{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-11-05
  • စကားပြောသော ဓာတ်ပုံများ သို့မဟုတ် ငယ်ဘဝအမှတ်တရတွေဆီ ပြန်ခေါ်သွားမယ့် OPPO F17 Pro ရဲ့ Throwback Memory Campaign


    စကားပြောသော ဓာတ်ပုံများ သို့မဟုတ် ငယ်ဘဝအမှတ်တရတွေဆီ ပြန်ခေါ်သွားမယ့် OPPO F17 Pro ရဲ့ Throwback Memory Campaign

    ဓာတ်ပုံဆိုတာ အမှတ်တရဖြစ်ဖွယ် အတိတ်နေ့ရက်တွေဆီကို အချိန်မရွေး ပြန်လည်ခေါ်ဆောင်သွားပေးနိုင်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ ဘယ်အသက်အရွယ်ပဲရောက်ရောက် ငယ်ဘဝရဲ့အမှတ်တရတွေကို ပြန်ပြောင်း သတိရစေတဲ့ တစ်ခုတည်းသောအရာကလည်း ဓာတ်ပုံတွေလို့ဆိုရင် မမှားနိုင်ပါဘူး။ ယနေ့ခေတ်မှာ စမတ်ဖုန်း တွေနဲ့ ဘဝရဲ့အမှတ်တရဖြစ်ဆုံးအချိန်တွေကို အလွယ်တကူမှတ်တမ်းတင်လို့ရပေမယ့် နည်းပညာသိပ်ပြီး မထွန်း ကားသေးတဲ့ အရင်ခေတ်က ရိုက်ကူးခဲ့တဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူတိုင်းက အောက်မေ့ဖွယ် ငယ်ဘဝအမှတ်တရတွေကို ပြန်ပြောပြပေးတဲ့ ဓာတ်ပုံအဟောင်းလေးတွေကို အမြတ်တနိုး သိမ်းဆည်းထားကြတာပေါ့။

    ငယ်ဘဝအမှတ်တရတွေနဲ့ ပတ်သတ်ပြီး အရင်းအနှီးဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး အချိန်တစ်ခုကို ပြောပါဆိုရင် မကြာသေးမီက ကျင်းပခဲ့တဲ့ သီတင်းကျွတ်ပွဲတော်အချိန်အခါလေးကလည်း  လူတိုင်းလူတိုင်းအတွက် မမေ့နိုင် စရာငယ်ဘဝ Memory တစ်ခုဖြစ်မယ် ထင်ပါတယ်။ ချစ်စရာမြန်မာ့ရိုးရာ ပွဲတော်တွေထဲမှ တစ်ခုဖြစ်တဲ့ သီတင်း ကျွတ်ပွဲတော်ရာသီဟာ ကျောင်းတွေ ရုံးတွေပိတ်တဲ့ အားလပ်ရက်ရှည် ဖြစ်တာကြောင့် မိသားစု ဆွေမျိုးသားချင်း တွေ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အတူ ဆုံဆည်းနိုင်တဲ့အချိန် ၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းများအရ  ဆီမီးရောင်စုံထွန်းညှိကာ မြတ်စွာဘုရားရှင်ကို ပူဇော်ရင်း ကုသိုလ်ဘာဝနာပွားများကြတဲ့ အချိန်၊ ဘိုးဘွားမိဘ ဆရာသမားတွေကို ကန်တော့ဂါရဝပြုရင်း ကုသိုလ်လည်းရ မုန့်ဖိုးလည်းရတဲ့ ပျော်စရာ အကောင်းဆုံးအချိန် စတဲ့ ယဉ်ကျေးမှုဂါရဝတရား ၊ ချစ်ခြင်းမေတ္တာ နှင့် ပျော်ရွှင်စရာတွေ လွှမ်းခြုံထားတဲ့ ထူးမြတ်တဲ့ ပွဲတော်အချိန်အခါသမယပဲ ဖြစ်ပါတယ်။

    ဒီလိုထူးမြတ်လှတဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်အချိန်အခါမှာ ချစ်ရတဲ့ မိသားစု ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူတူဖြတ်သန်းခဲ့ဖူးတဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်လည်အသက်သွင်းရင်း အမှတ်တရဖြစ်ဖွယ် သီတင်းကျွတ်အချိန်အခါလေးဖြစ်စေဖို့ OPPO မှ "ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်" နဲ့ OPPO F17 Pro ရဲ့ "Throwback Memory"  ပြိုင်ပွဲလေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ "Throwback Memory" ပြိုင်ပွဲလေးမှာ နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ လွှမ်းပိုင် ၊ ပိုင်ဖြိုးသု၊ မေဂရေ့စ် နှင့် ဖုန်းသီရီကျော် တို့လည်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲပုံစံအသေးစိတ်ကတော့ ကလေးဘဝတုန်းက ရိုက်ကူးခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးတွေထဲကမှ မိမိကြိုက်နှစ်သက်ရာ တစ်ပုံကိုရွေးချယ်ကာ ၎င်းဓာတ်ပုံထဲကအတိုင်း တစ်ပုံစံတည်းဖြစ်အောင် လက်ရှိမှာပြန်လည်ဖန်တီး ရိုက်ကူးရတဲ့ ဓာတ်ပုံပြိုင်ပွဲလေးပဲ ဖြစ်ပါတယ်။ 

    OPPO မှ သီတင်းကျွတ်ပွဲတော်အခါအချိန်မှာ ချစ်ခင်ရတဲ့ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေအား လုံးနဲ့အတူ စည်းစည်းလုံးလုံး လွမ်းမောဖွယ်ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ပုံဖော်နိုင်စေဖို့ ရည်ရွယ်ပြီး အဆိုပါ ဓာတ်ပုံပြိုင်ပွဲလေး အစီအစဉ်လေးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုအနေနဲ့ OPPO F17 Pro "Throwback Memory" ဓာတ်ပုံပြိုင်ပွဲလေးကို မြန်မာနိုင်ငံတစ်ဝန်းမှ လူပေါင်း ၃.၄ သန်းကျော်သိရှိခဲ့ပြီး စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွ ဝင်ရောက်ယှဉ်ပြိင်ခဲ့တဲ့သူ စုစုပေါင်း (၈၆) ဦးရှိခဲ့ကာ အဆိုပါ ပြိုင်ပွဲဝင်များ ထဲမှ ဖန်တီးမှုအကောင်းဆုံး ပြိုင်ပွဲဝင် (၃) ဦးကို ပြန်လည်ရွေးချယ်ပြီး ဖုန်းဘေလ် တစ်သိန်းကျပ်စီ ဆုချီးမြှင့်ခဲ့ ပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံး သူတို့ရဲ့ ကလေးဘဝက အမှတ်တရပုံလေးတွေနဲ့ ဓာတ်ပုံလေးတွေရဲ့ နောက် ကွယ်က စိတ်ဝင်စားဖွယ်ရာ အမှတ်တရဇာတ်လမ်းလေးတွေကိုလည်း အတူတကွရေးသားဖော်ပြခဲ့ကြပြီး အနိုင်ရရှိခဲ့တဲ့ ပြိုင်ပွဲ (၃) ဦးကလည်း ကလေးဘဝကဓာတ်ပုံလေးတွေရဲ့ အမှတ်တရတွေနဲ့ ဖန်တီးဖြစ်ပုံလေးကို အခုလိုပဲကြည်နူးဖွယ် ရေးသားဖော်ပြခဲ့ပါတယ်။

    Ei Ei Aung

    မောင်နှမတွေစုံတုန်းရိုက်ယူရတာ မောင်လေးက ခုတော့အကြီးဆုံးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် OPPO သာအဲလိုမလုပ်ပေးရင်  မရိုက်ဖြစ်တော့ဘူး။ အဲလိုဖြစ်အောင်ဖန်တီးပေးတော့ ကျေးဇူးအရမ်းတင်ပါတယ်။

    စကားပြောသော ဓာတ်ပုံများ သို့မဟုတ် ငယ်ဘဝအမှတ်တရတွေဆီ ပြန်ခေါ်သွားမယ့် OPPO F17 Pro ရဲ့ Throwback Memory Campaign

    Thinn Wutt Yee

    ငယ်ငယ်က ပွဲစျေးမှာအမှတ်တမဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးက ကြီးလာတော့ တကယ်ဖြစ်လာတယ်။ ရုပ်ဆိုးတာလေးတော့ သည်းခံပေးပါ။ ဖြူစင်တဲ့အလုပ်မို့ ကိုယ်ရွေးချယ်ခဲ့တာလည်းမှန်တယ်ထင်လို့ အခုချိန်မှာလည်း အရမ်းပျော်ပါတယ်။

    စကားပြောသော ဓာတ်ပုံများ သို့မဟုတ် ငယ်ဘဝအမှတ်တရတွေဆီ ပြန်ခေါ်သွားမယ့် OPPO F17 Pro ရဲ့ Throwback Memory Campaign

    Thet

    ငယ်ငယ်က မေမေ ညီမလေးကို ထမင်းခွံနေတုန်း သားကို ဂရုမစိုက်လို့ စိတ်ဆိုးပြီး

    မျက်စောင်းထိုးကြည့်မိတဲ့အချိန် ဖေဖေက မိမိရရဖု န်းနဲ့ ရိုက်ထားတာလေးကို အမှတ်တရဖြစ်အောင် သားအမိတွေ တကူးတက ပြန်ရိုက်ထားကြတာပါခင်ဗျ။

    စကားပြောသော ဓာတ်ပုံများ သို့မဟုတ် ငယ်ဘဝအမှတ်တရတွေဆီ ပြန်ခေါ်သွားမယ့် OPPO F17 Pro ရဲ့ Throwback Memory Campaign

    ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလမှာ မိသားစု ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ဘုရားသွားခြင်း ၊ လူကြီးမိဘ ဆရာသမားများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကန်တော့ဂါရဝပြုခြင်း ၊ မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း ၊ အားလပ်ရက်ခရီးသွားခြင်း စတဲ့အရာတွေ မလုပ်နိုင်ခဲ့ပေမယ့် OPPO မှ ပြုလုပ်ပေးခဲ့တဲ့ "ပေါ့ပါးကျစ် လစ် ခံစားမှုအသစ်" နဲ့ OPPO F17 Pro ရဲ့ "Throwback Memory"  ပြိုင်ပွဲလေးကတော့ ချစ်ရတဲ့ မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေနဲ့ ကောင်းမွန်တဲ့ အမှတ်တရများစွာကို ဖန်တီးပေးနိုင်ခဲ့ပြီး သီတင်းကျွတ်ပွဲတော် ရဲ့ အနှစ်သာရကို ပြည့်ဝစေခဲ့မယ်ဆိုတာ ယုံကြည်ပါတယ်။

    တိုက်ရိုက်စကားပြောခန်း

    တိုက်ရိုက်စကားပြောခန်း

    Call: 09-985177770

    Support ကိုခေါ်ပါ

    09-985177770

    9:00~17:30 MON-SAT

    Call: 01-7517770

    Support ကိုခေါ်ပါ

    01-7517770

    9:00~17:30 MON-SAT

    Call:01-7517771

    Support ကိုခေါ်ပါ

    01-7517771

    9:00~17:30 MON-SAT

    ကျွန်တော်တို့ကိုအီးမေးလ်(Email)ပို့ပါ

    ကျွန်တော်တို့ကိုအီးမေးလ်(Email)ပို့ပါ

    Service Center

    ဝန်ဆောင်မှုဌာန