{{baseData.historyTitle}}

{{baseData.historyTitle}}

OPPO F21 Pro kv
OPPO F21 Pro kv
Style သစ်လွင်၊
Selfie ဘုရင်
Ultra-Sensing Selfie with
IMX709 | Fiberglass Leather
OPPO F21 Pro kv
Style သစ်လွင်၊
Selfie ဘုရင်
Ultra-Sensing Selfie with
IMX709 | Fiberglass Leather
OPPO F21 Pro kv
alt
SELFIE
ဘုရင်
လာပါပြီ
အထင်ကရဖြစ်သော IMX709 Selfie Sensor
မည်သည့်အလင်းရောင်တွင်မဆို တောက်ပကြည်လင်ပြတ်သားသော Selfie များ ရိုက်ကူးနိုင်ခြင်း
OPPO မှ အထူးသီးသန့် ဒီဇိုင်းထုတ်ထားပြီး Sony hardware ဖြင့် တည်ဆောက်ထားသော မျိုးဆက်သစ် RGBW အာရုံခံကိရိယာတွင် အလင်းကို ပိုမိုသိရှိနိုင်သော အဖြူရောင် pixel များကို မိတ်ဆက်ပေးထားပြီး အလင်းကို 60% ပိုမိုဖမ်းယူနိုင်ကာ noise 35%¹ လျှော့ချပေးသည်။ အလင်းဝင်ရောက်မှု ပိုများခြင်းက သင့်အား မည်သည့်အလင်းရောင်အခြေအနေတွင်မဆို တောက်ပကြည်လင်သော ပုံရိပ်များကို ဖမ်းယူနိုင်စေပါသည်။
IMX709 Selfie Sensor
AI Portrait မြှင့်တင်မှု
သဘာဝအတိုင်း ကြည့်ကောင်းစေခြင်း
ရိုးရှင်းသော ကလစ်တချက်နှိပ်ရုံဖြင့် portrait မြှင့်တင်မှုက သင်၏ သဘာဝကျသော အသားအရောင်များကို လှပစွာ ထုတ်ပေးနိုင်ပြီး portrait အရောင်နှင့် စတိုင်ကို အလိုအလျောက် ချိန်ညှိပေးမည်ဖြစ်သောကြောင့် မြင်ကွင်းတိုင်းတွင် ပြီးပြည့်စုံသော အသွင်အပြင်ကို ရရှိစေမည် ဖြစ်သည်။
AI Portrait Enhancement 1
AI Portrait Enhancement 2
AI Portrait Enhancement 1
AI Portrait Enhancement 2
SELFIE HDR
နောက်ခံအလင်းကြောင့် သင့်ပုံရိပ်ကို အဟန့်အတား မဖြစ်စေပါနှင့်
AI စနစ် အသုံးပြုထားသောကြောင့် ကင်မရာက နောက်ခံမြင်ကွင်းမှာ အလင်းအမှောင်ကို အလိုအလျောက် ချိန်ညှိပေးသဖြင့် အလွန်ကြည်လင်ပြတ်သားသည့် selfie ပုံရိပ်ကို အသေးစိတ် ဖမ်းယူပေးမည် ဖြစ်သည်။
Selfie HDR offSelfie HDR on
OFF
ON
BOKEH FLARE
PORTRAIT
အလင်းများကို မျက်လှည့်ဆန်ဆန် ပြောင်းလဲခြင်း
ရှေ့ကြည်နောက်ဝါးဖြစ်အောင် ကလစ်လုပ်လိုက်သည့်အခါ ကျွန်ုပ်တို့၏ အဆင့်မြင့်နည်းပညာက သင့်နောက်ခံကို သေသပ်စွာ မှုန်ဝါးအောင်လုပ်ပြီး ပြီးပြည့်စုံသည့် ရှေ့ကြည်နောက်ဝါး လုပ်ဆောင်ချက်ကို ပေးစွမ်းမည် ဖြစ်သည်။ ကလစ်တချက်နှိပ်ရုံဖြင့် DSLR ပုံစံ ကိုယ်ပိုင်လက်ရာကို ဖန်တီးနိုင်မည် ဖြစ်သည်။

Bokeh Flare Portrait offBokeh Flare Portrait on
OFF
ON
အနောက်ဘက်
ကင်မရာ
64MP AI TRIPLE CAMERA
မည်သည့် အလင်းရောင်တွင်မဆို ကြည်လင်ပြတ်သားသော ဓာတ်ပုံများ ဖမ်းယူပေးနိုင်ပါသည်
64MP ကင်မရာသည် ကြည်လင်ပြတ်သားမှု အဆင့်သစ်ကို ပေးစွမ်းနိုင်ပြီး မြင်ကွင်းတိုင်းသည် လက်ရာမြောက်သဖြင့် ရိုက်ချက်တိုင်းက ပြီးပြည့်စုံသောရိုက်ချက်ဖြစ်ကြောင်း အာမခံပါသည်။
64MP
Main Camera
2MP
Microlens
2MP
Depth Camera
64MP AI Triple Camera
အလွန်ကြည်လင်ပြတ်သားသော
108MP IMAGE
အလှတရားကို အသေးစိတ် ဖမ်းယူပေးခြင်း
အလွန်ကြည်လင်ပြတ်သားသော 108MP Image က ယခင်နှင့် လုံးဝမတူသော အသွင်အပြင်နှင့် ကြည်လင်ပြတ်သားမှုကိုဖမ်းယူပေးနိုင်သည်။ မယုံနိုင်လောက်စရာကောင်းသော ကြည်လင်ပြတ်သားမှုသည် သင့်အား ဓာတ်ပုံ၏ မည်သည့်အစိတ်အပိုင်းကိုမဆို မြင်ကွင်းချဲ့ပြီး တခြား ရိုက်ချက်တခုအနေဖြင့် ရွေးချယ်စေနိုင်ပါသည်။

Ultra-clear 108MP image
Ultra-clear 108MP image
Ultra-clear 108MP image
Ultra-clear 108MP image
Ultra-clear 108MP image
လျင်မြန်သော လျှပ်တပြက်ရိုက်ချက်
အခိုက်အတန့်တိုင်းကို လက်မလွှတ်စေခြင်း
ရွေ့လျားနေသောပုံရိပ်ဖြစ်စေ၊ ငြိမ်နေသောပုံရိပ်ဖြစ်စေ Flash snapshot feature ဖြင့် ဖရိန်များစွာ ဖမ်းယူပေးနိုင်သောလုပ်ဆောင်ချက်သည် ကြည်လင်ပြတ်သားမှုကို သေချာစေပြီး မှုန်ဝါးမှုကိုလျှော့ချပေးမည် ဖြစ်ပါသည်။

Flash Snapshot
SEGMENT 1st
MICROLENS CAMERA
မမြင်ရသော ကမ္ဘာကို ရှာဖွေလိုက်ပါ
Microlens ကင်မရာကိုသုံးပြီး အဆ ၃၀ အထိ အကြီးချဲ့ကာ အသေးစိတ်တိုင်းကို စူးစမ်းလေ့လာလိုက်ပါ။ ကျယ်ပြန့်သော focal မှန်ဘီလူးဖြင့် သင့်လက်ချောင်းထိပ်ပေါ်က ထူးခြားဆန်းကြယ်သော မိုက်ခရိုစကြဝဠာကို ရှာဖွေလိုက်ပါ။²
Microlens Camera
Microlens Camera
Microlens Camera
Microlens Camera
Microlens Camera
Microlens Camera
ဒီဇိုင်း
အရောင်
Cosmic Black
Sunset Orange
Sunset OrangeCosmic Black
အရောင်
Cosmic Black
Sunset Orange
Sunset OrangeCosmic Black
စမတ်ဖုန်းလောက၏
ပထမဆုံးသော
Fiberglass-Leather ဒီဇိုင်း
အခြားသောအရာများနှင့် ထူးခြားကွဲထွက်နေစေမည်
ကျွန်ုပ်တို့၏ သုတေသနစင်တာများမှ ပူးပေါင်းကြိုးပမ်းအားထုတ်လုပ်ဆောင်ထားသော စမတ်ဖုန်းလောက၏ ပထမဆုံးဖြစ်သည့် Fiberglass-Leather ဒီဇိုင်းက အရည်အသွေးအလွန်မြင့်မားပြီး ခေတ်ဆန်ကာ ပေါ့ပါးအကြမ်းခံမှုကို ပေးစွမ်းမည်ဖြစ်သည်။³
Fiberglass-Leather Design
200,000
Denim ဖြင့် ပွတ်တိုက်
စစ်ဆေးမှု
10,000
ခဲဖျက်ဖြင့် ပွတ်တိုက်
စစ်ဆေးမှု
5,000
အရက်ပျံဖြင့် ပွတ်တိုက်
စစ်ဆေးမှု
အလွန်ပါးလျသည့်
Flat-edged ဒီဇိုင်း
ပါးပါးလျလျနှင့် ခေတ်ဆန်ခြင်း
ကင်မရာနှင့်အတူ အနားပြားဘောင်သည် ခေတ်မီသော ဒီဇိုင်းများ၏ အကောင်းဆုံးပေါင်းစပ်မှုဖြစ်ပြီး သင့်အား ခေတ်ဆန်သောသူ ဖြစ်လာစေမည် ဖြစ်သည်။ အလွန်ဆွဲဆောင်မှုရှိသည့် အဆိုပါ အလွန်ပါးလွှာသော ဒီဇိုင်းသည် တကူးတက အားစိုက်စရာမလိုဘဲ ဖုန်းကို နာရီပေါင်းများစွာ ကိုင်ဆောင်ထားနိုင်သည်။

Ultra-Slim Retro Design
Sunset Orange
7.54 mm
အထူ
175 g
အလေးချိန်
Cosmic Black
7.49 mm
အထူ
175 g
အလေးချိန်
ORBIT LIGHT
ကြယ်များ မှိတ်တုပ်မှိတ်တုပ် လင်းသကဲ့သို့
ဖုန်းကို မှောက်ထားသည့်အခါ လှပသော orbit light များက သင်၏ အရေးကြီးသော သတိပေးချက်များ၊ မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို အချက်ပြပေးမည် ဖြစ်သည်။
Orbit Light
စွမ်းဆောင်ရည်
QUALCOMM® SNAPDRAGON™
6NM OCTA-CORE PROCESSOR
RAM ပမာဏ 5GB အထိ တိုးမြှင့်နိုင်
မျိုးဆက်သစ် Qualcomm® Snapdragon™ 6nm ပရိုဆက်ဆာကို စွမ်းအင်ချွေတာပြီး ကြာရှည်စွာ သာလွန်ကောင်းမွန်သော စွမ်းဆောင်ရည် ထောက်ပံ့ပေးနိုင်အောင် ဒီဇိုင်းထုတ်ထားသည်။ အသုံးမပြုသော ROM မှ 5GB အထိ ငှားယူပြီး RAM ပမာဏကို တိုးချဲ့နိုင်သောကြောင့် မိမိနှစ်သက်ရာ app များအကြား ချောမွေ့သော စွမ်းဆောင်ရည်ကို ပေးစွမ်းမည်ဖြစ်သည်။
Qualcomm Snapdragon
33W SUPERVOOC
စွမ်းအင်အပြည့်ဖြင့် အချိန်ပြည့်သုံးနိုင်ခြင်း
33W SUPERVOOC နှင့် ကြာရှည်ခံသော 4500mAh တို့ကြောင့် ဘယ်သောအခါမှ ဖုန်းအားကုန်တော့မည် မဟုတ်ပါ။ ၅ မိနစ်အားသွင်းရုံဖြင့်။ 2.68 နာရီကြာ ဖုန်းပြောဆိုနိုင်မည် ဖြစ်သည်¹⁰
33W SUPERVOOC
စွမ်းအင်အပြည့်ဖြင့် အချိန်ပြည့်သုံးနိုင်ခြင်း
33W SUPERVOOC နှင့် ကြာရှည်ခံသော 4500mAh တို့ကြောင့် ဘယ်သောအခါမှ ဖုန်းအားကုန်တော့မည် မဟုတ်ပါ။ ၅ မိနစ်အားသွင်းရုံဖြင့် 2.68 နာရီကြာ ဖုန်းပြောဆိုနိုင်မည် ဖြစ်သည်။¹⁰
33W SUPERVOOC
90Hz AMOLED

Eye-Care Display
ရင်သပ်ရှုမောဖွယ်ကောင်းသော ကြည့်ရှုမှု အတွေ့အကြုံ
16.33cm AMOLED Eye-Care Display¹¹, 90Hz refresh rate¹² နှင့် 180Hz touch sampling တို့ကြောင့် အပြန်အလှန်လုပ်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်သလို တုံ့ပြန်နိုင်စွမ်း မြင့်မားပြီး ချောမွေ့သော ရွေ့လျားမှုကို ရရှိစေမည်ဖြစ်သည်။ AMOLED FHD+ Eye-Care Display ကလည်း မျက်လုံးကို အပြာရောင်အလင်းကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးမည် ဖြစ်ပါသည်။
AMOLED Eye-care Display
alt

¹³

alt
AMOLED Eye-care Display
အရည်အသွေး
OPPO Enduring Quality
OPPO ၏ တာရှည်ခံသော အရည်အသွေး
OPPO အနေဖြင့် သင် အားကိုးအားထားပြုနိုင်သော ထုတ်ကုန်များကို ထောက်ပံ့ရန် ကြိုးစားနေပါသည်။ သုံးစွဲသူ၏ လက်ထဲမရောက်မီ OPPO F21 Pro ၏ ထိပ်တန်းအဆင့် ဘေးကင်းလုံခြုံမှု၊ အကြမ်းဒဏ်ခံနိုင်မှုနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို သေချာစေရန်အတွက် ပြုတ်ကျဒဏ်ခံနိုင်မှု၊ ရေစိုဒဏ်ခံနိုင်မှု၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု၊ ရာသီဥတုဒဏ်ခံနိုင်မှု၊ အသေးစားပြုတ်ကျဒဏ်ခံနိုင်မှုနှင့် လိုင်းဆွဲအား အပါအဝင် အဓိက စမ်းသပ်မှု ခြောက်မျိုးကို စမ်းသပ်အောင်မြင်ထားပါသည်။
IPX4
ရေစိုခံ အဆင့်
28,000
အသေးစား ပြုတ်ကျဒဏ်ခံနိုင်ရည် စမ်းသပ်မှု
500,000
ပါဝါခလုတ် ဖိနှိပ်မှုဒဏ်ခံနိုင်ရည် စမ်းသပ်မှု
14 ရက်
မြင့်မားသော အပူချိန်နှင့် မြင့်မားသော စိုထိုင်းဆခံနိုင်ရည် စမ်းသပ်မှု¹⁴

IPX4 ရေစိုဒဏ်ခံနိုင်ခြင်း
OPPO F21 Pro ကို အသုံးပြုသည့်အခါ ရေနှင့်ဆက်စပ်သော ဖုန်းပျက်စီးမှုများနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ပါ။ IPX4 ရေစိုဒဏ်ခံနိုင်မှုအဆင့်ကြောင့် မည်ကဲ့သို့ပင် ဖုန်းရေစိုစေကာမူ ဖုန်းကို ပျက်စီးစေမည် မဟုတ်ပါ။¹⁵
IPX4 Waterproof
GAME
AI FRAME RATE STABILIZER
မြင့်မားသော စနစ်၏ လုပ်ဆောင်ချက်အောက်တွင် frame rate များကို တည်ငြိမ်မှုရှိစေသလို ချောမွေ့သော ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းဖို့အတွက် အပူလွန်ကဲခြင်းနှင့် လုပ်ဆောင်ချက် နှေးကွေးခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။¹⁶
GAME FOCUS MODE
ပြီးပြည့်စုံသော ဂိမ်းကစားခြင်းအတွေ့အကြုံကို ရရှိစေဖို့အတွက် အာရုံပျက်ပြားမှုမရှိစေဘဲ နိုင်ပွဲကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားနိုင်မည် ဖြစ်ပါသည်။ ဖုန်းခေါ်ဆိုမှုများ၊ အသိပေးချက်များနှင့် လမ်းကြောင်းပြချက်များ ဝင်ရောက်လာခြင်းကို ရှောင်လွှဲပြီး ချောမွေ့သော ဂိမ်းကစားခြင်း အတွေ့အကြုံကို ရရှိစေမည် ဖြစ်ပါသည်။

AI Frame Rate Stabilizer Game Focus Mode
ColorOS 12
Air Gestures
ဖုန်းသုံးဖို့ လက်မအားသည့်အခါတွင်လည်း ပြဿနာမရှိပါ။ စမတ်အာရုံခံကိရိယာက ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်းနှင့် ဆိုရှယ် အက်ပလီကေးရှင်းများ ရွေးချယ်ခြင်းအတွက် လေထဲတွင် လက်အမူအရာဖြင့် ပြုလုပ်စေနိုင်မည် ဖြစ်သည်။ ¹⁷

Adaptive Sleep
Adaptive Sleep
အာရုံခံကိရိယာက သိရှိနိုင်သော အရာကို ကြည့်ရှုနေသည့်အခါ ဖုန်းမျက်နှာပြင်က ပိတ်သွားမည် မဟုတ်ပါ။¹⁸
Screen Translate
Screen Translate
ဘာသာစကား 105 မျိုးကို ထောက်ပံ့ပေးထားသောကြောင့် ဘာသာစကား အတားအဆီးများကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ စာသားနှင့် ဓာတ်ပုံများကို မျက်နှာပြင်အပြည့် လုပ်ဆောင်ချက်နှင့်အတူ အလွယ်တကူ ဘာသာပြန်နိုင်မည် ဖြစ်သည်။
Smart Notification Hiding
Smart Notification Hiding
သင့် ဖုန်းမျက်နှာပြင်ပေါ်တွင် တခြားသူများ၏ မျက်လုံးရောက်လာသည်နှင့် အသိပေးချက်များကို ဝှက်ထားပေးမည်ဖြစ်ပါသည်။¹⁹
Security Authentication for PrivacySecurity Authentication for PrivacySecurity Authentication for PrivacySecurity Authentication for Privacy
Security Authentication for Privacy
အသုံးပြုသူ၏ အချက်အလက်သိုလှောင်မှု ကုဒ်ဝှက်ခြင်း၊ ထုတ်လွှင့်မှု ကုဒ်ဝှက်ခြင်း၊ အရေးကြီးသော အချက်အလက်များကို ခွဲခြားသတ်မှတ်ခြင်း စသည်တို့အတွက်ကုဒ်ဝှက်နည်းပညာ ထောက်ပံ့ပေးထားပါသည်။

မှတ်ချက်

1.

အချက်အလက်များကို OPPO ဓာတ်ခွဲခန်းမှ ရယူစုဆောင်းထားသည်။ အမှန်တကယ်အချက်အလက်သည် စမ်းသပ်ဆော့ဖ်ဝဲဗားရှင်းနှင့် သီးသန့် စမ်းသပ်မှု ပတ်ဝန်းကျင်ကြောင့် အနည်းငယ်ကွဲပြားနိုင်ပါသည်။

2.

Microlens ကင်မရာချဲ့ထွင်မှုသည် အရာဝတ္ထုတခု၏ အမှန်တကယ် အရွယ်အစားနှင့် ဖုန်းမျက်နှာပြင်ပေါ်ရှိ အရာဝတ္ထုတခု၏ အရွယ်အစားအချိုးကို ရည်ညွှန်းသည်။

3.

Fiberglass Leather ကို Sunset Orange ဗားရှင်းတွင်သာ ရနိုင်သည်။

4.

ယခုစာမျက်နှာတွင် ပါဝင်သော အချက်အလက်များသည် ဓာတ်ခွဲခန်း စမ်းသပ်အချက်အလက်များသာ ဖြစ်သည်။ နေ့စဥ်အသုံးပြုမှုအတွက် အရည်အသွေး အာမခံချက်တခု မဟုတ်ပါ။ လက်တွေ့ အခြေအနေသည် သီးသန့်စမ်းသပ်မှု ပတ်ဝန်းကျင်အပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါသည်။

5.

ဖုန်း၏ အထူနှင့် အလေးချိန်သည် OPPO ဓာတ်ခွဲခန်းများမှ ရယူထားသော အချက်အလက်များပေါ်တွင် အခြေခံသည်။ လက်တွေ့ အရွယ်အစားနှင့် အလေးချိန်သည် ထုတ်လုပ်မှုလုပ်ငန်းစဥ်နှင့် တိုင်းတာမှုစနစ်များအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။

6.

Qualcomm Snapdragon 680 4G Mobile Platform အချက်အလက်များကို Qualcomm ၏ တရားဝင်ဝက်ဘ်ဆိုက်မှ ရယူထားသည်။ ယခုစာမျက်နှာရှိ ဓာတ်ပုံသည် ရည်ညွှန်းရန်အတွက်သာ ဖြစ်သည်။ ကျေးဇူးပြုပြီး အမှန်တကယ် ထုတ်ကုန်ကိုသာ ကိုးကားပါ။

7.

RAM တိုးချဲ့မှုသည် virtual RAM ကို မူရင်း physical RAM တွင် ထည့်သွင်းခြင်း ဖြစ်သည်။ အချက်အလက်များကို ဓာတ်ခွဲခန်း စမ်းသပ်မှုတွင် အသုံးပြုသော ဖုန်းအမျိုးအစားထံမှ ရယူထားသည်။ လက်တွေ့ရလဒ်သည် ဖုန်းအမျိုးအစားပေါ်တွင်မူတည်ပြီး ကွဲပြားနိုင်ပါသည်။

8.

SUPERVOOCTM စာလုံးအမှတ်အသားနှင့် အမှတ်တံဆိပ်များသည် OPPO Mobile Telecommunications Corp., Ltd. မှ ပိုင်ဆိုင်သော မူပိုင်ခွင့်များ ဖြစ်သည်။

9.

ညီမျှသော ဘက်ထရီပမာဏမှာ 4500mAh (ပုံမှန်တန်ဖိုး) ဖြစ်သည်။ ဤနေရာတွင် ဓာတ်ပုံသည် ကိုးကားရန်အတွက်သာဖြစ်သည်။ အမှန်တကယ် ထုတ်ကုန်ကို အတည်ပြုပါ။

10.

5 မိနစ်အားသွင်းပြီး 2.68 နာရီ ဖုန်းပြောဆိုနိုင်သည်ဟူသော ပြောကြားချက်သည် ဓာတ်ခွဲခန်းမှ အခြေအနေများကို ရယူထားခြင်းဖြစ်သည်။ လက်တွေ့ရလဒ်များသည် စမ်းသပ်မှုပတ်ဝန်းကျင်အပေါ်တွင် မူတည်ပြီး ကွဲပြားနိုင်ပါသည်။

11.

မျက်နှာပြင် အရွယ်အစားကို ထောင့်ဖြတ်တိုင်းတာပါသည်။ အမှန်တကယ် ကြည့်ရှုနိုင်သော ဧရိယာသည် လုံးဝန်းသော ထောင့်များနှင့် ကင်မရာအပေါက်ကြောင့် နည်းပါသည်။

12.

သင့်အနေဖြင့် Settings တွင် 90Hz သို့မဟုတ် 60Hz ကို ရွေးချယ်နိုင်ပါသည်။ 90Hz mode ကို ရွေးချယ်သည့်အခါ အချို့သော အက်ပလီကေးရှင်းများက 60Hz refresh rate ဖြင့်သာ အလုပ်လုပ်ပါသည်။

13.

OPPO F21 Pro ၏ မျက်နှာပြင်သည် အပြာရောင်အလင်းတန်းကြောင့် မျက်လုံးထိခိုက်မှုကို လျှော့ချပေးနိုင်သည့် လုပ်ဆောင်ချက်အတွက် SGS မှ ပေးသော Eye Care Certification ကို ရရှိထားပါသည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ်ကို https://sgs.com တွင် တွေ့နိုင်ပါသည်။

14.

ယခုစာမျက်နှာတွင် ပါဝင်သော အချက်အလက်များသည် ဓာတ်ခွဲခန်း စမ်းသပ်အချက်အလက်များသာ ဖြစ်သည်။ နေ့စဥ်အသုံးပြုမှုအတွက် အရည်အသွေး အာမခံချက်တခု မဟုတ်ပါ။ လက်တွေ့ အခြေအနေသည် သီးသန့်စမ်းသပ်မှု ပတ်ဝန်းကျင်အပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါသည်။

15.

OPPO ဓာတ်ခွဲခန်းများမှ စမ်းသပ်မှုများအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ နေ့စဥ်အသုံးပြုမှုအတွက် အရည်အသွေး အာမခံချက်တခု မဟုတ်ပါ။ လက်တွေ့ အခြေအနေသည် သီးသန့်စမ်းသပ်မှု ပတ်ဝန်းကျင်အပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါသည်။

16.

AI Frame Rate Stabilizer ကို LOLM, Mobile Legend, Free Fire, PUBG, Subway Surfers, Call of Duty: Mobile နှင့် Genshin Impact တွင်သာ ရနိုင်ပါသည်။ လုပ်ဆောင်နိုင်စွမ်းနှင့် ရရှိနိုင်မှုသည် သက်ဆိုင်ရာဥပဒေများ၊ အစိုးရမူဝါဒများနှင့် သက်ဆိုင်ရာဂိမ်းများအတွက် ဝန်ဆောင်မှုစည်းမျဥ်းများအပေါ်တွင် မူတည်ပြီး ကွဲပြားနိုင်ပါသည်။

17.

Air Gestures scrolling ကို လက်ရှိတွင် Facebook, Instagram, TikTok နှင့် YouTube တွင်သာ အသုံးပြုနိုင်ပါသည်။ Air Gestures ဖြင့် ဖုန်းဖြေကြားခြင်းကို အသံဖြင့်ခေါ်ဆိုခြင်းအတွက်သာ ပြုလုပ်နိုင်ပါသည်။ ဗီဒီယိုဖြင့် ခေါ်ဆိုခြင်း၊ third-party ဖုန်းခေါ်ဆို အက်ပလီကေးရှင်းများတွင် အလုပ်မလုပ်ပါ။

18.

Adaptive Sleep ကို အသုံးပြုရန်အတွက် ကိုယ်တိုင် ဖွင့်ထားရန် လိုအပ်ပါသည်။

19.

Smart Notification Hiding ကို အသုံးပြုရန်အတွက် ကိုယ်တိုင် ဖွင့်ထားရန် လိုအပ်ပါသည်။

20.

ထုတ်ကုန်ဓာတ်ပုံများသည် ရည်ညွှန်းရန်အတွက်သာ ဖြစ်ပါသည်။ ကျေးဇူးပြုပြီး အမှန်တကယ် ထုတ်ကုန်ကိုသာ အတည်ပြုပါ။ အချို့သော ထုတ်ကုန်အချက်အလက်များနှင့် ဖော်ပြချက်များသည် ရောင်းချသူများနှင့် ထုတ်လုပ်သူများ၏ အပြောင်းအလဲများကဲ့သို့သော အကြောင်းအရင်းများကြောင့် ကွဲပြားနိုင်ပါသည်။ ယခုစာမျက်နှာပေါ်ရှိ အချက်အလက်များကို OPPO မှ ဒီဇိုင်းထုတ်ထားသော နည်းပညာဆိုင်ရာ ကန့်သတ်ချက်များဖြင့် ပံ့ပိုးပေးထားပြီး စမ်းသပ်မှုအချက်အလက်များကို ဓာတ်ခွဲခန်းများနှင့် ရောင်းချသူများထံမှ စုဆောင်းပါသည်။ ပကတိအခြေအနေများတွင် စမ်းသပ်ဆော့ဖ်ဝဲဗားရှင်း၊ သီးသန့်စမ်းသပ်မှုပတ်ဝန်းကျင်နှင့် သီးသန့်ဗားရှင်းတို့ပေါ်မူတည်၍ အချက်အလက် အနည်းငယ်ကွာခြားပါမည်။