တင်းနစ်နဲ့ နည်းပညာအကြား ချိတ်ဆက်မှုကို အသုံးပြု ပြီးတော့ လက်ရှိချန်ပီယံတွေကိုရော နောင်ထွက်ပေါ်လာမယ့် ချန်ပီယံတွေကိုပါ အားပေးမြှင့်တင်နိုင်မယ်ဆိုတာကို ဖော်ပြ နေပါတယ်” ဟု ပြောကြားခဲ့သည်။ “5G  ကနေတစ်ဆင့် အကန့်အသတ်မဲ့ ဆန်းသစ်တီထွင်မှုတွေကနေဖြစ်ဖြစ် ဆန်းသစ်တဲ့ Stadium Lighting တွေကနေဖြစ်ဖြစ် ထူးချွန်ကောင်းမွန်ပြည့်စုံမှုကိုရဖို့  ကတိကဝတ်ပြုထားတဲ့ ကျွန်တော်တို့ မိတ်ဖက်လုပ်ကိုင်မှုရဲ့ အခြေခံကနေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။ 

    Roland-Garros ၏ Hospitality နှင့် Ticketing ဆိုင်ရာ Director of Partnerships ဖြစ်သူ Micheal Tonge မှ “OPPO နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုတွေ လုပ်တဲ့အချိန်တည်းက ကျွန်တော်တို့ မိတ်ဖက်လုပ်ကိုင်မှုရဲ့ အဓိကအချက်က ပရိသတ်တွေ အားလုံးအတွက် တီထွင်ဆန်းသစ်တဲ့ အတွေ့အကြုံတွေ ပေးနိုင်ဖို့ဆိုတာ ကျွန်တော်တို့ အတည်ပြုခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ်မှာ  ‘Shot of the Day by OPPO’ ကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့ပြီးနောက်မှာတော့  ‘Shot of the Night” Concept က ကျိုးကြောင်းဆီလျော်တဲ့ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်လာခဲ့တဲ့အပြင် Find X2 Pro စမတ်ဖုန်းကို အသုံးပြုပြီးတော့ ကံကောင်းတဲ့ ပရိသတ်အချို့အတွက် ထူးခြားဆန်းကြယ်တဲ့ ညအချိန်အတွေ့အကြုံကို ယူဆောင်ပေး ခဲ့ကာ OPPO ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို  ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနှစ် ဆောင်းဦးရာသီရက်စွဲတွေမှာ ကျရောက်တဲ့ ပြိုင်ပွဲစဥ်တွေအတွက် အရေးကြီးအချက်ဖြစ်တဲ့ မီးအလင်းရောင် မကောင်းမှုတွေကြောင့် ပြိုင်ပွဲတွေကို အနှောင့်အယှက်မဖြစ်အောင် Floodlight တွေကို အားကစားကွင်း ၁၂ ကွင်းမှာ တပ်ဆင်ပေးနိုင်ခဲ့ခြင်းက Roland-Garros 2020 အတွက် အချိန်ကိုက်ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

    OPPO နှင့် Roland-Garros မှ ကစားကွင်း အတွင်းနှင့် အပြင်များတွင် ပြီးပြည့်စုံသော အတွေ့အကြုံများကို ဖန်တီး ပေးခြင်း

    ယခုနှစ် တင်းနစ် Campaign ၏ Theme ကို “Define the Ultimate” ဟု ရွေးချယ်သတ်မှတ်ခဲ့ခြင်းမှာ Roland Garros တွင် အားကစားသမားများ ယှဥ်ပြိုင်ပုံနှင့် OPPO မှ ၎င်း၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် အမှီပြုပြီး ပရိသတ်များကို ၎င်းတို့ ကိုယ်တိုင် ထူးခြားသော ရိုက်ချက်များ ရိုက်ကူးနိုင်ရန် တိုက်တွန်းပုံတို့သည် ပြီးပြည့်စုံမှုကို ရှာဖွေနိုင်စေဖို့အတွက် ထင်ဟပ်စေသောကြောင့်ဖြစ်သည်။

    OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

    OPPO မှ ယခုနှစ်အတွက် Theme ဖြစ်သည့် ‘Define the Ultimate’ ကို ဖော်ဆောင်မိတ်ဆက်ခဲ့သည်

    Brand Activation အတွက် အဓိကကျသော ပြီးပြည့်စုံမှုကို ရှာဖွေလိုသည့် ထိုစိတ်ဓာတ်ဖြင့် ညနေခင်းအချိန်တွင် ကစားနိုင်ရန် ရွေးချယ်ထားသော အားကစားကွင်းများတွင် Floodlights များကို ထပ်ဆောင်း တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ OPPO သည် ပြင်သစ် တင်းနစ်အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ နည်းပညာနှင့် တင်းနစ်၏ ပူးပေါင်းလုပ်ဆောင်မှုကို လမ်းကြောင်း ဖောက်လျက် အထူးသီးသန့် ကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်မည့် “Shot of the Night by OPPO” ကို တင်ဆက်နိုင်ခဲ့သည်။

    Men’s Singles ဗိုလ်လုပွဲ အကြိုနေ့တွင် ကြီးကျယ်ခမ်းနားသော Simonne-Mathieu ကွင်းသည် ပြင်သစ်၏ ထူးချွန် ကစားသမား Gael Monfils ပေါ်တွင်သာ တစ်ခုတည်းသော မီးမောင်းထိုးပြခြင်းမှအပ တစ်ကွင်းလုံး အမှောင်ချထား ခဲ့သည်။ Monfils ၏ ပထမဆုံးရိုက်ချက်နှင့်အတူ ကစားကွင်းရှိ မီးအလင်းရောင်များသည် ညီညာစွာ လင်းလာကြသည်။ ရွေးချယ်ထားသော ပရိသတ်နှင့် ဧည့်သည်အချို့သည် ကစားသမားများမှ ၎င်းတို့၏ Find X2 Pro ဟန်းဆက်များကို Charging Station တွင် အားစတင်သွင်း၍ ၃၆ မိနစ် Countdown စတင်ချိန်တွင် Light Show တစ်ခုကို တွေ့မြင် ခဲ့ကြရသည်။ ကံ့ကောင်းသည့် ဧည့်သည်အချို့မှ  Monfils နှင့် တင်းနစ် Freestyler ဖြစ်သူ Stefan Bojic တို့၏ ယှဥ်ပြိုင် ကစားခြင်းကို မျက်မြင်တွေ့ကြုံခဲ့ရသည်။ Courtside မှ မီးအလင်းရောင်များသည် Sensor-activated ဖြစ်ပြီး ကစားသမားများ ရရှိသော အမှတ်‌ပေါ် အခြေခံ၍ ပြောင်းလဲ ချိန်ညှိပေးသွားခဲ့သည်။

    OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

    ‘Shot of the Night’ by OPPO ဖြင့် ဖန်တီး ပြုလုပ်ထားသည့်နေရာတွင် Gael Monfil က စပေးဘောလုံးကို ရိုက်နေစဉ်

    ပြင်သစ်၏ ထူးချွန်ကစားသမား Gael Monfils က “Roland-Garros ပွဲတိုင်းမှာ ညမမှောင်ခင် ကျွန်တော့်ရဲ့ ပြိုင်ပွဲတွေကို ပြီးအောင်လုပ်ရတာ အမြဲစိတ်ဖိစီးမှုရှိပါတယ်။ ‘Shot of the night’ နဲ့ ကျွန်တော့်ရဲ့ ထူးခြားတဲ့ ညအချိန်မှာ တင်းနစ် ကစားတဲ့ အတွေ့အကြုံကို ပရိသတ်များနဲ့အတူ မျှဝေခံစားနိုင်ခဲ့သလို အချိန်ယူပြီး ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” ဟု မှတ်ချက်ချခဲ့သည်။

    ပြိုင်ပွဲမှ အတွေ့အကြုံများကို ရိုက်ကူးခဲ့သော ဓာတ်ပုံနှင့် ဗီဒီယိုများသည် OPPO ၏ Flagship ဖုန်း Find X2 Pro ဖြင့် ဖမ်းယူပုံဖော်ထားခြင်းဖြစ်သည်။ ညအချိန် ကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် စမတ်ဖုန်း၏ အဓိက လုပ်ဆောင်ချက် အချို့နှင့် တည်ငြိမ်သော ညအချိန် ရိုက်ချက်များ၊ အားကစားကွင်းနှင့် ဖုန်း၏ 5G ချိတ်ဆက်နိုင်စွမ်းနှင့်အတူ မြန်ဆန်သော Content Sharing လုပ်ဆောင်နိုင်ခြင်းများနှင့် SuperVOOC အားသွင်းစနစ်တို့ကို ထုတ်ဖော်ပြသခဲ့သည်။ Court Play ပွဲစဥ်တစ်ခုကို ၃၆ မိနစ် ကြာမြင့်ပြီး Find X2 Pro ကို အားအပြည့်သွင်းရန် ကြာချိန်နှင့် ညီမျှသည်။

    ပွဲမှ ပုံရိပ်များနှင့် ယှဥ်ပြိုင်နေစဥ် ရိုက်ကူးထားသော ပြိုင်ပွဲမှ လှပသော ပုံရိပ်များကို ပွဲမှ တရားဝင် ဓာတ်ပုံဆရာများမှ Find X2 ကို အသုံးပြုကာ ရိက်ကူးထားခြင်းဖြစ်ပြီး OPPO ၏ Roland Garros Campaign Page တွင် ဝင်ရောက် ကြည့်ရှု နိုင်သည်။  

    https://www.oppo.com/en/events/oppo-and-tennis/oppo-and-roland-garros

    OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

    French Tennis Federation ၏ ဥက္ကဌ ဖြစ်သူ Bernard Giudicelli က Junior Wild Card series မှ champions ကစားသမားများနှင့်
    OPPO booth ရှေ့တွင် စကားပြောနေစဉ်

    ယခုနှစ်တွင် OPPO သည် ၎င်း၏ Onsite Photo Gallery ကို ဖွင့်လှစ်ဖော်ပြခြင်း၊  အံ့ဩဖွယ် Courtside Branding များ နှင့်  အရည်အချင်းရှိ ငယ်ရွယ်သူများအတွက်  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယို ခေါ်ဆိုခြင်း အတွေ့အကြုံကို ဖန်တီး ပြုလုပ် ပေးကာ ၎င်း၏ In-stadia presence ကိုတိုးမြှင့်ခဲ့သည်။ Junior Wild Card Series ပြိုင်ပွဲ၏ Title Sponsor အနေဖြင့် OPPO သည် ပြိုင်ပွဲတွင် လူကိုယ်တိုင် ဝင်ရောက်မယှဥ်ပြိုင်နိုင်သည့် လူငယ်များအား ပြိုင်ပွဲ၏ တက်ကြွစိတ်လှုပ်ရှားဖွယ် အားမာန်ကို  တွေ့မြင်ခံစားခွင့်ရရှိစေရန် သေချာလုပ်ဆောင်ခဲ့သည်။ ပြိုင်ပွဲမစမီ ရက်အနည်းငယ်တွင် ယခင် Davis Cup Champion ဟောင်း ကမ္ဘာနံပါတ်သုံး တင်းနစ်ကစားသမား Guy Forget တို့မှ တရုတ်၊  အိန္ဒိယ၊  ရိုမေးနီးယား နှင့် ထိုင်းနိုင်ငံရှိ အရည်အချင်းပြည့်ဝသော အငယ်တန်းကစားသမားများနှင့် Roland-Garros Grounds မှ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ Forget မှ ပြိုင်ပွဲများအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပုံများမှစ၍ ယခုနှစ် ကပ်ရောဂါကြောင့် နှောင့်နှေး ကြန့်ကြာခဲ့သော ပြိုင်ပွဲများအတွက် FFT ၏ ကြိုတင်ပြင်ဆင်မှုများ စသည့် အမျိုးမျိုးသော အကြောင်းအရာများကို ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့သည်။

    OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

    Roland-Garros Tournament Director ဖြစ်သူ Guy Forget က ဂျူနီယာ ကစားသမားများနှင့် OPPO 5G video call ဖြင့် စကားပြောနေစဉ်

    Roland-Garros နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် OPPO ၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှု ချဲ့ထွင်ခြင်း၏ အုတ်မြစ် ဖြစ်သည်။ OPPO အနေဖြင့် Wimbledon နှင့်လည်း မိတ်ဖက် လက်မှတ်များ ရေးထိုးခဲ့ကြပြီး OPPO သည် Championship ၏ ပထမဆုံးသော Asian Sponsor နှင့် Smartphone Sponsor ဖြစ်လာခဲ့သည်။ ထို့အပြင် OPPO သည် FC Barcelona နှင့် လက်တွဲလုပ်ကိုင်လာသည်မှာ ၅ နှစ် သက်တမ်းကြာရှိပြီဖြစ်ကာ တရုတ်အမှတ်တံဆိပ်နှင့်  ဥရောပ ဘောလုံးကလပ်တို့ အကြား ယနေ့အချိန်အထိ အကြာရှည်ဆုံး မိတ်ဖက်ပူးပေါင်း လုပ်ဆောင်မှုဖြစ်လာခဲ့သည်။ OPPO ၏ မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှုများတွင် ၂၀၁၉ ခုနှစ် League of Legends e-sports Championship Series နှင့် ၂၀၂၀ ပြည့်နှစ် Boston Marathon တို့ဖြင့် လက်မှတ်ရေးထိုးခြင်းတို့ ပါဝင်သည်။

    OPPO ၏ ဥရောပရှိ 5G ဆိုင်ရာ အောင်မြင်မှု မှတ်တိုင်များ

    ဥရောပတွင် ၂ နှစ်အကြာ ခြေရာချခြင်းနှင့်အတူ OPPO ၏ ဒေသတစ်လွှား မိတ်ဖက်ဆိုင်ရာ တိုးတက်မှု မြင့်တက် လာခြင်းသည် Sports Sponsorships များကြောင့်သာ မဟုတ်ပါ။ ၂၀၂၀ ပြည့်နှစ်အတွက် OPPO ၏ မှတ်သားဖွယ် အောင်မြင်မှုမှတ်တိုင်များတွင် -
    ●   Vodafone နှင့် Ericsson တို့နှင့် ပူးပေါင်း၍ UK ၏ ပထမဆုံး 5G Standalone (SA) network ကို တပ်ဆင်မှုတွင် ပံ့ပိုးပါဝင်ခဲ့သည်။ ထို့အပြင် Coventry University တွင် Pilot Deployment ကို ပြုလုပ် ပေးခဲ့ပြီး OPPO ၏ Find X2 နှင့် Reno3 5G စမတ်ဖုန်းများ  အသုံးပြု၍ စိစစ် အတည်ပြုထားသော  UK ၏ ပထမဆုံး 5G SA network slicing service ကို ထည့်သွင်းလုပ်ဆောင်ပေးခဲ့သည်။
    ●   5G သုတေသနဆိုင်ရာများအတွက် စက်မှု မိတ်ဖက်လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ပေါင်းစပ်၍ အဓိကထားလုပ်ဆောင်ခဲ့ပြီး OPPO မှ ဥရောပရှိ အရေးပါသော လုပ်ငန်း ၄၀ ကျော်နှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ထားပြီးဖြစ်သည်။
    ●   ဇူလိုင်လတွင် OPPO သည် ဂျာမနီ၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံနှင့် ရိုမေးနီးယားတို့တွင် ဈေးကွက် ချဲ့ထွင်ခဲ့ပြီး ဥရောပဈေးကွက် ၁၀ ခု ကျော်သို့ ဝင်ရောက်ခဲ့သည်။
    OPPO သည် အားကစားကွင်းတွင် 5G တပ်ဆင်မှုမှ 5G ဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုများအထိ ပြုလုပ်ခဲ့ပြီး Find X2 Pro ကဲ့သို့သော ခေတ်မီထုတ်ကုန်များကို အသုံးပြု၍ ဥရောပတစ်လွှား ရေရှည်တည်တံ့ခိုင်မြဲသော ဆက်သွယ်မှုစနစ်ကို တည်ဆောက်ပုံနှင့် ၎င်း၏ လက်ရှိနှင့် မိတ်ဖက်အသစ်များဖြင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တိုးတက်မှုများကို ဆက်လက် ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။