ColorOS 6 တွင် ဘောင်ပျောက်ဒီဇိုင်းက အသုံးပြုသူ တိုက်ရိုက်ထိတွေ့ရမယ့် အပိုင်းဖြစ်တဲ့ မူလစာမျက်နှာမှစပြီး
အပလီကေးရှင်းအိုင်ကွန်လေးတွေအထိ၊ စာလုံးအရွယ်အစားမှ နောက်ခံအရောင် စတာတွေကို တစ်မူထူးခြားတဲ့
ပုံစံနဲ့ မြင်တွေ့ခံစားနိုင်အောင် အကောင်းဆုံး လုပ်ဆောင်ပေးထားပါတယ်။
လိုအပ်တဲ့အချိန်တိုင်းအတွက် အထူးအမြန်နှုန်းရရှိအောင် စွမ်းဆောင်ပေးမယ့် မြန်နှုန်းမြင့်စနစ် (Hyper Boost) မှာ စနစ်ကို မြန်နှုန်းမြင့်ပေးခြင်း၊
အက်ပလီကေးရှင်းကို မြန်နှုန်းမြင့်ပေးခြင်းနဲ့ ဂိမ်းမြန်နှုန်းမြင့်ပေးခြင်း စသဖြင့် သင့်ဖုန်းရဲ့ လုပ်ဆောင်မှုတိုင်းကို လိုအပ်ရင် လိုအပ်သလို မြင့်တင်
ပေးနိုင်တဲ့ စွမ်းဆောင်ရည်ပါဝင်တာကြောင့် သင့်ရဲ့ ခြေလှမ်းသစ်တိုင်းအတွက် အမြဲအဆင်သင့် ဖြစ်နေစေမှာပါ။
ဂိမ်းကစားရာမှာ ပိုမိုအထောက်အကူပြုခြင်း ဒီဇိုင်းလုပ်ထားသောကြောင့် ပြေပြစ်သွက်လက်တဲ့ သတိပေးချက် စီမံခန့်ခွဲမှုစနစ်၊
ဖုန်းမျက်နှာပြင် ဂိမ်းမှတ်တမ်းများ ကောင်းမွန်စွာ သိုလှောင်ထားခြင်း၊ တခြားအထူးစီမံထားတဲ့ shortcut တွေနဲ့ လျင်မြန်စွာ ပြု
လုပ်ခြင်း စတဲ့လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ပါတယ်။ ဂိမ်းကစားနေတဲ့ အချိန်မှာတောင် မက်ဆေ့များကို အလွယ်တကူ စစ်ဆေး
နိုင်မှာ ဖြစ်ပါတယ်။
တစ်ဦးချင်းစီအတွက် သီးခြားဒီဇိုင်းပြုလုပ်ထားသည့် ဂိမ်းသတ်မှတ်ချက်တွေဟာ ဂိမ်းစွမ်းဆောင်ရည် ပိုမိုမြင့်တင်စေပြီး ဘက်ထရီအားကုန်
ပိုမိုသက်သာစေပါတယ်။ ဂိမ်းကစားသူများအတွက်လည်း စွဲမက်ဖွယ်ကောင်းလောက်အောင် ကစားနိုင်ရန် အထောက်အကူပြုနိုင်ပါသည်။
အချက်အလက်များကို ပေါင်းစည်းပေးခြင်း၊ အရန်သိမ်းဆည်းခြင်းနှင့် ဖုန်းတွင်းသိမ်းဆည်းခြင်း လုပ်ငန်းများကို
အွန်လိုင်းပေါ်တွင်ပင် လုပ်ဆောင်နိုင်ဖို့ များပြားလုံလောက်တဲ့ ကလောက်ဒ်ပမာဏ ပါဝင်ပါတယ်။ ဒါ့ကြောင့်
ဘယ်အပိုလုပ်ဆောင်ချက်မှ ထပ်မံဆောင်ရွက်စရာမလိုအပ်ပဲ အချက်အလက်များကို စိတ်ချစွာ သိမ်းဆည်းထား
နိုင်မှာ ဖြစ်ပါတယ်။
အချက်ပေးစနစ်များအားလုံးကို အသံဖျောက်ပေးထားနိုင်ပြီး ပြန်လည်မဖြေဆိုနိုင်သော ဖုန်းအဝင်ကောခေါ်ဆိုမှုများကိုလည်း အလိုအလျောက် စာပြန်ပေးနိုင်တဲ့
စနစ်ပါရှိပါတယ်။ ဒါကြောင့် မိမိလုပ်ဆောင်နေတဲ့ လုပ်ငန်းကို အခြားသော နှောင့်ယှက်မှုများ ကင်းဝေးစွာခြင့် စူးစူးစိုက်စိုက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကိုယ့်အကြိုက် အသုံးများတဲ့ အက်ပလီကေးရှင်တွေကို စခရင်ခ်ပေါ်မှာ အလွယ်တကူ မြင်နိုင်အောင် စီစဉ်ပေးထားတာကြောင့် နေ့စွဲပဲ သိချင်တာလား၊
အားကစားအချိန်ဇယား၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ရမယ့် သတိပေးချက်များ စတာတွေကို မျက်တောင်တခတ်စာ အချိန်အတွင်းမှာပင်
ဝင်ရောက်ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အချက်ပေးစနစ်ကို လုပ်ဆောင်ရာမှာ ဦးစားပေးစနစ်ကို အခြေခံထားတာကြောင့် အရေးမကြီးတဲ့ အချက်အလက်များကို အလိုအလျောက် နောက်ဆုတ်ထားပေးနိုင်ပါတယ်။
Android P ဆော့ဝဲလ်ရဲ့ navigation gesture မှာ navigation shortcuts များ ပါဝင်သောကြောင့် ဖုန်းပွတ်ခြင်း၊ တို့ခြင်း၊ drag ဆွဲခြင်း၊ tag ခုန်ခြင်း စတဲ့ အသုံးပြုသူ
တိုက်ရိုက်လုပ်ဆောင်ရသော အပိုင်းများတွင်ပါ အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။
Google Assistant
app တစ်ခုနှင့် တခု
ပြောင်းရွေ့အသုံးပြုခြင်း
မာတိကာသို့ ပြန်သွားမည်
အသုံးနည်းတဲ့ အက်ပလီကေးရှင်းများကို အလိုအလျောက် ရပ်တန့်ပေးနိုင်တဲ့အတွက် ပါဝါစား သက်သာစေပြီး
ဘက်ထရီသက်တမ်းကို ပိုမိုရှည်ကြာစေပါတယ်။
၁။ ကားမောင်းချိန်သုံး စနစ်သည် အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ် စသည်များတွင်သာ အသုံးပြုနိုင်သည်။
၂။ Cloud Service သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီယား၊ စင်္ကာပူ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ နယ်သာလန်၊ ပိုလန်၊ ဘယ်လ်ဂျီယမ်၊ အင်္ဂလန်နှင့် ထိုင်ဝမ် စသည်များတွင်သာ အသုံးပြုနိုင်သည်။
၃။ Smart Assistant ဖြင့် အွန်လိုင်းတွင် ကြိုတင်မှာယူခြင်း၊ အားကစားပြိုင်ပွဲ စီမံခန့်ခွဲခြင်းနှင့် အားကစားပြိုင်ပွဲကဒ်တို့သည် အိန္ဒိယနိုင်ငံတွင်သာ အသုံးပြုနိုင်သည်။
၎။ ကုန်ပစ္စည်းဓာတ်ပုံမှာ ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။ ကုန်ပစ္စည်း၏ အသေးစိတ်အချက်အလက်နှင့် ရှင်းလင်းဖော်ပြချက်များသည် မမျှော်မှန်းနိုင်သော အခြေအနေတွင် အပြောင်းအလဲရှိနိုင်သည်။ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိနိုင်ရန် အမှန်တကယ်ထုတ်လုပ်သော ကုန်ပစ္စည်းလက်စွဲစာအုပ်ကို ဖတ်ရှုနိုင်ပါသည်။ ယခုဝက်ဆိုဒ်ပေါ်ရှိ အချက်အလက်များကို OPPO ၏ နည်းပညာဆိုင်ရာ စမ်းသပ်တိုင်းတာရေးအဖွဲ့၊ ဓာတ်ခွဲခန်း စမ်းသပ်ချက်နှင့် အခြားသော တတိယအဖွဲ့အစည်းများထံမှ ရယူခြင်းဖြစ်သည်။ အမှန်တကယ် ထွက်ပေါ်လာသော ကုန်ပစ္စည်းမှာ software version စမ်းသပ်မှုအခြေအနေနှင့် ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ကာ အနည်းငယ် ပြောင်းလဲမှုရှိနိုင်သည်။
ရိုးရှင်းလှပတဲ့ အဖြူရောင်နောက်ခံမှာ ရောင်စဉ်ပြေးလေးတွေကို သိမ်မွေ့စွာ ယှက်ဖြာနေအောင် တီထွင်ဖန်တီးထားတဲ့
ဒီဇိုင်းက အားလုံးရဲ့အမြင်ကို အမှန်တကယ် ဖမ်းစားနိုင်မှာပါ။
မာတိကာနှင့် settings မှတဆင့် လွယ်ကူမြန်ဆန်စွာပင် မလိုအပ်သော မျဉ်းကြောင်းများ၊
မျဉ်းကြောင်းအကွာအဝေးများကို အလိုအလျောက် ဖျောက်ထားပေးနိုင်ပါသည်။
စာလုံးတွေနဲ့ စာပိုဒ်တွေကို သဘာဝကျကျနဲ့ စနစ်တကျဖြစ်အောင် တွက်ချက်နေရာချထားပေးနိုင်တဲ့ ပိုမိုကောင်းမွန်လာတဲ့ အင်ဂျင်ရဲ့အစွမ်းကြောင့်
အားစိုက်စရာမလိုပဲ အလွယ်တကူဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
အိုင်ကွန်ဒီဇိုင်းပုံစံကို ပိုမိုသစ်လွင်လှပစေရန်အတွက် တောက်ပတဲ့ အရောင်တွေကို သုံးပေးထားပြီး
အဝိုင်းပုံစံဒီဇိုင်းကို ပြောင်းလဲပေးထားပါတယ်။
ANF စတူဒီယိုနဲ့ ပေါင်းစည်းတီထွင်မှုရဲ့ ရလဒ်အနေဖြင့် အင်အားကြီးများလှတဲ့ သဘာဝလောကကြီးရဲ့ အလှအပကို
မော်ဒန်အနုပညာအမြင်နဲ့ ပေါင်းစပ်သရုပ်ဖော် ဖန်တီးထားတဲ့ ပုံရိပ်တွေကို ထပ်မံဖြည့်စွက်ပေးထားပါတယ်။
သက်ဝင်လှုပ်ရှားနေသော 3D ရုပ်ပုံလေးများကို အဆန်းသစ်ဆုံး နည်းပညာ အသုံးပြုပုံဖော်ပေးထားပြီး
ပိုမိုရုပ်လုံးကြွသော အမြင်ဆန်းကို ရရှိစေနိုင်မှာဖြစ်ပါတယ်။
လက်လှုပ်ရှားမှုနဲ့ ထိန်းချုပ်တဲ့ စနစ်များ ပါဝင်သောကြောင့် တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ပိုမိုလျှင်မြန်လွယ်ကူစေပါတယ်။ ဂလက်ရီထဲဝင်ရောက်ပြီး ဓာတ်ပုံများကို
အလွယ်တကူ အမှတ်အသား နေရာချပေးနိုင်ခြင်း၊ tag နှစ်ချက် ခုန်ရုံဖြင့် စာသားကို ချဲ့ပေးနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အမှတ်အသား နေရာချထားပေးခြင်း
စာသားချဲ့ခြင်း