R17 Pro

ညချမ်း ရဲ့အလှတရားက နေ့ခင်းဖက်တွေ ထက်တောင် ပိုဖမ်းစားနိုင်တယ်ဆိုတာ သင်သိပါသလား။R17 Pro က ညချမ်းအချိန်အခါမှာတောင် မှော်ဆန်တဲ့ အခိုက်အတန့် လေးတွေကို ယူဆောင်ပေးနိုင်အောင်
စွမ်းအားမြင့်တဲ့ night shot setting က အလင်းရောင်တွေကို စုစည်းပေးပြီး အမှောင်ထုထဲကို
ထိုးဖောက်ဝင်ရောက်ကာ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်ပေးပါလိမ့်မယ်။ F1.5/F2.4 smart aperture camera (စမတ်အလင်းဝင်ပေါက်ကင်မရာ) နှင့် မြင်ကွင်းငြိမ် နည်းပညာ OIS optical image stabilization တို့ က အဖျော့ဆုံးဖြစ်နေတဲ့ အလင်းတန်းတွေကို ရှင်းလင်းပြတ်သားမှုရှိအောင် စုစည်းပေး
နိုင်တော့အတောက်ပဆုံး ပုံရိပ်တွေကို ဖန်တီးနိုင်ပြီပေါ့။ AI Ultra-clear Engine ရဲ့ အစွမ်းကြောင့် ခလုတ်ခလေး နှိပ်လိုက်ရုံနဲ့  ညအမှောင်မှာ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကိုတောင် ကြည်လင်တဲ့ ရုပ်ထွက်အဖြစ် ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါဆို ညအချိန်ရောက်ပြီဆို R17 Pro နဲ့  သင့်ဘေးနားက ပုံရိပ်တွေကို အရယူလိုက်ပါ။

ဒီဇိုင်း

ရေစီးနှင့် အလင်းရောင်တို့ ရောယှက်ရွေ့လျားနေပုံကို ဖော်ဆောင်တဲ့ ဆန်းသစ်တဲ့ ဒီဇိုင်း

OPPO R17 Pro - Design

မြူခိုးတွေကြား ယှက်သန်း
ပြေးလွှားနေတဲ့ ရောင်စဉ်
တန်းများ

R17 Pro ရဲ့ ရောင်ပြန်အမှုန်ဖုန်းကာဗာ Radiant Mist casing ရဲ့ ဒီဇိုင်းမှာ အပြာရင့်ရောင်နဲ့  ခရမ်းရောင် နှစ်ရောင်ကို
ရောင်ပြေးပုံစံ ဖန်တီးပေးထားလို့ နှင်းမှုန်တွေကြားမှာ ရောင်
စဉ်တွေ ယှက်သန်းနေသလို ခန့် ညားတဲ့ အလှနဲ့  မှော်ဆန်တဲ့ အလှကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်က အလင်း
ရောင်နှင့်ပုံရိပ်တွေက3D မှန်အမှုန်ပေါ်ထင်ဟပ်ပြီး ဖုန်းတွင်းအလင်းရောင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ သင့် ရဲ့ လှုပ်ရှားမှုတိုင်းမှာ အိပ်မက်ဆန်ပြီး အနုပညာမြောက်တဲ့  အလှတရားကို
မြင်တွေ့ခံစားနိုင်မှာပါ။

OPPO R17 Pro - Gradient color with flowing light

လက်ချောင်းထိပ်ဖျားမှ နှလုံးသားထဲထိ
စွဲငြိစေမည့် ခံစားမှု

အပြင်ဒီဇိုင်းရဲ့ ဆွဲဆောင်မှုသာမက R17 Pro ရဲ့ သိမ်မွေ့ ပြီး ကိုင်လို့ ကောင်းတဲ့ ကြမ်းရှရှ အထိအတွေ့ က သင့်ကို ဖန်သားကမ်းခြေကို ရောက်ရှိသွားသလို ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ရောင်ပြန်အမှုန်ဖုန်းကာဗာ Radiant Mist casing ကို အဆင့်မြင့် နည်းပညာနဲ့ မျက်နှာပြင်ပေါ်မှာထွင်းထားတဲ့အတွက် (advanced surface-etching techniques) တာကွက်ပုံစံ မျက်နှာ
ပြင်ကိုဖြစ်ပေါ်စေပြီး သင့်ရဲ့ လက်ဖဝါးပေါ်မှာ ချောမွေ့တဲ့ ခံစားချက်ကို ရရှိစေပါလိမ့်မယ်။ Fingerprint ရဲ့ ခံနိုင်အားနဲ့ အသုံးခံမှုက တချက်လေးထိတွေ့ ရုံနဲ့ တောင် သင့်မျက်လုံးကို
မယုံနိုင်တဲ့အထိ ဆန်းပြားတဲ့ အထိအတွေ့ကို ရရှိစေပါလိမ့်မယ်။

R17 Pro - Texture

ရေစက်ပုံစံမျက်နှာပြင်
ပန်းချီကား တချပ်လို သက်ဝင်မှု

ရေအသက်တစ်မနက်ဆိုတဲ့ ဆိုရိုးလေးအတိုင်း တွဲရွဲခိုနေတဲ့ ရေစက်ကလေးရဲ့ ပုံစံကို R17 Pro ရဲ့ ဖုန်းထိပ် ကင်မရာ အချိုင့် နေရာလေးက စီးဆင်းခြင်းနှင့်ဖွဲ့ တည်ခြင်း ကြားကာလ
လေးရဲ့ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခိုက်အတန့် လေးကို ရိုးရှင်စွာဖော်ကျူးထားပါတယ်။
ဖုန်းမျက်နှာပြင်( screen ) လေးကို ထိလိုက်တာနဲ့  ရှင်သန်ခြင်း ခွန်အားကို ပေးတဲ့ ရေဓါတ်ရဲ့ စွမ်းပကားနဲ့ အရာရာဟာ အသက်ဝင်လှပသွားပြီပေါ့။

R17 Pro - Waterdrop screen

6.4

Inches

91.5%

Screen Ratio

CORNING®

GORILLA® GLASS 6

Camera

Seize the night

R17 Pro - Camera

R17 Pro Smart Aperture နဲ့ 
ရောင်ခြည် အလင်းတန်းတိုင်းကို အမိအရ ဖမ်းယူကြစို့ 

ညရောင်ခြည် အလင်းတန်းတွေဟာ မှိန်ဖျော့ဖျော့နဲ့ တဒင်္ဂသာ ကြာပေမယ့် အဖိုးအနဂ္ဃ
ကြီးလှပါတယ်။ R17 Pro ရဲ့ ကင်မရာအလင်းဝင်ပေါက်F1.5/F2.4 က မှိန်ဖျော့ဖျော့ 
အလင်းနဲ့  အမှောင်ထုကိုတောင် အလိုအလျောက်ချဲ့ ယူနိုင်အောင် တီထွင်ထားတာမို့ အလင်းပိုမိုရရှိစေပြီး ညရှုခင်းကို ပိုမိုပြတ်သားစေပါတယ်။ တကယ်လို့ သင့်ပတ်ဝန်းကျင်က စတင်လင်းလာပြီိဆိုရင်တော့ အရောင် ban ခြင်းကို လျှော့ချပေးရန်နှင့် ပုံတိုင်းကို ကြည်လင်ပြတ်သားစေရန်အတွက် R17 Pro ရဲ့ Smart Aperture က ရိုက်ချက်တိုင်းကို
လုပ်ဆောင်ပေးမှာပါ။

R17 Pro - Smart aperture

ညသန်းခေါင်ယံမှစ၍ အလင်းရောင်ပျိုးစချိန်ထိ
၂၄ သန်းသော ဓါတ်ပုံ အာရုံခံစံနှုန်းတွေက ဖြန့် ကျက်နေမှာပါ

မှုန်ရီနေတဲ့ အလင်းဖျော့လေးတွေကြားမှာ ပုန်းခိုနေတဲ့ ညချမ်းရဲ့ ပုံပြင်လေးဟာ တစုံ
တဦးရဲ့ ရှာဖွေမှုကို စောင့်ဆိုင်းနေလေရဲ့။ R17 Pro ရဲ့ ၂၄သန်းရှိတဲ့ ဓါတ်ပုံအာရုံခံ
ယူနစ်တွေက 1.4 μm pixel အထိအရွယ်အစား နှင့် 1/2.55 ဓါတ်ပုံအာရုံခံအပိုင်းရှိတာ
ကြောင့် ဓါတ်ပုံမြင်ကွင်းကို တိုးပွားစေပါတယ်။ OPPO ရဲ့ OIS မြင်ကွင်းငြိမ် နည်းပညာ optical image stabilization က သင့်လက်ကို ငြိမ်အောင် အထူးအားစိုက်နေစရာမလိုပဲ သင့်ကိုဖိတ်ခေါ်နေတဲ့ ဖျက်ခနဲ မြင်ကွင်းလေးကိုတောင် လွတ်လွတ်လပ်လပ် အမိအရ ဖမ်းယူစုပ်ကိုင်နိုင်မှုကို ပေးစွမ်းပါလိမ့်မယ်။

OIS

Optical Stabilizer Technology

1.4μm

Pixel Size

1/2.55

Large Photosensitive Area

7P

Lens

R17 Pro - Dual rear camera

OPPO ရဲ့  AI Ultra-clear Engine ဆုံချက်
ခလုတ်လေးတခုထည်းနဲ့  ပြည့်စုံကောင်း
မွန်တဲ့  ဓါတ်ပုံတွေဖန်တီးပေးမယ်

ညချမ်းအချိန် ချင်းနင်းဝင်ရောက်လာလို့ အလင်းရောင်လေးတွေ နေရာဖယ်ပေးကြရတော့မယ်ဆိုရင် hardware သက်သက်နဲ့ အလွယ်တကူ ဖမ်းယူနိုင်မှာ မဟုတ်တဲ့ သက်ရှိလောကနဲ့ အနီးစပ်ဆုံးတူညီတဲ့ ပုံရိပ်တွေကို OPPO ရဲ့ AI Ultra-clear Engine က နေရာယူပုံဖော်ပေးမှာပါ။ ဒါဇင်များစွာသောအခြေခံ အကျဆုံးအဆင့်မှစ၍ အဆင့်ဆင့်ကို အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့  ချွတ်ယွင်းချက်မရှိ ပြီးပြည့်စုံမှုများကို ဆောင်ကျဉ်းပေးနိုင်တဲ့ ဒီဇိုင်းပုံစံတွေ၊ အပြစ်အနာအဆာမရှိ အသေသပ်ဆုံးသောပုံရိပ်ရုပ်ထွက်
ဖြစ်လာစေရန် ချိန်ညှိမှုကို လုပ်ဆောင်နိုင်တဲ့ R17 Pro ကို ဖန်တီးထုတ်လုပ်ပေးထားပါတယ်။ အကျိုးဆက်အနေနှင့် အရောင်ပုံရိပ်ရုပ်ထွက်အဆင့် မှာပင် သင့်စိတ်ကြိုက် မြင်ကွင်းကို တကယ့်လက်တွေ့ နှင့်မခြား ပြသပေးနိုင်မှာပါ။ ညနက်လေလေ R17 Pro ရဲ့ Ultra Night Mode က ညအမှောင်ထုထဲမှာကို တောက်ပပြီး ရှင်းလင်းပြတ်သားတဲ့ ရိုက်ချက်တွေ ရရှိဖို့ သူမတူတဲ့ အမိုက်စားနည်းပညာကို တဖန်ပြန်လည် ဆန်းသစ်ပေးဖို့ အသင့်ဖြစ်နေပါပြီ။

R17 Pro - AI Ultra-clear engine
R17 Pro - AI Ultra-clear engine

သင့်အလှည့်မှာ သင့်စိတ်ကြိုက်ဖန်တီးဖို့ 25MP AI Beauty ကင်မရာ

Selfie ရိုက်ဖို့ အချိန်ရောက်ပြီဆိုရင် သင့်ရဲ့ ပင်ကိုယ်အလှတရားကို ဖော်ဆောင်ဖို့ သင်ဟာ
ကျွမ်းကျင်ပညာရှင် တယောက်ပါပဲ။ ဒါကြောင့် R17 Pro ရဲ့ AI Beauty ကင်မရာက သင့်ကိုယ်ပိုင်
ဖန်တီးခွင့်တွေပေးထားပါတယ်။ မျက်နှာလေးကို သွယ်တဲ့ပုံစံလေးလုပ်မလား။ မိတ်ကပ်အပြည့်နဲ့ ပုံစံမျိုး လုပ်မှာလား။ စိတ်ကြိုက် ချိန်ညှိလို့ ရတဲ့  mode ၆ မျိုးပါဝင်ပြီး လိုချင်တဲ့ပုံစံကို မရိုက်ခင် အစမ်းသဘောမျိုး ပုံဖော်နိုင်တာကြောင့် AI Beauty ကင်မရာ နဲ့  အလှပဆုံးသော ပုံရိပ်အလှတွေကို သင် ကိုယ်တိုင် ရွေးချယ်ရိုက်ကူးနိုင်ပါပြီ။ ဒါတင်မကသေးပဲ သင့်ရဲ့ ချိန်ညှိမှုအပေါ်လိုက်ပြီး သင့်အလှရဲ့ လျှို့ ဝှက်ချက်လှည့်စားမှုတွေကို ပုံဖော်ပေးမှာမို့ သင်ကင်မရာကို အသုံးပြုလေလေ ပိုမိုလှပတဲ့ ရုပ်ပုံ
လေးတွေကို ရလေလေပါပဲ။

R17 Pro - 25MP front camera

စွမ်းဆောင်ချက်

အံ့သြမှင်သက်သွားစေတဲ့ မြန်နှုန်းမြင့် လုပ်ဆောင်ချက်

R17 Pro - Performance

စွမ်းအားမြင့် Super VOOC
အမြန်အားသွင်းစနစ်
ဖုန်းကြာရှည်ခံပြီး မြန်ဆန်တဲ့အားသွင်းနည်းပညာသစ်ပေါ်ထွန်းလာခြင်း

R17 Pro တွင် 2*1850mAh bi-cell က ၅၀ ဝပ် အထိ အားသွင်း
နိုင်သည့် ဒီဇိုင်းကို အသုံးပြုထားပြီး သင့်ဖုန်းဘက်ထရီရဲ့ စွမ်း
ဆောင်ရည်ကို အမှန်တကယ်ပင် မြင့်တက်စေပါတယ်။ ၁၀
မိနစ်အတွင်း ၄၀%သောဖုန်းအားပမာဏ ရရှိနိုင်ပြီး လုံခြုံမှု
အလွှာ ၅ လွှာ (five-core smart protection) ကနည်း
စနစ်ကျကျ ပတ်လည်စောင့်ကြည့်ပေးမှာဖြစ်လို့ အမြန်
နှုန်းမြင့်ထားသော်လည်း ဘေးကင်းလုံခြုံစေဖို့ တီထွင်
ပေးထားပါတယ်။

R17 Pro - SuperVOOC

In-Display လက်ဗွေရာ Lock ဖွင့်စနစ်
သင့်ရဲ့ ဖုန်းမျက်နှာပြင်မှ မြန်ဆန်သော
ဖုန်းဖွင့်စနစ်

သင့်ရဲ့ ဖုန်းမျက်နှာပြင်ကို ထိတွေ့ လိုက်ရုံနှင့် မြန်ဆန်သော ဖုန်းဖွင့်စနစ်ကို လုပ်ဆောင်ပေးတဲ့ လျှို့ ဝှက်လက်ဗွေစနစ်တပ်ထားတဲ့ အာရုံခံလေးတွေကို သင်ကကျေးဇူးတင်စကား ဖွင့်ဟချင်စိတ်
ဖြစ်သွားပါလိမ့်မယ်။ ဖုန်းမျက်နှာပြင်အောက်မှာရှိတဲ့ ဓါတ်ပုံအာရုံခံ စနစ် (ultra-photosensitive sensor) တွေမှာ ဖန်သားလို ကြည်လင်နေတဲ့ လက်ဗွေ ပုံရိပ်လှိုင်းတွေ ရှိနေပါတယ်။

R17 Pro - Fingerprint unlock

ပထမတန်းစား စွမ်းဆောင်ရည်
8GB RAM+128GB ROM

ပမာဏကြီးမားသော 8 GB RAM နဲ့ Qualcomm Snapdragon 710 chipset တို့ ပေါင်း
စပ်ပေး ထားတဲ့အတွက် R17 pro က တွက်ချက်နိုင်သည့် စွမ်းရည် ကို ရာနှူန်းပြည့် အ
မြန်နှုန်းရအောင်နဲ့ app တွေကို လျှပ်တပြက် အတွင်း ဖွင့်နိုင်အောင် ဆောင်ရွက်ပေးပါ
လိမ့်မယ်။ ဒါ့အပြင် Arena of Valor ၊ PUBG စတဲ့ ဂိမ်းများ ကစားရာတွင်လည်း ဖုန်းထစ်
ခြင်း ၊ ဟန်းခြင်းမရှိ လုပ်ဆောင်နိုင်မှာမို့ အကောင်းဆုံးသော ဂိမ်း အတွေ့အကြုံကို ခံစားရစေနိုင်မှာပါ။

R17 Pro - 6GB RAM + 128GB ROM

ပိုမို အသုံးဝင်လာလေလေ
ပိုပြီးဆန်းသစ်လာလေလေ

အသစ်ထည့်ထားတဲ့ smart bar က သင်အသုံးများတဲ့ app တွေနဲ့ လုပ်ဆောင်ချက် (features) တွေကို လွတ်လပ်ပေါ့ပါးစွာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပြီး ဖုန်း
မျက်နှာပြင်ပေါ်တွင် မြန်မြန်ဆန်ဆန်နှင့် အခြားသော စက်ပစ္စည်း( display device ) များနှင့် ချိတ်ဆက်ရာတွင် Type C ဖြင့် HDMI ကို အလွယ်တကူ ချိတ်ဆက်နိုင်အောင် စီမံထားပါတယ်။ ဂိမ်းဆော့ဖို့အတွက်ပဲဖြစ်ဖြစ် တခြားသော လုပ်ငန်း ဆောင်တာ
တွေ အတွက်ပဲဖြစ်ဖြစ် သင့်ဖုန်း မျက်နှာပြင်ထက် ပိုမိုကျယ်ပြန့်တဲ့ ဖုန်းမျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။ နောက်ဆုံးပေါ် ဗားရှင်းဖြစ်တဲ့ ColorOs 5.2 ကလည်း အလားတူ ပိုမို အဆင်ပြေတဲ့ လုပ်ဆောက်ချက်တွေအပြင် အသုံးပြုသူနှင့်ထိတွေ့တဲ့အပိုင်း
( user interface )မှာပါ စိတ်ကျေနပ်မှုကို အပြည့် ပေးစွမ်းနိုင်ပါလိမ့်မယ်။

Learn More
R17 Pro - ColorOS 5.2 R17 Pro - ColorOS 5.2 R17 Pro - ColorOS 5.2 R17 Pro - ColorOS 5.2

Remarks:


1. 6.4 inches is the diagonal length of the display when the four rounded corners are taken to be pointed corners (i.e. actual size is marginally smaller).

2. The front panel of the R17 Pro is made from Corning® Gorilla® Glass 6.

3. With its 2*1850mAh bi-cell[o1] , the R17 Pro packs 3700mAh of battery power.

4. 40% charge in 10 minutes: This data was confirmed by OPPO laboratory reports made in a test environment where temperature ranged from 20 to 30 degrees Celsius, with a relative humidity of 45% to 75%, atmospheric pressure of 86 kPa to 106 kPa, and initial charge of 1%. To repeat test conditions for a 1% remaining charge scenario, turn off all mobile phone services and functions except for the home display screen and use a standard power adapter to charge. Actual charging time may vary with specific conditions of the device.

5. Using a third-party protective film may affect the screen’s photoreceptive fingerprint ID function. For best performance, OPPO's fingerprint-enabled screen protection film is recommended. 

6. Product images are provided for reference only. Actual product may differ. Some product specifications may be liable to change due to OEM changes and other unforeseen circumstances; please refer to the final product for information. Except where stated, all data provided is based on OPPO design parameters and lab and OEM testing. Actual usage will differ from test cases based on differences in software and product versions as well as usage environment.