A9 2020

OPPO A9 2020 - 5000mAh Battery 48MP Ultra Wide Quad Camera

OPPO A9 2020

5000mAh* Battery

48MP* Ultra Wide Quad Camera

ပုံမှန်ဘက်ထရီပမာဏမှာ 5000mAh ဖြစ်သည်။ အနိမ့်ဆုံးပမာဏမှာ 4880mAh ဖြစ်သည်။

OPPO A9 2020 သည် 48MP CMOS ဓာတ်ပုံအာရုံခံစနစ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည်။

သင့်စိတ်ကူးမှ အရာအားလုံးကို လက်တွေ့ဖန်တီးပုံဖော်နိုင်မည့် လုပ်ဆောင်ချက်သစ်များ

OPPO A9 2020 48MP Ultra Wide Quad Camera with Ultra Night Mode 2.0 ပြီးပြည့်စုံပြီး ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းကျယ်များကို ဖမ်းယူရိုက်ကူးနိုင်မည့် 48MP ကင်မရာလေးလုံး
OPPO A9 2020 5000mAh Ultra Battery with Reverse Charging Capability 5000mAh ပါဝင်သော ပမာဏများစွာဆန့်သည့်ဘက်ထရီဖြင့် အခြာသော စက်ကိရိယာများကိုပါ အားသွင်းပေးနိုင်ခြင်း
OPPO A9 2020 Dolby Atmos® and Dual Stereo Speakers Dolby Atmos® အသံအရည်အသွေးကို ခံစားနိုင်ဖို့ စတူဒီယိုစပီကာနှစ်လုံး
OPPO A9 2020 Snapdragon 665 with Game Boost 2.0 Snapdragon 665 ဖြင့် ဂိမ်းကစားခြင်းကို ပိုမိုကောင်းမွန်စေမည့် Game Boost 2.0
OPPO A9 2020 6.5’’ New Waterdrop Sunlight Screen နေရောင်တွင်လည်း ထင်ရှားစွာ မြင်တွေ့နိုင်သော ရေစက်ပုံစံမျက်နှာပြင်သစ်

A Camera for Every Occasion

16MP Front Camera +

48MP Rear Quad Camera

OPPO A9 2020 စမတ်ဖုန်းတွင် ကင်မရာ ၅ လုံးကို သီးခြားစီထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ ကျောဘက်တွင်တပ်ဆင်ထားသည့် ပင်မမှန်ဘီလူးဖြစ်သော 48MP က ဓာတ်ပုံတစ်ပုံ၏ ရုပ်ထွက်အရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးထားပါတယ်။ 119ံထိ ပိုမိုကျယ်ပြန့်စွာ ဖမ်းယူရိုက်ကူးနိုင်မယ့် ကျောဘက်ကင်မရာမှန်ဘီလူးက မြင်ကွင်းကျယ်ရိုက်ချက်များကို အကျယ်ပြန့်ဆုံးရိုက်ယူနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အလှဓာတ်ပုံရိုက်ကူးရာတွင် အနုပညာမြောက်အလှပဆုံးဖြစ်အောင် ကျန်ကျောဘက်ကင်မရာနှစ်ခုဖြင့် ရိုက်ကူးပေးနိုင်ပါတယ်။ 16MP ရှေ့ကင်မရာတွင် AI နည်းပညာဖြင့် အလိုအလျောက် အလှပြုပြင်ပေးခြင်းလုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။

OPPO A9 2020 48MP Main Camera 48MP ပင်မကင်မရာ
OPPO A9 2020 119° Ultra Wide Angle Lens 119ံ ရှိ ပိုမိုကျယ်ပြန့်သော မှန်ဘီလူး
OPPO A9 2020 Ultra Night Mode 2.0 Ultra Night Mode 2.0
OPPO A9 2020 smartphone back - Dark green gradient

စိတ်ကူးပုံရိပ်များကို ကျယ်ပြန့်စွာဖြန့်ကျက်လိုက်ပါ

ရိုက်ကွင်းပိုမိုကျယ်ပြန့်သော မှန်ဘီလူး

OPPO A9 ရဲ့ ပိုမိုကျယ်ပြန့်တဲ့ 119ံ ရှိ မှန်ဘီလူးက ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ဖမ်းယူပေးနိုင်ပါတယ်။ ယခုဆိုလျှင် ထပ်တိုးဖြည့်စွက်ထားတဲ့ နက်နဲတဲ့မျက်နှာပြင်က ဘယ်သူတွေ၊ ဘယ်လိုအရာတွေပဲဖြစ်ဖြစ် ဓာတ်ပုံတစ်ပုံထဲမှာ အားလုံးဝင်ဆံ့အောင် ရိုက်ကူးပေးနိုင်ပါပြီ။

OPPO A9 2020 Camera 119°Angle of View
OPPO A9 2020 8MP High Resolution ပိုမိုကြည်လင်ပြတ်သားခြင်းများနဲ့ 8MP
OPPO A9 2020 119° Angle of View 119ံ ကျယ်ပြန့်သောမြင်ကွင်း

စိတ်ကူးပုံရိပ်များကို ကျယ်ပြန့်စွာဖြန့်ကျက်လိုက်ပါ

ရိုက်ကွင်းပိုမိုကျယ်ပြန့်သော မှန်ဘီလူး

OPPO A9 ရဲ့ ပိုမိုကျယ်ပြန့်တဲ့ 119ံ ရှိ မှန်ဘီလူးက ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ဖမ်းယူပေးနိုင်ပါတယ်။ ယခုဆိုလျှင် ထပ်တိုးဖြည့်စွက်ထားတဲ့ နက်နဲတဲ့မျက်နှာပြင်က ဘယ်သူတွေ၊ ဘယ်လိုအရာတွေပဲဖြစ်ဖြစ် ဓာတ်ပုံတစ်ပုံထဲမှာ အားလုံးဝင်ဆံ့အောင် ရိုက်ကူးပေးနိုင်ပါပြီ။

*The field of view in Ultra Wide Angle shooting may be slightly smaller because of the distortion-correction in wide angle lens

OPPO A9 2020 8MP High Resolution ပိုမိုကြည်လင်ပြတ်သားခြင်းများနဲ့ 8MP
OPPO A9 2020 119° Angle of View 119ံ ကျယ်ပြန့်သောမြင်ကွင်း
OPPO A9 2020 Camera 119°Angle of View

လက်တုန်ခြင်းကို စိတ်မပူပါနဲ့တော့

တည်ငြိမ်သော ဗီဒီယိုရရှိအောင် ရိုက်ယူပေးနိုင်မှု

ဗီဒီယိုရိုက်ကူးရာမှာ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးထားလို့ သင့်ရဲ့ အချိန်ခဏတာလေးတိုင်းကို အကောင်းဆုံးနဲ့ ရှင်းလင်းပြတ်သားမှုအရှိဆုံး အနေအထားနဲ့ မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ OPPO A9 ကို ဥာဏ်ရည်ဖြင့်အလိုအလျောက် ထိန်းညှိပေးနိုင်သော နည်းပညာပါဝင်သည့် အီလက်ထရောနစ်ပုံရိပ်ထိန်းညှိပေးခြင်း EIS နှင့် စက်၏အတွင်းပိုင်းတွင် ဂြိုင်ရိုစကုတ်ကိုပါ ပေါင်းစပ်တပ်ဆင်ဖွဲ့စည်းပေးထားသောကြောင့် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် ယာဉ်စီးနင်းခြင်း စသည်တို့ပြုလုပ်ချိန်တွင် ရိုက်ကူးသည့်ဗီဒီယိုများကိုပါ တုန်ခါမှုမရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

အီလက်ထရောနစ် ပုံရိပ်ထိန်းညှိပေးခြင်း
ဂြိုင်ရိုစကုတ်
အီလက်ထရောနစ် ပုံရိပ်ထိန်းညှိပေးခြင်း
ဂြိုင်ရိုစကုတ်

အလှတရားနှင့် ဥာဏ်ရည်ဥာဏ်သွေးတို့ တွေ့ဆုံမှု

16MP အလှပြုပြင်ခြင်း ရှေ့ကင်မရာ

OPPO A9 ၏ 16MP ရှေ့ကင်မရာက AI နည်းပညာကို အသုံးပြုပြီး ပုံရိပ်များကို ပိုမိုလှပအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အလိုအလျောက်အသက်အရွယ်ကို ပိုင်းခြားသတ်မှတ်ပေးနိုင်ပြီး အမျိုးသားနှင့် အမျိုးသမီး ကွဲပြားခြားနားမှုကို အခြေခံကာ လိုက်ဖက်သော အသားအရည်ရောင်ကို ရွေးချယ်ပေးခြင်း၊ ပြေပြစ်ချောမွေ့မှုဖြစ်အောင် ပြုလုပ်ပေးခြင်း စသည်တို့ကိုပါလုပ်ဆောင်ပေးပါတယ်။ ထို့အပြင် ခေတ်စားနေတဲ့ အလှပြင်ဆင်မှုပုံစံနှင့်အညီ ဓာတ်ပုံများကို အလှဆုံးဖြစ်အောင် ချိန်ညှိပေးနိုင်ပါတယ်။

OPPO A9 2020 16MP Front AI Beautification Camera

360ံ လုံး ပတ်ချာလည် အပြည့်အဝ ခံစားနိုင်မည့် အသံအရည်အသွေး

Dolby Atmos® အသံအရည်အသွေးကို ခံစားနိုင်မည့် အသံအရည်အသွေး

သင့်ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလျက် ရှင်းလင်းပြတ်သားသောအသံကို နားဆင်ခံစားလိုက်ပါ။ Dolby Atmos® အသံအရည်အသွေးကို အပြည့်အဝခံစားရရှိနိုင်စေရန် စပီကာတစ်ခုနေရာတွင် စပီကာနှစ်လုံးအစားထိုးတပ်ဆင်ပေးထားပါတယ်။

OPPO A9 2020 360°Immersion in Sound
OPPO A9 2020 Hi.Res AUDIO
OPPO A9 2020 DOLBY ATMOS

အရာရာကို ပိုမိုလျှင်မြန်စေခြင်း

Snapdragon 665 + ဂိမ်းဆော့ကစားခြင်းကို ပိုမိုကောင်းမွန်စေသည့် Game Boost 2.0

OPPO A9 တွင် 8GB RAM နှင့် Snapdragon 665 တို့တွဲဖက်ပါဝင်ခြင်းကြောင့် ပိုမိုမြန်ဆန်သောလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပြီး ပါဝါစားနှုန်း ၂၀ ရာခိုင်နှုန်းသက်သာစေပါတယ်။ ၄င်းကို Game Boost 2.0 ပိုမိုသိသိသာသာတွေ့မြင်နိုင်ပါတယ်။ ထို့အပြင် Frame Boost နှင့် Touch Boost ကိုပါ ပေါင်းစပ်ထည့်သွင်းပေးထားသောကြောင့် ဂိမ်းကစားရာတွင် ပိုမိုကောင်းမွန်စေပါတယ်။

RAM ၏ လုပ်ဆောင်နိုင်စွမ်းသည် မတူညီသည့် ဗားရှင်းပေါ်တွင် မူတည်သည်။

20% : Snapdragon 660 နှင့် နှိုင်းယှဉ်ခြင်း

OPPO A9 2020-Snapdragon 665 + Game Boost 2.0

Snapdragon 665

OPPO A9 2020-Snapdragon 665

LPDDR4x Dual Channel မန်မိုရီ

50%

ပိုမိုမြင့်မားသော စွမ်းဆောင်ရည်

100%

လုပ်ငန်းပေါင်းများစွာ တပြိုင်နက်လုပ်ဆောင်နိုင်စွမ်းတိုးတက်လာခြင်း

LPDDR4x dual channel မန်မိုရီ၏ လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သော အချက်အလက်များသည် LPDDR4x နှင့် LPDDR4 တို့အား စမ်းသပ်နှိုင်းယှဉ်ပြီးမှ ရရှိလာခြင်းဖြစ်ပါတယ်။ အမျိုးမျိုးသော အခြေအနေပေါ်မူတည်၍ ရလာဒ်အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။

UFS 2.1 မြန်နှုန်းမြင့် ဖလက်ရှ် မန်မိုရီ

61%

အဆက်မပြတ် လုပ်ငန်းလုပ်ဆောင်နိုင်မှုစွမ်းရည် တိုးမြင့်လာခြင်း

UFS 2.1 ဖလက်ရှ်မန်မိုရီ၏ လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သော အချက်အလက်များသည် UFS 2.1 ES နှင့် eMMC တို့အား စမ်းသပ်နှိုင်းယှဉ်ပြီးမှ ရရှိလာခြင်းဖြစ်ပါတယ်။ အမျိုးမျိုးသော အခြေအနေပေါ် မူတည်၍ ရလာဒ်အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။

အများကြီးသိမ်းဆည်းဖို့ အကန့်များ ပိုမိုပါဝင်သည်

ကဒ် ၃ ခု ထည့်သွင်းနိုင်သောအကန့် (Dual Sim + 256GB ထိ မှတ်ဥာဏ်ထပ်တိုးနိုင်သော MicroSD)

OPPO A9 ကို 128GB ပမာဏရှိသော ROM ဖြင့် တပ်ဆင်ထားရှိပါတယ်။ မိုမိုများပြားသော သိမ်းဆည်းခြင်းများ ပြုလုပ်နိုင်ရန် ကဒ်ထည့်ရန်အကန့် ၃ ကန့် (Dual Sim + MicroSD) အပြင် 256GB ကိုပါ အပိုထပ်ဆောင်းတိုးမြင့်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်

MicroSD ကဒ်ကို သီးသန့်ထပ်မံဝယ်ယူရန်လိုအပ်ပါသည်။

ကဒ် ၃ ခု ထည့်နိုင်သော အကန့်

Dual Sim + MicroSD

OPPO A9 2020 3-Card Slot - Dual Sim + MicroSD for up to 256GB Extra Memory

တစ်နေကုန်သုံးမှာလား ဒါမှမဟုတ် တခြားစက်ပစ္စည်းတွေအတွက် အားသွင်းပေးမှာလား

5000mAh ပါဝင်သော ပမာဏအများကြီးဆန့်သည့် ဘက်ထရီဖြင့် အခြားသော စက်ကိရိယာများကိုပါ အားသွင်းပေးနိုင်ခြင်း

ဖုန်းအားသွင်းခြင်းက သင့်လက်ခုပ်ထဲကရေလို စိတ်ကြိုက်ဆောင်ရွက်နိုင်သော ကိစ္စတစ်ခုပါ။ ယခုဆိုလျှင် HD ဗီဒီယိုများကို ၁၆ နာရီကြာ မနားတမ်းကြည့်ရှုနိုင်ပါပြီ။ ဒါ့အပြင် OPPO A9 တွင် ပမာဏများစွာပါဝင်သော 5000mAh ဘက်ထရီက သင့်ရဲ့အခြားသော စက်ကိရိယာများကိုပါ ဖုန်းအားပြန်လည်ဖြည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။

အခြားစက်ကိရိယာများကို ဖုန်းအားဖြည့်သွင်းပေးရန် OTG ကြိုး လိုအပ်ပါသည်။

*Supported models may vary due to equipment compatibility. Please refer to the actual product.

OPPO A9 2020 5000mAh Ultra Battery 5000mAh ပါဝင်သော ဘက်ထရီ
OPPO A9 2020 Reverse Charging အခြားစက်ကိရိယာများကို ဖုန်းအားဖြည့်သွင်းပေးခြင်း
OPPO A9 2020 Reverse Charging Process
5000mAh ပါဝင်သော ဘက်ထရီ
အခြားစက်ကိရိယာများကို ဖုန်းအားဖြည့်သွင်းပေးခြင်း

ကွဲပြားခြားနားမှုကို ရှုမြင်ခံစားခြင်း

အနုပညာမြောက်သော 3D ဒီဇိုင်း

OPPO A9 က အရာအားလုံးကို အခြားသောမြင်ကွင်းကမ္ဘာထဲသို့ ခေါ်ဆောင်ပေးနိုင်ပါတယ်။ သဘာဝကို ထပ်ဆင့်ခြယ်မှုန်းထားသော ရောင်စဉ်ဖြာအလှတရားနှင့် 3D ရုပ်လုံးကြွဒီဇိုင်းက ပိုမိုပေါ့ပါးသည့်အသွင်ကို ဖြစ်ပေါ်စေပြီး လက်မလွတ်တမ်း အသုံးပြုချင်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။

OPPO A9 2020 Smartphone Color - Dark green gradient OPPO A9 2020 Smartphone Color - Blue-violet gradient

ရိုးရှင်းသော မျက်နှာပြင်တစ်ချပ်ထက်ပိုသော နောက်ကွယ်မှလုပ်ဆောင်ချက်များ

6.5" အရွယ်အစားရှိ နေအောင်တွင်လည်း ထင်ရှားစွာမြင်တွေ့နိုင်သော မျက်နှာပြင်ပါဝင်သည့် ရေစက်ပုံစံမျက်နှာပြင်သစ် + အပြာရောင်အလင်းတန်းများအား ကာကွယ်နိုင်သည့်အကာအကွယ်

OPPO A9 ၏ အများကြားတွင် သရဖူဆောင်းနိုင်မည် အဓိကအချက်မှာ ရေစက်ပုံမျက်နှာပြင်သစ်ဒီဇိုင်းကို ပိုမိုများပြားစွာပါဝင်သည့် လုပ်ဆောင်ချက်များဖြင့် ပြန်လည်ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပါတယ်။ Pixel များကို အလျှင်အမြန်ချိန်ညှိပေးနိုင်သောကြောင့် ပြင်းပြသော နေရောင်အောက်မှာတွင်ပင် ဖုန်းမျက်နှာပြင်ပေါ်ရှိ အရာများအား ထင်ရှားစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ဖုန်းမှထွက်သော အပြာရောင်အလင်းတန်းများမှ သင့်မျက်လုံးအား မထိခိုက်အောင် ကာကွယ်ပေးနိုင်သည့်အပြင် သင့်ကိုလျှင်မြန်နှစ်ခြိုက်စွာ အိပ်ပျော်စေရန်ပါ အကူအညီပေးနိုင်ပါတယ်။

OPPO A9 2020 Sunlight Screen နေရောင်တွင်လည်း ထင်ရှားစွာမြင်တွေ့နိုင်သော
OPPO A9 2020 6.5’’ New Waterdrop Screen 6.5" ရေစက်ပုံစံမျက်နှာပြင်သစ်
OPPO A9 2020 89% Screen-to-body Ratio ဖုန်းမျက်နှာပြင်နှင့် ကိုယ်ထည်အချိုးမှာ 89% ဖြစ်ပါသည်။
OPPO A9 2020 Sunlight Screen နေရောင်တွင်လည်း ထင်ရှားစွာမြင်တွေ့နိုင်သော
OPPO A9 2020 6.5’’ Full Screen 6.5" ရေစက်ပုံစံမျက်နှာပြင်သစ်
OPPO A9 2020 89% Screen-to-body Ratio ဖုန်းမျက်နှာပြင်နှင့် ကိုယ်ထည်အချိုးမှာ 89% ဖြစ်ပါသည်။
OPPO A9 2020 6.5’’ New Waterdrop Notch with Sunlight Screen + Blue Shield

သူ့ကြောင့် ပိုပြီးစမတ်ကျတယ်

ColorOS 6

UI ဒီဇိုင်းသစ်၊ ColorOS 6 ၏ ဥာဏ်ရည်နဲ့ အသုံးပြုရလွယ်ကူခြင်းတို့ကို တွေ့ရှိရမှာဖြစ်ပါတယ်။ Andorid 9.0 အခြေခံထားသည့် ဘောင်ဖျောက်ဒီဇိုင်းတွင် ကားမောင်းနှင်စဉ် အသုံးပြုသော အနေအထား၊ smart assistance၊ swipe-up gesture navigation ကို လုပ်ဆောင်နိုင်သည့်အပြင် OPPO ၏ cloud service ကိုပါ ထည့်သွင်းပေးထားပါတယ်။

ကားမောင်းစဉ် အသုံးပြုရမည့် riding mode နှင့် အွန်လိုင်းပေါ်တွင် အချက်အလက်များ သိမ်းဆည်းပေးသည့် cloud စနစ်ကို သတ်မှတ်ထားသော နေရာများတွင်သာ အသုံးပြုနိုင်ပါသည်။ ဒေသခံထုတ်ကုန်ပစ္စည်း၏ အသေးစိတ်အချက်အလက်ကို ရည်ညွှန်းပြုပါ။

OPPO A9 2020 Facial Unlock မျက်နှာဖြင့် ဖုန်းလော့ခ်ဖွင့်နိုင်ခြင်း
OPPO A9 2020 Screen Multitasking လုပ်ငန်းပေါင်းများစွာကို ဖုန်းမျက်နှာပြင်အပြည့် လုပ်ဆောင်နိုင်ခြင်း
OPPO A9 2020 Smart Bar စမတ်ဘား
OPPO Color OS 6

မြင့်မားသောအရည်အသွေးနှင့် အဆင့်မြင့်သတ်မှတ်ချက်များ

ဒဏ်ခံနိုင်မှု စမ်းသပ်ချက်

OPPO ၏ တီထွင်ဆန်းသစ်မှုများနည်းတူ နည်းပညာများအားလုံးသည်လည်း ယုံကြည်စိတ်ချရမှု အပြည့်အဝရှိပါတယ်။ ဒါ့ကြောင့် OPPO A9 ကို ဖန်တီးရာတွင် အရည်အသွေးထိန်းသိမ်မှုကို အထူးကြပ်မတ်လုပ်ဆောင်ထားပါတယ်။ အသံခလုတ်၊ အဖွင့်အပိတ်ခလုတ်နဲ့ နားကြပ်များအားလုံးရဲ့ ခံနိုင်ရည်ကို ဖုန်းသက်တမ်းထက် ကျော်လွန်အောင် စီမံထုတ်လုပ်ထားပါတယ်။

10,000

နားကြပ်စစ်ဆေးခြင်း အကြိမ်

200,000

အဖွင့်အပိတ်ခလုတ် စစ်ဆေးခြင်း အကြိမ်

100,000

အသံခလုတ်စစ်ဆေးခြင်း အကြိမ်

မှောင်မိုက်ခြင်းကြောင့် စိတ်မပျက်ပါနဲ့တော့

Ultra Night Mode 2.0

OPPO A9 2020 တွင် ပါဝင်သော HDR နှင့် အမျိုးမျိုးသော ရိုက်ချက်များကို ဓာတ်ပုံတစ်ပုံအတွင်း အသေသပ်ဆုံးဖြစ်အောင် ပေါင်းစပ်ပုံဖော်ပေးသော နည်းပညာတို့ ပေါင်းစပ်ထုတ်လုပ်ထားခြင်းကြောင့် ညအချိန်ရိုက်ကူးရာတွင်ပင် ထင်ရှားပြတ်သားစေပါတယ်။ ဓာတ်ပုံရိုက်ကူးရာတွင် လူ၏ပုံရိပ်ကို ဘေးပတ်ဝန်းကျင်ထက် ပိုမိုရုပ်လုံးကြွစေရန်အတွက် လူတစ်ဦးချင်းစီ၏ မျက်နှာများကို ပိုမိုထင်းလင်းမှုရှိအောင် လုပ်ဆောင်ထားပြီး အသေးစိတ်ရိုက်ကူးပေးကာ နောက်ခံအလင်းရောင်များအား လျော့ချထိန်းညှိပေးနိုင်ပါတယ်။ ညအချိန်ရိုက်ကူးခြင်းအတွက် Ultra Night Mode 2.0 က ဓာတ်ပုံ၏ ရှုထောင့်များကို ပိုမိုကျယ်ဝန်းစွာ ဖမ်းယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

Ultra Night Mode 2.0 ကို 4G/8G RAM များတွင်သာ ရရှိနိုင်ပါသည်။

f/1.8 အလင်းဝင်ပေါက်
OPPO A9 2020 HDR+multi-gram technology, Ultra Night Mode 2.0

လုပ်ဆောင်ချက်သစ်တွေက သင့်ကို ယခင်ပုံစံနဲ့ လုံးဝခြားနားအောင် စွမ်းဆောင်ပေးပါလိမ့်မယ်

OPPO ဖြင့် အနုပညာဆန်ဆန် အလှဓာတ်ပုံရိုက်ကူးလိုက်ပါ

OPPO A9 တွင် ပါဝင်သော ပုံရိပ်များကို ပုံစံအသစ်ဖြင့် ပြုပြင်ပေးသည့် နည်းပညာက တခြားမည်သည့် ကုန်ပစ္စည်းအမှတ်တံဆိပ်များတွင်မှ ပါဝင်ခဲ့ဖူးခြင်းမရှိသည့် လုပ်ဆောင်ချက်များကိုပါ ထည့်သွင်းလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Mono 06 stylizer က ပုံရိပ်များကို လက်ရှိခေတ်စားသော ပုံစံစတိုင်နှင့်အညီ ပြုပြင်ပေးနိုင်ပြီး အလှဓာတ်ပုံရိုက်ကူးရာတွင် အသုံးပြုသည့် portrait 07 styllizer ကလည်း ရှေးဆန်သည့် အသွင်အပြင်ဖြစ်အောင်လည်း ပြောင်းလဲရိုက်ကူးပေးနိုင်ပါတယ်။

OPPO A9 2020 Mono 06 stylizer for a retro aesthetic OPPO A9 2020 Portrait 07 stylizer for an artistic vintage look

အပျော်တမ်းဗီဒီယိုမှသည် တန်းဝင်လုပ်ရှင်အဆင့်ထိ

ရုပ်ရှင်တစ်ခုသဖွယ် ဖန်တီးပေးနိုင်မည့် ဗီဒီယို

ခလုတ်တစ်ချက်ထိလိုက်ရုံဖြင့် OPPO A9 က သင့်ရဲ့ ကိုယ်တိုင်ရိုက်ဗီဒီယိုဖိုင်တစ်ခုကို ရုသွင်းပြသမည့် ရုပ်ရှင်တစ်ခုအဖွယ် အထူးပြုလုပ်ချက်များစွာဖြင့် အကောင်းဆုံးသော အရောင်အရည်အသွေးများကို ရရှိအောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

Remarks:

 

1. 6.5-inch is the diagonal length of the display when the four rounded corners are taken to be pointed corners (i.e. actual size is marginally smaller). 

2. Product pictures are for reference only. Please refer to the actual product.

3. Certain product specifications and descriptions may change due to reasons like changes in suppliers. The data in the page came from OPPO designed technical parameters, and test data from the laboratories and from suppliers. In actual circumstances, the data will differ slightly, depending on the test software version, specific testing environment, and specific version.