{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-03-11
  • OPPO မှ ဖုန်းဓာတ်ပုံဝါသနာရှင်များအတွက်
    Beyond The Portrait (Season 2) ဓာတ်ပုံပြိုင်ပွဲ ကျင်းပ

    မတ်လ ၁၁၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်၊ မြန်မာ ။ ။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် #BeyondthePortrait_Season2 ဟု အမည်ပေးထားသော ဖုန်းဓာတ်ပုံပြိုင်ပွဲကို ဒုတိယအကြိမ် ထပ်မံကျင်းပလိုက်သည်။ အဆိုပါ ပြိုင်ပွဲကို မည်သူမဆို၊ မည်သည့်ဖုန်းနှင့်မဆို ရိုက်ကူးထားသည့် မိမိဓာတ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး OPPO ၏ နောက်ဆုံးထွက်ရှိမည့် OPPO Reno3 Pro , OPPO Reno3 , OPPO Enco Free နားကြပ်နှင့် အခြား လက်ဆောင်ပစ္စည်းများ ကံထူးနိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။

    OPPO မှ ဖုန်းဓာတ်ပုံဝါသနာရှင်များအတွက် Beyond The Portrait (Season 2) ဓာတ်ပုံပြိုင်ပွဲ ကျင်းပ

    #BeyondthePortrait_Season2 ဟု Campaign အမည်ပေးထားသော ဖုန်းဓာတ်ပုံပြိုင်ပွဲကို ခေါင်းစဉ် ၃ ခုဖြင့် ပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုပါသူများသည် သက်ဆိုင်ရာ အစီအစဉ်ခေါင်းစဉ်များအောက် တစ်ခုခုနှင့် ကိုက်ညီသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ Beyond the Portrait Seson 2 အစီအစဉ်များမှာ နေရာဒေသ၊ အစားအစာ၊ လူမျိုးနှင့် ယဉ်ကျေးမှုတို့ ဖြစ်သည်။

    OPPO မှ ဖုန်းဓာတ်ပုံဝါသနာရှင်များအတွက် Beyond The Portrait (Season 2) ဓာတ်ပုံပြိုင်ပွဲ ကျင်းပ

    Beyond the Portrait Seson 2 အစီအစဉ်အများကို Travel Blogger “Travel Kueen” ၊ Professional Photographer ဇာနည်မျိုးဝင်းနှင့် Videographer နောင်နောင်တို့သည် တန်ခိုးကြီး ကျိုက်ထီးရိုးဘုရားနှင့်၊ ကရင်ပြည်နယ် ဘားအံမြိုနှင့် အနီးအနားရှိ အထင်ကရနေရာများသို့ သွားရောက်ကာ Campaign Video များကို စီစဉ်ရိုက်ကူးထားသည်။ ပထမအစီအစဉ်ဖြစ်သည့် နေရာဒေသအစီအစဉ် (Where We Go) #Place Vlog Video တွင် ကျိုက်ထီးရိုးနှင့် ဘားအံမြို့၏ အထင်ကရနေရာများ ဖြစ်သည့် ကြာအင်းဂူ၊ ကော့ကွန်းဂူ၊ လင်းနို့ဂူ၊ ကျောက်ကလပ်စေတီတော်၊ မဟာဆန္ဒန်လှိုင်ဂူ၊ ကန်သာယာ စသည့် နေရာများ၏ အေးချမ်းသာယာသော အလှမြင်ကွင်းများကို အရောင်အသွေး စုံလင်စွာ မြင်တွေ့နိုင်မည်ဖြစ်သည်။ ဒုတိယအစီအစဉ် ဖြစ်သည့် အစားအစာ အစီအစဉ် (What We Eat) #Food Vlog Video တွင် ရိုးသားဖြူစင်သော ဒေသခံ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းများ၊ ချစ်စဖွယ်ပုံရိပ်များနှင့်အတူ ဘားအံမြို့ ကမ်းနားလမ်း၏ ညဈေးသစ်၊ ခုန်သာဖောင် (ခေါ်) တလဂုဏ်လို့ ခေါ်ဆိုသည့် ကရင်ရွာမှ အရသာရှိသော ရိုးရာ အစားအစာများနှင့် ချက်ပြုတ်နည်းတို့ကို မြင်တွေ့ခံစားရမည်ဖြစ်သည်။ ဆက်လက်၍ တတိယအစီအစဉ်ဖြစ်သည့် လူမျိုးနှင့် ယဉ်ကျေးမှုအစီအစဉ် (Who We Meet) #PeopleandCulture ကိုလည်း ရိုက်ကူး ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ အဆိုပါအစီအစဉ်များကို ဖုန်းကင်မရာ၏ အလင်း ထိန်းညှိနိုင်မှု၊ အမှောင်တွင်း ရိုက်ကူးနိုင်မှု၊ တုန်ခါမှုနည်း၍ ကြည်လင်ပြတ်သားမှု၊ Zoom ဆွဲအားကောင်းမှုစသည့် အားသာချက်တွေကို အသားပေး ထည့်သွင်းထားသည့် OPPO မှ အသစ်ထွက်ရှိလာသော OPPO Reno3 Pro ဖြင့် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

    OPPO မှ ဖုန်းဓာတ်ပုံဝါသနာရှင်များအတွက် Beyond The Portrait (Season 2) ဓာတ်ပုံပြိုင်ပွဲ ကျင်းပ

    ပြိုင်ပွဲဝင် အသေးစိတ် စည်းကမ်းချက်များအနေဖြင့် OPPO ၏ #BeyondthePortrait_Season2 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် လိုသူများသည် ဖုန်းနှင့် ရိုက်ကူးထားသော ဓာတ်ပုံများထဲကို “Place” , “Food”, “People & Culture” (နေရာဒေသ၊ အစားအစာ၊ လူမျိုးနှင့် ယဉ်ကျေးမှု) စသည့် ခေါင်းစဉ် ၃ ခု အောက်တွင် သက်ဆိုင်ရာ အစီအစဉ် ခေါင်းစဉ်များအောက် တစ်ခုခုနှင့် ကိုက်ညီသော ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

    #BeyondthePortrait Campaign သည် ယခု မတ်လ ၁၅ ရက်တွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ဓာတ်ပုံများကို ဒိုင်အဖြစ် Professional Photographer ဇာနည်မျိုးဝင်းမှ အဓိက ရွေးချယ်ဆုံးဖြတ်သွားမည် ဖြစ်သည်။ မတ်လ ၁၇ ရက်နေ့တွင် ဆန်ကာတင်အဖြစ် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ၁၅ ဦး၏ ဓာတ်ပုံကို OPPO Page တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး အဆိုပါ ဆန်ကာတင်ဓာတ်ပုံများ၏ Reaction အနည်းအများပေါ်မူတည်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ သတ်မှတ်သွားမည်ဖြစ်သည်။ Reaction များကို မတ်လ ၁၉ ရက် ညနေ ၅ နာရီ နောက်ဆုံးထား၍ ကောက်ယူသတ်မှတ်သွားမည်ဖြစ်သည်။ ဆုရရှိသူများကို မတ်လ ၂၀ ရက်နေ့တွင် OPPO မှ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဆုလက်ဆောင်များအနေဖြင့် ပထမဆု - OPPO Reno3 Pro (တစ်လုံး)၊ ဒုတိယဆု - OPPO Reno3 (တစ်လုံး)၊ တတိယဆု - OPPO Enco Free (နားကြပ်တစ်စုံ) တို့အပြင် Beyond the Portrait ပြိုင်ပွဲအတွက် ဆုရရှိသော Certificate နှင့်အတူ Professional Photographer ဇာနည်မျိုးဝင်း၊ Travel Blogger “Travel Kueen” နှင့် Videographer နောင်နောင် (Naung Naung - Indie Filmmaker) တို့၏ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်မည်ဖြစ်သည်။ နှစ်သိမ့်ဆုအနေဖြင့် ဆန်ကာတင်စာရင်းတွင် ကျန်ရှိသူ ၁၂ ဦးအတွက် OPPO Travel Bag များကို ပေးအပ်သွားမည် ဖြစ်သည်။ ပါဝင်ယှဥ်ပြိုင်လိုပါက အသေးစိတ် အချက်အလက်များကို ဖော်ပြပါလင့်တွင် https://bit.ly/2TPD2g ဝင်ရောက်လေ့လာနိုင်သည်။