{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-06-04
  • OPPO မှ IEEE နှင့် မဟာဗျူဟာ မိတ်ဖက်များအဖြစ် ပူးပေါင်းကာ ပိုမိုထိရောက်သော နိုင်ငံတကာ ပညာရေး ဖလှယ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာ စံချိန်စံညွှန်းများ ဖော်ဆောင်ရာတွင် အတူပါဝင်ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆို

    OPPO မှ လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာများ အဖွဲ့အစည်း Institute of Electrical and Electronics Engineers (IEEE) ကုမ္ပဏီနှင့်အတူ ပညာရေးဖလှယ်မှုများ ပိုမိုတိုးမြှင့် လုပ် ဆောင်ရန်နှင့် 5G၊ AI နည်းပညာနှင့် Big Data ပိုင်းတို့ စံပြတီထွင်ရာတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ OPPO သည် ဤ ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ဆန်းသစ်တီထွင်မှုများကို အရှိန်မြှင့်တင်ကာ ကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများအတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာစေမည်ဖြစ်သည်။

    IEEE သည် နိုင်ငံပေါင်း ၁၆၀ ကျော်ရှိ အသင်းဝင် ၄၀၀,၀၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး နည်းပညာဆိုင်ရာ ပညာရှင်များ အဖွဲ့အစည်းဖြစ်သည်။ များပြားသော ကိုးကားမှု သုတေသနစာစောင်များ၊ စာတမ်းဖတ်ပွဲများ၊ နည်းပညာဆိုင်ရာ စံနှုန်းစံထားများ၊ အတတ်ပညာပိုင်းနှင့် ပညာရေးပိုင်း လှုပ်ရှားမှုများနှင့်အတူ လေကြောင်းနှင့် အာကာသစနစ်များ၊ ကွန်ပျူတာ၊ ဆက်သွယ်ရေး၊ ဇီဝအင်ဂျင်နီယာ၊ လျှပ်စစ်နည်းပညာနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း စသည့် နယ်ပယ်များတွင် သြဇာအာဏာရှိသော အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။

    OPPO သုတေသန အဖွဲ့အစည်း၏ အဖွဲ့မှူးနှင့် ဒုတိယ ဥက္ကဌဖြစ်သူ Mr. Levin Liu က "ကြီးမားပြီး အခွင့်အရေး များစွာရှိတဲ့ 5G ခေတ်မှာ OPPO အနေနဲ့ “ အသိဉာဏ်မြင့်မားသော ဆက်သွယ်မှု” ရဲ့ ရည်ရွယ်ချက်ကို အဆိုတင်သွင်းခဲ့ ပါတယ်။ စမတ်ဖုန်းတွေမှာ ဆက်လက် ရင်းနှီးမြှုပ်နှံရုံသာမက ဆက်သွယ်ရေး၊ Hardware၊ ကွန်ပျူတာ သိပ္ပံပိုင်းတွေ ကိုပါ သုတေသနပြုစုသွားမှာပါ။ IEEE နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်တာကိုလည်း အလွန် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီ ပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် ပိုမို ခေတ်မီတဲ့ နည်းပညာတွေကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှု တွေမှာတွေ အသုံးချနိုင်မှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေဆီကို ပိုမိုကောင်းမွန်တဲ့ နည်းပညာဆိုင်ရာ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

    OPPO မှ IEEE နှင့် မဟာဗျူဟာ မိတ်ဖက်များအဖြစ် ပူးပေါင်းကာ ပိုမိုထိရောက်သော နိုင်ငံတကာ ပညာရေး ဖလှယ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာ စံချိန်စံညွှန်းများ ဖော်ဆောင်ရာတွင် အတူပါဝင်ဆောင်ရွက်ရန်  သဘောတူစာချုပ်ချုပ်ဆို

    IEEE ၏ Computer Society အလုပ်အမှုဆောင် Melissa Russell က “ကျွန်တော်တို့ရဲ့ IEEE Computer Society ကနေ အသစ်စတင်လိုက်တဲ့ အဖွဲ့အစည်းချင်း ပူးပေါင်းမှု အစီအစဉ်မှာ ပထမဆုံး ပါတနာအနေနဲ့ OPPO က ပါဝင်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

    OPPO သည် IEEE နှင့်အတူ စံသတ်မှတ်ချက် Setting ပိုင်းတွင်သာမက ပညာရေးပိုင်းဆိုင်ရာ နှီးနှောဖလှယ်မှုပိုင်းတွင် လည်း ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ IEEE ၏ လက်အောက်ရှိ စံသတ်မှတ်ချက် ကော်မတီသည် ကြိုးမဲ့ကွန်ယက်များအတွက် အရေးပါသော စံသတ်မှတ်ချက် IEEE 802.11 series အစရှိသည့် ကမ္ဘာတစ်ဝန်းရှိ အရေးပါသော နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများကို ရေးသားသူဖြစ်သည်။ OPPO သည် ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီဖြစ်သည့် အလျောက် နည်းပညာများနှင့် သုံးစွဲသူတို့၏ အမြင်ကို ကောင်းစွာသိရှိနားလည်လျက်ရှိသည်။ OPPO သည် IEEE စံသတ်မှတ်ချက် ကော်မတီ၏ လုပ်ငန်းစဉ်များတွင် အတူပါဝင်ပြီး နိုင်ငံတကာ နည်းပညာ စံသတ်မှတ်ချက်များ ရေးဆွဲရာတွင် ကူညီအားဖြည့်သွားမည်ဖြစ်သည်။

    ပညာရေးပိုင်းဆိုင်ရာ နှီးနှောဖလှယ်မှုပိုင်းတွင်လည်း IEEE ၏ ပညာရေးဆိုင်ရာ ဂျာနယ်တွဲများနှင့် စာတမ်းဖတ်ပွဲများသည် သက်ဆိုင်ရာ နယ်ပယ်များတွင် ထိပ်ဆုံးမှ နေရာယူလျက်ရှိသည်။ OPPO မှ AI၊ ဆက်သွယ်ရေး နည်းပညာများ၊ Hardware နည်းပညာများ စသည့် နယ်ပယ်များရှိ နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုများကို အတိုချုပ် တင်ပြသွားရန် စီစဉ်ထားသည်။ OPPO သည် သိပ္ပံနည်းကျ သုတေသနပိုင်း ရင်းနှီးမြှုပ်နှံမှုများကို မကြာသေးမီနှစ်များမှ စ၍ ဆက်တိုက် အားသွန်ခွန်စိုက် လုပ်ဆောင်လာခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများကြောင့်လည်း နယ်ပယ်တွင်းရှိ ထိပ်တန်း သိပ္ပံပညာရှင်များ၏ စိတ်ဝင်စားမှုကိုလည်း ရရှိထားသည်။ OPPO သည် IEEE နှင့်အတူ လေ့လာရေး ခရီးများ၊ ဟောပြောပွဲများနှင့် စာတမ်း ဖတ်ပွဲများမှ တစ်ဆင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ပိုမို ချောမွေ့အောင် အတူလက်တွဲလုပ်ဆောင်သွားရန် မျှော်လင့် သည်။

    OPPO သည် နည်းပညာပိုင်းတွင် အစဉ်အမြဲ ရှေ့တန်းတွင် ရှိခဲ့သည်။ ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်း World Intellectual Property Organization (WIPO) ၏ ၂၀၁၉ ခုနှစ်အတွက် မူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် Patent Cooperation Treaty (PCT) အဆင့်သတ်မှတ်ချက်တွင် OPPO သည် အဆင့် (၅) အတွင်း ပါဝင်ခဲ့သည်။ OPPO သည် 5G စံသတ်မှတ်ချက်များနှင့် သက်ဆိုင်သော စာရွက်စာတမ်း ၃၀၀၀ ကျော်ကို 3GPP သို့ တင်သွင်းခဲ့ပြီး နိုင်ငံတကာ စံသတ်မှတ်ချက်ဆိုင်ရာ အဖွဲ့အစည်းသို့ အများဆုံး ပံ့ပိုးသူများအနက် ပါဝင်သည်။

    ယခု လက်ရှိတွင် OPPO သည် ကမ္ဘာအနှံ့အပြားတွင် R&D ဝန်ထမ်း ၁၀,၀၀၀ ကျော်၊ သုတေသနစခန်း ၄ ခု၊ သုတေသန အဖွဲ့အစည်း ၆ ခုတို့ဖြင့် လည်ပတ်လျက် ရှိသည်။ OPPO ကို စတင် တည်ထောင်သူ CEO Tony Chen မှ 5G၊ AI၊ AR၊ Big Data နှင့် အခြား နယ်ပယ်များနှင့် Hardware အဓိက အခြေခံနည်းပညာများနှင့် Software စက်ပိုင်းဆိုင်ရာ နည်းပညာများစသည်တို့ကို ပိုမို သုတေသနပြုရန် သုံးနှစ်အတွင်း R&D ပိုင်းတွင် ယွမ် ၅၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ OPPO ၏ စဥ်ဆက်မပြတ် R&D ဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အခြား စျေးကွက်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် အနာဂတ်မှာ မျက်မှောက်ကာလနှင့် မဝေးတော့ပြီဖြစ်သည်။