{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-09-30
  • ၅ မိနစ်အားသွင်းပြီး ၄ နာရီ ဗီဒီယိုပြန်ကြည့်နိုင်သည့် OPPO Reno4 Pro ရဲ့ 65W SuperVOOC 2.0 charge

    OPPO လို့ပြောရင် လူတိုင်းအရင်ဆုံး ကင်မရာကိုပဲမြင်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် OPPO Reno4 Pro မှာတော့ နေ့မိုက်ညချော OPPO Reno4 လို အမိုက်စားကင်မရာတွေပဲ ပါလာတာမဟုတ်ဘဲ OPPO F9 လို '၅မိနစ်အားသွင်း နှစ်နာရီဖုန်းပြော' ဆိုပြီး စမတ်ဖုန်းတွေကြားမှာအမြန်ဆုံး fast charging လို့ခေါ်ရတဲ့ VOOC fast charging လဲပါလာတာသိကြမယ်ထင်ပါတယ်။

    ဒါတင်မကပါဘူး 2018 တုန်းကလည်း 50W SuperVOOC charge ပါတဲ့ OPPO R17 Pro ဆို အဲ့တုန်းက အားသွင်းအမြန်ဆုံးဖုန်းလို့ပြောလို့ရပါသေးတယ်။ ဒီလိုအားသွင်းမြန်တဲ့ OPPO စမတ်ဖုန်းဟာနောက်တစ်ဆင့်အနေနဲ့ OPPO Reno4 Pro မှာ လက်ရှိ mid range ဖုန်းတွေထဲမှာ အားအမြန်ဆုံးသွင်းနိုင်တဲ့ 65W SuperVOOC charge ပါလာတဲ့အတွက် ဘယ်လိုပိုမိုစွမ်းဆောင်နိုင်တယ်ဆိုတာ ပြောပြပေးသွားမယ်နော်။

    ၅ မိနစ်အားသွင်းပြီး ၄ နာရီ ဗီဒီယိုပြန်ကြည့်နိုင်သည့် OPPO Reno4 Pro ရဲ့ 65W SuperVOOC 2.0 charge

    လက်ရှိဈေးကွက်ထဲမှာဝယ်ယူလို့ရတဲ့ စမတ်ဖုန်း charging တွေထဲမှာအန္တရာယ်ကင်းကင်းနဲ့ အလျင်မြန်ဆုံးအာသွင်းနိုင်တဲ့ Brand ဆိုလို့ OPPO ပဲရှိပါသေးတယ်။ OPPO ရဲ့ fast charging က ဘာလို့အန္တရာယ်ကင်းတာလဲဆိုတာကို အရင်ရှင်းပြမယ်နော်။

    Fast charging မှာအဓိကသုံးတာက ဗို့အား(voltage) ရယ် လျှပ်စစ်စီးဆင်းမှု(current) ရယ်ကို အဓိကထားပါတယ်။ များသောအားဖြင့် 5V 2A နဲ့လာပြီး fast charging တွေက voltage များများပေးတာတို့၊ current များများပေးတာတို့နဲ့ fast charging ကိုပေးတာများပါတယ်။ ဒါကြောင့် power bank တစ်ချို့မှာ 5V 3A အထိရတာတွေတွေ့ရတာပါ။ တစ်ချို့ charger တွေမှာတော့ 9V 3A တို့ 12V 3A တို့အထိတွေ့ရတတ်ပါတယ်။ ဒီ fast charging တွေကအားသွင်းမြန်ပေမဲ့ ဗို့အားမြင့်သွားတော့ ဘက်ထရီကိုပူလာစေတတ်ပါတယ်။

    OPPO ရဲ့ VOOC charge က voltage ကိုအမြင့်သွားမဲ့အစား current ကို 4A အထိတင်ပေးထားတဲ့အတွက် သူများတွေလို ဖုန်းပူတာမျိုးမရှိတော့ဘူးပေါ့။ နောက်ပြီး 4A လက်ခံနိုင်တဲ့ အားသွင်းကြိုးကလဲ OPPO မှာပဲရှိတဲ့အတွက် တစ်ခြား brand တွေလို သူများ adapter တွေ ကြိုးတွေသုံးတဲ့အခါ ရိုးရိုး charging ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ 50W တို့လို့ SuperVOOC charge တွေက 10V 5A အထိပေးတော့ ဖုန်းပူလာမယ်လို့မထင်နဲ့နော်။ ဒီလို 50W မှာကြတော့ OPPO က 4,000 mAh ဘက်ထရီကို 2,000 mAh စီခွဲပြီး ဘက်ထရီနှစ်ခုဆက်တဲ့နည်းပညာနဲ့သွားတော့ ဝင်လာတဲ့ 10V 5A ကို 5V 5A စီနဲ့ ဘက်ထရီတစ်လုံးစီက ခွဲယူသွားတော့ ဘက်ထရီမပူတော့တဲ့အပြင် အားသွင်းလဲမြန်စေတာပေါ့။

    ၅ မိနစ်အားသွင်းပြီး ၄ နာရီ ဗီဒီယိုပြန်ကြည့်နိုင်သည့် OPPO Reno4 Pro ရဲ့ 65W SuperVOOC 2.0 charge

    အခု OPPO Reno4 Pro မှာပါတဲ့ 65W SuperVOOC 2.0 fast charging လည်း ထိုနည်းအတိုင်းပါပဲ။ ဒါ့အပြင် ဒီ 65W နဲ့တွဲပါလာတဲ့ကြိုးက သာမာန်ကြိုးတွေလို အမြင့်ဆုံး 5A ပဲခံနိုင်တာမျိုးမဟုတ်ပဲ 6.5A အထိမြင့်သွားတော့ အရင်ထက်အားသွင်းတာပိုမြန်သွားတာပေါ့။ ဒီတော့ ဒီ OPPO 65W SuperVOOC 2.0 နဲ့ ဖုန်းအားသွင်းမယ်ဆိုရင် အစည်းအဝေးနားချိန် ၅ မိနစ်အတွင်းမှာ ၂၇% ရရှိအောင် သွင်းပေးနိုင်ပြီး၊ တစ်ခဏတာ မှေးစက်အနားယူချိန် ၁၅ မိနစ်အတွင်းမှာ ၆၇% ဘက်ထရီပမာဏရရှိအောင် အားသွင်းပေးနိုင်ပါတယ်။ ဘက်ထရီ 100% ပြည့်ဖို့ကို အချိန် ၃၁မိနစ်ပဲကြာပြီး Fully Charged ဖြစ်ဖို့ဆို အချိန် ၃၆ မိနစ်ပဲ လိုပါတယ်။ ဒါဟာ စမတ်ဖုန်းလောကမှာ တကယ်ကို အချိန်အတိုဆုံးနဲ့ အန္တရာယ်ကင်းရှင်းစွာ အားပြန်ဖြည့်နိုင်ခြင်းနည်းပညာကြောင့်ပဲ ဖြစ်ပါတယ်။

    ဒီလို voltage နှင့် current များများပေးပြီး ဖုန်းအားသွင်းတဲ့အခါ ဘေးအန္တရာယ်ကင်းကင်းနဲ့ အားသွင်းနိုင်ဖို့ အားသွင်းတုံး Adapter ကနေ ကြိုး (interface)၊ ကြိုးကနေ ဖုန်းထဲကိုရောက်ဖို့ A full-end five layer protection ဆိုပြီး အလွှာငါးလွှာထည့်သွင်းပေါင်းစပ်ကာ အထူးထုတ်လုပ်ထားပါသေးတယ်။ အဲဒီအလွှာတွေကတော့ Adapter Overload Protection, Charging Port Overload Protection, Battery Overload Protection, Battery Fuse Protection, Flash Charge Condition Protection တို့ဖြစ်ပါတယ်။ ဒီတော့ OPPO ရဲ့ 65W ကို စိတ်ချလက်ချ အသုံးပြုလို့ရတာပေါ့။

    ဒါ့အပြင် TÜV Rheinland က ပေးအပ်တဲ့ ဘေးအန္တာရယ်ကင်းရှင်းစွာ အလျှင်အမြန်အားသွင်းနိုင်တဲ့ Fast-Charge System Certification ထောက်ခံချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။

    OPPO Reno4 Pro ဟာ အပေါ်မှာပြောပြသွားသလို လက်ရှိကမ္ဘာမှာ ဖုန်းအားသွင်းအမြန်ဆုံးနှင့် လုံခြုံစိတ်ချမှုရှိခြင်း တွေကြောင့် သူ့ဆောင်ပုဒ်လို ၅ မိနစ်အားသွင်းပြီး ၄ နာရီ ဗီဒီယိုပြန်ကြည့်နိုင်ရုံမကပဲ ဖုန်းနဲ့အလုပ်လုပ်နေရတဲ့သူတွေအတွက် အချိန်ကုန်သက်သာစေပြီး လုပ်ငန်းတာဝန်တွေကို လျင်မြန်စွာ ပြီးမြောက်စေပါတယ်။ OPPO Reno4 Pro ကို 'မှောင်မိုက်သောညအချိန်တွင် လင်းလက်တောက်ပနေသော ကြယ်များ၏ အသွင်ကိုဖော်ဆောင်ပေးသည့် Starry Night အရောင်' နှင့် 'ဖြူစင်နူးညံ့တောက်ပြောင်သည့် Silky White အရောင်' ဆိုတဲ့ ရောင်ပြေး (၂) ရောင်ကို ရွေချယ်နိုင်ပြီး မြန်မာငွေ 699,900ကျပ်ဖြင့် စက်တင်ဘာလ (၉) ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။