ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် နာမည်ကြီး မူပိုင်လိုင်စင် Platform ဖြစ်သည့် Avanci မှ တစ်ဆင့် IoT နှင့် မော်တော်ယာဥ်နှင့် ဆက်စပ်ပစ္စည်း စျေးကွက်များတွင် OPPO မှ ထုတ်လုပ်ထားသေ နိုင်ငံတကာ 3G နှင့် 4G ဆိုင်ရာ မူပိုင်ခွင့်များကို မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
OPPO ၏ တီထွင်ဖန်တီးမှု မူပိုင်ခွင့်ရေးရာဌာန၏ Senior Director ဖြစ်သူ Adler Feng က “ OPPO က IoT industry ရဲ့ တိုးတက်မှုကောင်းတွေကို အထောက်အကူပြုပေးနိုင်အောင် အမြဲ စိတ်ရောကိုယ်ပါ ကြိုးစားနေပါတယ်။ OPPO ရဲ့ အရေး ပါလှတဲ့ မူပိုင်ခွင့်တွေကို IoT Industry မှာ သင့်တင့်မှန်ကန်တဲ့ စျေးနှုန်းနှင့် ခွဲခြားဆက်ဆံခြင်းမရှိဘဲ မျှတတဲ့ (FRAND) စည်းကမ်းချက်တွေနဲ့ အတူ မှတ်ပုံတင်ထားပါတယ်။ ဆက်သွယ်ရေးမှာ အခရာကျတဲ့ OPPO ရဲ့ 3G နှင့် 4G မူပိုင်ခွင့်တွေကို Avanci ကနေ တစ်ဆင့် IoT နဲ့ မော်တော်ယာဥ်နဲ့ ဆက်စပ်ပစ္စည်း စျေးကွက်တွေမှာ မှတ်ပုံတင်ပေးနိုင်တာကို အရမ်း ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။
Avanci ၏ တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဥက္ကဌဖြစ်သူ Kasim Alfalahi က “ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ် တံဆိပ်ဖြစ်တဲ့ OPPO ကို Avanci Platform ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ Avanci က OPPO စတဲ့ ကုမ္ပဏီတွေကို မူပိုင်ခွင့်ပိုင်ရှင်တွေနဲ့ လိုင်စင်ရသူတွေ အချိုးညီညီ ပါဝင်နေတဲ့ လွယ်ကူချောမွေ့တဲ့ စျေးကွက် တစ်ခု လုပ်ပေးပြီး R&D ရင်းနှီးမြှပ်နှံမှုတွေမှာ သင့်တော်တဲ့ ရလဒ်တွေ ရစေဖို့၊ ဆန်းသစ်တီထွင်မှုတွေ အဆက်မပြတ် ရှိနေစေဖို့ ကူညီပေးပါတယ်” ဟု ပြောကြားခဲ့သည်။
Avanci သည် IoT ရောင်းချသူများအတွက် တစ်နေရာတည်းတွင် Wireless ဆက်သွယ်ရေး နည်းပညာများရရှိနိုင်ရန် စွမ်းဆောင်ပေးသော မူပိုင်ခွင့် (Patent) မှတ်ပုံတင်နိုင်သည့် Platform ဖြစ်သည်။ Avanci တွင် မိမိတို့၏ မော်တော်ယာဉ်များအတွက် မှတ်ပုံတင်ထားသော ကား Brand ပေါင်း ၁၄ခု ရှိပြီ ဖြစ်ပြီး OPPO အပါအဝင် Standard Essential Patent မူပိုင်ခွင့် ပိုင်ဆိုင်သူ ၃၈ ဦး နှင့်လည်း လက်တွဲလုပ်ကိုင်လျက်ရှိသည်။ OPPO ၏ ပါဝင်လာမှု အသစ်မှာ Wireless ဆက်သွယ်ရေးနယ်ပယ်တွင် ကုမ္ပဏီ၏ မူပိုင်ခွင့် စွမ်းအားကို ဖော်ပြလျက်ရှိသည်။
ကမ္ဘာ့ထိပ်တန်း နည်းပညာကုမွဏီ တစ်ခုအနေနှင့် OPPO သည် တစ်ကမ္ဘာလုံးမှ သုံးစွဲသူများ အတွက် အရည်အသွေးမြင့် ထုတ်ကုန်များနှင့် စွမ်းဆောင်မှုများ ပေးနိုင်ရန် R&D တီထွင်ဆန်းသစ်မှုများကို အစဉ်တစိုက် အလေးထားခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် နိုင်ငံတကာမှ မူပိုင်ခွင့် အသုံးပြုခွင့်လျှောက်လွှာ ၄၃,၀၀၀ ကျော်ကို ရရှိခဲ့ပြီး မူပိုင်ခွင့် အသုံးပြုခွင့် တောင်းခံလွှာ ၃၈,၀၀၀ ကျော်တို့တွင် OPPO မှ မူပိုင်ခွင့်ပေါင်း ၁၆,၀၀၀ ကျော်ကိုလျှောက်ထားခဲ့သည့်အတွက် နိုင်ငံတကာမှ မူပိုင်ခွင့် အသုံးပြုခွင့်လျှောက်လွှာ တင်သွင်းခြင်း အားလုံး၏ ၈၈ ရာခိုင်နှုန်းကျော်ကို OPPO မှ ပိုင်ဆိုင်ထားလျက် ရှိသည်။
တိုက်ရိုက်စကားပြောခန်း
Support ကိုခေါ်ပါ
09-650177770 / 09-650177771
9:00~17:30 MON-SAT
ကျွန်တော်တို့ကိုအီးမေးလ်(Email)ပို့ပါ
ဝန်ဆောင်မှုဌာန