A7

OPPO A7-ရေစက်ပုံစံမျက်နှာပြင် နှင့် 4230mAh ဘက်ထရီ smartphone OPPO A7-ရေစက်ပုံစံမျက်နှာပြင် နှင့် 4230mAh ဘက်ထရီ smartphone

ရေစက်ပုံစံ မျက်နှာပြင်
သဘာဝ အလှတရားနဲ့ နည်းပညာဖန်တီးမှု

A7 က ပထမဆုံးပေါ်ထွက်လာမယ့် ရေစက်ပုံစံမျက်နှာပြင် ဒီဇိုင်းကို အဆင့်မြင့်ဆုံး နည်းပညာတွေနဲ့ ထုတ်လုပ်ထား
ခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်မှာ ရေစက်ကလေး တွဲခိုနေသလို တွေ့မြင်ခံစားနိုင်မယ့် တီထွင်ဖန်တီးမှု၊ မှန်ခုံးကို ၈၈.၄% မျက်နှာပြင် အချိုးအစားရအောင် ထုတ်လုပ်ထားပြီး ခြစ်ရာစင်းရာ ထင်ခြင်းသက်သာစေပြီး စွဲမက်ဖွယ်အတွေ့ အကြုံကို ရယူလိုက်ပါ။

OPPO A7-ရေစက်ပုံစံမျက်နှာပြင်

ခေတ်မီဆန်းသစ်တဲ့ အရောင်
ရှုထောင့်ပေါင်းစုံက တွေ့မြင်နိုင်တဲ့
အနုပညာမြောက် လှပမှု

အလှပဆုံးသော အရောင်အတွဲအစပ်တွေနဲ့ လူကြိုက်များတဲ့ အရောင် ၂ မျိုးဖြစ်တဲ့ Glaring Gold နဲ့ Glaze Blue
အရောင်ဒီဇိုင်းသစ်ကို အနုပညာမြောက်စွာ တွေ့မြင်ခံစားကြည့်လိုက်ပါ။ ဖုန်းလောကရဲ့ ပထမဆုံး 3D မှန်သားပုံစံ
ဒီဇိုင်းနှင့် ဂရစ်လိုင်းသဏ္ဌာန် ပုံစံဖော်ထားသော မှန်သားအသွင် အနောက်ကာဗာအဖုံးက ခန့်ညားသော အသွင်ကို
ဖြစ်ပေါ်စေပြီး အဓိကမှန်သားဒီဇိုင်းကိုယ်ထည်ကြီးကိုပေါ်လစ်တိုက်ထားသလို တောက်ပြောင်လှပတဲ့ ခံစားမှုကို
ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

OPPO A7-အရောင်

ကျစ်လစ်သေသပ်တဲ့ ဖွဲ့စည်းတည်ဆောက်မှု
ပိုမိုကောင်းမွန်တဲ့ လက်အထိအတွေ့ခံစားမှု

A7 ရဲ့ screen တွင် ရောင်ပြန်ခြင်းကို သက်သာစေတဲ့ အလွှာတစ်ခုပါလို့ မျက်နှာပြင် အလင်း Screen brightness ၃၅% ပိုမို တိုးစေတာကြောင့် ဘယ်ရှုထောင့်က ကြည့်လို့အဆင်ပြေနေမှာပါ။ ဒါ့အပြင် ဗို့အားနိမ့် backlight ဒီဇိုင်းက
ဖုန်းရဲ့ အပူချိန်ကို ၀.၅ ဒီဂရီ အထိ လျှော့ချပေးနိုင်ပြီး မဂ္ဂနီဇီယမ် သတ္တုစပ် နည်းပညာ အသုံးပြုလို့ ဖုန်းအပူထုတ်ခြင်းကိုပိုမြန်စေနိုင်ပါတယ်။ ဒါတွေအားလုံးရဲ့ ပေါင်းစပ်မှုတွေနဲ့ လက်မလွတ်တမ်း ကိုင်တွယ်အသုံးပြု
ချင်အောင် စွဲဆောင်နိုင်မှာပါ။

OPPO A7 - Compact design

4230mAh battery
ကြာရှည်ခံတဲ့စွမ်းဆောင်ရည်

ကြီးမားတဲ့ 4230mAh battery ပမာဏက တနေ့တာလုံး battery အသုံးပြုတဲ့အခါမှာ အားကုန်သွားမှာကို စိတ်ပူပန်မှု ပြဿနာပပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် စနစ်တကျ တွက်ချက်ဖန်တီးထားတဲ့ AI battery ရဲ့ လုပ်ဆောင်မှုတွေက active မဖြစ်တဲ့ Application တွေကို ရပ်စဲထားတဲ့အပြင် cache တွင်သိမ်းဆည်း ထားသော အပို data များကိုပါ
လျော့ချပေးထားသည့်အတွက် အားကုန် ပိုမိုသက်သာစေပါတယ်။

OPPO A7-4230mAh သက်ထရီ

Qualcomm Octa-core CPU
အမြဲတမ်းစွမ်းအားပြည့်

A7 က Qualcomm Octa-core processor ကို အသုံးပြုထားလို့ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း စတဲ့ အချိန်များမှာ
တောင် ဖုန်းဟန်းခြင်းမရှိပဲ အလုပ်အများကြီးကို တပြိုင်နက်လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မှာပါ။ Memory အဆင့်မြင့်ထားတဲ့အတွက် မိတ်ဆွေရဲ့ အဖိုးတန် အမှတ်တရတွေကို ပိုမိုသိမ်းဆည်း ထားနိုင်မှာပါ။

OPPO A7 - CPU

16MP အရှေ့ကင်မရာပိုမိုလှပတဲ့ selfie အတွက်

HDR mode ပါတဲ့ 16MP အရှေ့ကင်မရာဟာ အလင်းရောင် မလုံလောက်တဲ့ အခြေအနေမှာတောင် အလှဆုံး selfie ပုံရိပ်လေးတွေကို ရိုက်ယူနိုင်မှာပါ။ ဒါ့အပြင် ကျယ်ပြန့်တဲ့ ရှုထောင့်နဲ့ ကြီးမားတဲ့ ကင်မရာ အလင်းဝင်ပေါက် က သင်ရိုက်ယူလိုတဲ့ ပုံရိပ်တွေကို ပိုမို အသေးစိတ်မှတ်တမ်းတင်ပေးနိုင်ပြီး ရင်သက်ရှုမောဖွယ် ဓာတ်ပုံတွေကို A7 နဲ့အတူ ဖန်တီး
ကြည့်ရအောင်။

OPPO A7 - 16MP front camera

နောက်ဘက်ကင်မရာနှစ်လုံး
အနုပညာဆန်တဲ့ရိုက်ချက်

နောက်ဘက်ကင်မရာနှစ်လုံးမှာ (5P မှန်ဘီလူး) နှင့် AI နည်းပညာတို့ ပေါင်းစပ်ပြီး ရုပ်ထွက်တွေကို ပိုမို လှပအောင်
ပြုပြင်ပေးပါတယ်။ စတူဒီယိုခန်းမထဲ ဓာတ်ပုံရိုက်နေရသလို အလန်းတကာ့ အလန်းဆုံး portrait ဓာတ်ပုံတွေက သင့်ကိုယ်သင် နာမည်ကျော် စတားတစ်ယောက်လို ခံစားမိစေမှာပါ။ ဒါ့အပြင် multi-frame image stabilization နည်းပညာက ဗီဒီယို ရိုက်ကူးရာမှာ ပိုမို ညက်ညောတဲ့ ခံစားမှုကို ရရှိစေပြီး ပိုမိုရှင်းလင်းပြတ်သားစေပါတယ်။

OPPO A7 - Dual rear camera

AR စတစ်ကာ
ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဖန်တီးကြရအောင်

သံစဉ်လေးတွေပါတဲ့ စတစ်ကာလေးတွေရယ် ကိုယ့်ပုံရိပ်ရဲ့ အရှေ့မှာရော အနောက်မှာပါ ချစ်စရာကောင်းတဲ့ စတစ်ကာလေးတွေ ထည့်ပြီး အဆန်းပြားဆုံး ပုံရိပ်လေးတွေ ဖန်တီးရင်း ကြည်နူးရင်ခုန်ကြည့်ကြရအောင်။

ColorOS 5.2
ဆန်းသစ်မှုနှင့် အသုံးဝင်မှု

လုပ်ငန်းပေါင်းစုံကို လုပ်ဆောင်နိုင်တဲ့ Smart Sidebar ကအစ အလန်းတကာ့ အလန်းဆုံး အတွေ့အကြုံတွေကို ခံစားမိစေနိုင်တဲ့ Music အထိ Android 8.1 ကို အခြေခံပြီး အဆင့်မြင့်ထားတဲ့ ColorOS system က အသုံးပြုတဲ့ user တွေအတွက် ပိုမိုအဆင်ပြေစေဖို့နဲ့ စမတ်ကျကျ အသုံးပြုနိုင်ဖို့ အထူးရည်ရွယ်ထားပါတယ်။

OPPO A7 - ColorOS 5.2

Remarks:

1. A7 utilizes third-generation corning glass for the screen.

2. Screen ration of 88.39% is calculated by the projected area of screen display versus the projected area of CG.

3. A7 utilizes a typical battery value of 4230mAh.

4. A7 adopts 5P+3P lens for the dual rear cameras.

5. The maximum output is 12.98MP. The actual output of pixel shall be subject to the settings.

6. The 0.5° temperature and the 35% brightness of the mobile phone screen decrease are based on specific test conditions compared with A5.

7. Product images are included for reference only. Certain product specifications and descriptions may change due to unforeseen circumstances. Please refer to the actual product manual for details. The data used on this website is obtained from OPPO’s technical parameters, test data from laboratories as well as third-party suppliers. 

Actual product data may differ slightly, depending on testing software versions and environments.