{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-04-09
  • OPPO မှ COVID-19 ရောဂါ ကာကွယ်‌ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၂၀၀ လှူဒါန်း

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ယခုလက်ရှိ ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် သက်ဆိုင်ရာ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ ပြင်ဆင်ထားရှိနိုင်ရန်နှင့် အခြား လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် ယနေ့ မနက်တွင် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၂၀၀ ကို သွားရောက်လှူဒါန်းခဲ့သည်။

    OPPO မှ  COVID-19 ရောဂါ ကာကွယ်‌ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၂၀၀ လှူဒါန်း

    ဤကဲ့သို့ OPPO မှ ပါဝင်လှူဒါန်းခဲ့ခြင်းသည် ယခု COVID-19 ရောဂါနှင့် တွေ့ကြုံနေရသော အခြေအနေတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဂရုတစိုက် အလေးထားခြင်း ဖြစ်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လုပ်ဆောင်မည့် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များကို ပိုမိုထိ‌ရောက်အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

    OPPO မှ  COVID-19 ရောဂါ ကာကွယ်‌ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၂၀၀ လှူဒါန်း

    အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်၍ OPPO Myanmar AED ၏ Project Director ဖြစ်သူ Mr. Will က “ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိထား ဆောင်ရွက်ဖို့က OPPO ရဲ့ ဦးတည်ချက်တွေထဲက တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှ မိဘပြည်သူတွေကို အခုလို တစ်ဖက်တစ်လမ်းကနေ ပြန်လည် အကျိုးပြု လှူဒါန်းခွင့်ရတာ အရမ်းပဲ ဝမ်းမြောက်မိပါတယ်။ ဒီလို အချိန်မျိုးမှာ အလွန် အရေးပါတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အားဖြည့်ပံ့ပိုးကူညီမှုကနေ တစ်ဆင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကို အမြန်ဆုံးနဲ့ အောင်အောင်မြင်မြင် ကာကွယ်ထိန်းချုပ်တဲ့ နေရာမှာ အကူအညီ ဖြစ်စေဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် OPPO မှ အစဥ်တစိုက် အားပေးလာသော မြန်မာပြည်သူများနှင့် OPPO Myanmar AED ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိရာ OPPO မိသားစုဝင် ဝန်ထမ်းတိုင်းအတွက် Mask များ၊ Hand Sanitizer များ လုံလောက်စွာ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများကို မတ်လလယ် မှ စကာ တတ်နိုင်သမျှ မိမိတို့ နေအိမ်၌သာ နေ၍ အလုပ်လုပ်ကိုင်နိုင်စေရန် စီစဥ်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် OPPO အရောင်း Centre များနှင့် Customer Service Centre များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ သန့်ရှင်းရေးနှင့် ကာကွယ်ရေး နည်းလမ်းများကို အထူး ဂရုပြုဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ Smartphone သုံးစွဲသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ OPPO Customer Service Centre တိုင်းတွင် ဖုန်းကို ပိုးသတ်သန့်ရှင်းပေးသော Phone Santizing Machine များကိုလည်း OPPO တံဆိပ် ဖုန်းများသာမက မည်သည့်တံဆိပ် ဖုန်း ကိုင်ဆောင်သူမဆို အခမဲ့ လာရောက် အသုံးပြုနိုင်အောင် စီစဉ်ပေးထားသည်။ OPPO စမတ်ဖုန်းများကို အရောင်းဆိုင်သို့ ကိုယ်တိုင် လာရောက်စရာမလိုဘဲ အိမ်တိုင်ရာရောက် ဝယ်ယူနိုင်ကြစေရန် ပို့ဆောင်ခ ပေးရန်မလိုဘဲ shop.com.mm (https://www.shop.com.mm/shop/oppo) မှ တစ်ဆင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် စီစဥ်ထားသည်။

    OPPO မှ  COVID-19 ရောဂါ ကာကွယ်‌ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၂၀၀ လှူဒါန်း

    ကမ္ဘာတဝန်းတွင် COVID-19 ရောဂါ လျှင်မြန်စွာ ကူးစက်ဖြစ်ပွားနေသည်နှင့်အမျှ အားလုံး တက်ညီလက်ညီ ကြိုးစားကာကွယ်လျက်ရှိရာ OPPO ကလည်း မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို အလေးထားသောအားဖြင့် ရောဂါကာကွယ်ရေးအတွက် လိုအပ်သော နေရာများသို့ လှူဒါန်းခြင်း ၊ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းတို့အပြင် မိဘပြည်သူများအတွက် ကျန်းမာရေး အသိပညာများနှင့် COVID-19 ကာကွယ်ရန် နည်းလမ်းများကိုလည်း အွန်လိုင်းမှ တစ်ဆင့် ဝေမျှပေးခြင်း စသည့် နည်းလမ်းများဖြင့် မြန်မာနိုင်ငံကြီး ပြန်လည်ကျန်းမာရေး ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်လျက်ရှိပါသည်။