OPPO Find 7a
OPPO Find 7a

နောက်ထပ် ရှာရန်

OPPO Find 7a  black phone OPPO Find 7a  white phone

အနာဂတ်အတွက် စံသတ်မှတ်ခြင်း
Find 7a သည် သင့်မျှော်လင့်ချက်များကို ကျော်လွန်ပြီး
ခေတ်မီမိုဘိုင်းနည်းပညာဖြင့် အတားအဆီးများကို
တွန်းဖယ်ပစ်ရန်ဖန်တီးထားသော ဖုန်းတစ်လုံးဖြစ်သည်။

ကြည်လင်မှုကို ပြန်သတ်မှတ်သည်

5.5" HD အပြည့်မျက်နှာပြင်၊ 1920 x 1080 ရုပ်ထွက်၊ 401 PPI
ရုပ်ပြမျက်နှာပြင်တို့ဖြင့် ဘဝစာမျက်နှာဆီသို့ ပြတင်းတစ်ခုဖွင့်လိုက်ပါ!

OPPO Find 7a  ကြည်လင်မှုကို ပြန်သတ်မှတ်သည်

ရေပေါက်လေးများဖြင့် သို့မဟုတ် လက်အိပ်များဖြင့်အသုံးပြုလျှင်ပင် ချောမွေ့စွာလုပ်ဆောင်ရန်အတွက် ဥာဏ်ရှိစွာ ဖန်တီးထားသောကြောင့် သင်သည် အခိုက်အတန့်လေးတစ်ခုပင် လွဲသွားမည်မဟုတ်ပါ။

တိုးတက်ကောင်းမွန်သော ကြံ့ခိုင်အား

Gorilla Glass 3 ကို သုံးခြင်းအားဖြင့် Find 7a မျက်နှာပြင်သည် ခိုင်ခံ့ရုံသာမက Touch-on-Lens နည်းပညာမပါသောအရာများနှင့် ခံနိုင်ရည်ချင်းယှဉ်ကြည့်လိုက်လျှင် 40% ပိုမိုကောင်းမွန်သည်ကိုလည်း တွေ့ရသည်။

OPPO Find 7a  တိုးတက်ကောင်းမွန်သော ကြံ့ခိုင်အား

HDအပြည့်ရုပ်ထွက်က အလှအပနှင့်နီးရာဆီခေါ်ဆောင်သွားရင်း အလှမ်းဝေးသည့်နေရာမှ အရာများကိုပါ အသေးစိတ်တွေ့မြင်နိုင်မှာပါ။

ရိုက်ကူးရန် ဖန်တီးထား

Find 7a ၏ 13-megapixel ကင်မရာဖြင့် သက်ဝင်သောဓာတ်ပုံများ လွယ်လွယ်ကူကူ ရိုက်ကူးနိုင်ပါလိမ့်မည်။

ကောင်းစွာတည်ဆောက်ထားသော Sony မှ နောက်ဆုံးထုတ် IMX214 BSI အာရုံခံ၊
အဆင့်မြှင့်တင်ထားသော 1/3.06 ပုံဖော်မော်ဂျူးနှင့် f/2.0 ကျယ်သော အလင်းဝင်
ပေါက်တို့က အလင်းပိုဝင်စေသောကြောင့် အလင်းနည်းသောအခြေအနေတွင်ပင်
ပုံရိပ်ကောင်းများရိုက်နိုင်ပါသည်။ 32 စက္ကန့်ရှည်ကြာသော အလင်းဖြင့် ခရစ်စတယ်တမျှ
ကြည်လင်သော ညရိုက်ချက်များရိုက်နိုင်သည်။

ထည့်သွင်းထားသည့် HDR ဟာ့ဒ်ဝဲက အချိန်တိုင်း ချောမွေ့သောဓာတ်ပုံရရန် အာမခံပေးနိုင်ပါသည်။

သင့်ကိုယ်ပိုင် GIF ဓါတ်ပုံရုပ်ရှင်များကို ဖန်တီးပြီး ၄င်းတို့ကို သူငယ်ချင်းများနှင့် မိသားစုများအကြား မျှဝေပါ။

မြင့်မားသော ရုပ်ထွက်

HDR နှင့်အတူ 4K ရုပ်ထွက်နှင့် အနှေးလှုပ်ရှားမှုလုပ်နိုင်စွမ်းများဖြင့် အံ့မခန်း ဗီဒီယို။

50-megapixel ဓာတ်ပုံများကို Ultra-HD " မျိုးစုံ-ရိုက် ဆော့ဖ်ဝဲ" ဖြင့် ရိုက်ကူးပါ။

"Ultra-HD" မုဒ်တွင် Find 7a သည် အသေးစိတ်ဆုံချက်များကိုဖမ်းယူနိုင်ပါသည်။ ခလုတ်တချက်နှိပ်ရုံဖြင့် နောက်ဘက်တွင် ဓာတ်ပုံ ၁၀ ပုံကိုရိုက်ကူးပြီး "50 megapixel"ဓာတ်ပုံအဖြစ်သို့ ပေါင်းစပ်ဖန်တီးပေးပါလိမ့်မည်။ ဓါတ်ပုံထုတ်သည့်အခါတွင်လည်း အရည်အသွေးမြင့်မားမှုကြောင့် ပြည့်စုံမှုရှိစေပါ သည်။

Ultra HD

Design

ဒီဇိုင်းကိုဖျက်စီးပစ်စရာမလိုဘဲ ကန့်သတ်ချက်များကို တွန်းဖယ်ပစ်ခြင်း

Find စီးရီးသည် နည်းပညာအရ အမြဲမြှင့်တင်နိုင်ရန် ရှာဖွေနေရုံမက အလှအပအားဖြင့်လည်း ရှာဖွေပါသည်။ Find 7a တွင် ခြွင်းချက်မရှိပါ။

တစ်ခုချင်းစီနှင့် အရာရာတိုင်း အသေးစိတ် အာရုံစိုက်ဖန်တီးထားကြောင်းသေချာစေရန်အတွက် တိကျမှုဖြင့် သေချာဂရုတစိုက်ဖန်တီးပြုလုပ်ထားပါသည်။

OPPO Find 7a  ကြယ်နက်အရောင်
OPPO Find 7a  ကြယ်နက်အရောင်
OPPO Find 7a  အဖြူ
OPPO Find 7a  အဖြူ
ကြယ်နက်အရောင် (သို့) အဖြူ
OPPO Find 7a
OPPO Find 7a
ကြယ်နက်အရောင် find7a.oppo_258" အဖြူ

ပတ်ပတ်လည်ကိုအကောင်းဆုံး တိုက်တေနီယမ်-အလူမီနီယမ် သတ္တုစပ်ဘောင်ဖြင့် တည်ဆောက်ထားသောကြောင့်
Find 7a သည် အေးမြသောအထိအတွေ့ကိုရရှိစေပြီး အပူပျံ့နှံ့မှုအားကောင်းသော ကျေးဇူးကြောင့်ပင်။

OPPO Find 7a OPPO Find 7a OPPO Find 7a

Find 7a ၏ ညာဘက်အောက်ပိုင်းရှိခလုတ်လေးသည် ဖုန်းကာဗာကို အလွယ်တကူ ဖယ်ရှားနိုင်ပြီး တိုးမြှင့်သိုလှောင်နိုင်သောမှတ်ဥာဏ်နှင့်ဘက်ထရီတို့ကို ဖြုတ်စရာမလိုသောဒီဇိုင်းတစ်ခုဖြစ်ကြောင်း သေချာစေသည်။

OPPO Find 7a

သင့်ဘ၀ကို ရိုးရှင်းစေမည့် စတိုင်နှင့်
သက်တောင့်သက်သာဖြစ်မှုတို့ ရောစပ်ထားသော ပြီးပြည့်စုံမှုတစ်ခု

အမြန်အားသွင်းမှု

အားသွင်းစက်များထက် အားသွင်းနှုန်း ၄ ဆ နှင့် VOOC အမြန်အားသွင်းစနစ်သည် သင် အိမ်အပြင်ထွက်ချိန်တွင် သင့်ဖုန်းကလိုက်ပါရန် အသင့်ဖြစ်စေပါသည်။

(၅)မိနစ်အားသွင်းမှုက Find 7a ကို
(၂)နာရီအကြာ ဖုန်းခေါ်ဆိုမှု ပြုနိုင်ပါသည်။

မိနစ် ၃၀ အားသွင်းခြင်းက Find 7a ကို
ဘက်ထရီ 75% အား ရရှိစေသည်။

သက်သောင့်သက်သာအဖြစ်ဆုံး အတွေ့အကြုံအတွက်
အထူးဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော Find 7a တွင် အားသွင်းစဉ်
စက်ကိုအပူလွန်ကဲခြင်းမှကာကွယ်ရန် အပူကာအလွှာ
(၅)လွှာပါဝင်ပါသည်။

OPPO Find 7a
OPPO Find 7a
0.00%

မိုးကုပ်စက်ဝိုင်း အသိပေးချက်

သင်၏နေ့တိုင်းသည် LED ဖြင့်သတိပေးသည့် အလင်းသက်သက် မဟုတ်ပါ။ မိုးကုပ်စက်ဝိုင်းအသိပေးချက်သည် နောက်ထပ် အရေးကြီးမက်ဆေ့ဂ်ျများကို သင်ဘယ်တော့မှ လွတ်မသွားတော့ကြောင်းသေချာစေရန်နှင့် လှပစွာ ကျေနပ်စေမည့် မှိတ်တုပ်မှိတ်တုပ် အပြာရောင်မီးတစ်ခုဖြစ်ပါသည်။

OPPO Find 7a  မိုးကုပ်စက်ဝိုင်း အသိပေးချက် OPPO Find 7a  သင်၏နေ့တိုင်းသည် LED ဖြင့်သတိပေးသည့် အလင်းသက်သက် မဟုတ်ပါ။ မိုးကုပ်စက်ဝိုင်းအသိပေးချက်သည် နောက်ထပ် အရေးကြီးမက်ဆေ့ဂ်ျများကို သင်ဘယ်တော့မှ လွတ်မသွားတော့ကြောင်းသေချာစေရန်နှင့် လှပစွာ ကျေနပ်စေမည့် မှိတ်တုပ်မှိတ်တုပ် အပြာရောင်မီးတစ်ခုဖြစ်ပါသည်။

MaxxAudio

Find 7a သည် နည်းပညာဆိုင်ရာ ဂရမ်မီဆုရထားသော
လှိုင်းဖြင့်အသံပိုမိုကောင်းမွန်စေသည့်နည်းပညာ
MaxxAudio ကြောင့် လတ်ဆတ်ကြည်လင်သော အသံအရည်အသွေးကို
သုံးစွဲသူများစိတ်တိုင်းကျ ခံစားနိုင်ပါလိမ့်မည်။ လှုပ်ရှားမှုအတိုင်းအတာနှင့်ကြိမ်နှုန်းတုန့်ပြန်မှုများက
သင်သီချင်း နားထောင်သည့် စိတ်ခံစားမှုကို မြှင့်တင်ပေးသည်။

အသင့်ရနိုင်ခြင်း
သင့်တည်နေရာအတွင်း OPPO ကိရိယာများနှင့်ဆက်စပ်ပစ္စည်းများ ၀ယ်ယူနိုင်သောနေရာကို ရှာဖွေပါ။
ဝယ်ယူရန်နေရာ ၀င်ကြည့်ပါ

Dimensions

    အသေးစိတ်ဖော်ပြချက်များ

ကိုယ်ထည်အချိုးအစား/ အလေးချိန်
အမြင့် 152.6 mm
ဗျက်အကျယ် 75 mm
အထူ 9.2 mm
အလေးချိန် 170 g