{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-03-25
  • ကြီးမားကျယ်ပြန့်သည့် Display နှင့် AI Camera သုံးလုံး ပါဝင်သော တန်ဖိုးသင့် OPPO A31 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

    ကမ္ဘာထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “AI Triple Camera,Capture Your Moment” ဟူသော ဆောင်ပုဒ်အတိုင်း အမှတ်တရတိုင်းကို အကောင်းဆုံးပုံရိပ်များအဖြစ် ဖန်တီးပေးနိုင်သော AI Camera သုံးလုံးပါဝင်သည့် OPPO A31 ကို ယနေ့တွင် မြန်မာနိုင်ငံစျေးကွက်သို့ စတင် မိတ်ဆက်လိုက်သည်။ 4 GB RAM + 128 GB ROM ပါရှိသော OPPO A31 တွင် ကြီးမားကျယ်ပြန့်သည့် 6.5-inch Waterdrop Screen ပါရှိပြီး ပါးလွှာကွေးညွတ်သော 3D ကိုယ်ထည် ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ်ထားသည်။ OPPO A31 ကို သဘာဝဆန်ဆန် ခေတ်မီလှပသော Fantasy White နှင့် Mystery Black အရောင် (၂) ရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့မှစတင်ကာ မြန်မာ‌ကျပ်ငွေ 249,900 ဖြင့် မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

    OPPO A31 သည် Screen-to-body Ratio: 89% ရှိသော သာမာန်ထက်ကျယ်သော 6.5-inch Waterdrop Screen ပါရှိပြီး Display Resolution: 1600 × 720 (HD+) ပါဝင်သောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကို ပိုမိုကောင်းမွန်စေသည့်အပြင် Eye Protection Mode ပါရှိသောကြောင့် မျက်လုံးကို အန္တရာယ်ဖြစ်စေသော အလင်းတန်းများမှ ကာကွယ်ပေးကာ ဖုန်း Screen ကို တစ်နေကုန် စိတ်ကြိုက် ကြည့်နိုင်မည်ဖြစ်သည်။

    OPPO A31

    ထို့ပြင် ကြီးမားသော 4230mAh Battery ပါရှိပြီး MediaTek P35 ၏ 2.3GHz Octa-core Processor ကိုလည်း ထည့်သွင်းထားသဖြင့် OPPO A31 သည် ဂိမ်းနှင့် ဗီဒီယိုတို့တွင် အထစ်အငေါ့မရှိ ချောမွေ့သော လုပ်ဆောင်မှုကို ရရှိ စေမည်ဖြစ်ကာ battery စားနှုန်းကိုလည်း သာမာန်ထက် သက်သာစေမည်ဖြစ်သည်။ OPPO A31 တွင် Rear Fingerprint Scanner, Facial Unlock, Smart Assistant, Smart Sidebar စသည့် အသစ်သစ်သော လုပ်ဆောင်မှုများ ပါ၀င်သည့် ColorOS 6.1 System ကို အသုံးပြုထားသည်။

    ကင်မရာ စွမ်းဆောင်မှုများတွင် နာမည်ကောင်းရထားသော OPPO သည် ယခု OPPO A31 ၏ ကျောဘက် ကင်မရာတွင် 12MP Main Camera, 2MP Depth Camera, 2MP Macro Lens (၃) လုံးကို အသုံးပြုထားသည်။ ပိုမိုစိုပြည်တောက်ပသော အရောင်အသွေးများ ရရှိစေသည့် Dazzle Color Mode၊ အနီးကပ် အရာဝတ္ထုများကို အသေးစိတ် ကြည်လင်စွာ ဖော်ပြပေးနိုင်သော Macro Lens၊ ဆန်းသစ်လှပသော ရှေ့ကြည်နောက်ဝါး ပုံရိပ်များ ပေးစွမ်းနိုင်သည့် Portrait Bokeh စသော Functions များအပြင် ပိုမို သဘာဝဆန်ဆန် လှပစေမည့် ရှေ့ဘက်ကင်မရာ 8MP Front AI Beautification Camera လည်း ပါရှိသဖြင့် ဓာတ်ပုံရိုက် ဝါသနာပါသူတို့ အကြိုက်တွေ့စေမည်ဖြစ်ကာ တန်ဖိုးရှိသည့် အမှတ်တရတိုင်းကို လှပသော ပုံရိပ်များအဖြစ် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ OPPO A31 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A31 Website Page (https://bit.ly/33KhjeO ) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ၀င်ရောက်လေ့လာနိုင်သည်။