{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-11-18
  • OPPO ၏ ထုတ်ကုန် Concept သုံးမျိုးကို အနာဂတ်အတွက် ပေါင်းစပ်မှုစိတ်ကူးအဖြစ်
    INNO DAY 2020 တွင် ပြသခဲ့ပြီး Full-path Color Management System ကိုလည်း မိတ်ဆက်



    ● OPPO သည် “လူသားများအတွက် နည်းပညာ၊ ကမ္ဘာကြီးအတွက် ကြင်နာမှု” ဆိုသည့် အစီအစဉ်ကို တင်ပြခဲ့ပြီး 3 + N + X နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာကို ပြသခဲ့သည်။

    ● OPPO X 2021 - Rollable လုပ်နိုင်စွမ်းကို အခြေခံထားသော Handset အမျိုးအစား၊ OPPO AR Glass 2021 နှင့် OPPO CybeReal AR application တို့ကို အများပြည်သူရှေ့တွင် ပွဲဦးထွက် မိတ်ဆက်ခဲ့ပြီး အနာဂတ်အတွက် လူသားနဲ့ နည်းပညာကြား အပြန်အလှန်ဆက်သွယ်မှုကို လှစ်ဟခဲ့သည်။

    Full-path Color Management System သည် ၂၀၂၁ ခုနှစ်မှ စပြီး OPPO Find X3 series များတွင် ပါဝင်လာမည်။  


    OPPO INNO DAY 2020 ကို “Leap into the Future” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့ တွင် တရုတ်နိုင်ငံ၊ ရှန်းကျန့် ၌ ကျင်းပခဲ့သည်။ OPPO အနေဖြင့် အင်တာနက်အတွေ့အကြုံများအပေါ် အခြေခံကာ “လူသားများအတွက် နည်းပညာ၊ ကမ္ဘာမြေအတွက် ကြင်နာမှု" နှင့်  "အံမခန်းတီထွင်မှု"  တို့ကို ဦးတည်၍ "3 + N + X" နည်းပညာဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင် အဆိုပါ အခမ်းအနားတွင် OPPO ၏  OPPO X 2021 rollable concept handset ၊ OPPO AR Glass 2021 နှင့် OPPO CybeReal AR application တို့ကို မိတ်ဆက်ခဲ့သည်။

    INNO DAY 2020 ပြီးသည့်နောက် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် OPPO မှ Full-path Color Management System ကို ၂၀၂၁ ခုနှစ်တွင် ထွက်ရှိမည့် ၎င်းတို့၏ Flagship စမတ်ဖုန်းစီးရီးအသစ်ဖြစ်သော Find X3 စီးရီး တွင် စတင် တရားဝင် ထည့်သွင်းပါဝင်လာမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။  

    အနာဂတ်အတွက် ပေါင်းစပ်မှုစိတ်ကူးအဖြစ် INNO DAY 2020 တွင် ပြသခဲ့ပြီး Full-path Color Management System ကို မိတ်ဆက်

    OPPO သည် "လူသားများအတွက် နည်းပညာ၊ ကမ္ဘာကြီးအတွက် ကြင်နာမှု" ဆိုသည့်အချက်ကို နှလုံးသွင်းကာ 3 + N + X နည်းပညာဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအတွက် အခိုင်အမာရပ်တည် 

    OPPO INNO DAY 2020 တွင် OPPO ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tony Chen က “OPPO အနေနဲ့ အံ့မခန်းတဲ့ ဆန်းသစ်တီထွင်မှုကို အားသွန်ခွန်စိုက်ဆောင်ရွက်ဖို့နဲ့ 3 + N + X နည်းပညာဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ကနေ တစ်ဆင့်  ပိုမိုကောင်းမွန်သော ထုတ်ကုန်များကို ဖန်တီးဖို့ရာ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

    ဆက်လက်၍ Tony Chen က "OPPO ဟာ လူတွေကို သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အလှတရားတွေကို ဖမ်းယူနိုင်ဖို့နဲ့ အနာဂတ်အတွက် စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်နိုင်ဖို့ နည်းပညာကို အသုံးပြုပြီး ဘဝ ရဲ့ အကောင်းဆုံး အချက်တွေကို လူတိုင်းရရှိနိုင်အောင် ကူညီပေးပါတယ်။. ဒါကြောင့် ကျွန်တော်တို့ OPPO အနေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် 3 + N + X နည်းပညာဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။ 

    "3" သည် OPPO အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် စမတ်ကျသည့် ဘဝကို ယူဆောင်ပေးနိုင်အောင် အထောက်အပံ့ပေးသည့်  အခြေခံနည်းပညာသုံးဖြစ်သော Hardware၊ software နှင့် ဝန်ဆောင်မှုနည်းပညာများကို ရည်ညွှန်းသည်။ “N" သည် OPPO ၏ မရှိမဖြစ် လိုအပ်သော စွမ်းရည်များဖြစ်သည့် AI၊ လုံခြုံမှုနှင့် တစ်သီးတစ်သန့်ဖြစ်မှု၊ Multimedia နှင့် အပြန်အလှန် ဆက်သွယ်မှုများကို ကိုယ်စားပြုသည်။ နောက်ဆုံး  "X" သည် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် အသုံးပြုသူ၏ အတွေ့အကြုံများကို များစွာတိုးတက်စေသည့် Flash Charging နည်းပညာကဲ့သို့သော ခေတ်ရှေ့ပြေး ကွဲပြားခြားနားသော နည်းပညာများနှင့် မဟာဗျူဟာအရင်းအမြစ်များကို ရည်ညွှန်းသည်။.

    အနာဂတ်အတွက် ပေါင်းစပ်မှုစိတ်ကူးအဖြစ် INNO DAY 2020 တွင် ပြသခဲ့ပြီး Full-path Color Management System ကို မိတ်ဆက်

    Concept Products သုံးခုကို ကြေညာခြင်း၊ အနာဂတ်နည်းပညာ ရှာဖွေခြင်းဟု OPPO က သတ်မှတ်

    အဆိုပါ အခမ်းအနားတွင် OPPO အနေဖြင့် ထုတ်ကုန် Concept သုံးခုကို မိတ်ဆက်ခဲ့ပြီး လူသားနှင့် နည်းပညာကြား အပြန်အလှန် ဆက်သွယ်မှုနှင့် အနာဂတ်နည်းပညာရှာဖွေခြင်း၏ ဖြစ်နိုင်ခြေအသစ်များကို ပြသခဲ့သည်။.

    OPPO X 2021 Rollable Concept Handset သည် OPPO ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း၏ နောက်ဆုံးပေါ် အောင်မြင်မှု တစ်ခုဖြစ်ပြီး အသုံးပြုသူများကို သဘာဝကျသည့် အပြန်အလှန် ပြမူလုပ်ဆောင်မှု အတွေ့အကြုံများကို ပိုမို ရရှိစေသည်။ အဆိုပါ Handset တွင် OPPO ၏ ကိုယ်ပိုင် နည်းပညာသုံးခုဖြစ်သည့် Roll Motor Powertrain, 2-in-1 Plate နှင့် ကိုယ်ပိုင်တီထွင်ထားသော Warp Track High-strength Screen Laminate တို့ ပါဝင်သည်။  ၎င်းတို့သည် ၆.၇ လက်မနှင့် ၇.၄ လက်မ အရွယ်အစားရှိပြီး အသုံးပြုသူများ၏ အမှန်တကယ်လိုအပ်ချက်များအပေါ် အခြေခံကာ Display အရွယ်အစားကို ချိန်ညှိနိုင်သော OLED Display အဖြစ် ထုတ်လုပ်ထားသည်။.

    OPPO အနေဖြင့် OPPO AR Glass 2021 ကို ဒီဂျစ်တယ်ခေတ်အား စူးစမ်းလေ့လာရာတွင် နောက်ဆက်လှမ်းမည့် ခြေလှမ်း အသစ်အတွက် ပံ့ပိုးပေးထားသည်။ အသစ်စက်စက် Split ဒီဇိုင်းကို အသုံးပြုထားသည့် OPPO AR Glass 2021 သည် ကျစ်လစ်သိပ်သည်းပြီး ယခင်ထက် ၇၅ ရာခိုင်နှုန်း ပိုမိုပေါ့ပါးသည်။. အဓိက အစိတ်အပိုင်းများအတွက် OPPO AR Glass 2021 ကို Birdbath Optical Solution နည်းပညာ ဖြင့် တည်ဆောက်ထားပြီး စွဲငြိဖွယ်က ကောင်းသောအတွေ့အကြုံကို ပိုမိုခံစားရစေမည်ဖြစ်သည်။

    OPPO AR Glass 2021 တွင် Stereo Fisheye ကင်မရာ၊ ToF အာရုံခံကိရိယာတစ်ခုနှင့် RGB ကင်မရာတစ်ခုအပါအဝင် မတူကွဲပြားသည့် အာရုံခံကိရိယာများ ပါဝင်သည်။ ၎င်းတို့သည် စမတ်ဖုန်း၊ အမူအယာပြုလုပ်သည့်အပေါ် အခြေခံ ထားသော အပြန်အလှန်ဆက်သွယ်မှုများနှင့် Spatial Localization များမှ တစ်ဆင့် အပြန်အလှန် ဆက်သွယ်မှုများ အပါအဝင် သဘာဝအတိုင်း အပြန်အလှန်ဆက်သွယ်မှုများစွာကို အထောက်အကူပြုနိုင်ရုံသာမက သုံးဖက်မြင် Spatial localization တွက်ချက်မှုကို တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံ အတွင်း ပြီးစီးစေပြီး တိကျသော တည်နေရာကို ရရှိစေကာ  AR နယ်ပယ်တွင် အာကာသအတွင်းရှိ အသုံးပြုသူ၏ Real-time အနေအထားကို စဉ်ဆက်မပြတ် Update ပြုလုပ်မှုနှင့် တုံ့ပြန်ချက်များမှ တစ်ဆင့် သုံးစွဲသူများအား အတွေ့အကြုံသစ်များကို ပေးအပ်နိုင်မည်ဖြစ်သည်။ 

    Real-time နှင့် Spatial တွက်ချက်မှုနည်းပညာများကို အသုံးပြုထားသော CybeReal AR Application သည် တိကျသော နေရာချထားခြင်းနှင့် မြင်ကွင်းအသိအမှတ်ပြုခြင်းကို ပြုလုပ်နိုင်ပြီး OPPO ၏ အဓိက နည်းပညာသုံးခုဖြင့် ပံ့ပိုး ထားခြင်းကြောင့် စင်တီမီတာအထိ တိကျစွာ ပြန်လည်တည်ဆောက်နိုင်ခြင်း၊ အချိန်နှင့် တစ်ပြေးညီ တည်နေရာကို ရှာဖွေနိုင်သည်။ ထို့အပြင် OPPO ၏ Cloud နည်းပညာကြောင့် အသုံးပြုသူများအနေဖြင့် အပြင်မှ ရုပ်ပုံများနှင့် နီးစပ်သော အမြင်များကို ရရှိစေမည်ဖြစ်သည်။

    DCI-P3 နှင့် 10-bit HEIF Images သည် end-to-end solution တစ်ခုလည်းဖြစ်သည်။ Full-path Color Management System သည် Visual Representation   Boundary ကိုလည်း ကျယ်ပြန့်အောင် ပြုလုပ်ပေးသည်။

    အနာဂတ်ရေး Trends များသည် ပိုမိုကျယ်ပြန့်သည့် Color Gamut နှင့် Color Depth တို့ အပေါ်တွင် များစွာ မူတည်နေရာ OPPO ၏ Research and Development အင်ဂျင်နီယာအဖွဲ့ကလည်း ဖုန်း၏ ကင်မရာပိုင်းဆိုင်ရာ အခြေခံ ဖွဲ့စည်းပုံများကို အဆင့်မြင့်တင်ခြင်းဖြင့် ကာလာထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါ စနစ်ကို အသုံးပြုမှုကြောင့်  ပုံရိပ်ဖမ်းယူရိုက်ကူးခြင်း၊ သိမ်းဆည်းခြင်း၊ ပြသခြင်းတို့ကို ပြုလုပ်နိုင်မည့် အပြင် 10bit High Color Depth နှင့် P3 Wide Color Gamut ရှိသော HEIF Image များကို အထောက်အပံ့ပေးနိုင်မည့် end-to-end solution တစ်ခုလည်းဖြစ်သည်။ 

    Full-path Color Management System တွင် ပုံရိုက်ကူးရာတွင် အရောင်မှတ်တမ်းတင်ခြင်းအတွက် ပိုမိုမြင့်မား ကောင်းမွန်သော Algorithm နှင့် Hardware တို့ ပါဝင်လာသည်။ OPPO ၏ Research and Development အင်ဂျင်နီယာ အဖွဲ့သည် Distortion Correction၊ Multi-frame Noise Reduction နှင့် Perceptual Extreme Super-resolution အစ ရှိသော အပိုင်းများ၏ Algorithm ကိုလည်း ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် OPPO သည် ပုံရိပ်များကို အာရုံခံနိုင်သည့် Digital Overlap (DOL) HDR mode ကိုပါ အထောက်အပံ့ ပေးလာမည်ဖြစ်သည်။ ထို DOL-HDR နည်းပညာသည် အလင်းဝင်ရောက်မှုပုံစံမျိုးစုံကို ပေါင်းစပ်ပေးသည့်အတွက် အလင်းကို မျက်နှာချင်းဆိုင် ရိုက်ထား လျှင်လည်း အရောင်ထွက် လှပစေနိုင်သည်။  

    သင့်လျော်သော Hardware များ ရရှိပြီးနောက် Calibration သည် နောက်ထပ်အရေးပါသော အချက်တစ်ချက် ဖြစ်လာ သည်။ OPPO ၏ Screen Calibration ပုံစံသည် 0.4 JNCD ဝန်းကျင်ခန့်ရှိပြီး ပရော်ဖက်ရှင်နယ်၊ ဒစ်ဂျစ်တယ်ဖလင် အဆင့်အထိ ကာလာမှန်ကန်မှုကို ပေးစွမ်းနိုင်သည်။ အခြားတစ်ဖက်တွင်လည်း OPPO ၏ ကိုယ်ပိုင် Algorithm သည် Color Space ၏ အလယ်တွင် DCI-P3 နှင့် D65 White Point တို့ကို ချိန်ညှိပေးပြီး အရောင်များအားလုံးကို သဟဇာတ ဖြစ်စေရန် အာမခံနိုင်သည်။  

    8-bits နှင့်ယှဥ်လျှင် 10-bits Color Depth သည် အရောင်ကွာဟချက်များကြောင့် ဖြစ်ပေါ်လာသော Artificial Visual Features များကို လျော့နည်းစေသည်။ 10-bits Color Depth သည် Color Gradient ကို တိုးမြင့်စေပြီး Creation နှင့် Post Editing များတွင် ရုပ်ထွက်အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။ တစ်ပြိုင်တည်းတွင် JPEG Image တစ်ခု၏ အရွယ် တစ်ဝက်လောက်သာရှိသော HEIF Format သည် အသုံးပြုသူများကို Static Images၊ Exif၊ Depth Information နှင့် Dynamic Videos များကို လွတ်လွတ်လပ်လပ်ဖန်တီးပြုလုပ်ခွင့် ပေးထားသည်။ ထို့အပြင် HEIF Format သည် Ultra-high Color Depth နှင့် ကိုက်ညီသည်အထိ ထပ်မံ တိုးမြင့် တီထွင်နိုင်သေးသည်။

    ယခုအခါတွင် OPPO မှ Zhejiang တက္ကသိုလ်နှင့် လက်တွဲကာ မှန်ကန်တိကျသော Color Vision စမ်းသပ်မှုများကို ပြုလုပ်ကာ အလားအလာရှိသော အသုံးပြုသူများနှင့် စမ်းသပ်ခြင်းအားဖြင့် စိတ်ကျေနပ်မှုရစေမည့် Solution ကို ရှာဖွေ ဖော်ထုတ်ရန် ရည်ရွယ်ထားသည်။ Color and Image Science ပါမောက္ခဖြစ်သည့် Dr. Luo Ming က “ယနေ့ခေတ်မှာ ကျွန်တော်တို့က ကျန်းမာရေးကို အဓိကထားပြီး ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဒါကြောင့် Color Correction System က လာမယ့် အနာဂတ်ကာလမှာ User-centric ဖြစ်လာပါလိမ့်မယ်။ အသုံးပြုသူတွေဟာ ထင်ပေါ်ပြီး Personalize လုပ်နိုင်တဲ့ Display မျိုးကို စမတ်ဖုန်းမှ အရောင်များကို စမ်းသပ် ရွေးချယ်ပြီး ဖန်တီးအသုံးပြုလာနိုင်မှာပါ” ဟု ပြောကြား ခဲ့သည်။ 

    OPPO သည် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သော ဆန်းသစ်တီထွင်မှုများမှ Color expression နှင့် Smartphone Display တို့အတွက် အခြေအနေတစ်ခုအနေဖြင့် ဦးဆောင်ခဲ့ပြီးဖြစ်သည်။ Full-path Color Management System မှာ OPPO ၏ 2021 flagship Find X3 Series အတွက်လည်း ပထမဦးဆုံးအနေဖြင့် ရရှိနိုင်မည်ဖြစ်သည်။